အမေရိကန်က ဟော်မုဇ်ရေလက်ကြားရှိ အီရန်ဒုံးကျည်စခန်းများကို ပေါင် ၅၀၀၀ အလေးချိန်ရှိဗုံးကြီးများအသုံးပြုပြီးအရှိန်မြင့်တိုက်ခိုက်နေ

1094

ဂျန်ဇက် (NP News)- မတ် ၁၈
အမေရိကန်တပ်ဖွဲ့များသည် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အနီး အီရန်ကမ်းရိုးတန်းရှိ အခိုင်အမာ တည်ဆောက်ထားသော မြေအောက်ဒုံးကျည်စခန်းများကို ပေါင် ၅၀၀၀ အလေးချိန်ရှိ ထိုးဖောက်ဖျက်ဆီးနိုင်သောဗုံးကြီးများ အသုံးပြုကာတိုက်ခိုက်ခြေမှုန်းလိုက်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေသည်။ပစ်မှတ်ထား ဖျက်ဆီးခံရသည့် စခန်းများတွင် တပ်ဆင်ထားသော အီရန်၏ ရေယာဉ်ဖျက် ခရုဇ်ဒုံးကျည်များသည် ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်းသွားလာနေသော နိုင်ငံတကာ ကုန်သွယ်ရေး သင်္ဘောများနှင့် ကမ္ဘာ့ရေကြောင်းသွားလာရေးအတွက် အလွန်ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသောကြောင့် ပေါင် ၅၀၀၀ဗုံးများအသုံးပြုကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအမေရိကန် စစ်တပ်၏ (CENTCOM) က တရားဝင် ထုတ်ပြန်ထားသည်။အမေရိကန်စစ်တပ်က အသုံးပြုခဲ့သည့် ပေါင် ၅၀၀၀ အလေးချိန်ရှိဗုံးကြီးများသည် သာမန်ဗုံးများနှင့်မတူဘဲ ကွန်ကရစ်အထူကြီးများဖြင့် ကာကွယ်တည်ဆောက်ထားသောမြေအောက်လှိုဏ်ခေါင်းများနှင့် စစ်ရေးစခန်းများအတွင်းသို့ အနက်ရှိုင်းဆုံး ထိုးဖောက်ဝင်ရောက်ပြီးမှ ပေါက်ကွဲဖျက်ဆီးနိုင်စွမ်းရှိသည့် အဆင့်မြင့် လက်နက်ကြီးများ ဖြစ်ကြောင်းသိရသည်။ကမ္ဘာ့ရေနံတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းသွားလာရာ အသက်သွေးကြောဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ရန် သို့မဟုတ် နှောင့်ယှက်ရန် ကြိုးပမ်းလာနိုင်သည့် အန္တရာယ်များကို ရှင်းလင်းရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရကပြောသည်။ အမေရိကန်သည် ဖေဖော်ဝါရီ ၂၈ရက်နေ့တွင် အီရန်နိုင်ငံအပေါ် စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း အီရန်နိုင်ငံရှိ မတူညီသော ပစ်မှတ်ပေါင်း ထောင်ချီကို
တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
အေမရိကန္က ေဟာ္မုဇ္ေရလက္ၾကားရွိ အီရန္ဒုံးက်ည္စခန္းမ်ားကို ေပါင္ ၅၀၀၀ အေလးခ်ိန္ရွိဗုံးႀကီးမ်ားအသုံးျပဳၿပီးအရွိန္ျမင့္တိုက္ခိုက္ေန
ဂ်န္ဇက္ (NP News)- မတ္ ၁၈
အေမရိကန္တပ္ဖြဲ႕မ်ားသည္ ေဟာ္မုဇ္ေရလက္ၾကား (Strait of Hormuz) အနီး အီရန္ကမ္း႐ိုးတန္းရွိ အခိုင္အမာ တည္ေဆာက္ထားေသာ ေျမေအာက္ဒုံးက်ည္စခန္းမ်ားကို ေပါင္ ၅၀၀၀ အေလးခ်ိန္ရွိ ထိုးေဖာက္ဖ်က္ဆီးႏိုင္ေသာဗုံးႀကီးမ်ား အသုံးျပဳကာတိုက္ခိုက္ေျခမႈန္းလိုက္ၿပီျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိေနသည္။ပစ္မွတ္ထား ဖ်က္ဆီးခံရသည့္ စခန္းမ်ားတြင္ တပ္ဆင္ထားေသာ အီရန္၏ ေရယာဥ္ဖ်က္ ခ႐ုဇ္ဒုံးက်ည္မ်ားသည္ ေဟာ္မုဇ္ေရလက္ၾကားအတြင္း ျဖတ္သန္းသြားလာေနေသာ ႏိုင္ငံတကာ ကုန္သြယ္ေရး သေဘၤာမ်ားႏွင့္ ကမာၻ႔ေရေၾကာင္းသြားလာေရးအတြက္ အလြန္ႀကီးမားေသာ ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္ေနေသာေၾကာင့္ ေပါင္ ၅၀၀၀ဗုံးမ်ားအသုံးျပဳကာတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္းအေမရိကန္ စစ္တပ္၏ (CENTCOM) က တရားဝင္ ထုတ္ျပန္ထားသည္။အေမရိကန္စစ္တပ္က အသုံးျပဳခဲ့သည့္ ေပါင္ ၅၀၀၀ အေလးခ်ိန္ရွိဗုံးႀကီးမ်ားသည္ သာမန္ဗုံးမ်ားႏွင့္မတူဘဲ ကြန္ကရစ္အထူႀကီးမ်ားျဖင့္ ကာကြယ္တည္ေဆာက္ထားေသာေျမေအာက္လႈိဏ္ေခါင္းမ်ားႏွင့္ စစ္ေရးစခန္းမ်ားအတြင္းသို႔ အနက္ရႈိင္းဆုံး ထိုးေဖာက္ဝင္ေရာက္ၿပီးမွ ေပါက္ကြဲဖ်က္ဆီးႏိုင္စြမ္းရွိသည့္ အဆင့္ျမင့္ လက္နက္ႀကီးမ်ား ျဖစ္ေၾကာင္းသိရသည္။ကမာၻ႔ေရနံတင္ပို႔မႈ၏ ၂၀ ရာခိုင္ႏႈန္းခန႔္ ျဖတ္သန္းသြားလာရာ အသက္ေသြးေၾကာျဖစ္သည့္ ေဟာ္မုဇ္ေရလက္ၾကားကို အီရန္က ပိတ္ဆို႔ရန္ သို႔မဟုတ္ ေႏွာင့္ယွက္ရန္ ႀကိဳးပမ္းလာႏိုင္သည့္ အႏၲရာယ္မ်ားကို ရွင္းလင္းရန္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း အေမရိကန္အစိုးရကေျပာသည္။ အေမရိကန္သည္ ေဖေဖာ္ဝါရီ ၂၈ရက္ေန႔တြင္ အီရန္ႏိုင္ငံအေပၚ စစ္ဆင္ေရးစတင္ခဲ့ၿပီးေနာက္ပိုင္း အီရန္ႏိုင္ငံရွိ မတူညီေသာ ပစ္မွတ္ေပါင္း ေထာင္ခ်ီကို
တိုက္ခိုက္ခဲ့ေၾကာင္းသိရသည္။