ရွှေစက်တော်ဘုရားပွဲတော်တွင် DJ ဖွင့်၍ သရုပ်ပျက် ကပြခဲ့သည့် အမျိုးသမီးများအား ခံဝန်ထိုးခိုင်းထား

 1199

Pearl (NP News) - မတ် ၂၁

ရွှေစက်တော်ဘုရားပွဲတော်တွင် DJ ဖွင့်၍ သရုပ်ပျက် ကခဲ့သည့် KTV မှ အမျိုးသမီးများအား ခံဝန်ထိုးခိုင်းထားပြီး ဖြစ်ကြောင်း ရွှေစက်တော်ဘုရားဂေါပဂအဖွဲ့ဝင် ဦးအေးကို က NP News သို့ပြောသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ရွှေစက်တော်ဘုရားပွဲတော်ကို ပြီးခဲ့သည့် ဇန်နဝါရီလ (၂၂) ရက် မှစတင်၍ ကျင်းပနေရာ လာမည့် ဧပြီ (၁၇) ရက်အထိ ရက်ပေါင်း (၈၆) ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ရာ မှ DJ များဖွင့်၍ သရုပ်ပျက် ကနေသည့် ရုပ်သံများ ဆိုရှယ်မီဒီယာအထက်၌ ပျံ့နှံ့ခဲ့သည်။
အဆိုပါဖြစ်စဉ်သည် ပြီးခဲ့သည့် မတ်လ ၁၁ ရက်က ပွဲတော်အတွင်း မကွေးမြို့ပေါ်ရှိ KTV မှ အမျိုးသမီးများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၂ ရက်တည်းကပင် တဲပိုင်ရှင်နှင့် ကာယကံရှင်များအား ခံဝန်ထိုးခိုင်းထားပြီး ဖြစ်ကြောင်း သိရသည်။

“ဖြစ်စဉ်နဲ့ပတ်သတ်ပြီး လိုင်းပေါ်မှာ တက်နေတာ စိတ်တော့မကောင်းဘူး ။ ဒါပေမဲ့ ကျွန်တော်တို့က ခွင့်ပြုထားတာမဟုတ်ပါဘူး။ Grade 12 စာမေးပွဲ ဖြေနေတဲ့အချိန် KTV က လူတွေ လုပ်သွားတာ။ ကျွန်တော်တို့ကလည်း DJ နဲ့ လုပ်တာကို မသိလိုက်ဘူး။ ဆောင်းဘောက်ဖွင့်ပေးထားတာရှိတယ်ဆိုတော့ ဆောင်းဘောက်ပဲ ထင်တာ။ DJ နဲ့ဖွင့်ပြီး သရုပ်ပျက်တွေဖြစ်တယ်ဆိုတဲ့အခါကျတော့ ခံဝန်းထိုးခိုင်းတာပေါ့။ နောက်တစ်ခါလုပ်ရင် တဲပိတ်သိမ်းတယ်အထိ အရေးယူမယ်လို့ ခံဝန်ထိုးခိုင်းထားတယ်။ ခံဝန်က ၁၂ ရက်နေ့က ထိုးခိုင်းတာ။ KTV ကတော့ မကွေးဘက်ကဆိုတော့ မပြန်ခင်ထိုးခိုင်းလိုက်တာ” ဟု ဦးအေးကိုက NP News သို့ ပြောသည်။
လက်ရှိတွင် ပွဲတော်အတွင်း အလားတူဖြစ်စဉ်မျိုးမဖြစ်ပွားစေရေးအတွက် စည်းကမ်းချက်များချမှတ်ထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း နေ့စဉ် စစ်ဆေးမှုများဆောင်ရွက်နေကြောင်း သိရသည်။
“အခုကျတော့ စည်းကမ်းချက်တွေ ထုတ်ပြီးတော့ ရဲတပ်ဖွဲ့ရော ၊ ဂေါပကရော ၊ ဆရာတော်တွေရော ၊ မီးသတ်တပ်ဖွဲ့တွေရော အဖွဲ့အစုံအလင်နဲ့ တစ်နေ့ကို (၃) ကြိမ် လှည့်ပြီးစစ်နေတယ်။ ခု လောလောဆယ်တော့ အားလုံးအေးအေးချမ်းချမ်းပဲ ရှိနေပါတယ်” ဟု ပြောသည်။

Zawgyi Version;
ေ႐ႊစက္ေတာ္ဘုရားပြဲေတာ္တြင္ DJ ဖြင့္၍ သ႐ုပ္ပ်က္ ကျပခဲ့သည့္ အမ်ိဳးသမီးမ်ားအား ခံဝန္ထိုးခိုင္းထား
Pearl (NP News) - မတ္ ၂၁

ေ႐ႊစက္ေတာ္ဘုရားပြဲေတာ္တြင္ DJ ဖြင့္၍ သ႐ုပ္ပ်က္ ကခဲ့သည့္ KTV မွ အမ်ိဳးသမီးမ်ားအား ခံဝန္ထိုးခိုင္းထားၿပီး ျဖစ္ေၾကာင္း ေ႐ႊစက္ေတာ္ဘုရားေဂါပဂအဖြဲ႕ဝင္ ဦးေအးကို က NP News သို႔ေျပာသည္။
မေကြးတိုင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕ရွိ ေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ကို ၿပီးခဲ့သည့္ ဇန္နဝါရီလ (၂၂) ရက္ မွစတင္၍ က်င္းပေနရာ လာမည့္ ဧၿပီ (၁၇) ရက္အထိ ရက္ေပါင္း (၈၆) ရက္ၾကာ က်င္းပျပဳလုပ္မည္ျဖစ္ရာ မွ DJ မ်ားဖြင့္၍ သ႐ုပ္ပ်က္ ကေနသည့္ ႐ုပ္သံမ်ား ဆိုရွယ္မီဒီယာအထက္၌ ပ်ံ႕ႏွံ႔ခဲ့သည္။
အဆိုပါျဖစ္စဥ္သည္ ၿပီးခဲ့သည့္ မတ္လ ၁၁ ရက္က ပြဲေတာ္အတြင္း မေကြးၿမိဳ႕ေပၚရွိ KTV မွ အမ်ိဳးသမီးမ်ား ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး မတ္လ ၁၂ ရက္တည္းကပင္ တဲပိုင္ရွင္ႏွင့္ ကာယကံရွင္မ်ားအား ခံဝန္ထိုးခိုင္းထားၿပီး ျဖစ္ေၾကာင္း သိရသည္။

“ျဖစ္စဥ္နဲ႔ပတ္သတ္ၿပီး လိုင္းေပၚမွာ တက္ေနတာ စိတ္ေတာ့မေကာင္းဘူး ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔က ခြင့္ျပဳထားတာမဟုတ္ပါဘူး။ Grade 12 စာေမးပြဲ ေျဖေနတဲ့အခ်ိန္ KTV က လူေတြ လုပ္သြားတာ။ ကြၽန္ေတာ္တို႔ကလည္း DJ နဲ႔ လုပ္တာကို မသိလိုက္ဘူး။ ေဆာင္းေဘာက္ဖြင့္ေပးထားတာရွိတယ္ဆိုေတာ့ ေဆာင္းေဘာက္ပဲ ထင္တာ။ DJ နဲ႔ဖြင့္ၿပီး သ႐ုပ္ပ်က္ေတြျဖစ္တယ္ဆိုတဲ့အခါက်ေတာ့ ခံဝန္းထိုးခိုင္းတာေပါ့။ ေနာက္တစ္ခါလုပ္ရင္ တဲပိတ္သိမ္းတယ္အထိ အေရးယူမယ္လို႔ ခံဝန္ထိုးခိုင္းထားတယ္။ ခံဝန္က ၁၂ ရက္ေန႔က ထိုးခိုင္းတာ။ KTV ကေတာ့ မေကြးဘက္ကဆိုေတာ့ မျပန္ခင္ထိုးခိုင္းလိုက္တာ” ဟု ဦးေအးကိုက NP News သို႔ ေျပာသည္။
လက္ရွိတြင္ ပြဲေတာ္အတြင္း အလားတူျဖစ္စဥ္မ်ိဳးမျဖစ္ပြားေစေရးအတြက္ စည္းကမ္းခ်က္မ်ားခ်မွတ္ထားၿပီး သက္ဆိုင္ရာ တာဝန္ရွိသူမ်ားကလည္း ေန႔စဥ္ စစ္ေဆးမႈမ်ားေဆာင္႐ြက္ေနေၾကာင္း သိရသည္။
“အခုက်ေတာ့ စည္းကမ္းခ်က္ေတြ ထုတ္ၿပီးေတာ့ ရဲတပ္ဖြဲ႕ေရာ ၊ ေဂါပကေရာ ၊ ဆရာေတာ္ေတြေရာ ၊ မီးသတ္တပ္ဖြဲ႕ေတြေရာ အဖြဲ႕အစုံအလင္နဲ႔ တစ္ေန႔ကို (၃) ႀကိမ္ လွည့္ၿပီးစစ္ေနတယ္။ ခု ေလာေလာဆယ္ေတာ့ အားလုံးေအးေအးခ်မ္းခ်မ္းပဲ ရွိေနပါတယ္” ဟု ေျပာသည္။

Related news

© 2021. All rights reserved.