အီရန်ကို တပ်ဖွဲ့တွေစေလွှတ်သွားမှာမဟုတ်ဘူးလို့ ပိုလန်အစိုးရပြော

114

Pika (NP News) မတ်-၁၉
အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ၎င်းရဲ့လုံခြုံရေးအပေါ် တိုက်ရိုက်ထိခိုက်စေတာမျိုးမရှိတာကြောင့် ပိုလန်က အီရန်ကို ၎င်းရဲ့တပ်ဖွဲ့တွေ စေလွှတ်သွားမှာမဟုတ်ဘူးလို့ ပိုလန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါ့ပြင် ပိုလန်ရဲ့ဆုံးဖြတ်ချက်ကို အမေရိကန်နဲ့ အခြားအင်အားကြီးနိုင်ငံတွေက နားလည်တယ်လို့လည်း ပိုလန်အစိုးရက ပြောကြားခဲ့ပါတယ်။အီရန်က အရေးကြီးတဲ့ရေလမ်းကြောင်းကို ပိတ်ဆို့ထားမှုနဲ့အတူ ဟော်မုဇ်ရေလက်ကြားကို လုံခြုံအောင်လုပ်ဆောင်ရာမှာ ကူညီပေးဖို့ မိတ်ဖက်နိုင်ငံတွေကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တောင်းဆိုမှုတွေ ရှိနေချိန်မှာပဲ ပိုလန်အစိုးရက ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်စ်က”ပိုလန်အစိုးရဟာ အီရန်အတွက် ဘယ်လိုစစ်ဆင်ရေးကိုမှစီစဉ်ထားတာမျိုးမရှိပါဘူး။အဲ့ဒီဆုံးဖြတ်ချက်ကိုလည်း ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေက လုံးဝသံသယဝင်တာမျိုးမရှိပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ဘော်လ်တစ်ပင်လယ်ကို လုံခြုံအောင်ထိန်းသိမ်းတာက ပိုလန်ရဲ့ မဟာဗျူဟာမြောက် အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်တယ်လို့လည်း ဒေါ်နယ်တက်စ်က ပြောကြားခဲ့ပါတယ်။အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ သီတင်းပတ်(၃)ပတ်အတွင်းကို ဝင်လာပြီဖြစ်ပြီး လက်ရှိအချိန်အထိ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကို နေ့စဉ်နီးပါးလုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အီရန္ကို တပ္ဖြဲ႕ေတြေစလႊတ္သြားမွာမဟုတ္ဘူးလို႔ ပိုလန္အစိုးရေျပာ
Pika (NP News) မတ္-၁၉
အေရွ႕အလယ္ပိုင္းေဒသမွာျဖစ္ပြားေနတဲ့ စစ္ပြဲဟာ ၎ရဲ႕လုံၿခဳံေရးအေပၚ တိုက္႐ိုက္ထိခိုက္ေစတာမ်ိဳးမရွိတာေၾကာင့္ ပိုလန္က အီရန္ကို ၎ရဲ႕တပ္ဖြဲ႕ေတြ ေစလႊတ္သြားမွာမဟုတ္ဘူးလို႔ ပိုလန္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ ပိုလန္ရဲ႕ဆုံးျဖတ္ခ်က္ကို အေမရိကန္နဲ႔ အျခားအင္အားႀကီးႏိုင္ငံေတြက နားလည္တယ္လို႔လည္း ပိုလန္အစိုးရက ေျပာၾကားခဲ့ပါတယ္။အီရန္က အေရးႀကီးတဲ့ေရလမ္းေၾကာင္းကို ပိတ္ဆို႔ထားမႈနဲ႔အတူ ေဟာ္မုဇ္ေရလက္ၾကားကို လုံၿခဳံေအာင္လုပ္ေဆာင္ရာမွာ ကူညီေပးဖို႔ မိတ္ဖက္ႏိုင္ငံေတြကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေတာင္းဆိုမႈေတြ ရွိေနခ်ိန္မွာပဲ ပိုလန္အစိုးရက ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ပိုလန္ဝန္ႀကီးခ်ဳပ္ ေဒၚနယ္တက္စ္က”ပိုလန္အစိုးရဟာ အီရန္အတြက္ ဘယ္လိုစစ္ဆင္ေရးကိုမွစီစဥ္ထားတာမ်ိဳးမရွိပါဘူး။အဲ့ဒီဆုံးျဖတ္ခ်က္ကိုလည္း ကြၽန္ေတာ္တို႔ရဲ႕ မိတ္ဖက္ႏိုင္ငံေတြက လုံးဝသံသယဝင္တာမ်ိဳးမရွိပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ေဘာ္လ္တစ္ပင္လယ္ကို လုံၿခဳံေအာင္ထိန္းသိမ္းတာက ပိုလန္ရဲ႕ မဟာဗ်ဴဟာေျမာက္ အစိတ္အပိုင္းတစ္ခုအျဖစ္ ဆက္လက္တည္ရွိေနဆဲျဖစ္တယ္လို႔လည္း ေဒၚနယ္တက္စ္က ေျပာၾကားခဲ့ပါတယ္။အေမရိကန္-အစၥေရးနဲ႔ အီရန္တို႔ၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ သီတင္းပတ္(၃)ပတ္အတြင္းကို ဝင္လာၿပီျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြကို ေန႔စဥ္နီးပါးလုပ္ေဆာင္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။