အင်းစိန်တွင် Gas တန်းစီနေသော YBS ကို အိမ်စီးကား က နောက်မှ ဝင်တိုက်မိရာ (၁) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာ ပြင်းထန်

 2561

ထိုက်စံ (NP News)-ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် Gas တန်းစီနေသော YBS ကို အိမ်စီးကား က နောက်မှ ဝင်တိုက်မိရာ (၁) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း အခင်းဖြစ်ချိန်တွင် သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့သည့် တွဲလက် လူမှုကူညီရေး အသင်းထံ က သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၃ ရက်) နံနက်ပိုင်း ၃ နာရီ အချိန် က အင်းစိန်မြို့နယ် ၊ကြို့ကုန်းအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ် BPI ဆေးဝါးစက်ရုံလမ်း၊ ကြို့ကုန်းမှတ်တိုင်အရှေ့တွင် ဖြစ်ပွားခဲံခြင်း ဖြစ်ပြီး Gas တန်းစီနေသော YBS 83 ယာဉ်အနောက်ပိုင်းကို Toyota Ipsum အမျိုးအစား အိမ်စီး ကားက အရှိန်လွန်ကာ အနောက်မှ ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း ဖြစ်စဉ်တွင် အိမ်စီးကားပေါ်၌ လူ (၅) ဦး လိုက်ပါလာသည့် အနက် တစ်ဦးမှာ ကားအတွင်း ညှပ်ကာ သေဆုံးခဲ့ပြီး ကျန် (၄) ဦး အနက် (၂) ဦးမှာ စိုးရိမ်ရ ဒဏ်ရာ နှင့် (၂) ဦးမှာ မစိုးရိမ်ရ ဒဏ်ရာ များ ရရှိသွားသောကြောင့် အင်းစိန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ယင်း ဖြစ်စဉ်တွင် ကားအတွင်း သေဆုံးသူ ညှပ်နေခဲ့သည့် အတွက် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး နှင့်အတူ မီးသတ်တပ်ဖွဲ့၀င်များက ထုတ်ယူခဲ့ရကာ အင်းစိန် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက် က လည်း ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ် ၊ ပျဉ်းမပင်မှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွာခဲ့ရာ အမျိုးသား(၁)သေဆုံးခဲ့သော ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

Zawgyi Version:

ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္တြင္ Gas တန္းစီေနေသာ YBS ကို အိမ္စီးကား က ေနာက္မွ ဝင္တိုက္မိရာ (၁) ဦး ေသဆုံးၿပီး (၂) ဦး ဒဏ္ရာ ျပင္းထန္ခဲ့ေၾကာင္း အခင္းျဖစ္ခ်ိန္တြင္ သြားေရာက္ကူညီ ေဆာင္႐ြက္ေပးခဲ့သည့္ တြဲလက္ လူမႈကူညီေရး အသင္းထံ က သိရသည္။
အဆိုပါ ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၃ ရက္) နံနက္ပိုင္း ၃ နာရီ အခ်ိန္ က အင္းစိန္ၿမိဳ႕နယ္ ၊ႀကိဳ႕ကုန္းအေနာက္ရပ္ကြက္၊ ဘုရင့္ေနာင္လမ္းမေပၚ BPI ေဆးဝါးစက္႐ုံလမ္း၊ ႀကိဳ႕ကုန္းမွတ္တိုင္အေရွ႕တြင္ ျဖစ္ပြားခဲံျခင္း ျဖစ္ၿပီး Gas တန္းစီေနေသာ YBS 83 ယာဥ္အေနာက္ပိုင္းကို Toyota Ipsum အမ်ိဳးအစား အိမ္စီး ကားက အရွိန္လြန္ကာ အေနာက္မွ ဝင္တိုက္မိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ယင္း ျဖစ္စဥ္တြင္ အိမ္စီးကားေပၚ၌ လူ (၅) ဦး လိုက္ပါလာသည့္ အနက္ တစ္ဦးမွာ ကားအတြင္း ညႇပ္ကာ ေသဆုံးခဲ့ၿပီး က်န္ (၄) ဦး အနက္ (၂) ဦးမွာ စိုးရိမ္ရ ဒဏ္ရာ ႏွင့္ (၂) ဦးမွာ မစိုးရိမ္ရ ဒဏ္ရာ မ်ား ရရွိသြားေသာေၾကာင့္ အင္းစိန္ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ရေၾကာင္း သိရသည္။
ယင္း ျဖစ္စဥ္တြင္ ကားအတြင္း ေသဆုံးသူ ညႇပ္ေနခဲ့သည့္ အတြက္ အင္းစိန္ၿမိဳ႕နယ္မီးသတ္စခန္းမွ ရွာေဖြကယ္ဆယ္ေရးယာဥ္တစ္စီး ႏွင့္အတူ မီးသတ္တပ္ဖြဲ႕၀င္မ်ားက ထုတ္ယူခဲ့ရကာ အင္းစိန္ ျပည္သူ႔ ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁)ရက္ က လည္း ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံ ၿမိဳ႕နယ္ ၊ ပ်ဥ္းမပင္မွတ္တိုင္အနီးတြင္ ယာဥ္တိုက္မႈျဖစ္ပြာခဲ့ရာ အမ်ိဳးသား(၁)ေသဆုံးခဲ့ေသာ ျဖစ္စဥ္ ျဖစ္ပြားခဲ့သည္။

Related news

© 2021. All rights reserved.