အီရန်စစ်ပွဲနှင့်ပတ်သက်ပြီးအမေရိကန်အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်လာခဲ့ပြီး (NCTC) ညွှန်ကြားရေးမှူး ရာထူးမှနုတ်ထွက်

1063

ဂျန်ဇက်(NP News)- မတ် ၁၈
အမေရိကန် အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေးစင်တာ (NCTC) ညွှန်ကြားရေးမှူးဂျိုးကန့်သည်အီရန်နိုင်ငံအပေါ် ပြုလုပ်နေသည့် စစ်ပွဲကို ဆန့်ကျင်သောအားဖြင့် ရာထူးမှ နှုတ်ထွက်သွားခဲ့ကြောင်းသိရသည်။၎င်းက အီရန်သည် အမေရိကန်အတွက် ခြိမ်းခြောက်မှု မဟုတ်ကြောင်းနှင့် အစ္စရေးနှင့် အမေရိကန်လော်ဘီများ၏ ဖိအားကြောင့်သာ စစ်ပွဲစတင်ခဲ့ရခြင်းဖြစ်ကြောင်း လူသိရှင်ကြားဝေဖန်ထားသည်။သမ္မတ ထရမ့်ကမူ သူ့ကို "လုံခြုံရေးအရ အားနည်းသူ" ဟု တုံ့ပြန်ခဲ့ပြီး ၎င်းသည် ထရမ့်အစိုးရအဖွဲ့အတွင်းမှ ပထမဆုံးသော ကြီးမားသည့် သဘောထားကွဲလွဲမှု ဖြစ်လာသည်။ရာထူးမှ နုတ်ထွက်ခဲ့သည် ဂျိုးကန့်သည် အီရန်နိုင်ငံအပေါ် ပြုလုပ်နေသည့် အမေရိကန်-အစ္စရေးတို့၏ စစ်ဆင်ရေးကို လူသိရှင်ကြားဝေဖန်ခဲ့သည့် အမေရိကန်အစိုးရအတွင်းရှိလူပုဂ္ဂိုလ်များထဲတွင်ရာထူးအမြင့်ဆုံးဖြစ်သည်။အမေရိကန်သမ္မတက ဂျိုးကန့်နုတ်ထွက်စသည် ကောင်းမွန်သည့်အရာဖြစ်ကြောင်း တုံ့ပြန်ထားသည်။အမေရိကန် အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေးစင်တာ ညွှန်ကြားရေးမှူး ဂျိုးကန့်က '' "အဆင့်မြင့် အစ္စရေးအရာရှိများ" နှင့် ဩဇာကြီးမားသော အမေရိကန်သတင်းထောက်များသည် သမ္မတဒေါ်နယ်ထရမ့်၏ "အမေရိက ပထမ" မူဝါဒကို ထိခိုက်စေသည့် "မှားယွင်းသောသတင်းအချက်အလက်" များကို ပေးခဲ့ကြောင်း၊အီရန်သည် အမေရိကန်ပြည်ထောင်စုအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ယုံကြည်စေရန် အမေရိကန်သမ္မတကို လှည့်စားရန် အသုံးပြုခဲ့ပြီး လိမ်ညာမှုတစ်ခုဖြစ်ကြောင်း ဝေဖန်ထားသည်။အသက် ၄၅ နှစ်အရွယ် ဂျိုးကန့်သည် အမေရိကန် အထူးတပ်ဖွဲ့နှင့် CIA စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ၎င်း၏ဇနီးဖြစ်သူ ရေတပ်ကုဒ်ဝှက်စနစ်ပညာရှင် ဖြစ်ကာ၀၁၉ ခုနှစ်တွင် ဆီးရီးယား၌ အသေခံဗုံးခွဲမှုတစ်ခုတွင် သေဆုံးခဲ့ရသည်။ကလေးနှစ်ယောက်ဖခင်ဖြစ်သည့် ဂျိုးကန့်သည် အမေရိကန်စစ်တပ်နှင့်အတူ ပြည်ပတွင် ၁၁ ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး အီရတ်ရှိ အမေရိကန်စစ်တပ်၏ အထူးတပ်ဖွဲ့များနှင့်အတူလည်း တာဝန်ထမ်းဆောင်ခဲ့သည်။

Zawgyi Version:
အီရန္စစ္ပြဲႏွင့္ပတ္သက္ၿပီးအေမရိကန္အစိုးရအဖြဲ႕အတြင္း သေဘာထားကြဲလြဲမႈမ်ားျဖစ္ေပၚလာခဲ့ၿပီး (NCTC) ၫႊန္ၾကားေရးမႉး ရာထူးမွႏုတ္ထြက္
ဂ်န္ဇက္(NP News)- မတ္ ၁၈
အေမရိကန္ အမ်ိဳးသား အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးစင္တာ (NCTC) ၫႊန္ၾကားေရးမႉးဂ်ိဳးကန႔္သည္အီရန္ႏိုင္ငံအေပၚ ျပဳလုပ္ေနသည့္ စစ္ပြဲကို ဆန႔္က်င္ေသာအားျဖင့္ ရာထူးမွ ႏႈတ္ထြက္သြားခဲ့ေၾကာင္းသိရသည္။၎က အီရန္သည္ အေမရိကန္အတြက္ ၿခိမ္းေျခာက္မႈ မဟုတ္ေၾကာင္းႏွင့္ အစၥေရးႏွင့္ အေမရိကန္ေလာ္ဘီမ်ား၏ ဖိအားေၾကာင့္သာ စစ္ပြဲစတင္ခဲ့ရျခင္းျဖစ္ေၾကာင္း လူသိရွင္ၾကားေဝဖန္ထားသည္။သမၼတ ထရမ့္ကမူ သူ႔ကို "လုံၿခဳံေရးအရ အားနည္းသူ" ဟု တုံ႔ျပန္ခဲ့ၿပီး ၎သည္ ထရမ့္အစိုးရအဖြဲ႕အတြင္းမွ ပထမဆုံးေသာ ႀကီးမားသည့္ သေဘာထားကြဲလြဲမႈ ျဖစ္လာသည္။ရာထူးမွ ႏုတ္ထြက္ခဲ့သည္ ဂ်ိဳးကန႔္သည္ အီရန္ႏိုင္ငံအေပၚ ျပဳလုပ္ေနသည့္ အေမရိကန္-အစၥေရးတို႔၏ စစ္ဆင္ေရးကို လူသိရွင္ၾကားေဝဖန္ခဲ့သည့္ အေမရိကန္အစိုးရအတြင္းရွိလူပုဂၢိဳလ္မ်ားထဲတြင္ရာထူးအျမင့္ဆုံးျဖစ္သည္။အေမရိကန္သမၼတက ဂ်ိဳးကန႔္ႏုတ္ထြက္စသည္ ေကာင္းမြန္သည့္အရာျဖစ္ေၾကာင္း တုံ႔ျပန္ထားသည္။အေမရိကန္ အမ်ိဳးသား အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးစင္တာ ၫႊန္ၾကားေရးမႉး ဂ်ိဳးကန႔္က '' "အဆင့္ျမင့္ အစၥေရးအရာရွိမ်ား" ႏွင့္ ဩဇာႀကီးမားေသာ အေမရိကန္သတင္းေထာက္မ်ားသည္ သမၼတေဒၚနယ္ထရမ့္၏ "အေမရိက ပထမ" မူဝါဒကို ထိခိုက္ေစသည့္ "မွားယြင္းေသာသတင္းအခ်က္အလက္" မ်ားကို ေပးခဲ့ေၾကာင္း၊အီရန္သည္ အေမရိကန္ျပည္ေထာင္စုအတြက္ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္ေၾကာင္း ယုံၾကည္ေစရန္ အေမရိကန္သမၼတကို လွည့္စားရန္ အသုံးျပဳခဲ့ၿပီး လိမ္ညာမႈတစ္ခုျဖစ္ေၾကာင္း ေဝဖန္ထားသည္။အသက္ ၄၅ ႏွစ္အ႐ြယ္ ဂ်ိဳးကန႔္သည္ အေမရိကန္ အထူးတပ္ဖြဲ႕ႏွင့္ CIA စစ္မႈထမ္းေဟာင္းတစ္ဦးျဖစ္ၿပီး ၎၏ဇနီးျဖစ္သူ ေရတပ္ကုဒ္ဝွက္စနစ္ပညာရွင္ ျဖစ္ကာ၀၁၉ ခုႏွစ္တြင္ ဆီးရီးယား၌ အေသခံဗုံးခြဲမႈတစ္ခုတြင္ ေသဆုံးခဲ့ရသည္။ကေလးႏွစ္ေယာက္ဖခင္ျဖစ္သည့္ ဂ်ိဳးကန႔္သည္ အေမရိကန္စစ္တပ္ႏွင့္အတူ ျပည္ပတြင္ ၁၁ ႀကိမ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး အီရတ္ရွိ အေမရိကန္စစ္တပ္၏ အထူးတပ္ဖြဲ႕မ်ားႏွင့္အတူလည္း တာဝန္ထမ္းေဆာင္ခဲ့သည္။