စွမ်းအင်ဈေးနှုန်းမြင့်တက်လာမှုကို ထိန်းချုပ်ဖို့ အိမ်မှအလုပ်လုပ်ခြင်းနဲ့ လေကြောင်းခရီးရှောင်ခြင်းတို့ပြုလုပ်ဖို့ IEA အဆိုပြု

2054

ရောင်နီ (NP News) - မတ် ၂၂
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ကမ္ဘာ့ရေနံနဲ့ စွမ်းအင်ဈေးနှုန်း စံချိန်တင် မြင့်တက်လာမှုကို ကုစားနိုင်ဖို့ စွမ်းအင်အသုံးပြုသူတွေအနေနဲ့ အိမ်မှအလုပ်လုပ်ခြင်း၊ မော်တော်ယာဉ်မောင်းနှင် နှုန်းလျှော့ချခြင်း နဲ့ လေကြောင်းခရီးသွားလာမှုလျှော့ချခြင်းတို့ကိုလုပ်ဆောင်ဖို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) က မတ်လ (၂ဝ) ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
IEA အမှုဆောင်ဒါရိုက်တာ ဖာတစ်ဘိုင်ရိုးလ်က အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေ အနေနဲ့ အဝေးပြေးလမ်းမကြီးတွေမှာ မော်တော်ယာဉ်မောင်းနှင်နှုန်းကို တစ်နာရီလျှင် (၁၀) ကီလိုမီတာခန့် လျှော့ချမောင်းနှင်ဖို့၊ အခြားသယ်ယူပို့ဆောင်ရေးနည်းလမ်းတွေ ရွေးချယ်စရာရှိမယ်ဆိုရင် လေကြောင်း ခရီးစဉ်ကို ရှောင်ကြဉ်ဖို့၊ ဖြစ်နိုင်ရင် အိမ်မှာနေပြီး အလုပ်လုပ်ကြဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် Brent ရေနံစိမ်းဈေးနှုန်းဟာ စစ်ပွဲမတိုင်မီ (၇ဝ) ဒေါ်လာဝန်းကျင်မှ ယခု ၁၂ဝ ဒေါ်လာအထိ မြင့်တက်သွားခဲ့ပြီး သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေဟာလည်း ဈေး ၂ ဆကျော်အထိ မြင့်တက်လာခဲ့ပါတယ်။ ဒီအခြေအနေကိုထိန်းညှိဖို့ IEA က သူ့ရဲ့သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ဆောင်ရွက်မှုအဖြစ် မတ်လ (၁၁) ရက်မှာ မဟာဗျူဟာမြောက် အရန်ရေနံသိုလှောင်မှုတွေ ထဲက ရေနံစည်ပေါင်း သန်း ၄၀၀ ထုတ်လွှတ်ပေးဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
စြမ္းအင္ေဈးႏႈန္းျမင့္တက္လာမႈကို ထိန္းခ်ဳပ္ဖို႔ အိမ္မွအလုပ္လုပ္ျခင္းနဲ႔ ေလေၾကာင္းခရီးေရွာင္ျခင္းတို႔ျပဳလုပ္ဖို႔ IEA အဆိုျပဳ
ေရာင္နီ (NP News) - မတ္ ၂၂
အေမရိကန္-အစၥေရးနဲ႔ အီရန္တို႔အၾကား ျဖစ္ပြားေနတဲ့ စစ္ပြဲေၾကာင့္ ကမာၻ႔ေရနံနဲ႔ စြမ္းအင္ေဈးႏႈန္း စံခ်ိန္တင္ ျမင့္တက္လာမႈကို ကုစားႏိုင္ဖို႔ စြမ္းအင္အသုံးျပဳသူေတြအေနနဲ႔ အိမ္မွအလုပ္လုပ္ျခင္း၊ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္ ႏႈန္းေလွ်ာ့ခ်ျခင္း နဲ႔ ေလေၾကာင္းခရီးသြားလာမႈေလွ်ာ့ခ်ျခင္းတို႔ကိုလုပ္ေဆာင္ဖို႔ ႏိုင္ငံတကာစြမ္းအင္ေအဂ်င္စီ (IEA) က မတ္လ (၂ဝ) ရက္မွာ တိုက္တြန္းလိုက္ပါတယ္။
IEA အမႈေဆာင္ဒါ႐ိုက္တာ ဖာတစ္ဘိုင္႐ိုးလ္က အစိုးရေတြ၊ စီးပြားေရးလုပ္ငန္းေတြနဲ႔ အိမ္ေထာင္စုေတြ အေနနဲ႔ အေဝးေျပးလမ္းမႀကီးေတြမွာ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္ႏႈန္းကို တစ္နာရီလွ်င္ (၁၀) ကီလိုမီတာခန႔္ ေလွ်ာ့ခ်ေမာင္းႏွင္ဖို႔၊ အျခားသယ္ယူပို႔ေဆာင္ေရးနည္းလမ္းေတြ ေ႐ြးခ်ယ္စရာရွိမယ္ဆိုရင္ ေလေၾကာင္း ခရီးစဥ္ကို ေရွာင္ၾကဥ္ဖို႔၊ ျဖစ္ႏိုင္ရင္ အိမ္မွာေနၿပီး အလုပ္လုပ္ၾကဖို႔ တိုက္တြန္းခဲ့တာျဖစ္ပါတယ္။
ေဖေဖာ္ဝါရီ ၂၈ ရက္က စတင္ခဲ့တဲ့ ပဋိပကၡေတြေၾကာင့္ Brent ေရနံစိမ္းေဈးႏႈန္းဟာ စစ္ပြဲမတိုင္မီ (၇ဝ) ေဒၚလာဝန္းက်င္မွ ယခု ၁၂ဝ ေဒၚလာအထိ ျမင့္တက္သြားခဲ့ၿပီး သဘာဝဓာတ္ေငြ႕ေဈးႏႈန္းေတြဟာလည္း ေဈး ၂ ဆေက်ာ္အထိ ျမင့္တက္လာခဲ့ပါတယ္။ ဒီအေျခအေနကိုထိန္းညႇိဖို႔ IEA က သူ႔ရဲ႕သမိုင္းတစ္ေလွ်ာက္ အႀကီးမားဆုံးေသာ ေဆာင္႐ြက္မႈအျဖစ္ မတ္လ (၁၁) ရက္မွာ မဟာဗ်ဴဟာေျမာက္ အရန္ေရနံသိုေလွာင္မႈေတြ ထဲက ေရနံစည္ေပါင္း သန္း ၄၀၀ ထုတ္လႊတ္ေပးဖို႔ သေဘာတူညီခဲ့တယ္လို႔ သိရပါတယ္။