ဟော်မုဇ်ရေလက်ကြားကို ပြန်ပွင့်အောင်လုပ်မယ့် စစ်ဆင်ရေးတွေမှာ ပါဝင်မှာမဟုတ်ဘူးလို့ ပြင်သစ်သမ္မတပြော

 215

Pika (NP News)- မတ် ၁၉
ဟော်မုဇ်ရေလက်ကြားကို ပြန်ပွင့်အောင်လုပ်ဆောင်မယ့် စစ်ဆင်ရေးတွေမှာ ပြင်သစ်က ဘယ်တော့မှပါဝင်မှာမဟုတ်ဘူးလို့ ပြင်သစ်သမ္မတမက်ခရွန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဟော်မုဇ်ရေလက်ကြားကို ပြန်ပွင့်အောင်လုပ်ဆောင်မယ့် စစ်ဆင်ရေးတွေမှာ ပြင်သစ်က ပါဝင်ကူညီဖို့ ဆန္ဒရှိနေတယ်ဆိုတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်တွေကို မက်ခရွန်က ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။မက်ခရွန်က”ဒီပဋိပက္ခမှာ ကျွန်တော်တို့နိုင်ငံက ပါဝင်တာမျိုးမရှိတာကြောင့် ပြင်သစ်က လက်ရှိအခြေအနေမှာ ဟော်မုဇ်ရေလက်ကြားကို ပြန်ပွင့်အောင်လုပ်ဖို့ ဒါမှမဟုတ် လွတ်မြောက်အောင်လုပ်ပေးဖို့ စစ်ဆင်ရေးတွေမှာ ဘယ်တော့မှပါဝင်မှာမဟုတ်ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း လုံခြုံရေးအခြေအနေတည်ငြိမ်လာပြီး အမေရိကန်ရဲ့အခန်းကဏ္ဍပါတာမျိုးမရှိဘဲ ဟော်မုဇ်ရေလက်ကြားကို လုံခြုံစေဖို့အတွက် ညွန့်ပေါင်းအဖွဲ့တစ်ခုဖွဲ့စည်းဖို့ ပြင်သစ်က ကိုယ်ပိုင်ကြိုးပမ်းမှုတွေနဲ့ ဆက်လက်တွန်းအားပေးနေတယ်လို့လည်း မက်ခရွန်ကပြောကြားခဲ့ပါတယ်။ဒါ့ပြင် ပြင်သစ်ရဲ့ရပ်တည်ချက်က ကာကွယ်ရေးသက်သက်သာဖြစ်ပြီး စစ်ပွဲရဲ့ပြင်းထန်တဲ့အဆင့်တွေ ပြီးဆုံးသွားတဲ့အချိန်မှပဲ ကုန်သွယ်ရေးသင်္ဘောတွေကို စောင့်ရှောက်ပေးမယ့် အစီအစဉ်ကို စတင်သွားမယ်လို့လည်း မက်ခရွန်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေဟာ္မုဇ္ေရလက္ၾကားကို ျပန္ပြင့္ေအာင္လုပ္မယ့္ စစ္ဆင္ေရးေတြမွာ ပါဝင္မွာမဟုတ္ဘူးလို႔ ျပင္သစ္သမၼတေျပာ
Pika (NP News)- မတ္ ၁၉
ေဟာ္မုဇ္ေရလက္ၾကားကို ျပန္ပြင့္ေအာင္လုပ္ေဆာင္မယ့္ စစ္ဆင္ေရးေတြမွာ ျပင္သစ္က ဘယ္ေတာ့မွပါဝင္မွာမဟုတ္ဘူးလို႔ ျပင္သစ္သမၼတမက္ခ႐ြန္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ေဟာ္မုဇ္ေရလက္ၾကားကို ျပန္ပြင့္ေအာင္လုပ္ေဆာင္မယ့္ စစ္ဆင္ေရးေတြမွာ ျပင္သစ္က ပါဝင္ကူညီဖို႔ ဆႏၵရွိေနတယ္ဆိုတဲ့ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ မွတ္ခ်က္ေတြကို မက္ခ႐ြန္က ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။မက္ခ႐ြန္က”ဒီပဋိပကၡမွာ ကြၽန္ေတာ္တို႔ႏိုင္ငံက ပါဝင္တာမ်ိဳးမရွိတာေၾကာင့္ ျပင္သစ္က လက္ရွိအေျခအေနမွာ ေဟာ္မုဇ္ေရလက္ၾကားကို ျပန္ပြင့္ေအာင္လုပ္ဖို႔ ဒါမွမဟုတ္ လြတ္ေျမာက္ေအာင္လုပ္ေပးဖို႔ စစ္ဆင္ေရးေတြမွာ ဘယ္ေတာ့မွပါဝင္မွာမဟုတ္ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါေပမယ့္လည္း လုံၿခဳံေရးအေျခအေနတည္ၿငိမ္လာၿပီး အေမရိကန္ရဲ႕အခန္းက႑ပါတာမ်ိဳးမရွိဘဲ ေဟာ္မုဇ္ေရလက္ၾကားကို လုံၿခဳံေစဖို႔အတြက္ ၫြန႔္ေပါင္းအဖြဲ႕တစ္ခုဖြဲ႕စည္းဖို႔ ျပင္သစ္က ကိုယ္ပိုင္ႀကိဳးပမ္းမႈေတြနဲ႔ ဆက္လက္တြန္းအားေပးေနတယ္လို႔လည္း မက္ခ႐ြန္ကေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ ျပင္သစ္ရဲ႕ရပ္တည္ခ်က္က ကာကြယ္ေရးသက္သက္သာျဖစ္ၿပီး စစ္ပြဲရဲ႕ျပင္းထန္တဲ့အဆင့္ေတြ ၿပီးဆုံးသြားတဲ့အခ်ိန္မွပဲ ကုန္သြယ္ေရးသေဘၤာေတြကို ေစာင့္ေရွာက္ေပးမယ့္ အစီအစဥ္ကို စတင္သြားမယ္လို႔လည္း မက္ခ႐ြန္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.