ပြည်ပ ခရီးစဉ်များကို ဖျက်သိမ်းမည်ဆိုပါက ခရီးသည်ထောင်ပေါင်းများစွာ နစ်နာနိုင်သည့်အတွက် ခရီးဆောင်အိတ် ကီလိုများကို လျှော့ရခြင်းဖြစ်ကြောင်း MAI ပြော

269

စော (NP News) - မတ် ၂၃
နိုင်ငံတကာ ခရီးစဉ်များကို ဖျက်သိမ်းမည် ဆိုပါက ခရီးသည် ထောင်ပေါင်းများစွာ နစ်နာနိုင်သည့် အတွက် ခရီးဆောင်အိတ် ကီလိုများကို လျှော့ချ သတ်မှတ်ရခြင်း ဖြစ်ကြောင်း MAI က ထုတ်ပြန် ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် Jet A1 လေယာဥ်ဆီ မလုံလောက်မှု ပြဿနာများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် MAI က နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အခက်အခဲမရှိ ဆက်လက်ပြေးဆွဲနိုင်ရန်အတွက် ခရီးဆောင်အလေးချိန် ကန့်သတ်ချက်များကို မဖြစ်မနေ လျှော့ချသတ်မှတ်ရခြင်း ဖြစ်ကြောင်း နှင့် ယခုဆုံးဖြတ်ချက်သည် ပြည်တွင်းလေကြောင်းစျေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ခရီးစဉ်ဖျက်သိမ်းခြင်းများ ထပ်မံမဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် MAI သည် နိုင်ငံတကာလေကြောင်းခရီးစဉ်အားလုံးအတွက် ယာယီခရီးဆောင်အိတ်အလေးချိန် ပြင်ဆင်ချက်ကို ချက်ချင်းအကျိုးသက်ရောက်စေမည်ဖြစ်ပြီး ကြေညာချက်အသစ် မထုတ်ပြန်သည်အထိ အကျုံးဝင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းသို့ သတ်မှတ်ရာတွင် Economy Class အတွက် 20KG (တစ်အိတ်သာ ခွင့်ပြု)၊ Business Class အတွက် 30KG (တစ်အိတ်သာခွင့်ပြု)၊ Hand-carryတွင် 7KG (အများဆုံး ၂ အိတ်သာခွင့်ပြု) ပြီး Excess Baggage မှာ အများဆုံး ၅ ကီလိုဂရမ် အထိ ဖြစ်ကာ အပိုခရီးဆောင်အိတ်များကို လက်ခံရာတင် လေဆိပ်ရှိတာဝန်ကျဝန်ထမ်းများ၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍ ဆောင်ရွက်မည်ဟု ဖော်ပြထားသည်။
ထို့အပြင် MAI သည်ပျံသန်းမှု လိုအပ်ချက်များအရ ခရီးဆောင်အိတ်များကို လေဆိပ်တွင် ပယ်ချခြင်း သို့မဟုတ် မတင်ဆောင်နိုင်ခြင်း ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထားပြီး မတင်ဆောင်နိုင်ခဲ့သော ခရီးဆောင်အိတ်များကို ၇၂ နာရီအတွင်း ပိုင်ရှင်ခရီးသည်များထံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် အကောင်းဆုံး ကြိုးပမ်းသွားမည် ဖြစ်ကြောင်းဖော်ပြထားသည်။
ထို့ပြင် ယခုထုတ်ပြန်ချက်အရ ကြိုတင်ဝယ်ယူထားသော Prepaid excess baggage များကို ယာယီမတင်ဆောင်နိုင်သဖြင့်ခရီးသည်များအား refund ပြန်လည်ပေးအပ်သွားမည် ဖြစ်သည်ဟု ရေးသားထားသည်။
MAI အနေဖြင့် ခရီးသည်များ အဆင်ပြေ ချောမွေ့စွာခရီးသွားနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစေလိုကြောင်း ဖော်ပြထားပြီး ယခုအခြေအနေသည် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အချိန်ဇယားအတိုင်း ဆက်လက်ပြေးဆွဲခြင်း သို့မဟုတ် လုံးဝ ဖျက်သိမ်းခြင်း ဟူသော ရွေးချယ်စရာ နှစ်ခုသာ ကျန်ရှိပါတော့ကြောင်း နှင့် ဖျက်သိမ်းမည်ဆိုပါက MAI နှင့် ခရီးစဉ်များ စီစဉ်ထားပြီးသား ခရီးသည်ထောင်ပေါင်းများစွာအပေါ် သက်ရောက်မှုရှိနိုင်ပါသဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
“ယခုကဲ့သို ခက်ခဲလှသည့် အခြေအနေများတွင် ဖြစ်ပေါ်လာသည့် အဆင်မပြေမှုများအတွက် MAI မှ ခရီးသည်များအားအထူးတောင်းပန်အပ်ပါသည်။ယခုကဲ့သို့ခက်ခဲသောကာလအတွင်း ခရီးသည်များ၏ နားလည်ပံ့ပိုးပေးမှုကို လေးစားစွာ ဖြင့် ကျေးဇူးတင်ရှိပါသည်” ဟု ရေးသားထားသည်။

Zawgyi version:
ႏိုင္ငံတကာ ခရီးစဥ္မ်ားကို ဖ်က္သိမ္းမည္ ဆိုပါက ခရီးသည္ ေထာင္ေပါင္းမ်ားစြာ နစ္နာႏိုင္သည့္ အတြက္ ခရီးေဆာင္အိတ္ ကီလိုမ်ားကို ေလွ်ာ့ခ် သတ္မွတ္ရျခင္း ျဖစ္ေၾကာင္း MAI က ထုတ္ျပန္ ေျပာၾကားထားသည္။
ျမန္မာႏိုင္ငံတြင္ Jet A1 ေလယာဥ္ဆီ မလုံေလာက္မႈ ျပႆနာမ်ား ဆက္လက္ျဖစ္ေပၚေနသျဖင့္ MAI က ႏိုင္ငံတကာေလေၾကာင္းခရီးစဥ္မ်ားကို အခက္အခဲမရွိ ဆက္လက္ေျပးဆြဲႏိုင္ရန္အတြက္ ခရီးေဆာင္အေလးခ်ိန္ ကန႔္သတ္ခ်က္မ်ားကို မျဖစ္မေန ေလွ်ာ့ခ်သတ္မွတ္ရျခင္း ျဖစ္ေၾကာင္း ႏွင့္ ယခုဆုံးျဖတ္ခ်က္သည္ ျပည္တြင္းေလေၾကာင္းေစ်းကြက္တြင္ ျဖစ္ေပၚခဲ့သည့္ ခရီးစဥ္ဖ်က္သိမ္းျခင္းမ်ား ထပ္မံမျဖစ္ေပၚေစရန္အတြက္ ရည္႐ြယ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ MAI သည္ ႏိုင္ငံတကာေလေၾကာင္းခရီးစဥ္အားလုံးအတြက္ ယာယီခရီးေဆာင္အိတ္အေလးခ်ိန္ ျပင္ဆင္ခ်က္ကို ခ်က္ခ်င္းအက်ိဳးသက္ေရာက္ေစမည္ျဖစ္ၿပီး ေၾကညာခ်က္အသစ္ မထုတ္ျပန္သည္အထိ အက်ဳံးဝင္မည္ ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ယင္းသို႔ သတ္မွတ္ရာတြင္ Economy Class အတြက္ 20KG (တစ္အိတ္သာ ခြင့္ျပဳ)၊ Business Class အတြက္ 30KG (တစ္အိတ္သာခြင့္ျပဳ)၊ Hand-carryတြင္ 7KG (အမ်ားဆုံး ၂ အိတ္သာခြင့္ျပဳ) ၿပီး Excess Baggage မွာ အမ်ားဆုံး ၅ ကီလိုဂရမ္ အထိ ျဖစ္ကာ အပိုခရီးေဆာင္အိတ္မ်ားကို လက္ခံရာတင္ ေလဆိပ္ရွိတာဝန္က်ဝန္ထမ္းမ်ား၏ ဆုံးျဖတ္ခ်က္အေပၚ မူတည္၍ ေဆာင္႐ြက္မည္ဟု ေဖာ္ျပထားသည္။
ထို႔အျပင္ MAI သည္ပ်ံသန္းမႈ လိုအပ္ခ်က္မ်ားအရ ခရီးေဆာင္အိတ္မ်ားကို ေလဆိပ္တြင္ ပယ္ခ်ျခင္း သို႔မဟုတ္ မတင္ေဆာင္ႏိုင္ျခင္း ျဖစ္ေပၚႏိုင္ေၾကာင္း အသိေပးထားၿပီး မတင္ေဆာင္ႏိုင္ခဲ့ေသာ ခရီးေဆာင္အိတ္မ်ားကို ၇၂ နာရီအတြင္း ပိုင္ရွင္ခရီးသည္မ်ားထံသို႔ ျပန္လည္ပို႔ေဆာင္ေပးႏိုင္ရန္ အေကာင္းဆုံး ႀကိဳးပမ္းသြားမည္ ျဖစ္ေၾကာင္းေဖာ္ျပထားသည္။
ထို႔ျပင္ ယခုထုတ္ျပန္ခ်က္အရ ႀကိဳတင္ဝယ္ယူထားေသာ Prepaid excess baggage မ်ားကို ယာယီမတင္ေဆာင္ႏိုင္သျဖင့္ခရီးသည္မ်ားအား refund ျပန္လည္ေပးအပ္သြားမည္ ျဖစ္သည္ဟု ေရးသားထားသည္။
MAI အေနျဖင့္ ခရီးသည္မ်ား အဆင္ေျပ ေခ်ာေမြ႕စြာခရီးသြားႏိုင္ေရးအတြက္ အစြမ္းကုန္ ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ယုံၾကည္စိတ္ခ်ေစလိုေၾကာင္း ေဖာ္ျပထားၿပီး ယခုအေျခအေနသည္ ႏိုင္ငံတကာေလေၾကာင္းခရီးစဥ္မ်ားကို အခ်ိန္ဇယားအတိုင္း ဆက္လက္ေျပးဆြဲျခင္း သို႔မဟုတ္ လုံးဝ ဖ်က္သိမ္းျခင္း ဟူေသာ ေ႐ြးခ်ယ္စရာ ႏွစ္ခုသာ က်န္ရွိပါေတာ့ေၾကာင္း ႏွင့္ ဖ်က္သိမ္းမည္ဆိုပါက MAI ႏွင့္ ခရီးစဥ္မ်ား စီစဥ္ထားၿပီးသား ခရီးသည္ေထာင္ေပါင္းမ်ားစြာအေပၚ သက္ေရာက္မႈရွိႏိုင္ပါသျဖင့္ ယခုကဲ့သို႔ ဆုံးျဖတ္ေဆာင္႐ြက္ရျခင္း ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။။
“ယခုကဲ့သို ခက္ခဲလွသည့္ အေျခအေနမ်ားတြင္ ျဖစ္ေပၚလာသည့္ အဆင္မေျပမႈမ်ားအတြက္ MAI မွ ခရီးသည္မ်ားအားအထူးေတာင္းပန္အပ္ပါသည္။ယခုကဲ့သို႔ခက္ခဲေသာကာလအတြင္း ခရီးသည္မ်ား၏ နားလည္ပံ့ပိုးေပးမႈကို ေလးစားစြာ ျဖင့္ ေက်းဇူးတင္ရွိပါသည္” ဟု ေရးသားထားသည္။