လှည်းကူးတွင် ခရီးသည်တင် Express ကား နှင့် ပစ္စည်းပို့သည့် ကားတို့တိုက်မိရာ အမျိုးသား (၂)ဦးသေဆုံး

 2354

ထိုက်စံ (NP News) - မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးတွင် ခရီးသည်တင် Express ကား နှင့် ပစ္စည်းပို့သည့် ကားတို့တိုက်မိရာ အမျိုးသား (၂)ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၂၀ ရက်) ၊ နံနက်ပိုင်း (၆) နာရီအချိန်ခန့်က လှည်ကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံ၊ စစ်ဆေးရေးဂိတ်အနီးတွင် ခရီးသည်တင် Express ကားနှင့် ပစ္စည်းပို့သည့် Delivery ကားတို့မှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ပစ္စည်းပို့သည့်ကားပေါ်မှ အသက်(၃၅)နှစ်အရွယ်အမျိုးသား(၁)ဦးနှင့် အသက် (၂၇)ခန့် ရှိသည့် အမျိုးသား(၁)ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူအမျိုးသား(၂)ဦးအား ကရုဏာရှင် လူမှုကူညီရေးအသင်းမှ လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့်(မတ် ၁၆ ရက်) ၊ ညပိုင်း (၁၀)နာရီ (၁၀)မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရုံးမှတ်တိုင် အမှတ်(၃)လမ်းမ Terminal ဆီဆိုင် အနီးတွင် လိုက်ထရပ်ခ် ၊ တက္ကစီ နှင့် အမှိုက်သယ်သည့်သုံးဘီးတို့မှ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသား(၁)ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Zawgyi Version:
လွည္းကူးတြင္ ခရီးသည္တင္ Express ကား ႏွင့္ ပစၥည္းပို႔သည့္ ကားတို႔တိုက္မိရာ အမ်ိဳးသား (၂)ဦးေသဆုံး
ထိုက္စံ (NP News) - မတ္ ၂၀
ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးတြင္ ခရီးသည္တင္ Express ကား ႏွင့္ ပစၥည္းပို႔သည့္ ကားတို႔တိုက္မိရာ အမ်ိဳးသား (၂)ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔(မတ္လ ၂၀ ရက္) ၊ နံနက္ပိုင္း (၆) နာရီအခ်ိန္ခန္႔က လွည္ကူးၿမိဳ႕နယ္၊ အမွတ္(၃)လမ္းဆုံ၊ စစ္ေဆးေရးဂိတ္အနီးတြင္ ခရီးသည္တင္ Express ကားႏွင့္ ပစၥည္းပို႔သည့္ Delivery ကားတို႔မွ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ျခင္းေၾကာင့္ ပစၥည္းပို႔သည့္ကားေပၚမွ အသက္(၃၅)ႏွစ္အ႐ြယ္အမ်ိဳးသား(၁)ဦးႏွင့္ အသက္ (၂၇)ခန႔္ ရွိသည့္ အမ်ိဳးသား(၁)ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေသဆုံးသူအမ်ိဳးသား(၂)ဦးအား က႐ုဏာရွင္ လူမႈကူညီေရးအသင္းမွ လွည္းကူးျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္(မတ္ ၁၆ ရက္) ၊ ညပိုင္း (၁၀)နာရီ (၁၀)မိနစ္ အခ်ိန္ခန႔္က ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ ႐ုံးမွတ္တိုင္ အမွတ္(၃)လမ္းမ Terminal ဆီဆိုင္ အနီးတြင္ လိုက္ထရပ္ခ္ ၊ တကၠစီ ႏွင့္ အမႈိက္သယ္သည့္သုံးဘီးတို႔မွ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ရာ အမ်ိဳးသား(၁)ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.