မြန်မာရှိ လက်နက်ကိုင်များကို သင်တန်းပေးရန် နိုင်ငံခြားကြေးစားစစ်သည်များ မီဇိုရမ်မှတစ်ဆင့် ဝင်ရောက်နေခြင်းမှာ ထုံးစံလိုဖြစ်နေကြောင်း NIA ထုတ်ဖော်

3835

ALynn (NP News)- မတ် ၁၉
မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များကို စစ်ပညာသင်တန်းပေးရန် နိုင်ငံခြားကြေးစားစစ်သည်များ မီဇိုရမ်နယ်စပ်မှတစ်ဆင့် တစိမ့်စိမ့်ဝင်ရောက်နေခြင်းမှာ ထုံးစံတစ်ခုလို ဖြစ်နေပြီဟု အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) မှ အရာရှိတစ်ဦးက မတ်လ (၁၈) ရက်တွင် ထုတ်ဖော် ပြောကြားလိုက်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း ချင်းပြည်နယ်တွင် လက်နက်နှင့် ဒရုန်းသင်တန်းများ ပို့ချခဲ့သည်ဟု ယူဆရသော ယူကရိန်းနိုင်ငံသား (၆) ဦးနှင့် အမေရိကန် (၁) ဦး (စုစုပေါင်း ၇ ဦး) ကို လတ်ခနောင်း၊ ကာလကတ္တားနှင့် ဒေလီမြို့တို့တွင် ဖမ်းဆီးရမိထားသည်။
၎င်းတို့သည် ဥရောပမှ ဒရုန်းများကို မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသို့ ခိုးသွင်းလာခြင်း ရှိ၊ မရှိ NIA က အပူတပြင်း စုံစမ်းနေပြီး မီဇိုရမ်အာဏာပိုင်များကိုလည်း အချက်အလက်စိစစ်ပေးရန် တောင်းဆိုထားသည်။
မီဇိုရမ်နှင့် မြန်မာအကြား ကီလိုမီတာ ၄၀၀ ကျော် ရှည်လျားသော နယ်စပ်တစ်လျှောက် နိုင်ငံခြားသားများ အလွယ်တကူ ဝင်ထွက်သွားလာနေနိုင်ခြင်းမှာ အိန္ဒိယအတွက် ရင်လေးစရာ ဖြစ်နေသည်ဟု ၎င်းကဆိုသည်။
“ချင်းပြည်နယ်မှာ မြန်မာ့တပ်မတော်ရဲ့ ထိန်းချုပ်မှု လျော့ရဲသွားပြီး CNF/CNA နဲ့ ချင်းလက်နက်ကိုင်တွေက နယ်မြေစိုးမိုးထားတာကြောင့် အခုလို လွတ်လွတ်လပ်လပ် သွားလာနေကြတာပါ" ဟု အဆိုပါအရာရှိက ဆိုသည်။
နယ်စပ်စည်းခြားထားသော တီအောမြစ်မှာလည်း ရေနည်းနေသဖြင့် ကလေးငယ်များပင် ခြေလျင်ဖြတ်ကူးနိုင်လောက်အောင် နယ်စပ်လုံခြုံရေးမှာ အားနည်းနေကြောင်း သိရသည်။
ဤနယ်စပ်လမ်းကြောင်းအပေါ် စိုးရိမ်မှုများမှာ (၂၀၂၄) ခုနှစ်က ဗြိတိန် SAS ကွန်မန်ဒိုဟောင်း ဒန်နီရယ်နူးဝီကို ကျည်ဆန်အစစ်နှင့်အတူ လေဆိပ်တွင် ဖမ်းဆီးမိရာမှ စတင်ကြီးထွားလာခြင်းဖြစ်သည်။ နောက်ဆက်တွဲ စုံစမ်းမှုများအရ အနောက်နိုင်ငံသား ကြေးစားစစ်သည်များသည် ချင်းလက်နက်ကိုင်များကို စစ်သင်တန်းပေးရန် မီဇိုရမ်ကို ဖြတ်လမ်းသဖွယ် အသုံးချနေကြောင်း အခိုင်အမာ တွေ့ရှိရသည်။
လုံခြုံရေးအရ ထိရှလွယ်သော မီဇိုရမ်သို့ ဝင်ရောက်ရန် အထူးခွင့်ပြုချက် (PAP) လိုအပ်သော်လည်း လက်ရှိတွင် စစ်ဆေးမှုများထက် ဖြတ်ကျော်ဝင်ရောက်မှုများက ပိုမိုမြန်ဆန်နေသည်။ ထို့ကြောင့် အိန္ဒိယအစိုးရသည် မြန်မာနှင့် ထိစပ်နေသော ၁,၆၄၃ ကီလိုမီတာ နယ်စပ်တစ်လျှောက်လုံးကို ခြံစည်းရိုး ခတ်ရန် အစီအစဉ်ကို (၂၀၂၄) ခုနှစ်မှ စတင်ကာ အရှိန်မြှင့်လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။ ဤခြေလှမ်းမှာ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် အထိရောက်ဆုံးနှင့် အချိန်ကိုက် လုပ်ဆောင်ချက်ဖြစ်သည်ဟု ဒေသတွင်း ထောက်လှမ်းရေးအဖွဲ့များက ယုံကြည်နေကြသည်။

Zawgyi Version:
ျမန္မာရွိ လက္နက္ကိုင္မ်ားကို သင္တန္းေပးရန္ ႏိုင္ငံျခားေၾကးစားစစ္သည္မ်ား မီဇိုရမ္မွတစ္ဆင့္ ဝင္ေရာက္ေနျခင္းမွာ ထုံးစံလိုျဖစ္ေနေၾကာင္း NIA ထုတ္ေဖာ္
ALynn (NP News)- မတ္ ၁၉
ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္အဖြဲ႕မ်ားကို စစ္ပညာသင္တန္းေပးရန္ ႏိုင္ငံျခားေၾကးစားစစ္သည္မ်ား မီဇိုရမ္နယ္စပ္မွတစ္ဆင့္ တစိမ့္စိမ့္ဝင္ေရာက္ေနျခင္းမွာ ထုံးစံတစ္ခုလို ျဖစ္ေနၿပီဟု အိႏၵိယအမ်ိဳးသားစုံစမ္းစစ္ေဆးေရးေအဂ်င္စီ (NIA) မွ အရာရွိတစ္ဦးက မတ္လ (၁၈) ရက္တြင္ ထုတ္ေဖာ္ ေျပာၾကားလိုက္ေၾကာင္းသိရသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီႏွင့္ ေဖေဖာ္ဝါရီလအတြင္း ခ်င္းျပည္နယ္တြင္ လက္နက္ႏွင့္ ဒ႐ုန္းသင္တန္းမ်ား ပို႔ခ်ခဲ့သည္ဟု ယူဆရေသာ ယူကရိန္းႏိုင္ငံသား (၆) ဦးႏွင့္ အေမရိကန္ (၁) ဦး (စုစုေပါင္း ၇ ဦး) ကို လတ္ခေနာင္း၊ ကာလကတၱားႏွင့္ ေဒလီၿမိဳ႕တို႔တြင္ ဖမ္းဆီးရမိထားသည္။
၎တို႔သည္ ဥေရာပမွ ဒ႐ုန္းမ်ားကို ျမန္မာႏိုင္ငံမွတစ္ဆင့္ အိႏၵိယသို႔ ခိုးသြင္းလာျခင္း ရွိ၊ မရွိ NIA က အပူတျပင္း စုံစမ္းေနၿပီး မီဇိုရမ္အာဏာပိုင္မ်ားကိုလည္း အခ်က္အလက္စိစစ္ေပးရန္ ေတာင္းဆိုထားသည္။
မီဇိုရမ္ႏွင့္ ျမန္မာအၾကား ကီလိုမီတာ ၄၀၀ ေက်ာ္ ရွည္လ်ားေသာ နယ္စပ္တစ္ေလွ်ာက္ ႏိုင္ငံျခားသားမ်ား အလြယ္တကူ ဝင္ထြက္သြားလာေနႏိုင္ျခင္းမွာ အိႏၵိယအတြက္ ရင္ေလးစရာ ျဖစ္ေနသည္ဟု ၎ကဆိုသည္။
“ခ်င္းျပည္နယ္မွာ ျမန္မာ့တပ္မေတာ္ရဲ႕ ထိန္းခ်ဳပ္မႈ ေလ်ာ့ရဲသြားၿပီး CNF/CNA နဲ႔ ခ်င္းလက္နက္ကိုင္ေတြက နယ္ေျမစိုးမိုးထားတာေၾကာင့္ အခုလို လြတ္လြတ္လပ္လပ္ သြားလာေနၾကတာပါ" ဟု အဆိုပါအရာရွိက ဆိုသည္။
နယ္စပ္စည္းျခားထားေသာ တီေအာျမစ္မွာလည္း ေရနည္းေနသျဖင့္ ကေလးငယ္မ်ားပင္ ေျခလ်င္ျဖတ္ကူးႏိုင္ေလာက္ေအာင္ နယ္စပ္လုံၿခဳံေရးမွာ အားနည္းေနေၾကာင္း သိရသည္။
ဤနယ္စပ္လမ္းေၾကာင္းအေပၚ စိုးရိမ္မႈမ်ားမွာ (၂၀၂၄) ခုႏွစ္က ၿဗိတိန္ SAS ကြန္မန္ဒိုေဟာင္း ဒန္နီရယ္ႏူးဝီကို က်ည္ဆန္အစစ္ႏွင့္အတူ ေလဆိပ္တြင္ ဖမ္းဆီးမိရာမွ စတင္ႀကီးထြားလာျခင္းျဖစ္သည္။ ေနာက္ဆက္တြဲ စုံစမ္းမႈမ်ားအရ အေနာက္ႏိုင္ငံသား ေၾကးစားစစ္သည္မ်ားသည္ ခ်င္းလက္နက္ကိုင္မ်ားကို စစ္သင္တန္းေပးရန္ မီဇိုရမ္ကို ျဖတ္လမ္းသဖြယ္ အသုံးခ်ေနေၾကာင္း အခိုင္အမာ ေတြ႕ရွိရသည္။
လုံၿခဳံေရးအရ ထိရွလြယ္ေသာ မီဇိုရမ္သို႔ ဝင္ေရာက္ရန္ အထူးခြင့္ျပဳခ်က္ (PAP) လိုအပ္ေသာ္လည္း လက္ရွိတြင္ စစ္ေဆးမႈမ်ားထက္ ျဖတ္ေက်ာ္ဝင္ေရာက္မႈမ်ားက ပိုမိုျမန္ဆန္ေနသည္။ ထို႔ေၾကာင့္ အိႏၵိယအစိုးရသည္ ျမန္မာႏွင့္ ထိစပ္ေနေသာ ၁,၆၄၃ ကီလိုမီတာ နယ္စပ္တစ္ေလွ်ာက္လုံးကို ၿခံစည္း႐ိုး ခတ္ရန္ အစီအစဥ္ကို (၂၀၂၄) ခုႏွစ္မွ စတင္ကာ အရွိန္ျမႇင့္လုပ္ေဆာင္လာျခင္း ျဖစ္ေၾကာင္း သိရသည္။ ဤေျခလွမ္းမွာ နယ္စပ္ေဒသ တည္ၿငိမ္ေရးအတြက္ အထိေရာက္ဆုံးႏွင့္ အခ်ိန္ကိုက္ လုပ္ေဆာင္ခ်က္ျဖစ္သည္ဟု ေဒသတြင္း ေထာက္လွမ္းေရးအဖြဲ႕မ်ားက ယုံၾကည္ေနၾကသည္။