စစ်ကွင်းမြို့အနီး ရန်ကုန် - ပြည် လမ်းမတွင် တိုက်ပွဲ ဖြစ်ပွားသဖြင့် ကားရာနှင့် ချီ ပိတ်မိ

3518

သန့်ဇင်(NP News)-ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့ နှင့် လက်ပံတန်းမြို့ ကြား၊ စစ်ကွင်းမြို့အနီး ရန်ကုန် - ပြည် လမ်းမ တွင် ယနေ့ (ဇန်နဝါရီလ ၇ ရက်) နံနက်ပိုင်းက စတင်ကာ တိုက်ပွဲ ဖြစ်ပွားသဖြင့် ကား ရာနှင့်ချီကာ ပိတ်မိနေကြောင်း သိရသည်။
နံနက် ၄ နာရီ ခန့် မှစတင်ကာ စစ်ကွင်းမြို့အနီး၊ ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် တပ်မတော်နှင့် ဒေသတွင်း PDFလက်နက်ကိုင်တို့အကြားတိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ တိုက်ပွဲကြောင့် ရန်ကုန်မှ ပြည်သို့ထွက်ခွာလာသည့် ခရီးသည်တင်ကားများအပါအဝင် ကားပေါင်းရာနှင့်ချီမှာ လက်ပျတန်းအကျော်တွင် ပိတ်မိနေပြီး ပြည်မှ ရန်ကုန်ဘက်သို့လာသည့် ကားများလည်းပိတ်မိနေကြောင်း သိရသည်။
“စစ်ကွင်းနားမှာဖြစ်နေတာ။ ကျွန်မတို့ရွာနဲ့က လှမ်းပေမယ့် အသံတွေက တောက်လျှောက်ကြားနေရတယ်။ ရွာကနေ ရန်ကုန်ကိုသွားမယ့် တူလေး(၂)ယောက်လည်း ကားပေါ်မှာပဲ ပိတ်မိနေတာနဲ့ ပြန်လှည့်လာရတယ်။ မနက်တည်းက ဖြစ်နေတာ အခုထိလမ်းမပွင့်သေးဘူးလို့ ပြောကြတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ နေရာအနီးမှ ကျေးရွာများရှိ ဒေသခံများစွာ ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရကြောင်း သိရပြီး နောက်ဆုံး အခြေအနေကို ထပ်မံ သိရှိရခြင်း မရှိသေးပါ။

Zawgyi Version:
စစ္ကြင္းၿမိဳ႕အနီး ရန္ကုန္ - ျပည္ လမ္းမတြင္ တိုက္ပြဲ ျဖစ္ပြားသျဖင့္ ကားရာႏွင့္ ခ်ီ ပိတ္မိ
သန႔္ဇင္(NP News)-ဇန္နဝါရီ ၇
ပဲခူးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕ ႏွင့္ လက္ပံတန္းၿမိဳ႕ ၾကား၊ စစ္ကြင္းၿမိဳ႕အနီး တြင္ ရန္ကုန္ - ျပည္ လမ္းမ တြင္ ယေန႔ (ဇန္နဝါရီလ ၇ ရက္) နံနက္ပိုင္းက စတင္ကာ တိုက္ပြဲ ျဖစ္ပြားသျဖင့္ ကား ရာႏွင့္ခ်ီကာ ပိတ္မိေနေၾကာင္း သိရသည္။
နံနက္ ၄ နာရီ ခန႔္ မွစတင္ကာ စစ္ကြင္းၿမိဳ႕အနီး၊ ရန္ကုန္-ျပည္ကားလမ္းေပၚတြင္ တပ္မေတာ္ႏွင့္ ေဒသတြင္း PDFလက္နက္ကိုင္တို႔အၾကားတိုက္ပြဲမ်ားစတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္အထိ တိုက္ပြဲေၾကာင့္ ရန္ကုန္မွ ျပည္သို႔ထြက္ခြာလာသည့္ ခရီးသည္တင္ကားမ်ားအပါအဝင္ ကားေပါင္းရာႏွင့္ခ်ီမွာ လက္ပ်တန္းအေက်ာ္တြင္ ပိတ္မိေနၿပီး ျပည္မွ ရန္ကုန္ဘက္သို႔လာသည့္ ကားမ်ားလည္းပိတ္မိေနေၾကာင္း သိရသည္။
“စစ္ကြင္းနားမွာျဖစ္ေနတာ။ ကြၽန္မတို႔႐ြာနဲ႔က လွမ္းေပမယ့္ အသံေတြက ေတာက္ေလွ်ာက္ၾကားေနရတယ္။ ႐ြာကေန ရန္ကုန္ကိုသြားမယ့္ တူေလး(၂)ေယာက္လည္း ကားေပၚမွာပဲ ပိတ္မိေနတာနဲ႔ ျပန္လွည့္လာရတယ္။ မနက္တည္းက ျဖစ္ေနတာ အခုထိလမ္းမပြင့္ေသးဘူးလို႔ ေျပာၾကတယ္”ဟု ေဒသခံအမ်ိဳးသမီးတစ္ဦးက ယေန႔ ေန႔လယ္ပိုင္းတြင္ ေျပာသည္။
လက္ရွိတြင္ တိုက္ပြဲျဖစ္ပြားရာ ေနရာအနီးမွ ေက်း႐ြာမ်ားရွိ ေဒသခံမ်ားစြာ ေဘးလြတ္ရာသို႔ ေနရပ္စြန႔္ခြာတိမ္းေရွာင္ေနၾကရေၾကာင္း သိရၿပီး ေနာက္ဆုံး အေျခအေနကို ထပ္မံ သိရွိရျခင္း မရွိေသးပါ။