၂၀၂၆-အင်ပါယာများ၏ အားပြိုင်မှု၊ ဂိမ်းသီအိုရီနှင့် ကမ္ဘာ့အခင်းအကျင်းသစ် (အတွေးအမြင် သုံးသပ်ဆောင်းပါး)

 675

သန်းထိုက်စိုး (NP News) - မတ်လ ၁၉

ပထဝီနိုင်ငံရေး ကစားကွင်းနှင့် အလှည့်အပြောင်း

ပထဝီနိုင်ငံရေးဟူသည် ပကတိအရှိတရားကို အခြေခံသည့် အကျိုးစီးပွားနယ်ပယ်ဖြစ်ပြီး ယင်းကို လေ့လာရာတွင် ဂိမ်းသီအိုရီ(Game Theory)သည် အကောင်းဆုံးသောပေတံတစ်ခုဖြစ်လာသည်။ ကမ္ဘာ့ ဇာတ်ခုံပေါ်မှ ကစားသမားအသီးသီးသည် မိမိတို့၏ကိုယ်ကျိုးစီးပွားကို အမြင့်ဆုံးရရှိရန်ကြိုးပမ်းနေကြ သည်။
ယခုဆောင်းပါးတွင် မည်သည့်ဝါဒရေးရာ သို့မ ဟုတ် စိတ်ကူးယဉ်ဆန်သည့်အယူအဆများကိုမျှ အ လေးထားမည်မဟုတ်ဘဲ ကိုယ်ကျိုးစီးပွား(Self-interest)ကိုသာ ဗဟိုပြု၍ သုံးသပ်တင်ပြသွားမည် ဖြစ်သည်။
(၂၀၂၆)ခုနှစ်၏ အကြီးမားဆုံးသောမဟာဗျူ ဟာမြောက်ဖြစ်ရပ်မှာ လာမည့်ဧပြီလတွင် သမ္မတ ထရမ့်၏ တရုတ်ပြည်ခရီးစဉ်ဖြစ်သည်။ ယင်းခရီးစဉ် သည် ၎င်း၏ဒုတိယသက်တမ်းအတွင်း ပထမဆုံးခရီး စဉ်ဖြစ်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေး၏ အနာ ဂတ်ကိုဆုံးဖြတ်ပေးမည့် သော့ချက်ဖြစ်လာပါလိမ့် မည်။ ရုရှား-ယူကရိန်းစစ်ပွဲသည် တည်ငြိမ်သောအ ဆင့်သို့ရောက်ရှိသွားပြီဖြစ်၍ ဥရောပအခင်းအကျင်း ကို ခန့်မှန်းရလွယ်ကူသော်လည်း တရုတ်နှင့်ဆက်ဆံ ရေးမှာမူ များစွာ မရေမရာ ဖြစ်နေဆဲဖြစ်သည်။
ထရမ့်၏အဓိကရည်မှန်းချက်မှာ တရုတ်နှင့်အ တူ ကြီးမားသောသဘောတူညီချက်(Grand Bar­gain)တစ်ရပ်ကိုဖော်ဆောင်ရန်နှင့် ဒေါ်လာ၏ဩဇာ ကို ပြန်လည်ထိန်းသိမ်းရန်ဖြစ်သည်။ (၁၉၇၁) ခုနှစ် တွင် သမ္မတနစ်ဆင်က အမေရိကန်ဒေါ်လာကို ရွှေစံ နှုန်းမှခွဲထုတ်လိုက်ပြီးနောက် ဒေါ်လာတန်ဖိုးကိုထိန်း ညှိရန်နည်းလမ်းနှစ်သွယ်ကို အသုံးပြုခဲ့သည်။ ပထမ နည်းလမ်းမှာ ဆော်ဒီအာရေးဗျနှင့်လက်တွဲ၍ ရေနံကို ဒေါ်လာဖြင့်သာဝယ်ယူရမည့် Petro Dollar စနစ်ကို အောင်မြင်စွာ တည်ထောင်ခဲ့ခြင်းပင်ဖြစ်သည်။ ဒုတိ ယနည်းလမ်းမှာ တရုတ်ပြည်ကို ကမ္ဘာ့စီးပွားရေးဈေး ကွက်သို့ တံခါးဖွင့်ပေးခဲ့ပြီး တရုတ်ကို အမေရိကန် ဒေါ်လာစနစ်အပေါ် လုံးဝမှီခိုသွားစေရန်ဖန်တီးခဲ့ခြင်း ဖြစ်သည်။
(၁၉၈၀)ပြည့်လွန်နှစ်များမှစ၍ အမေရိကန် သည် တရုတ်သို့ နည်းပညာနှင့်ကျွမ်းကျင်မှုများကို ပံ့ပိုးပေးခဲ့ကာ တရုတ်၏ထုတ်ကုန်များအတွက် ကြီး မားသောဈေးကွက်ကို လမ်းဖွင့်ပေးခဲ့သည်။ ဤနည်း ဖြင့် ဆယ်စုနှစ်များစွာကြာအောင် အမေရိကန်နှင့် တရုတ်သည် အပြန်အလှန် အကျိုးပြုသည့် ဆက်ဆံ ရေးတစ်ရပ်တည်ဆောက်နိုင်ခဲ့ကြသည်။ သို့သော် လည်း အမေရိကန်သည် ၎င်းရရှိထားသော အထူးအ ခွင့်အရေး(Exorbitant Privilege)ကို အလွဲသုံး စားလုပ်ကာ ဒေါ်လာကို အကန့်အသတ်မရှိ ရိုက်နှိပ် ထုတ်ဝေလာခဲ့သည်။ အရှေ့အလယ်ပိုင်းတွင် စစ်ပွဲ များစွာကိုဆင်နွှဲခြင်းဖြင့် နိုင်ငံတော်အကြွေးများကို ဖောင်းပွစေခဲ့ပြီး ကမ္ဘာ့ဘဏ္ဍာရေးစနစ် မတည်ငြိမ်မှု စတင်ဖြစ်စေခဲ့သည်။
(၂၀ဝ၈-၂၀ဝ၉) ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အ တည်းဖြစ်ပွားပြီးနောက်တွင် တရုတ်ပြည်သည် အမေ ရိကန်ဒေါ်လာ၏တည်ငြိမ်မှုအပေါ် ယုံကြည်မှုစတင် ပျက်ပြားလာခဲ့ရသည်။
ထို့ကြောင့် တရုတ်သည် ယွမ်ငွေကို နိုင်ငံတကာ သုံးဖြစ်စေရန်နှင့် ရွှေစင်္ကြံ "(Gold Corridor) ကဲ့ သို့သော ကိုယ်ပိုင်ဘဏ္ဍာရေးလဲလှယ်ရေးစနစ်များကို ထူထောင်ခဲ့သည်။ ဤလုပ်ရပ်သည် ကမ္ဘာ့ကုန်သွယ် ရေးစနစ်တွင် တရုတ်၏ အချုပ်အခြာအာဏာကိုမြှင့် တင်ပေးသလိုဖြစ်စေသော်လည်း အမေရိကန်ဒေါ်လာ ကြီးစိုးမှုကိုမူ ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိသည်။ သမ္မတထရမ့်သည် တရုတ်ကို အမေရိကန်အစိုးရ ငွေ တိုက်စာချုပ်များ ဆက်လက်ဝယ်ယူစေရန်နှင့် ဒေါ် လာကိုဆက်သုံးနေရန် နည်းလမ်းမျိုးစုံဖြင့် ဖိအားပေး နေခြင်းဖြစ်သည်။ အကယ်၍ တရုတ်က ၎င်းပိုင်ဆိုင် သည့် အမေရိကန်စာချုပ်များအားလုံးကို တစ်ပြိုင် နက်ထုတ်ရောင်းလိုက်ပါက အမေရိကန်စီးပွားရေး သည် ချက်ချင်းပြိုလဲသွားမည့်အန္တရာယ်ရှိသည်။
ထို့ကြောင့် ထရမ့်သည် တရုတ်ကို အမေရိကန် ဘဏ္ဍာရေးစနစ်အတွင်းသို့ ပြန်လည်ဆွဲသွင်းရန်နှင့် ဒေါ်လာဝယ်လိုအားမြှင့်တင်ရန်အတွက် မဟာဗျူဟာ သစ်များ ခင်းကျင်းနေခြင်းဖြစ်သည်။ ဗင်နီဇွဲလားကို ကျူးကျော်ခြင်းသည်ပင်လျှင် တရုတ်၏ စွမ်းအင်အ ရင်းအမြစ်များကိုထိန်းချုပ်ပြီး ဒေါ်လာဖြင့်သာ ရေနံ ဝယ်ယူရမည့်အခြေအနေသို့တွန်းပို့ရန် ကြိုးပမ်းခြင်း ဖြစ်သည်။ တရုတ်သည် လက်ရှိတွင် ၎င်းလိုအပ်သော ရေနံအများစုကို အရှေ့အလယ်ပိုင်းဒေသမှတင်သွင်း နေရသဖြင့် ယင်းဒေသ၏တည်ငြိမ်မှုသည် တရုတ်အ တွက် အလွန်အရေးပါသည်။
ထရမ့်သည် အီရန်ကိုတိုက်ခိုက်ပြီး အရှေ့အ လယ်ပိုင်းကို ကမောက်ကမဖြစ်အောင်လုပ်ခြင်းမှာ တရုတ်ကို အနောက်ကမ္ဘာခြမ်းကိုမှီခိုလာစေရန်ဖြစ် သည်။ ရေနံတင်မကဘဲ AI နှင့် လျှပ်စစ်ကား (EV) လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော လီသီ ယမ်၊ ကြေးနီနှင့် ရွှေ၊ ငွေ သတ္တုတွင်းထွက်များ အတွက်ပါ အနောက်ကမ္ဘာခြမ်းက အဓိကဖြစ်လာမည် ဖြစ်သည်။ ဤသည်မှာ တရုတ်စီးပွားရေးကို အကျပ် ကိုင်ရန်နှင့် အမေရိကန်ဒေါ်လာကို ပိုမိုဝယ်ယူလာ စေရန် ကမ္ဘာအနှံ့တွင် စစ်ပွဲများ ဖန်တီးနေသည့် ထရမ့်၏ အဂ္ဂမဟာဗျူဟာ (Grand Strategy)ပင် ဖြစ်သည်။ (၂၀၂၆) ခုနှစ်တွင် ကျွနု်ပ်တို့မြင်တွေ့ရ မည့်ဂိမ်းအကြီးစား (Great Game) မှာ စီးပွားရေး အင်အားကြီးနှစ်ခုကြားမှ အာဏာလုပွဲနှင့် ငွေကြေး စစ်ပွဲပင်ဖြစ်သည်။ အမေရိကန်သည် တရုတ်ကို တန်းတူအဆင့်ရှိသည့် Peer တစ်ဦးအဖြစ် မဆက်ဆံ ဘဲ အင်ပါယာ၏လက်အောက်ခံအဖြစ်သာ မြင်လို ခြင်းမှာ အဓိကပြဿနာတစ်ရပ်ဖြစ်သည်။ တရုတ် သည်လည်း အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ အဖြစ်လေးစားမှုခံချင်သဖြင့် ဤအင်ပါယာစနစ်ကို ပြင်းထန်စွာ ငြင်းပယ်နေခြင်းဖြစ်သည်။

စီးပွားရေး အပြန်အလှန်မှီခိုမှု၊ ဘဏ္ဍာရေး ပူဖောင်းများနှင့် အမေရိကန်၏ အားနည်းချက်များ

အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံစလုံးသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံအပြန်အလှန် မှီခိုနေကြရပြီး ဤမှီခိုမှုသည်ပင်လျှင် တစ်ဖက်နှင့်တစ်ဖက် ချိန်ခွင် လျှာညှိပေးနေသည်။ တရုတ်သည် ၎င်းလိုအပ်သည့် ရေနံ၏ လေးပုံသုံးပုံခန့်ကို ပြည်ပမှတင်သွင်းနေရပြီး ယင်း၏ထက်ဝက်ကျော်မှာ အရှေ့အလယ်ပိုင်းမှ လာ ခြင်းဖြစ်သည်။ ရုရှားသည် တရုတ်၏စွမ်းအင် လိုအပ် ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်စွမ်းမရှိသေးဘဲ ပိုက်လိုင်းများ တည်ဆောက်ရန်အတွက်လည်း နှစ် ပေါင်းများစွာ ကြာဦးမည်ဖြစ်သည်။
ထို့ကြောင့် တရုတ်သည် လက်ရှိတွင် အမေရိ ကန်၏ ပထဝီနိုင်ငံရေး ထောင်ချောက်အတွင်း ပိတ်မိ နေသကဲ့သို့ဖြစ်နေသော်လည်း ၎င်း၏ လက်ထဲတွင် လည်း အစွမ်းထက်လက်နက်များရှိနေဆဲဖြစ်သည်။ တရုတ်သည် ကမ္ဘာ့ငွေ (Silver) ဈေးကွက်ကို စိုးမိုး ထားပြီး ၎င်း၏တင်ပို့မှုကို ကန့်သတ်လိုက်ခြင်းဖြင့် အမေရိကန်ဘဏ္ဍာရေးဈေးကွက်ကို ကသောင်းက နင်းဖြစ်စေနိုင်သည်။ ဤအခြေအနေသည် နှစ်ဦးနှစ် ဖက် ပျက်စီးမည့်အဆင့်သို့ရောက်ရှိနေပြီး တစ်ဖက် ဖက်က အလွန်အကျွံလုပ်ဆောင်ပါက နှစ်ဖက်လုံး ပျက်စီးမည်ဖြစ်သည်။
ချောက်ကမ်းပါးကြီးတစ်ခုပေါ်ရှိ လှေကားတစ် စင်းကို လူနှစ်ယောက်တစ်ပြိုင်တည်းတက်နေသကဲ့ သို့ တရုတ်နှင့်အမေရိကန်တို့သည်လည်း ဟန်ချက် ညီညီသွားရန်လိုအပ်နေသည်။ အကယ်၍ အမေရိ ကန်က တရုတ်ကိုကျော်တက်သွားပါက သို့မဟုတ် တရုတ်ကိုတွန်းချပါက ဟန်ချက်ပျက်၍ နှစ်ဦးလုံး ချောက်ထဲကျမည်ဖြစ်သည်။ ဤသည်မှာ အလွန် အန္တရာယ်များလှသည့် ဂိမ်းတစ်ခုဖြစ်ပြီး အမေရိကန် အနေဖြင့် နှိမ့်ချမှုအနည်းငယ်ပြကာ တရုတ်ကို တန်း တူဆက်ဆံရန် လိုအပ်နေပါသည်။ သို့သော်လည်း လက်ရှိအခြေအနေမှာမူ မာနထောင်လွှားမှုနှင့် လူမျိုး ရေးခွဲခြားမှုတို့က မူဝါဒများကိုလွှမ်းမိုးထားသကဲ့သို့ ဖြစ်နေသည်။ အမေရိကန်ခေါင်းဆောင်များသည် တရုတ်က သူတို့ကို လိုက်မီလာခြင်းအပေါ် သည်းမခံ နိုင်ဘဲ မည်သည့်နည်းနှင့်မဆိုဟန့်တားရန် ကြိုးပမ်း နေကြခြင်းပင် ဖြစ်သည်။ ဗင်နီဇွဲလား ကိစ္စတွင်လည်း မာဒူရိုကို ဖမ်းဆီးခြင်းမှာ ရေနံအရင်းအမြစ်ကို သိမ်း ပိုက်ရန်ထက် တရုတ်ကို ဒုက္ခပေးရန်နှင့် ရေနံရယူ ခွင့် ဖြတ်တောက်ရန်သာ ဖြစ်သည်။
အမေရိကန်သည် ဗင်နီဇွဲလားကို ပြန်လည် တည်ဆောက်ရန်စိတ်မဝင်စားဘဲ တရုတ်ကို အကျပ် ကိုင်နိုင်ရေးကိုသာ ဦးတည်လုပ်ဆောင်နေခြင်းဖြစ် သည်။ အမေရိကန်စီးပွားရေးသည်လည်း အပြင် ပန်းကြည့်လျှင် ကောင်းမွန်နေသော်လည်းအတွင်း၌မူ ကြီးမားသည့် ပူဖောင်းများ(Bubbles)နှင့် အား နည်းချက်များ ရှိနေသည်။ အထူးသဖြင့် Artificial Intelligence (AI) ကဏ္ဍတွင် အမြတ်အစွန်း မရေ ရာဘဲ ဘီလျံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံထားခြင်းမှာ ကြီးမား သည့်အန္တရာယ်တစ်ခုဖြစ်နေသည်။ လက်ရှိ AI လုပ် ငန်းများသည် စီးပွားရေးအတွက် အမှန်တကယ် အကျိုးပြုနိုင်စွမ်းမရှိသေးဘဲ သာမန်ဖျော်ဖြေရေးနှင့် စာစီစာကုံးရေးသားပေးသည့်အဆင့်မှာသာ ရှိနေ သေးသည်။ အကယ်၍ ဤ AI ပူဖောင်းသာ ပေါက် ကွဲသွားပါက အမေရိကန်စီးပွားရေးတစ်ခုလုံးကို ဆွဲချ သွားနိုင်ပြီး သန်းနှင့်ချီသည့် အလုပ်အကိုင်များလည်း ဆုံးရှုံးသွားနိုင်သည်။ နာမည်ကျော် ရင်းနှီးမြှုပ်နှံသူ Michael Burry ပင်လျှင် အမေရိကန်ဘဏ္ဍာရေး ဈေးကွက်သည် အခြေခံသီအိုရီများနှင့်ကင်းကွာကာ လူနည်းစုက စိတ်ကြိုက်လှည့်စားနေသည့် နေရာဖြစ် လာကြောင်းဝေဖန်ခဲ့သည်။ ဈေးကွက်အတွင်း၌ ကစားသမားအနည်းငယ်ကသာ ဈေးနှုန်းများကို ထိန်းချုပ်ထားနိုင်သဖြင့် သာမန်ရင်းနှီးမြှုပ်နှံသူများအတွက် အခြေခံအချက်အလက်များက အသုံးမဝင် တော့သည့်အခြေအနေသို့ ရောက်ရှိနေပါသည်။
အမေရိကန်၏ နောက်ထပ်အားနည်းချက်မှာ အလွန်အကျွံ ဘဏ္ဍာရေးအသွင်ပြောင်းလဲခြင်း (Over-financialization) ဖြစ်ပြီး ကုန်စည်များကို လက်တွေ့မသုံးဘဲ မှန်းဆကစားရန်သာ သုံးနေကြ ခြင်းဖြစ်သည်။ ငွေ (Silver) ဈေးကွက်တွင် တရုတ် က လက်တွေ့ထုတ်လုပ်ရေးအတွက် အသုံးပြုသော် လည်း အမေရိကန်တွင်မူ စာရွက်ပေါ်မှ လောင်းကစား ကဲ့သို့သာ ဖြစ်နေသည်။ JP Morgan ကဲ့သို့သော ဘဏ်ကြီးများသည်လည်း အစစ်အမှန်မရှိဘဲ အဆ ပေါင်းများစွာ လိမ်လည်ထုတ်ချေးထားသည့် ပွန်ဇီ (Ponzi) စနစ်ကြီးကို လည်ပတ်နေကြခြင်းဖြစ်သည်။
Cryptocurrency နှင့် Bitcoin များသည်လည်း လူ့အဖွဲ့အစည်းအတွက် အကျိုးမရှိဘဲ မှန်းဆကစား မှုသက်သက်ဖြင့်သာ စီးပွားရေးကို ဟန်ပြကောင်း အောင်လုပ်နေကြသည်။ အကယ်၍ ဤပွန်ဇီစနစ် ကြီး သို့မဟုတ် ဘဏ္ဍာရေးပူဖောင်းကြီးသာ (၂၀၂၆) ခုနှစ်အတွင်း ပြိုလဲသွားပါက အမေရိကန်တွင် ပြည်တွင်းစစ် (Civil War) အထိ ဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိနေသည်။ သို့သော်လည်း အမေရိကန် အစိုးရ၏ ငွေရိုက်နှိပ်နိုင်စွမ်းနှင့် ဒေါ်လာ၏ ဩဇာ ကြောင့် ဤပူဖောင်းသည် ခေတ္တမျှတော့ ဆက်လက် တည်မြဲနေဦးမည်ဟု ခန့်မှန်းရသည်။
ဥရောပ၏ ဆည်းဆာ၊ လက်တွေ့ဘဝ နှင့် ကင်းကွာသော အထက်လွှာများနှင့် အင်ပါယာ၏ နိဂုံး
ဥရောပတိုက်၏ လက်ရှိအခြေအနေကို လေ့လာ လျှင် (၁၉၄၅) ခုနှစ်နောက်ပိုင်း အမေရိကန်က ပုံဖော် ပေးခဲ့သော ပွင့်လင်းသော လူ့အဖွဲ့အစည်း (Open Society) ဆိုသည့် အယူအဆအောက်တွင် ပိတ်မိ နေသည်ကို တွေ့ရမည်ဖြစ်သည်။ ဒုတိယကမ္ဘာစစ် ၏ အနိဋ္ဌာရုံများကို အကြောင်းပြု၍ အမျိုးသားရေး ဝါဒကိုဖျက်ဆီးကာ ယဉ်ကျေးမှုစုံဝါဒနှင့် ရွှေ့ပြောင်း နေထိုင်သူများကို အကန့်အသတ် မရှိလက်ခံခဲ့ခြင်း သည် ယခုအခါ ဥရောပနိုင်ငံများကို ပြည်တွင်းစစ် အန္တရာယ်နှင့် ရင်ဆိုင်စေခဲ့ပြီဖြစ်သည်။
ဗြိတိန်နှင့် ပြင်သစ်ကဲ့သို့သော နိုင်ငံများတွင် မူလဒေသခံများနှင့် ရွှေ့ပြောင်းနေထိုင်သူများအ ကြား ဝိသေသလက္ခဏာဆိုင်ရာပဋိပက္ခများ ပြင်း ထန်နေပြီး လူ့အဖွဲ့အစည်းသည် အစွန်းနှစ်ဖက်သို့ ကွဲပြား (Polarized)နေသည်။ ဤသို့ စိတ်ဝမ်းကွဲ နေသော လူ့အဖွဲ့အစည်းတစ်ခုသည် ရုရှားကဲ့သို့ သော အင်အားကြီးနိုင်ငံနှင့် စစ်ဖြစ်ရန် စည်းလုံးနိုင် စွမ်း မရှိတော့ပါ။ မူလဒေသခံများကလည်း ၎င်းတို့၏ မြေကို ရွှေ့ပြောင်းနေထိုင်သူများ လက်ထဲမရောက် စေရန်အတွက် ယူကရိန်းတွင် သွားရောက် အသေခံ ရန် ငြင်းဆန်နေကြခြင်းမှာ ပကတိအရှိတရားပင် ဖြစ် သည်။ ဥရောပ၏ အမျိုးသားရေးစိတ်ဓာတ်ကို ဖျက်ဆီးလိုက်ခြင်းသည် အမေရိကန်အတွက်လည်း ရေရှည်တွင် အမှားတစ်ခုဖြစ်လာပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်သည် ယခုအခါ ဥရောပကိုမိတ်ဖက်အဖြစ်မရှုမြင်တော့ဘဲ အသုံးမ ဝင်တော့သည့် လက်အောက်ခံ (Vassal) သို့မဟုတ် ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ်သာ သဘောထားလာသော ကြောင့်ဖြစ်သည်။
ဥရောပတွင် လူဦးရေ အိုမင်းလာခြင်း၊ စစ် တိုက်လိုစိတ်မရှိခြင်းနှင့် အရင်းအမြစ်နည်းပါးခြင်း တို့ကြောင့် အမေရိကန်သည် ဥရောပကို ရုရှားလက် ထဲသို့ပင် စွန့်ပစ်ရန်ပြင်ဆင်နေပြီဖြစ်သည်။ အမေရိ ကန်၏ မဟာဗျူဟာအသစ်မှာ အနောက်ကမ္ဘာခြမ်း ကိုဗဟိုပြု၍ တရုတ်ကို အကျပ်ကိုင်ရန်ဖြစ်ပြီး ဥရောပ နှင့် အရှေ့အလယ်ပိုင်းကိုမူ မီးလောင်တိုက်သွင်းရန် ဝန်လေးမည်မဟုတ်ပါ။ အမေရိကန်သည် ၎င်း၏ ဒေါ်လာ အာဏာစိုးမိုးမှုကိုထိန်းသိမ်းရန်အတွက် တရုတ်ကို ဒေါ်လာအပေါ် လုံးဝမှီခိုသွားစေမည့် အပေးအယူနည်းလမ်းကိုသာ အသုံးပြုသွားမည်ဖြစ် သည်။ သို့သော်လည်း အမေရိကန်အင်ပါယာ၏ နိဂုံး မှာ ထင်မှတ်ထားသည်ထက်ပို၍ မြန်ဆန်လာနေ သည်ကိုသတိပြုသင့်သည်။ ဗင်နီဇွဲလား သမ္မတ မာ ဒူရိုကို ပြန်ပေးဆွဲပြီး နယူးယောက်တွင် အရှက်ခွဲပြ ခဲ့သည့်ဖြစ်ရပ်သည် ရောမခေတ်က အောင်ပွဲခံလှည့် လည်ပွဲများနှင့် တူနေသော်လည်း ယင်းသည် မဟာ ဗျူဟာမြောက်သည့် လုပ်ရပ်မဟုတ်ဘဲ မိုက်မဲမှုသာ ဖြစ်သည်။ နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာကို စော်ကားလိုက်ခြင်းကြောင့် ဗင်နီဇွဲလားနိုင်ငံသားများ သာမက တောင်အမေရိကတစ်ခုလုံးသည် အမေရိ ကန်ကို ရန်သူအဖြစ် စုစည်းသွားကြပါလိမ့်မည်။
အမေရိကန်သည် ၎င်း၏ Soft Powerကို အသုံးမပြုတော့ဘဲ စစ်အင်အားကိုသာ တိုက်ရိုက် ထုတ်သုံးလာခြင်းမှာ ၎င်းတွင် ကြိုတင်မြော်မြင်နိုင် စွမ်းနှင့် ချုပ်တည်းမှုမရှိတော့ခြင်းကို ပြသနေသည်။ အင်ပါယာတစ်ခုသည် ဆုတ်ယုတ်လာသည့်အခါ မဟာမိတ်များနှင့် လက်အောက်ခံများကိုပါ ခေါင်းပုံ ဖြတ်ကာ ရန်စတတ်သည့် သဘောကို အမေရိကန်က ယခုအခါ လက်တွေ့ပြသနေခြင်းပင်ဖြစ်သည်။ သမ္မတထရမ့်၏ စဉ်းစားပုံသည် " The Apprentice Reality TV " အစီအစဉ်တစ်ခုကဲ့သို့ ဖြစ်နေပြီး လူ မြင်ကောင်းရန်သာ ဦးစားပေးနေခြင်းဖြစ်သည်။ သူ သည် ပထဝီနိုင်ငံရေး၏ အခြေခံ နိယာမများကို နားမလည်ဘဲ " ငါသာ ဒါကို လုပ်ပြနိုင်ရင် လက်တွေ့ ဖြစ်လာမယ်" ဆိုသည့် စိတ်ကူးယဉ်ကမ္ဘာထဲတွင် နေ ထိုင်နေခြင်းဖြစ်သည်။ မာဒူရိုကိုဖမ်းခြင်း၊ အီရန်ကို ဗုံးကြဲခြင်းတို့ဖြင့် အင်အားပြနိုင်လျှင် ကမ္ဘာကြီးက ဦးညွှတ်မည်ဟု သူယုံကြည်နေသော်လည်း လက် တွေ့တွင်မူ ယင်းလုပ်ရပ်များက အမေရိကန်ကို ပိုမို အထီးကျန်စေမည်ဖြစ်သည်။
ထရမ့်၏ ဦးနှောက်သည် TV ဖန်သားပြင် တစ်ခုကဲ့သို့ ဖြစ်နေပြီး အင်အားဖြန့်ကြက်မှု(Overe- xtend) ကြောင့် ဖြစ်လာမည့်ဘေးထွက်ဆိုးကျိုးများ ကို သူလုံးဝ သတိမထားမိပါ။ သူ၏ နိုင်ငံခြားရေး မူဝါ ဒမှာလည်း တည်ငြိမ်မှုမရှိဘဲ ခဏခဏပြောင်းလဲနေ သဖြင့် ရုရှားနှင့် တရုတ်တို့ကပင် သူ့ကို အလေးအ နက်မထားတော့သည့်အခြေအနေသို့ရောက်ရှိ နေရ သည်။ ထရန့်သည် အမေရိကန်သမ္မတတစ်ဦးကဲ့သို့ မဟုတ်ဘဲ မာဖီးယားဂိုဏ်းချုပ် (Mafia Boss) တစ်ဦးကဲ့သို့သာပြုမူနေပြီး ၎င်း၏ ကိုယ်ကျိုးစီးပွား အတွက်သာ အရာအားလုံးကို ဆုံးဖြတ်နေခြင်းဖြစ် သည်။ ၎င်း၏လုပ်ရပ်များသည် အမေရိကန်၏ ဂုဏ် သိက္ခာကို ဖျက်ဆီးနေသော်လည်း TV ကြည့်ရှု နှုန်း ကောင်းစေရန်အတွက်မူ သူက ဂရုစိုက်မည်မဟုတ်ပါ။ (၂၀၂၆) ခုနှစ် ဧပြီလတွင် တရုတ်နှင့် ပြုလုပ်မည့် အပေးအယူမှာလည်း ထရမ့်အတွက် အရေးကြီးသော လောင်းကစားတစ်ခုဖြစ်လာပါလိမ့်မည်။ သူသည် တရုတ်ကို အကျပ်ကိုင်ရန်အတွက် ဂျပန်နှင့်တရုတ် ကြား တင်းမာမှုများကိုအသုံးချကာ ၎င်း၏ အသာစီး ရမှုကို တည်ဆောက်မည်ဖြစ်သည်။ သို့သော်လည်း အီရန်ကို မြေပြင်တပ်ဖွဲ့များဖြင့် ဝင်ရောက်ကျူး ကျော်ရန် ကြိုးပမ်းခြင်းသည် အမေရိကန်အတွက် နောက်ဆုံးသော ဘေးအန္တရာယ်ဖြစ်သွားနိုင်ပြီး ယင်း သည် အီရတ်ထက် များစွာကြီးမားသည့် ကပ်ဘေး တစ်ခုဖြစ်လာမည်ဖြစ်သည်။
ဥရောပသည်လည်း ယူကရိန်းတွင် အနိုင်ရရန် လမ်းစမရှိတော့သော်လည်း ၎င်းတို့၏အမှားကို ဝန်မခံနိုင်သဖြင့် လူငယ်များကို စစ်မြေပြင်သို့ ဆက် လက်စေလွှတ်နေဦးမည်ဖြစ်သည်။ NATO သည် လည်း နှေးကွေးသော ရုံးလုပ်ငန်းယန္တရားတစ်ခုကဲ့ သို့ဖြစ်နေပြီး ပြိုလဲတော့မည်ကိုသိသော်လည်း ဘာမှ မလုပ်ဆောင်နိုင်ဘဲ ဖြစ်နေသည်။ အိုဒက်ဆာ (Odessa) မြို့တွင် NATO ၏ ကျရှုံးမှုသည် ဥရောပ ၏ နှေးကွေးသော သေဆုံးခြင်းကို စတင်စေပါလိမ့် မည်။ အနှစ်ချုပ်ရလျှင် (၂၀၂၆) ခုနှစ်သည် အမေရိ ကန်အင်ပါယာ၏ ဆုတ်ယုတ်မှုအရှိန်အဟုန် အမြင့် ဆုံးသို့ ရောက်ရှိမည့်နှစ်ဖြစ်သည်။ အမေရိကန်သည် ရေတိုတွင် ကမ္ဘာကြီးကို ထိန်းချုပ်ထားနိုင်သည်ဟု ထင်ရသော်လည်း ရေရှည်အတွက်မူ ၎င်းကို ပြန် လည်တော်လှန်မည့် မျိုးစေ့များကို တစ်ကမ္ဘာလုံးတွင် ချထားခဲ့ပြီဖြစ်သည်။ အင်ပါယာတစ်ခု၏ နိဂုံးသည် မာနထောင်လွှားမှုနှင့် အမှားတွက်ချက်မှုများကြားတွင် စတင်နေပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရသည်။

Zawgyi Version:
၂၀၂၆-အင္ပါယာမ်ား၏ အားၿပိဳင္မႈ၊ ဂိမ္းသီအိုရီႏွင့္ ကမာၻ႔အခင္းအက်င္းသစ္
(အေတြးအျမင္ သုံးသပ္ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - မတ္လ ၁၉

ပထဝီႏိုင္ငံေရး ကစားကြင္းႏွင့္ အလွည့္အေျပာင္း

ပထဝီႏိုင္ငံေရးဟူသည္ ပကတိအရွိတရားကို အေျခခံသည့္ အက်ိဳးစီးပြားနယ္ပယ္ျဖစ္ၿပီး ယင္းကို ေလ့လာရာတြင္ ဂိမ္းသီအိုရီ(Game Theory)သည္ အေကာင္းဆုံးေသာေပတံတစ္ခုျဖစ္လာသည္။ ကမာၻ႔ ဇာတ္ခုံေပၚမွ ကစားသမားအသီးသီးသည္ မိမိတို႔၏ကိုယ္က်ိဳးစီးပြားကို အျမင့္ဆုံးရရွိရန္ႀကိဳးပမ္းေနၾက သည္။
ယခုေဆာင္းပါးတြင္ မည္သည့္ဝါဒေရးရာ သို႔မ ဟုတ္ စိတ္ကူးယဥ္ဆန္သည့္အယူအဆမ်ားကိုမွ် အ ေလးထားမည္မဟုတ္ဘဲ ကိုယ္က်ိဳးစီးပြား(Self-interest)ကိုသာ ဗဟိုျပဳ၍ သုံးသပ္တင္ျပသြားမည္ ျဖစ္သည္။
(၂၀၂၆)ခုႏွစ္၏ အႀကီးမားဆုံးေသာမဟာဗ်ဴ ဟာေျမာက္ျဖစ္ရပ္မွာ လာမည့္ဧၿပီလတြင္ သမၼတ ထရမ့္၏ တ႐ုတ္ျပည္ခရီးစဥ္ျဖစ္သည္။ ယင္းခရီးစဥ္ သည္ ၎၏ဒုတိယသက္တမ္းအတြင္း ပထမဆုံးခရီး စဥ္ျဖစ္ၿပီး အေမရိကန္-တ႐ုတ္ ဆက္ဆံေရး၏ အနာ ဂတ္ကိုဆုံးျဖတ္ေပးမည့္ ေသာ့ခ်က္ျဖစ္လာပါလိမ့္ မည္။ ႐ုရွား-ယူကရိန္းစစ္ပြဲသည္ တည္ၿငိမ္ေသာအ ဆင့္သို႔ေရာက္ရွိသြားၿပီျဖစ္၍ ဥေရာပအခင္းအက်င္း ကို ခန႔္မွန္းရလြယ္ကူေသာ္လည္း တ႐ုတ္ႏွင့္ဆက္ဆံ ေရးမွာမူ မ်ားစြာ မေရမရာ ျဖစ္ေနဆဲျဖစ္သည္။
ထရမ့္၏အဓိကရည္မွန္းခ်က္မွာ တ႐ုတ္ႏွင့္အ တူ ႀကီးမားေသာသေဘာတူညီခ်က္(Grand Bar­gain)တစ္ရပ္ကိုေဖာ္ေဆာင္ရန္ႏွင့္ ေဒၚလာ၏ဩဇာ ကို ျပန္လည္ထိန္းသိမ္းရန္ျဖစ္သည္။ (၁၉၇၁) ခုႏွစ္ တြင္ သမၼတနစ္ဆင္က အေမရိကန္ေဒၚလာကို ေ႐ႊစံ ႏႈန္းမွခြဲထုတ္လိုက္ၿပီးေနာက္ ေဒၚလာတန္ဖိုးကိုထိန္း ညႇိရန္နည္းလမ္းႏွစ္သြယ္ကို အသုံးျပဳခဲ့သည္။ ပထမ နည္းလမ္းမွာ ေဆာ္ဒီအာေရးဗ်ႏွင့္လက္တြဲ၍ ေရနံကို ေဒၚလာျဖင့္သာဝယ္ယူရမည့္ Petro Dollar စနစ္ကို ေအာင္ျမင္စြာ တည္ေထာင္ခဲ့ျခင္းပင္ျဖစ္သည္။ ဒုတိ ယနည္းလမ္းမွာ တ႐ုတ္ျပည္ကို ကမာၻ႔စီးပြားေရးေဈး ကြက္သို႔ တံခါးဖြင့္ေပးခဲ့ၿပီး တ႐ုတ္ကို အေမရိကန္ ေဒၚလာစနစ္အေပၚ လုံးဝမွီခိုသြားေစရန္ဖန္တီးခဲ့ျခင္း ျဖစ္သည္။
(၁၉၈၀)ျပည့္လြန္ႏွစ္မ်ားမွစ၍ အေမရိကန္ သည္ တ႐ုတ္သို႔ နည္းပညာႏွင့္ကြၽမ္းက်င္မႈမ်ားကို ပံ့ပိုးေပးခဲ့ကာ တ႐ုတ္၏ထုတ္ကုန္မ်ားအတြက္ ႀကီး မားေသာေဈးကြက္ကို လမ္းဖြင့္ေပးခဲ့သည္။ ဤနည္း ျဖင့္ ဆယ္စုႏွစ္မ်ားစြာၾကာေအာင္ အေမရိကန္ႏွင့္ တ႐ုတ္သည္ အျပန္အလွန္ အက်ိဳးျပဳသည့္ ဆက္ဆံ ေရးတစ္ရပ္တည္ေဆာက္ႏိုင္ခဲ့ၾကသည္။ သို႔ေသာ္ လည္း အေမရိကန္သည္ ၎ရရွိထားေသာ အထူးအ ခြင့္အေရး(Exorbitant Privilege)ကို အလြဲသုံး စားလုပ္ကာ ေဒၚလာကို အကန႔္အသတ္မရွိ ႐ိုက္ႏွိပ္ ထုတ္ေဝလာခဲ့သည္။ အေရွ႕အလယ္ပိုင္းတြင္ စစ္ပြဲ မ်ားစြာကိုဆင္ႏႊဲျခင္းျဖင့္ ႏိုင္ငံေတာ္အေႂကြးမ်ားကို ေဖာင္းပြေစခဲ့ၿပီး ကမာၻ႔ဘ႑ာေရးစနစ္ မတည္ၿငိမ္မႈ စတင္ျဖစ္ေစခဲ့သည္။
(၂၀ဝ၈-၂၀ဝ၉) ကမာၻ႔ဘ႑ာေရးအက်ပ္အ တည္းျဖစ္ပြားၿပီးေနာက္တြင္ တ႐ုတ္ျပည္သည္ အေမ ရိကန္ေဒၚလာ၏တည္ၿငိမ္မႈအေပၚ ယုံၾကည္မႈစတင္ ပ်က္ျပားလာခဲ့ရသည္။
ထို႔ေၾကာင့္ တ႐ုတ္သည္ ယြမ္ေငြကို ႏိုင္ငံတကာ သုံးျဖစ္ေစရန္ႏွင့္ ေ႐ႊစႀကႍ "(Gold Corridor) ကဲ့ သို႔ေသာ ကိုယ္ပိုင္ဘ႑ာေရးလဲလွယ္ေရးစနစ္မ်ားကို ထူေထာင္ခဲ့သည္။ ဤလုပ္ရပ္သည္ ကမာၻ႔ကုန္သြယ္ ေရးစနစ္တြင္ တ႐ုတ္၏ အခ်ဳပ္အျခာအာဏာကိုျမႇင့္ တင္ေပးသလိုျဖစ္ေစေသာ္လည္း အေမရိကန္ေဒၚလာ ႀကီးစိုးမႈကိုမူ ႀကီးမားစြာ ၿခိမ္းေျခာက္လ်က္ရွိသည္။ သမၼတထရမ့္သည္ တ႐ုတ္ကို အေမရိကန္အစိုးရ ေငြ တိုက္စာခ်ဳပ္မ်ား ဆက္လက္ဝယ္ယူေစရန္ႏွင့္ ေဒၚ လာကိုဆက္သုံးေနရန္ နည္းလမ္းမ်ိဳးစုံျဖင့္ ဖိအားေပး ေနျခင္းျဖစ္သည္။ အကယ္၍ တ႐ုတ္က ၎ပိုင္ဆိုင္ သည့္ အေမရိကန္စာခ်ဳပ္မ်ားအားလုံးကို တစ္ၿပိဳင္ နက္ထုတ္ေရာင္းလိုက္ပါက အေမရိကန္စီးပြားေရး သည္ ခ်က္ခ်င္းၿပိဳလဲသြားမည့္အႏၲရာယ္ရွိသည္။
ထို႔ေၾကာင့္ ထရမ့္သည္ တ႐ုတ္ကို အေမရိကန္ ဘ႑ာေရးစနစ္အတြင္းသို႔ ျပန္လည္ဆြဲသြင္းရန္ႏွင့္ ေဒၚလာဝယ္လိုအားျမႇင့္တင္ရန္အတြက္ မဟာဗ်ဴဟာ သစ္မ်ား ခင္းက်င္းေနျခင္းျဖစ္သည္။ ဗင္နီဇြဲလားကို က်ဴးေက်ာ္ျခင္းသည္ပင္လွ်င္ တ႐ုတ္၏ စြမ္းအင္အ ရင္းအျမစ္မ်ားကိုထိန္းခ်ဳပ္ၿပီး ေဒၚလာျဖင့္သာ ေရနံ ဝယ္ယူရမည့္အေျခအေနသို႔တြန္းပို႔ရန္ ႀကိဳးပမ္းျခင္း ျဖစ္သည္။ တ႐ုတ္သည္ လက္ရွိတြင္ ၎လိုအပ္ေသာ ေရနံအမ်ားစုကို အေရွ႕အလယ္ပိုင္းေဒသမွတင္သြင္း ေနရသျဖင့္ ယင္းေဒသ၏တည္ၿငိမ္မႈသည္ တ႐ုတ္အ တြက္ အလြန္အေရးပါသည္။
ထရမ့္သည္ အီရန္ကိုတိုက္ခိုက္ၿပီး အေရွ႕အ လယ္ပိုင္းကို ကေမာက္ကမျဖစ္ေအာင္လုပ္ျခင္းမွာ တ႐ုတ္ကို အေနာက္ကမာၻျခမ္းကိုမွီခိုလာေစရန္ျဖစ္ သည္။ ေရနံတင္မကဘဲ AI ႏွင့္ လွ်ပ္စစ္ကား (EV) လုပ္ငန္းမ်ားအတြက္ မရွိမျဖစ္လိုအပ္ေသာ လီသီ ယမ္၊ ေၾကးနီႏွင့္ ေ႐ႊ၊ ေငြ သတၱဳတြင္းထြက္မ်ား အတြက္ပါ အေနာက္ကမာၻျခမ္းက အဓိကျဖစ္လာမည္ ျဖစ္သည္။ ဤသည္မွာ တ႐ုတ္စီးပြားေရးကို အက်ပ္ ကိုင္ရန္ႏွင့္ အေမရိကန္ေဒၚလာကို ပိုမိုဝယ္ယူလာ ေစရန္ ကမာၻအႏွံ႔တြင္ စစ္ပြဲမ်ား ဖန္တီးေနသည့္ ထရမ့္၏ အဂၢမဟာဗ်ဴဟာ (Grand Strategy)ပင္ ျဖစ္သည္။ (၂၀၂၆) ခုႏွစ္တြင္ ကြၽႏု္ပ္တို႔ျမင္ေတြ႕ရ မည့္ဂိမ္းအႀကီးစား (Great Game) မွာ စီးပြားေရး အင္အားႀကီးႏွစ္ခုၾကားမွ အာဏာလုပြဲႏွင့္ ေငြေၾကး စစ္ပြဲပင္ျဖစ္သည္။ အေမရိကန္သည္ တ႐ုတ္ကို တန္းတူအဆင့္ရွိသည့္ Peer တစ္ဦးအျဖစ္ မဆက္ဆံ ဘဲ အင္ပါယာ၏လက္ေအာက္ခံအျဖစ္သာ ျမင္လို ျခင္းမွာ အဓိကျပႆနာတစ္ရပ္ျဖစ္သည္။ တ႐ုတ္ သည္လည္း အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံတစ္ႏိုင္ငံ အျဖစ္ေလးစားမႈခံခ်င္သျဖင့္ ဤအင္ပါယာစနစ္ကို ျပင္းထန္စြာ ျငင္းပယ္ေနျခင္းျဖစ္သည္။

စီးပြားေရး အျပန္အလွန္မွီခိုမႈ၊ ဘ႑ာေရး ပူေဖာင္းမ်ားႏွင့္ အေမရိကန္၏ အားနည္းခ်က္မ်ား

အေမရိကန္ႏွင့္ တ႐ုတ္ ႏွစ္ႏိုင္ငံစလုံးသည္ တစ္ႏိုင္ငံႏွင့္ တစ္ႏိုင္ငံအျပန္အလွန္ မွီခိုေနၾကရၿပီး ဤမွီခိုမႈသည္ပင္လွ်င္ တစ္ဖက္ႏွင့္တစ္ဖက္ ခ်ိန္ခြင္ လွ်ာညႇိေပးေနသည္။ တ႐ုတ္သည္ ၎လိုအပ္သည့္ ေရနံ၏ ေလးပုံသုံးပုံခန႔္ကို ျပည္ပမွတင္သြင္းေနရၿပီး ယင္း၏ထက္ဝက္ေက်ာ္မွာ အေရွ႕အလယ္ပိုင္းမွ လာ ျခင္းျဖစ္သည္။ ႐ုရွားသည္ တ႐ုတ္၏စြမ္းအင္ လိုအပ္ ခ်က္အားလုံးကို ျဖည့္ဆည္းေပးႏိုင္စြမ္းမရွိေသးဘဲ ပိုက္လိုင္းမ်ား တည္ေဆာက္ရန္အတြက္လည္း ႏွစ္ ေပါင္းမ်ားစြာ ၾကာဦးမည္ျဖစ္သည္။
ထို႔ေၾကာင့္ တ႐ုတ္သည္ လက္ရွိတြင္ အေမရိ ကန္၏ ပထဝီႏိုင္ငံေရး ေထာင္ေခ်ာက္အတြင္း ပိတ္မိ ေနသကဲ့သို႔ျဖစ္ေနေသာ္လည္း ၎၏ လက္ထဲတြင္ လည္း အစြမ္းထက္လက္နက္မ်ားရွိေနဆဲျဖစ္သည္။ တ႐ုတ္သည္ ကမာၻ႔ေငြ (Silver) ေဈးကြက္ကို စိုးမိုး ထားၿပီး ၎၏တင္ပို႔မႈကို ကန႔္သတ္လိုက္ျခင္းျဖင့္ အေမရိကန္ဘ႑ာေရးေဈးကြက္ကို ကေသာင္းက နင္းျဖစ္ေစႏိုင္သည္။ ဤအေျခအေနသည္ ႏွစ္ဦးႏွစ္ ဖက္ ပ်က္စီးမည့္အဆင့္သို႔ေရာက္ရွိေနၿပီး တစ္ဖက္ ဖက္က အလြန္အကြၽံလုပ္ေဆာင္ပါက ႏွစ္ဖက္လုံး ပ်က္စီးမည္ျဖစ္သည္။
ေခ်ာက္ကမ္းပါးႀကီးတစ္ခုေပၚရွိ ေလွကားတစ္ စင္းကို လူႏွစ္ေယာက္တစ္ၿပိဳင္တည္းတက္ေနသကဲ့ သို႔ တ႐ုတ္ႏွင့္အေမရိကန္တို႔သည္လည္း ဟန္ခ်က္ ညီညီသြားရန္လိုအပ္ေနသည္။ အကယ္၍ အေမရိ ကန္က တ႐ုတ္ကိုေက်ာ္တက္သြားပါက သို႔မဟုတ္ တ႐ုတ္ကိုတြန္းခ်ပါက ဟန္ခ်က္ပ်က္၍ ႏွစ္ဦးလုံး ေခ်ာက္ထဲက်မည္ျဖစ္သည္။ ဤသည္မွာ အလြန္ အႏၲရာယ္မ်ားလွသည့္ ဂိမ္းတစ္ခုျဖစ္ၿပီး အေမရိကန္ အေနျဖင့္ ႏွိမ့္ခ်မႈအနည္းငယ္ျပကာ တ႐ုတ္ကို တန္း တူဆက္ဆံရန္ လိုအပ္ေနပါသည္။ သို႔ေသာ္လည္း လက္ရွိအေျခအေနမွာမူ မာနေထာင္လႊားမႈႏွင့္ လူမ်ိဳး ေရးခြဲျခားမႈတို႔က မူဝါဒမ်ားကိုလႊမ္းမိုးထားသကဲ့သို႔ ျဖစ္ေနသည္။ အေမရိကန္ေခါင္းေဆာင္မ်ားသည္ တ႐ုတ္က သူတို႔ကို လိုက္မီလာျခင္းအေပၚ သည္းမခံ ႏိုင္ဘဲ မည္သည့္နည္းႏွင့္မဆိုဟန႔္တားရန္ ႀကိဳးပမ္း ေနၾကျခင္းပင္ ျဖစ္သည္။ ဗင္နီဇြဲလား ကိစၥတြင္လည္း မာဒူ႐ိုကို ဖမ္းဆီးျခင္းမွာ ေရနံအရင္းအျမစ္ကို သိမ္း ပိုက္ရန္ထက္ တ႐ုတ္ကို ဒုကၡေပးရန္ႏွင့္ ေရနံရယူ ခြင့္ ျဖတ္ေတာက္ရန္သာ ျဖစ္သည္။
အေမရိကန္သည္ ဗင္နီဇြဲလားကို ျပန္လည္ တည္ေဆာက္ရန္စိတ္မဝင္စားဘဲ တ႐ုတ္ကို အက်ပ္ ကိုင္ႏိုင္ေရးကိုသာ ဦးတည္လုပ္ေဆာင္ေနျခင္းျဖစ္ သည္။ အေမရိကန္စီးပြားေရးသည္လည္း အျပင္ ပန္းၾကည့္လွ်င္ ေကာင္းမြန္ေနေသာ္လည္းအတြင္း၌မူ ႀကီးမားသည့္ ပူေဖာင္းမ်ား(Bubbles)ႏွင့္ အား နည္းခ်က္မ်ား ရွိေနသည္။ အထူးသျဖင့္ Artificial Intelligence (AI) က႑တြင္ အျမတ္အစြန္း မေရ ရာဘဲ ဘီလ်ံႏွင့္ခ်ီ၍ ရင္းႏွီးျမႇဳပ္ႏွံထားျခင္းမွာ ႀကီးမား သည့္အႏၲရာယ္တစ္ခုျဖစ္ေနသည္။ လက္ရွိ AI လုပ္ ငန္းမ်ားသည္ စီးပြားေရးအတြက္ အမွန္တကယ္ အက်ိဳးျပဳႏိုင္စြမ္းမရွိေသးဘဲ သာမန္ေဖ်ာ္ေျဖေရးႏွင့္ စာစီစာကုံးေရးသားေပးသည့္အဆင့္မွာသာ ရွိေန ေသးသည္။ အကယ္၍ ဤ AI ပူေဖာင္းသာ ေပါက္ ကြဲသြားပါက အေမရိကန္စီးပြားေရးတစ္ခုလုံးကို ဆြဲခ် သြားႏိုင္ၿပီး သန္းႏွင့္ခ်ီသည့္ အလုပ္အကိုင္မ်ားလည္း ဆုံးရႈံးသြားႏိုင္သည္။ နာမည္ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံသူ Michael Burry ပင္လွ်င္ အေမရိကန္ဘ႑ာေရး ေဈးကြက္သည္ အေျခခံသီအိုရီမ်ားႏွင့္ကင္းကြာကာ လူနည္းစုက စိတ္ႀကိဳက္လွည့္စားေနသည့္ ေနရာျဖစ္ လာေၾကာင္းေဝဖန္ခဲ့သည္။ ေဈးကြက္အတြင္း၌ ကစားသမားအနည္းငယ္ကသာ ေဈးႏႈန္းမ်ားကို ထိန္းခ်ဳပ္ထားႏိုင္သျဖင့္ သာမန္ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ အေျခခံအခ်က္အလက္မ်ားက အသုံးမဝင္ ေတာ့သည့္အေျခအေနသို႔ ေရာက္ရွိေနပါသည္။
အေမရိကန္၏ ေနာက္ထပ္အားနည္းခ်က္မွာ အလြန္အကြၽံ ဘ႑ာေရးအသြင္ေျပာင္းလဲျခင္း (Over-financialization) ျဖစ္ၿပီး ကုန္စည္မ်ားကို လက္ေတြ႕မသုံးဘဲ မွန္းဆကစားရန္သာ သုံးေနၾက ျခင္းျဖစ္သည္။ ေငြ (Silver) ေဈးကြက္တြင္ တ႐ုတ္ က လက္ေတြ႕ထုတ္လုပ္ေရးအတြက္ အသုံးျပဳေသာ္ လည္း အေမရိကန္တြင္မူ စာ႐ြက္ေပၚမွ ေလာင္းကစား ကဲ့သို႔သာ ျဖစ္ေနသည္။ JP Morgan ကဲ့သို႔ေသာ ဘဏ္ႀကီးမ်ားသည္လည္း အစစ္အမွန္မရွိဘဲ အဆ ေပါင္းမ်ားစြာ လိမ္လည္ထုတ္ေခ်းထားသည့္ ပြန္ဇီ (Ponzi) စနစ္ႀကီးကို လည္ပတ္ေနၾကျခင္းျဖစ္သည္။
Cryptocurrency ႏွင့္ Bitcoin မ်ားသည္လည္း လူ႔အဖြဲ႕အစည္းအတြက္ အက်ိဳးမရွိဘဲ မွန္းဆကစား မႈသက္သက္ျဖင့္သာ စီးပြားေရးကို ဟန္ျပေကာင္း ေအာင္လုပ္ေနၾကသည္။ အကယ္၍ ဤပြန္ဇီစနစ္ ႀကီး သို႔မဟုတ္ ဘ႑ာေရးပူေဖာင္းႀကီးသာ (၂၀၂၆) ခုႏွစ္အတြင္း ၿပိဳလဲသြားပါက အေမရိကန္တြင္ ျပည္တြင္းစစ္ (Civil War) အထိ ျဖစ္ပြားႏိုင္သည့္ အႏၲရာယ္ရွိေနသည္။ သို႔ေသာ္လည္း အေမရိကန္ အစိုးရ၏ ေငြ႐ိုက္ႏွိပ္ႏိုင္စြမ္းႏွင့္ ေဒၚလာ၏ ဩဇာ ေၾကာင့္ ဤပူေဖာင္းသည္ ေခတၱမွ်ေတာ့ ဆက္လက္ တည္ၿမဲေနဦးမည္ဟု ခန႔္မွန္းရသည္။
ဥေရာပ၏ ဆည္းဆာ၊ လက္ေတြ႕ဘဝ ႏွင့္ ကင္းကြာေသာ အထက္လႊာမ်ားႏွင့္ အင္ပါယာ၏ နိဂုံး
ဥေရာပတိုက္၏ လက္ရွိအေျခအေနကို ေလ့လာ လွ်င္ (၁၉၄၅) ခုႏွစ္ေနာက္ပိုင္း အေမရိကန္က ပုံေဖာ္ ေပးခဲ့ေသာ ပြင့္လင္းေသာ လူ႔အဖြဲ႕အစည္း (Open Society) ဆိုသည့္ အယူအဆေအာက္တြင္ ပိတ္မိ ေနသည္ကို ေတြ႕ရမည္ျဖစ္သည္။ ဒုတိယကမာၻစစ္ ၏ အနိ႒ာ႐ုံမ်ားကို အေၾကာင္းျပဳ၍ အမ်ိဳးသားေရး ဝါဒကိုဖ်က္ဆီးကာ ယဥ္ေက်းမႈစုံဝါဒႏွင့္ ေ႐ႊ႕ေျပာင္း ေနထိုင္သူမ်ားကို အကန႔္အသတ္ မရွိလက္ခံခဲ့ျခင္း သည္ ယခုအခါ ဥေရာပႏိုင္ငံမ်ားကို ျပည္တြင္းစစ္ အႏၲရာယ္ႏွင့္ ရင္ဆိုင္ေစခဲ့ၿပီျဖစ္သည္။
ၿဗိတိန္ႏွင့္ ျပင္သစ္ကဲ့သို႔ေသာ ႏိုင္ငံမ်ားတြင္ မူလေဒသခံမ်ားႏွင့္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားအ ၾကား ဝိေသသလကၡဏာဆိုင္ရာပဋိပကၡမ်ား ျပင္း ထန္ေနၿပီး လူ႔အဖြဲ႕အစည္းသည္ အစြန္းႏွစ္ဖက္သို႔ ကြဲျပား (Polarized)ေနသည္။ ဤသို႔ စိတ္ဝမ္းကြဲ ေနေသာ လူ႔အဖြဲ႕အစည္းတစ္ခုသည္ ႐ုရွားကဲ့သို႔ ေသာ အင္အားႀကီးႏိုင္ငံႏွင့္ စစ္ျဖစ္ရန္ စည္းလုံးႏိုင္ စြမ္း မရွိေတာ့ပါ။ မူလေဒသခံမ်ားကလည္း ၎တို႔၏ ေျမကို ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား လက္ထဲမေရာက္ ေစရန္အတြက္ ယူကရိန္းတြင္ သြားေရာက္ အေသခံ ရန္ ျငင္းဆန္ေနၾကျခင္းမွာ ပကတိအရွိတရားပင္ ျဖစ္ သည္။ ဥေရာပ၏ အမ်ိဳးသားေရးစိတ္ဓာတ္ကို ဖ်က္ဆီးလိုက္ျခင္းသည္ အေမရိကန္အတြက္လည္း ေရရွည္တြင္ အမွားတစ္ခုျဖစ္လာပါလိမ့္မည္။ အဘယ္ေၾကာင့္ဆိုေသာ္ အေမရိကန္သည္ ယခုအခါ ဥေရာပကိုမိတ္ဖက္အျဖစ္မရႈျမင္ေတာ့ဘဲ အသုံးမ ဝင္ေတာ့သည့္ လက္ေအာက္ခံ (Vassal) သို႔မဟုတ္ ဝန္ထုပ္ဝန္ပိုးတစ္ခုအျဖစ္သာ သေဘာထားလာေသာ ေၾကာင့္ျဖစ္သည္။
ဥေရာပတြင္ လူဦးေရ အိုမင္းလာျခင္း၊ စစ္ တိုက္လိုစိတ္မရွိျခင္းႏွင့္ အရင္းအျမစ္နည္းပါးျခင္း တို႔ေၾကာင့္ အေမရိကန္သည္ ဥေရာပကို ႐ုရွားလက္ ထဲသို႔ပင္ စြန႔္ပစ္ရန္ျပင္ဆင္ေနၿပီျဖစ္သည္။ အေမရိ ကန္၏ မဟာဗ်ဴဟာအသစ္မွာ အေနာက္ကမာၻျခမ္း ကိုဗဟိုျပဳ၍ တ႐ုတ္ကို အက်ပ္ကိုင္ရန္ျဖစ္ၿပီး ဥေရာပ ႏွင့္ အေရွ႕အလယ္ပိုင္းကိုမူ မီးေလာင္တိုက္သြင္းရန္ ဝန္ေလးမည္မဟုတ္ပါ။ အေမရိကန္သည္ ၎၏ ေဒၚလာ အာဏာစိုးမိုးမႈကိုထိန္းသိမ္းရန္အတြက္ တ႐ုတ္ကို ေဒၚလာအေပၚ လုံးဝမွီခိုသြားေစမည့္ အေပးအယူနည္းလမ္းကိုသာ အသုံးျပဳသြားမည္ျဖစ္ သည္။ သို႔ေသာ္လည္း အေမရိကန္အင္ပါယာ၏ နိဂုံး မွာ ထင္မွတ္ထားသည္ထက္ပို၍ ျမန္ဆန္လာေန သည္ကိုသတိျပဳသင့္သည္။ ဗင္နီဇြဲလား သမၼတ မာ ဒူ႐ိုကို ျပန္ေပးဆြဲၿပီး နယူးေယာက္တြင္ အရွက္ခြဲျပ ခဲ့သည့္ျဖစ္ရပ္သည္ ေရာမေခတ္က ေအာင္ပြဲခံလွည့္ လည္ပြဲမ်ားႏွင့္ တူေနေသာ္လည္း ယင္းသည္ မဟာ ဗ်ဴဟာေျမာက္သည့္ လုပ္ရပ္မဟုတ္ဘဲ မိုက္မဲမႈသာ ျဖစ္သည္။ ႏိုင္ငံတစ္ခု၏ အခ်ဳပ္အျခာအာဏာကို ေစာ္ကားလိုက္ျခင္းေၾကာင့္ ဗင္နီဇြဲလားႏိုင္ငံသားမ်ား သာမက ေတာင္အေမရိကတစ္ခုလုံးသည္ အေမရိ ကန္ကို ရန္သူအျဖစ္ စုစည္းသြားၾကပါလိမ့္မည္။
အေမရိကန္သည္ ၎၏ Soft Powerကို အသုံးမျပဳေတာ့ဘဲ စစ္အင္အားကိုသာ တိုက္႐ိုက္ ထုတ္သုံးလာျခင္းမွာ ၎တြင္ ႀကိဳတင္ေျမာ္ျမင္ႏိုင္ စြမ္းႏွင့္ ခ်ဳပ္တည္းမႈမရွိေတာ့ျခင္းကို ျပသေနသည္။ အင္ပါယာတစ္ခုသည္ ဆုတ္ယုတ္လာသည့္အခါ မဟာမိတ္မ်ားႏွင့္ လက္ေအာက္ခံမ်ားကိုပါ ေခါင္းပုံ ျဖတ္ကာ ရန္စတတ္သည့္ သေဘာကို အေမရိကန္က ယခုအခါ လက္ေတြ႕ျပသေနျခင္းပင္ျဖစ္သည္။ သမၼတထရမ့္၏ စဥ္းစားပုံသည္ " The Apprentice Reality TV " အစီအစဥ္တစ္ခုကဲ့သို႔ ျဖစ္ေနၿပီး လူ ျမင္ေကာင္းရန္သာ ဦးစားေပးေနျခင္းျဖစ္သည္။ သူ သည္ ပထဝီႏိုင္ငံေရး၏ အေျခခံ နိယာမမ်ားကို နားမလည္ဘဲ " ငါသာ ဒါကို လုပ္ျပႏိုင္ရင္ လက္ေတြ႕ ျဖစ္လာမယ္" ဆိုသည့္ စိတ္ကူးယဥ္ကမာၻထဲတြင္ ေန ထိုင္ေနျခင္းျဖစ္သည္။ မာဒူ႐ိုကိုဖမ္းျခင္း၊ အီရန္ကို ဗုံးႀကဲျခင္းတို႔ျဖင့္ အင္အားျပႏိုင္လွ်င္ ကမာၻႀကီးက ဦးၫႊတ္မည္ဟု သူယုံၾကည္ေနေသာ္လည္း လက္ ေတြ႕တြင္မူ ယင္းလုပ္ရပ္မ်ားက အေမရိကန္ကို ပိုမို အထီးက်န္ေစမည္ျဖစ္သည္။
ထရမ့္၏ ဦးေႏွာက္သည္ TV ဖန္သားျပင္ တစ္ခုကဲ့သို႔ ျဖစ္ေနၿပီး အင္အားျဖန႔္ၾကက္မႈ(Overe- xtend) ေၾကာင့္ ျဖစ္လာမည့္ေဘးထြက္ဆိုးက်ိဳးမ်ား ကို သူလုံးဝ သတိမထားမိပါ။ သူ၏ ႏိုင္ငံျခားေရး မူဝါ ဒမွာလည္း တည္ၿငိမ္မႈမရွိဘဲ ခဏခဏေျပာင္းလဲေန သျဖင့္ ႐ုရွားႏွင့္ တ႐ုတ္တို႔ကပင္ သူ႔ကို အေလးအ နက္မထားေတာ့သည့္အေျခအေနသို႔ေရာက္ရွိ ေနရ သည္။ ထရန႔္သည္ အေမရိကန္သမၼတတစ္ဦးကဲ့သို႔ မဟုတ္ဘဲ မာဖီးယားဂိုဏ္းခ်ဳပ္ (Mafia Boss) တစ္ဦးကဲ့သို႔သာျပဳမူေနၿပီး ၎၏ ကိုယ္က်ိဳးစီးပြား အတြက္သာ အရာအားလုံးကို ဆုံးျဖတ္ေနျခင္းျဖစ္ သည္။ ၎၏လုပ္ရပ္မ်ားသည္ အေမရိကန္၏ ဂုဏ္ သိကၡာကို ဖ်က္ဆီးေနေသာ္လည္း TV ၾကည့္ရႈ ႏႈန္း ေကာင္းေစရန္အတြက္မူ သူက ဂ႐ုစိုက္မည္မဟုတ္ပါ။ (၂၀၂၆) ခုႏွစ္ ဧၿပီလတြင္ တ႐ုတ္ႏွင့္ ျပဳလုပ္မည့္ အေပးအယူမွာလည္း ထရမ့္အတြက္ အေရးႀကီးေသာ ေလာင္းကစားတစ္ခုျဖစ္လာပါလိမ့္မည္။ သူသည္ တ႐ုတ္ကို အက်ပ္ကိုင္ရန္အတြက္ ဂ်ပန္ႏွင့္တ႐ုတ္ ၾကား တင္းမာမႈမ်ားကိုအသုံးခ်ကာ ၎၏ အသာစီး ရမႈကို တည္ေဆာက္မည္ျဖစ္သည္။ သို႔ေသာ္လည္း အီရန္ကို ေျမျပင္တပ္ဖြဲ႕မ်ားျဖင့္ ဝင္ေရာက္က်ဴး ေက်ာ္ရန္ ႀကိဳးပမ္းျခင္းသည္ အေမရိကန္အတြက္ ေနာက္ဆုံးေသာ ေဘးအႏၲရာယ္ျဖစ္သြားႏိုင္ၿပီး ယင္း သည္ အီရတ္ထက္ မ်ားစြာႀကီးမားသည့္ ကပ္ေဘး တစ္ခုျဖစ္လာမည္ျဖစ္သည္။
ဥေရာပသည္လည္း ယူကရိန္းတြင္ အႏိုင္ရရန္ လမ္းစမရွိေတာ့ေသာ္လည္း ၎တို႔၏အမွားကို ဝန္မခံႏိုင္သျဖင့္ လူငယ္မ်ားကို စစ္ေျမျပင္သို႔ ဆက္ လက္ေစလႊတ္ေနဦးမည္ျဖစ္သည္။ NATO သည္ လည္း ေႏွးေကြးေသာ ႐ုံးလုပ္ငန္းယႏၲရားတစ္ခုကဲ့ သို႔ျဖစ္ေနၿပီး ၿပိဳလဲေတာ့မည္ကိုသိေသာ္လည္း ဘာမွ မလုပ္ေဆာင္ႏိုင္ဘဲ ျဖစ္ေနသည္။ အိုဒက္ဆာ (Odessa) ၿမိဳ႕တြင္ NATO ၏ က်ရႈံးမႈသည္ ဥေရာပ ၏ ေႏွးေကြးေသာ ေသဆုံးျခင္းကို စတင္ေစပါလိမ့္ မည္။ အႏွစ္ခ်ဳပ္ရလွ်င္ (၂၀၂၆) ခုႏွစ္သည္ အေမရိ ကန္အင္ပါယာ၏ ဆုတ္ယုတ္မႈအရွိန္အဟုန္ အျမင့္ ဆုံးသို႔ ေရာက္ရွိမည့္ႏွစ္ျဖစ္သည္။ အေမရိကန္သည္ ေရတိုတြင္ ကမာၻႀကီးကို ထိန္းခ်ဳပ္ထားႏိုင္သည္ဟု ထင္ရေသာ္လည္း ေရရွည္အတြက္မူ ၎ကို ျပန္ လည္ေတာ္လွန္မည့္ မ်ိဳးေစ့မ်ားကို တစ္ကမာၻလုံးတြင္ ခ်ထားခဲ့ၿပီျဖစ္သည္။ အင္ပါယာတစ္ခု၏ နိဂုံးသည္ မာနေထာင္လႊားမႈႏွင့္ အမွားတြက္ခ်က္မႈမ်ားၾကားတြင္ စတင္ေနၿပီျဖစ္ေၾကာင္း သုံးသပ္တင္ျပလိုက္ရသည္။

Related news

© 2021. All rights reserved.