တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးပထမနေ့ကို မနက်ဖြန်တွင်ကျင်းပမည်

496

သန့်ဇင်(NP News)-မတ် ၁၉
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးပထမနေ့ကို မနက်ဖြန် (မတ်လ ၂၀ ရက်) နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်ခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်အဝေး ပထမနေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်သို့ နှုတ်ခွန်းဆက်စကား ပြောကြားမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အလိုက် အစည်းအဝေးများ စတင်ကျင်းပမည့် နေ့ရက်ကို သတ်မှတ် ကြေညာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီစဉ်များပြီးနောက် ပြည်ထောင်စုလွှတ်တော် နာယက က အစည်းအဝေး ပထမနေ့ရပ်နားကြောင်းကြေညာပြီး ဒုတိယနေ့ ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်ကျင်းပရာတွင် ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များပူးပေါင်း ကျင်းပရခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ် (၃၇၃) ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၁၃) ဦး စုစုပေါင်း (၅၈၆) ဦးပါဝင်မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်တွင် တတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ပြီးခဲ့သည့် မတ်လ ၁၆ ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီနှင့် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်းတို့ကို ရွေးချယ်တင်မြောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မတ်လ ၁၈ ရက်၊ နံနက်ပိုင်းတွင်မူ တတိယအကြိမ်အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ဆက်လက်ကျင်းပခဲ့ကာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးနှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် Jeng Phang နော်တောင် တို့ကို ရွေးချယ်တင်မြောက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဦးအောင်လင်းဒွေးမှ လပေါင်း (၃၀) တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ပြီး ကျန်လ (၃၀) ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
တတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ပထမပုံမွန္အစည္းအေဝးပထမေန႔ကို မနက္ျဖန္တြင္က်င္းပမည္
သန႔္ဇင္(NP News)-မတ္ ၁၉
တတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ပထမပုံမွန္အစည္းအေဝးပထမေန႔ကို မနက္ျဖန္ (မတ္လ ၂၀ ရက္) နံနက္ ၁၀ နာရီတြင္ ေနျပည္ေတာ္ရွိ ျပည္ေထာင္စုလႊတ္ေတာ္ခန္းမတြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
တတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ပထမပုံမွန္အစည္အေဝး ပထမေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္ နာယက က လႊတ္ေတာ္သို႔ ႏႈတ္ခြန္းဆက္စကား ေျပာၾကားမည္ျဖစ္ၿပီး ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယသမၼတမ်ား ေ႐ြးခ်ယ္တင္ေျမႇာက္ႏိုင္ရန္အတြက္ သက္ဆိုင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အစုအဖြဲ႕ အလိုက္ အစည္းအေဝးမ်ား စတင္က်င္းပမည့္ ေန႔ရက္ကို သတ္မွတ္ ေၾကညာမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အစီစဥ္မ်ားၿပီးေနာက္ ျပည္ေထာင္စုလႊတ္ေတာ္ နာယက က အစည္းအေဝး ပထမေန႔ရပ္နားေၾကာင္းေၾကညာၿပီး ဒုတိယေန႔ က်င္းပမည့္ ေန႔ရက္ႏွင့္ အခ်ိန္ကို ေၾကညာမည္ျဖစ္ေၾကာင္း သိရသည္။
ျပည္ေထာင္စုလႊတ္ေတာ္က်င္းပရာတြင္ ျပည္သူ႔လႊတ္ေတာ္မွ ကိုယ္စားလွယ္မ်ားႏွင့္ အမ်ိဳးသားလႊတ္ေတာ္မွ ကိုယ္စားလွယ္မ်ားပူးေပါင္း က်င္းပရျခင္းျဖစ္ၿပီး ျပည္သူ႔လႊတ္ေတာ္မွ ကိုယ္စားလွယ္ (၃၇၃) ဦးႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ (၂၁၃) ဦး စုစုေပါင္း (၅၈၆) ဦးပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။
ေနျပည္ေတာ္တြင္ တတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္ပထမပုံမွန္အစည္းအေဝး ပထမေန႔ကို ၿပီးခဲ့သည့္ မတ္လ ၁၆ ရက္၊ နံနက္ပိုင္းက က်င္းပခဲ့ၿပီး ျပည္သူ႔လႊတ္ေတာ္ဥကၠ႒အျဖစ္ ဦးခင္ရီႏွင့္ ျပည္သူ႔လႊတ္ေတာ္ဒုတိယဥကၠ႒အျဖစ္ ဦးေမာင္ေမာင္အုန္းတို႔ကို ေ႐ြးခ်ယ္တင္ေျမာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ မတ္လ ၁၈ ရက္၊ နံနက္ပိုင္းတြင္မူ တတိယအႀကိမ္အမ်ိဳးသားလႊတ္ေတာ္ ပထမပုံမွန္အစည္းအေဝး ပထမေန႔ကို ဆက္လက္က်င္းပခဲ့ကာ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒အျဖစ္ ဦးေအာင္လင္းေဒြးႏွင့္ အမ်ိဳးသားလႊတ္ေတာ္ ဒုတိယဥကၠ႒အျဖစ္ Jeng Phang ေနာ္ေတာင္ တို႔ကို ေ႐ြးခ်ယ္တင္ေျမာက္ခဲ့ေၾကာင္း သိရသည္။
ျပည္ေထာင္စုလႊတ္ေတာ္နာယကအျဖစ္ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ျဖစ္သူ ဦးေအာင္လင္းေဒြးမွ လေပါင္း (၃၀) တာဝန္ယူေဆာင္႐ြက္ သြားမည္ျဖစ္ၿပီး က်န္လ (၃၀) ကို ျပည္သူ႔လႊတ္ေတာ္ဥကၠ႒မွ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။