ဗိုလ်နဂါးဦးဆောင်သည့် အညာလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ရန်ပြင်ဆင်နေသော NUG ကို အပြီးတိုင်ရင်ဆိုင်တုန့်ပြန်မည်ဟု BNRA ထုတ်ပြန်

3261

သန့်ဇင်(NP News)-ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် အခြေစိုက်သည့် ဗိုလ်နဂါးဦးဆောင်သည့် အညာလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ရန် ပြင်ဆင်နေသော NUG ကို အပြီးတိုင်ရင်ဆိုင်တုန့်ပြန်မည်ဟု BNRAက ထုတ်ပြန်ထားကြောင်း သိရသည်။
NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်ဆင့်လျှို့ဝှက်ညွှန်ကြားမှုဖြင့် BNRA ကိုတိုက်ခိုက်ရန် ခရိုင်ကွပ်ကဲရေးတာဝန်ခံ စွမ်းသူမောင်နှင့် ပုလဲမြို့နယ် ကာလုံတာဝန်ရှိ သစ်ညိမ်းတို့က ယမန်နေ့( ဇန်နဝါရီ ၇ ရက်) ကအစည်းအဝးပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းဝေးတွင် ယနေ့( ဇန်နဝါရီ ၈ ရက်) မှစ၍ NUG ကအင်အားများပြင်ဆင်စုစည်းနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
BNRA အဖွဲ့ကိုလည်း NUG သည်ယခင်ကတည်းက နည်းမျိုးစုံဖြင့် တွန်းတိုက်ဖိနှိပ်ခဲ့ရာ (၂၀၂၄)ခုနှစ်က လည်း BNRA စခန်းတခုအား NUG ၏ခရိုင်တပ်ရင်းများမှလက်နက်ဖြင့်လာရောက်တိုက်ခိုက်ရန်ဝိုင်းဝန်းပိတ်ဆို့နေစဉ် NUG ဘက်မှ ခရိုင်တပ်ရင်းမှူးနှင့် စစ်ကြောင်း မှူးများအပါအဝင် လူ(၃၀)ခန့်နှင့် လက်နက်တချို့ကို BNRA ကဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တိုက်ခိုက်ရန်ဝန်းရံမှုနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးရုံးနှင့် ကာကွယ်ရေးဝန်ကြီးထံ ဖြေရှင်းရန်တောင်းဆိုခဲ့သော်လည်း NUG ဘက်က တစ်စုံတစ်ရာတုန့်ပြန်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ယခုတကြိမ်တွင်မူ တာဝန်ခံမှုမရှိယုံမျှမက ၎င်းကိစ္စသည် အောက်ခြေပြဿနာလည်းမဟုတ်သည့်အတွက် အတွင်းမှ ဆက်သွယ်ဖြေရှင်း တော့မည်မဟုတ်ဘဲ NUG အနေဖြင့်ထိုသို့ရှေ့တိုးလုပ်ဆောင်လာပါက လုံးဝလက်ခံမည်မဟုတ်ကြောင်း နှင့် လက်ရှိ NUG ၏ BNRA အား တိုက်ခိုက်မည့် အစီအစဉ်အား ဆက်လက်လုပ်ဆောင်လာမည်ဆိုပါက အဆုံးစွန်ထိ ရင်ဆိုင်တုန့် ပြန်သွားမည် ဖြစ်ကြောင်းလည်း BNRA က ထုတ်ပြန်ထားသည်။

Zawgyi Version:
ဗိုလ္နဂါးဦးေဆာင္သည့္ အညာလက္နက္ကိုင္အဖြဲ႕ကို တိုက္ခိုက္ရန္ျပင္ဆင္ေနေသာ NUG ကို အၿပီးတိုင္ရင္ဆိုင္တုန႔္ျပန္မည္ဟု BNRA ထုတ္ျပန္
သန႔္ဇင္(NP News)-ဇန္နဝါရီ ၈
စစ္ကိုင္းတိုင္းေဒသႀကီး၊ ပုလဲၿမိဳ႕နယ္တြင္ အေျခစိုက္သည့္ ဗိုလ္နဂါးဦးေဆာင္သည့္ အညာလက္နက္ကိုင္အဖြဲ႕ကို တိုက္ခိုက္ရန္ ျပင္ဆင္ေနေသာ NUG ကို အၿပီးတိုင္ရင္ဆိုင္တုန႔္ျပန္မည္ဟု BNRAက ထုတ္ျပန္ထားေၾကာင္း သိရသည္။
NUG ၏ ကာကြယ္ေရးဝန္ႀကီးဌာနမွ အဆင့္ဆင့္လွ်ိဳ႕ဝွက္ၫႊန္ၾကားမႈျဖင့္ BNRA ကိုတိုက္ခိုက္ရန္ ခ႐ိုင္ကြပ္ကဲေရးတာဝန္ခံ စြမ္းသူေမာင္ႏွင့္ ပုလဲၿမိဳ႕နယ္ ကာလုံတာဝန္ရွိ သစ္ညိမ္းတို႔က ယမန္ေန႔( ဇန္နဝါရီ ၇ ရက္) ကအစည္းအဝးျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါအစည္းေဝးတြင္ ယေန႔( ဇန္နဝါရီ ၈ ရက္) မွစ၍ NUG ကအင္အားမ်ားျပင္ဆင္စုစည္းေနၿပီျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
BNRA အဖြဲ႕ကိုလည္း NUG သည္ယခင္ကတည္းက နည္းမ်ိဳးစုံျဖင့္ တြန္းတိုက္ဖိႏွိပ္ခဲ့ရာ (၂၀၂၄)ခုႏွစ္က လည္း BNRA စခန္းတခုအား NUG ၏ခ႐ိုင္တပ္ရင္းမ်ားမွလက္နက္ျဖင့္လာေရာက္တိုက္ခိုက္ရန္ဝိုင္းဝန္းပိတ္ဆို႔ေနစဥ္ NUG ဘက္မွ ခ႐ိုင္တပ္ရင္းမႉးႏွင့္ စစ္ေၾကာင္း မႉးမ်ားအပါအဝင္ လူ(၃၀)ခန႔္ႏွင့္ လက္နက္တခ်ိဳ႕ကို BNRA ကဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ တိုက္ခိုက္ရန္ဝန္းရံမႈႏွင့္ပတ္သက္၍ ကာကြယ္ေရးဝန္ႀကီး႐ုံးႏွင့္ ကာကြယ္ေရးဝန္ႀကီးထံ ေျဖရွင္းရန္ေတာင္းဆိုခဲ့ေသာ္လည္း NUG ဘက္က တစ္စုံတစ္ရာတုန႔္ျပန္ျခင္းမရွိခဲ့ေၾကာင္း သိရသည္။
ယခုတႀကိမ္တြင္မူ တာဝန္ခံမႈမရွိယုံမွ်မက ၎ကိစၥသည္ ေအာက္ေျချပႆနာလည္းမဟုတ္သည့္အတြက္ အတြင္းမွ ဆက္သြယ္ေျဖရွင္း ေတာ့မည္မဟုတ္ဘဲ NUG အေနျဖင့္ထိုသို႔ေရွ႕တိုးလုပ္ေဆာင္လာပါက လုံးဝလက္ခံမည္မဟုတ္ေၾကာင္း ႏွင့္ လက္ရွိ NUG ၏ BNRA အား တိုက္ခိုက္မည့္ အစီအစဥ္အား ဆက္လက္လုပ္ေဆာင္လာမည္ဆိုပါက အဆုံးစြန္ထိ ရင္ဆိုင္တုန႔္ ျပန္သြားမည္ ျဖစ္ေၾကာင္းလည္း BNRA က ထုတ္ျပန္ထားသည္။