အာဖဂန်နစ္စတန်နိုင်ငံမှာ ရုတ်တရက် ရေကြီးမှုတွေကြောင့် အနည်းဆုံးလူ(၁၇)ဦး သေဆုံး

267

Pika (NP News) - ဇန်နဝါရီ ၃
အာဖဂန်နစ္စတန်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ဒေသအတော်များများမှာ ရေကြီးမှုတွေကြောင့် အနည်းဆုံး လူ(၁၇)ဦးသေဆုံးပြီး အခြားလူ(၁၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဖဂန်နစ္စတန် အမျိုးသား ဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ယူဆက်က ပြောကြားခဲ့ပါတယ်။
ပြင်းထန်တဲ့ရာသီဥတုကြောင့်ဖြစ်ပေါ်လာတဲ့ရေကြီးမှုတွေဟာ အလယ်ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်း နဲ့ အနောက်ပိုင်းတို့မှာရှိတဲ့ဒေသတွေမှာလည်း ထိခိုက်ပျက်စီးမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ မိုဟာမက်ယူဆက် က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ရေကြီးမှုတွေကြောင့် အခြေခံအဆောက်အဦးတွေလည်း ပျက်စီးခဲ့ပြီး မွေးမြူရေးတိရစ္ဆာန်တွေသေဆုံးခဲ့ကာ မိသားစုပေါင်း(၁၈၀၀)ကျော် ရေဘေးသင့်ခဲ့တယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ အာဖဂန်နစ္စတန်အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ရေဘေးသင့်ဒေသတွေ ကို အကဲဖြတ်အဖွဲ့တွေစေလွှတ်ခဲ့ပြီး လုပ်ဆောင်ဖို့ လိုအပ်တဲ့အရာတွေအားလုံးကို ဆုံးဖြတ်ဖို့ စစ်တမ်းတွေ ကောက်ယူခိုင်းထားတယ်လို့လည်း မိုဟာမက်ယူဆက်က ပြောကြားခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံဟာ အိမ်နီးချင်းတွေဖြစ်တဲ့ ပါကစ္စတန်နဲ့အိန္ဒိယနိုင်ငံတို့လိုပဲ ရာသီအလိုက် မိုးရွာသွန်းမှုတွေ အပြီးမှာ ရုတ်တရက်ရေကြီးမှုတွေလိုမျိုး ပြင်းထန်တဲ့ရာသီဥတုဖြစ်ရပ်တွေကို တွေ့ကြုံရလေ့ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အာဖဂန္နစၥတန္ႏိုင္ငံမွာ ႐ုတ္တရက္ ေရႀကီးမႈေတြေၾကာင့္ အနည္းဆုံးလူ(၁၇)ဦး ေသဆုံး
Pika (NP News) - ဇန္နဝါရီ ၃
အာဖဂန္နစၥတန္ႏိုင္ငံမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေဒသအေတာ္မ်ားမ်ားမွာ ေရႀကီးမႈေတြေၾကာင့္ အနည္းဆုံး လူ(၁၇)ဦးေသဆုံးၿပီး အျခားလူ(၁၁)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အာဖဂန္နစၥတန္ အမ်ိဳးသား ေဘးအႏၲရာယ္စီမံခန႔္ခြဲေရးအာဏာပိုင္အဖြဲ႕ရဲ႕ေျပာေရးဆိုခြင့္ရွိသူ မိုဟာမက္ယူဆက္က ေျပာၾကားခဲ့ပါတယ္။
ျပင္းထန္တဲ့ရာသီဥတုေၾကာင့္ျဖစ္ေပၚလာတဲ့ေရႀကီးမႈေတြဟာ အလယ္ပိုင္း၊ ေျမာက္ပိုင္း၊ ေတာင္ပိုင္း နဲ႔ အေနာက္ပိုင္းတို႔မွာရွိတဲ့ေဒသေတြမွာလည္း ထိခိုက္ပ်က္စီးမႈေတြကို ျဖစ္ေပၚေစခဲ့တယ္လို႔ မိုဟာမက္ယူဆက္ က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေရႀကီးမႈေတြေၾကာင့္ အေျခခံအေဆာက္အဦးေတြလည္း ပ်က္စီးခဲ့ၿပီး ေမြးျမဴေရးတိရစာၦန္ေတြေသဆုံးခဲ့ကာ မိသားစုေပါင္း(၁၈၀၀)ေက်ာ္ ေရေဘးသင့္ခဲ့တယ္လို႔လည္း ၎က ေျပာၾကားခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာ အာဖဂန္နစၥတန္အမ်ိဳးသားေဘးအႏၲရာယ္စီမံခန႔္ခြဲေရးအာဏာပိုင္အဖြဲ႕က ေရေဘးသင့္ေဒသေတြ ကို အကဲျဖတ္အဖြဲ႕ေတြေစလႊတ္ခဲ့ၿပီး လုပ္ေဆာင္ဖို႔ လိုအပ္တဲ့အရာေတြအားလုံးကို ဆုံးျဖတ္ဖို႔ စစ္တမ္းေတြ ေကာက္ယူခိုင္းထားတယ္လို႔လည္း မိုဟာမက္ယူဆက္က ေျပာၾကားခဲ့ပါတယ္။
အာဖဂန္နစၥတန္ႏိုင္ငံဟာ အိမ္နီးခ်င္းေတြျဖစ္တဲ့ ပါကစၥတန္နဲ႔အိႏၵိယႏိုင္ငံတို႔လိုပဲ ရာသီအလိုက္ မိုး႐ြာသြန္းမႈေတြ အၿပီးမွာ ႐ုတ္တရက္ေရႀကီးမႈေတြလိုမ်ိဳး ျပင္းထန္တဲ့ရာသီဥတုျဖစ္ရပ္ေတြကို ေတြ႕ႀကဳံရေလ့ရွိတယ္လို႔လည္း သိရပါတယ္။