ရင်နာရာမှနေသာသွားသော ရှမ်းမြောက်မှ ထို(၂)မြို့

2761

သန့်ဇင် (NP News)-ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကို TNLA အဖွဲ့က (၁၀၂၇) စစ်ဆင်ရေး အမည်ဖြင့်ဖော်ဆောင်ခဲ့သောတိုက်ပွဲ ဒုတိယအပိုင်းတွင် ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး (၁)နှစ်ကျော်အကြာတွင် တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ယင်းမြို့(၂)မြို့ကို တပ်မတော်ပြန်လည် ထိန်းချုပ်ပြီး(၃)လ ခန့်အကြာတွင် စစ်ဒဏ်သင့်ခဲ့သော မြို့(၂)မြို့၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ဒေသခံများ၏ စိတ် နေသဘောထားနှင့် တပ်မတော်နှင့် TNLA တို့၏ အုပ်ချုပ်မှုကွာခြားပုံများနှင့်ပတ်သက်၍ ဒေသခံတစ်ဦး ထံ NP News ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး-ပထမဆုံးအနေနဲ့ ကျောက်မဲနဲ့နောင်ချိုရဲ့ TNLA ထိန်းချုပ်ခဲ့တဲ့အချိန်ကနဲ့ အခုတပ်မတော် ပြန်လည် သိမ်းပိုက်ပြီးနောက်ပိုင်း ကွာခြားချက်လေး တွေကို အရင်ဆုံးပြောပြပေးပါဦးခင်ဗျ။
ဖြေ-တိုးတက်လာတယ်လို့ပဲပြောရမလား။ လူတွေရဲ့ စိတ်နေစိတ်ထားကအစ ကွာသွားတာပေါ့နော်။ ပလောင်လက်ထက်တုန်းကတော့ ဘယ်လိုပြောရမလဲဆိုတော့ ကြောက်ကြောက်နဲ့ပဲနေရတယ် ပေါ့ နော်။ ဥပဒေစည်းမျဉ်းအတိုင်းမလိုက်တော့ လူတွေက မလွှဲသာလို့သာ သူတို့လက်နက်ကို ကြောက်လို့ သာနေရတယ်။ မတူဘူးလေ။ အခုတပ်မတော် ပြန်ထိန်းချုပ်တော့ ပြောရဲဆိုရဲကြတယ်ပေါ့နော်။ ပြီးရင် အဘက်ဘက်က မကြောက်ရဘူး။ ဥပဒေအတိုင်းသွား တဲ့အချိန်ကျတော့ ဥပဒေဘောင်ထဲကနေရတဲ့ အတွက် ပုံမှန်နေလို့ရတယ်ပေါ့။ သူတို့လက်ထက်မှာတုန်းကျတော့မတူဘူး။ သူတို့က မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုသလိုပေါ့နော်။ သူတို့နဲ့ နီးစပ်ရာနီးစပ်ရာကို သူတို့ပိုင်ရင်ပိုင်သလိုပေါ့ စဉ်းမျဉ်းဥပဒေ မရှိ ဘူးပေါ့။ ဖမ်းချင်တဲ့အချိန်ဖမ်းတယ်။ နောက်ပြီး လူမှားဖမ်းတာတွေလည်းရှိတယ်။ အဲဒီလောက်အထိကို စည်းမဲ့ကမ်းမဲ့ဖြစ်တာ။
မေး- TNLA က အကြောက်တရားနဲ့အုပ်ချုပ်သွားခဲ့တယ်ဆိုနိုင်မလား။
ဖြေ- ဟုတ်တာပေါ့။ လူတွေကလည်း ကြောက်ကြောက်နဲ့ နေခဲ့ရတာပေါ့။ မလွန်ဆန်နိုင်ဘူးလေ။
မေး- TNLA ထိန်းချုပ်ခဲ့စဉ်နဲ့ အခုတပ်မတော် ပြန်လည်ထိန်းချုပ်ပြီးနောက် ဒေသခံတွေရဲ့ စိတ်လုံခြုံမှု ကကော ဘယ်လိုပြောင်းလဲသွားခဲ့လဲ။
ဖြေ-တပ်ပြန်ရောက်လာတော့ လုံခြုံတယ်လေ။ ပျော်ရွှင်တယ်။ လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှား လို့ရတယ်။ အဲဒီလိုမျိုးပေါ့နော်။
မေး-ကျောက်မဲနဲ့နောင်ချိုမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ရတာရှိ တယ်ပေါ့နော်။ အဲဒီလူတွေကော ပြန်ဝင်လာကြပြီလားဗျ။ ဘယ်လောက်အတိုင်းအတာအထိပြန်ဝင်နေ ကြပြီလဲ။
ဖြေ-ပြန်ဝင်တယ်။ တော်တော်များများပြန်ဝင်တယ်။ ချက်ချင်းဝုန်းဒိုင်းနဲ့ပြန်လာလို့မရပေမယ့် တခြား နေရာမှာသွားအခြေချပြီးပြီဆိုတော့ ပြန်လာဖို့ကမလွယ် ဘူးလေ။ စက်ရုံအလုပ်ရုံတွေကျတော့ သူတို့ စက်ပစ္စည်းတွေအစ အကုန်သယ်သွားတာဆိုတော့လေ ပြန်ဝင်ဖို့ နည်းနည်းကြာဦးမယ်ထင်တယ်။ စတိုး ဆိုင်၊ ဈေးဆိုင်တွေကတော့ တခြားနေရာမှာ ဆိုင်သွားဖွင့်ပြီး စတိုးဆိုင်တို့ဘာတို့က အကုန်လုံးတော့ မလာသေးဘူး။ ဒေသခံတွေကတော့ တော်တော်များများတော့ပြန်လာပြီ။ ပြောရမယ်ဆိုရင် (၁၀)ပုံ (၇) ပုံလောက်ပြန်ရောက်ကြပါပြီ။
မေး-လုပ်ငန်းကြီးတွေကတော့ပြန်ဝင်ဖို့ နည်းနည်းကြာဦးမယ်ပေါ့။ နောက်ပြီးတစ်ဆက်တည်းမှာပဲ အခု က ကျောက်မဲနဲ့နောင်ချိုကို တပ်မတော်ကပြန်ထိန်းချုပ်ထားနိုင်ပြီဆိုတော့ စီမံကိန်းတချို့ပြန်လည် ပတ်နေပြီလား။
ဖြေ-လုပ်ဆောင်နေကြပါပြီ။ လျှပ်စစ်ရုံးတွေကတော့ အနည်းဆုံးတော့ (၆)လလောက်ကြာဦးမယ်လို့ တော့ EPC ရုံးဝန်ထမ်းတွေကတော့ ပြောတယ်။ လုပ်တော့ လုပ်ဆောင်နေတယ်။ မီးရရှိရေးကိုတော့ ကြိုးစားပန်းစားလုပ်နေတယ်ပေါ့နော်။ ဖုန်းလိုင်းတွေလည်း တော် တော်များများ ပြန်ရပြီးတော့ တော် တော်များများ အဆင်ပြေပါတယ်။ အခုအဆင်မပြေဘူးဆိုတာက သီပေါတံတားပိတ်ထားလို့ လမ်းပန်း ဆက်သွယ်ရေးနည်းနည်းခက်ခဲတာပဲရှိတယ်။ ကျန်တဲ့ဟာတော့ တော်တော်များများ အဆင်ပြေသွားကြ ပြီ။ မီးကလည်း သူတို့ကြိုးစားပန်းစားလုပ်နေပြီဆိုတော့ ပြန်ရဖို့နီးစပ်နေပါပြီ။ ပြီးရင် ဌာနဆိုင်ရာတွေ လည်း တော်တော်များများလည်ပတ်နေပြီ။ ကညနကတော့ဘာမှ မလုပ်ပေးသေးဘူး။ လိုင်စင် သတ် တမ်းတို့ဘာညာတော့မလုပ်သေးဘူး။ အဲဒါကညနပေါ့နော်။ တော်တော်များများကတော့ အဆင်ပြေနေ ပါပြီ။ လုပ်လည်းလုပ်နေပြီ။ ပြန်လည်ပတ်နေပါပြီ။
မေး-ဌာနဆိုင်ရာနဲ့ပတ်သက်လို့ပြောသွားတော့ တိုက်ပွဲကာလမှာ ကျောက်မဲနဲ့နောင်ချိုမှာ စစ်ဒဏ် ကြောင့် ပျက်စီးသွားခဲ့ရတဲ့ ဌာနဆိုင်ရာရုံးတွေရှိ တယ်။ လူနေအိမ်တွေရှိတယ်ပေါ့နော်။ အဲဒီ အဆောက် အအုံတွေနဲ့ လုပ်ငန်းဆိုင်ရာတွေကိုကော ပြန်လည်တည်ဆောက်ပြီး ပြန်လည်ထူထောင်ရေး တွေလုပ်နေ ကြပြီလားဗျ။
ဖြေ-တော်တော်များများတော့ မလုပ်ရသေးဘူး။ မလုပ်ရသေးတာများတယ်။ လုပ်ပြီးတာဆိုလို့ မီးသတ် တို့ဘာတို့ ရုံးဌာနအကြီးပိုင်းတွေ ဘာမှတော့မလုပ်ရသေးဘူး။ သန့်ရှင်းကအစ မလုပ်ရသေးဘဲ ဒီအတိုင်း ပဲပစ်ထားတာ။ ဌာနဆိုင်ရာတွေကတော့ ဘုန်းကြီးကျောင်းတွေမှာ အဆောက်အအုံတစ်ခုခုမှာ ငှားပြီး တော့လုပ်နေတာတော့ရှိတယ်။ သူတို့ရုံးတွေကတော့ ဘာမှရစရာမရှိတော့ဘူးလေ။ ပြန်လုပ်ဖို့ကလည်း မလွယ်ဘူးပေါ့။
မေး-တစ်ဆက်တည်းမှာပဲ အခုလက်ရှိတပ်မတော် ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း ဒေသခံတွေရဲ့လူမှု ရေးအခြေအနေ တိုးတက်လာပြီလားဗျ။
ဖြေ-ကောင်းလာပါတယ်။ လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားလို့ရတယ်။ လူမှုရေးအခြေအနေကတော့ အရင်က TNLA ရှိတုန်းက သာရေးနာရေးရှိလည်း သိုသိုဝှက်ဝှက်နဲ့ ကြောက်ကြောက်လန့်လန့်နဲ့လုပ် နေခဲ့ရတာလေ။ အဲဒီတုန်းကဆိုရင် နေရာအကျဉ်းပဲ လုပ်ခဲ့ ရတာဆိုတော့ အခုတော့ တော်တော်ကိုကျယ်ကျယ်ပြန့်ပြန့်လုပ်လာကြပြီ။
မေး-စီးပွားရေးနဲ့ပတ်သက်ပြီး တိုးတက်လာတာမြင်ရလားဗျ။
ဖြေ-စီးပွားရေးကတော့ သိပ်ပြီးတော့ မလည်ပတ်သေးဘူး။ မလည်ပတ်သေးဘူးဆိုတာ လမ်းပန်းဆက် သွယ်ရေးက ခက်နေသေးတော့လေ။ ကုန်ကားတွေကလည်း ဂုတ်တွင်းမှာက တံတားကလည်း ယာယီ သဘောပဲဆိုတော့ ခံနိုင်ရည်ဝန်က အဲဒီလောက်မရှိတော့ ကုန်ကားတွေက အဲဒီလောက်မဝင်သေးဘူး။ အဲဒီလိုဖြစ်နေတာ။ ဒီဘက် တံတားကလည်း ပိတ်ထားရတော့ ကုန်ကသိပ်မစီးဆင်းသေးဘူးပေါ့။ စီးပွား ရေးကတော့ နာလန်ပြန်ထူဖို့ ကြိုးစားရဦးမယ်ပေါ့နော်။ ဈေးဆိုင်တွေတော့ပြန်ဖွင့်ပြီ။ ဒါပေမဲ့ တချို့တွေ ကတော့ ဈေးဦးတောင်မဖောက်သေးဘူး ပေါ့နော်။ အဲဒီလိုတွေတော့ရှိတယ်။
မေး-ဒေသတွင်းစိုက်ပျိုးမှုအခြေအနေတွေရော ပြန်မြင်နေရပြီလားဗျ။
ဖြေ-စိုက်ပျိုးရေးကလည်း မြေဆီတွေက တင်ဆောင် ခွင့်မရှိ၊ တံတားတွေကလည်းပိတ်တော့ သိပ် အဆင်မပြေဘူး။ ဒီဘက်ကလည်း သိပ်မတင်သွင်း နိုင်တော့လေ။
မေး-အားယူနေရတဲ့အခြေအနေပေါ့။ နဂိုအတိုင်း ပြန်ဖြစ်ဖို့ဆိုရင် တော်တော်လေးကို ရုန်းထနေရတဲ့အ ခြေအနေဖြစ်နေတာပေါ့။
ဖြေ-ဟုတ်တယ်။ အရင်လိုပြန်ဖြစ်ဖို့ဆိုရင် တော် တော်လေးကို အားယူနေရတာ။
မေး-ပညာရေးနဲ့ပတ်သက်ပြီးတော့လည်း ကျောက်မဲ၊ နောင်ချိုကို တပ်မတော်ပြန်လည်ထိန်းချုပ်ပြီး နောက်ပိုင်းမှာ အခြေခံပညာကျောင်းတွေလည်းပြန်ဖွင့်တာ မြင်ရတော့ လက်ရှိမြေပြင်အခြေအနေမှာ ပညာရေးနဲ့ ပတ်သက်ပြီး ဘာတွေပြောင်းလဲလာလဲ။
ဖြေ-အရမ်းကောင်းပါတယ်။ တော်တော်များများလည်းပြန်တက်ကြပါပြီ။ ဒါပေမဲ့ (၁)နှစ်၊ (၂) နှစ် အောက် သွားတဲ့ကလေးတွေကို သူတို့ထိန်းချုပ်တဲ့ အချိန်မှာတော့ တရားမဝင်ဘူးလေ။ အဲဒီကလေးတွေ အတွက် ကျတော့ အတန်းချခံရတယ်ပေါ့နော်။ အဲဒီကလေးတွေကတော့ နစ်နာတယ်ပေါ့။ တတ်နိုင်တဲ့ မိဘတွေကတော့ တခြားကျောင်းတွေသွားထားတယ်ပေါ့။ ပြီးတော့ တစ်ကျောင်းပြီးတစ်ကျောင်း ပြောင်း လိုက်နဲ့ စားရင်းသွင်းပြီးတော့ ဒီမှာကျူရှင်သဘောမျိုးနဲ့တက်ပြီးတော့ အဲဒီလို အတန်းတက်တွေလည်းရှိ တယ်ပေါ့နော်။ အဲဒါကတော့ အရည်အချင်းမစစ်မှန်ဘူးပေါ့နော်။ တစ်နေ့ကို တစ်နာရီသင်တာနဲ့ ကျောင်း မှာတစ်နေကုန်သင်တာနဲ့မတူဘူးလေနော်။ အရည်အချင်းမစစ်ဘူးပေါ့နော်။ နောက်ပြီးတော့ အစားထိုး ဖြေတာတွေရှိတယ်။ အဲဒီဟာတွေကျတော့ နီးစပ်ရာချိတ်ဆက်ပြီးတော့ သူတို့တွေက ကျောင်း တက်ကြ တယ်ပေါ့နော်။ လုံးဝမတတ်နိုင်တဲ့မိဘတွေ ကတော့ (၁)နှစ်အောက်ပြီး ကလေးတွေကိုထားရတာ ပေါ့ နော်။ အဲဒီကလေးတွေကတော့ အရမ်းနစ်နာတယ်။
မေး-ကျန်းမာရေးအနေနဲ့ကော ဆေးရုံ၊ ဆေးခန်း တွေပြန်ဖွင့်တဲ့အခြေအနေကိုပြောပြပေးပါဦး။
ဖြေ- ဘယ်လိုပြောရမလဲ ဆေးရုံတွေကလည်း အတော်ကိုပျက်စီး တာလေ။ ဆေးရုံတွေအရမ်းပျက် စီးသွားတဲ့အတွက် ဆရာဝန်တွေလည်း မလုံလောက်တော့ဘူး။ နောက်ပြီး ဆေးရုံတွေမှာလည်း များ သောအားဖြင့် အိပ်စရာခုတင်တွေများများစားစားမရှိဘူးလေ။ ဆေးရုံကလည်း ဆေးခန်းသာသာသဘော လောက်ပဲရှိတော့တယ်လေ။ ဆေးရုံကို သွားပြီး ညအိပ်ညတာပြုစုရတာတွေလည်း မရှိတော့ဘူး။ ဝန်ထမ်းလည်းမပြည့်စုံဘူးပေါ့နော်။ မီးတွေလည်း မရသေးတော့လေ။ ဌာနဆိုင်ရာတော်တော်များများ ကတော့ မီးတွေတော့ရပြီ။ မီးထွန်းရုံလောက်ပဲ အဆင်ပြေတာလေ။
မေး-ကုန်ဈေးနှုန်းအခြေအနေကော ဘယ်လိုရှိလဲဗျ။
ဖြေ-ကုန်ဈေးနှုန်းကတော့ တခြားမြို့တွေထက်စာရင် ကျွန်မတို့မြို့တွေကတော့ နည်းနည်းလေး ဈေး မြောက်တယ်။ ဘာလို့ဆို လမ်းပိတ်တာလည်းကွာတာပေါ့လေ။ လမ်းကတိုက်ရိုက်မဖွင့်တာကျတော့ သူ့ရဲ့တင်ဆောင် ခတွေဈေးများတဲ့အတွက် ကုန်ဈေးနှုန်းအပေါ်မှာပြန်ပြီးတော့ သက်ရောက်တယ်ပေါ့ နော်။ ကုန်ဈေးနှုန်းကတော့ နည်းနည်းလေးများတယ်။ ဓာတ်ဆီ တစ်လီတာဆိုရင် ကျပ် (၄၅၀ဝ) လောက်ရှိတယ်။ ရန်ကုန်တို့ မန္တလေးတို့ဆိုရင် အဲဒီလောက်မရှိဘူးလေ။ ဒါပေမဲ့ အရင်တုန်းက (၅၀ဝဝ) ကနေ အခု (၄၅၀ဝ)ဖြစ်သွားတာပေါ့။ ဂက်စ်ဆိုရင်လည်း ဒီမှာတစ်လုံးဈေးနဲ့ မန္တလေး၊ ရန်ကုန်ဈေးနဲ့ ကွာ တယ်။
မေး-အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကော ဘယ်လိုရှိလဲ။
ဖြေ-အကုန်မြောက်တာပေါ့။ လူသုံးကုန်ပစ္စည်းမှန်သမျှအကုန်ဈေးမြောက်တယ်။
မေး-ကျောက်မဲ၊ နောင်ချိုမှာက စစ်ရဲ့ဆိုးကျိုးကို ဘယ်လိုလူတွေက အများစုခံစားခဲ့ရလဲ။
ဖြေ-ဌာနဆိုင်ရာကတော့ နည်းနည်းတော့ ခံသာတာပေါ့နော်။ ဌာနဆိုင်ရာကဝင်ငွေမပြတ်ဘူး။ သူတို့က ဝင်ငွေမပြတ်တော့ နည်းနည်းလေး လည်ပတ်လို့ရတယ်။ လုပ်ငန်းရှင်တွေကတော့ အကုန်လုံး အဲဒီ ကာလမှာလည်း သူတို့ဝန်ထမ်းတွေကို လစာမပြတ်ပေးရတာပဲလေ။ သူတို့တွေလည်းနစ်နာတယ်။ တောင်သူလယ်သမားတွေလည်း ဒီစစ်ပွဲကာလမှာ ဘာမှလုပ်လို့မရဘူး။ ကိုယ့်တောင်ယာကိုတောင်မှ သွားလို့မရတဲ့အနေအထားမှာဆိုတော့ ပျက်စီးဆုံးရှုံးမှုများတယ်။ အဲဒီအထဲမှာတော့ အသက်သာဆုံးက တော့ ဝန်ထမ်းတွေပေါ့။
မေး- TNLA ထိန်းချုပ်ထားစဉ်တုန်းက ကျောက်မဲနဲ့ နောင်ချိုမှာ ဒေသခံတွေအပေါ်လူမျိုးရေးအရ ခွဲခြား ဆက်ဆံတာတွေရှိခဲ့တယ်လို့ ကြားသိရတယ်။ အဲဒီအခြေအနေတွေလည်း ပြန်ပြောပေးပါဦး ဘယ်လို ဖြစ်ခဲ့တာလဲ။ လက်ရှိအချိန်အထိ ဘယ်လိုသက်ရောက်မှုတွေရှိနေသေးလဲ။
ဖြေ-အများကြီးသက်ရောက်တာပေါ့နော်။ ကျွန်မတို့ဆိုရင် တိုင်းရင်းသားတွေဖြစ်တဲ့အတွက် သွေးခွဲတာ တော့မဟုတ်ဘူးပေါ့နော်။ ကိုယ်တိုင်ခံစားရတဲ့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ ခံစားချက်ဆိုတော့ ပြောပြမယ် ပေါ့နော်။ လူမျိုးရေးကတော့ အရမ်းခွဲခြားတယ်။ သူတို့ထိန်းချုပ်ထားတုန်းကဆိုရင် နည်းနည်းလေး မြောက်တယ်။ မြောက်ကြွကြွတွေနဲ့ဆိုတော့ သူတို့ကမှ တကယ်သွေးခွဲတာ။ ကျောက်မဲမြို့ပေါ်မှာဆိုရင် သူတို့တွေချည်းပဲပေါ့နော်။ အခုလည်းကျရော တပ်ကပြန်သိမ်းလိုက်တော့ တစ်ယောက်မှကို မရှိတော့ ဘူး။ ဒါပေမဲ့ (၁၀၂၇) မှာ ဘယ်ဘက်ကိုမှ မပတ်သက်မဆက်နွှယ်ဘူးဆိုပြီး ကိုယ့်လိပ်ပြာကိုယ် လုံတဲ့လူ တွေကတော့ နည်းနည်းပါးပါးရှိသေးတယ်။ အခုကတော့ တကယ်ပါခဲ့တဲ့လူတွေကိုတော့ တကယ် ဖမ်း နေပြီလေ။ သူတို့တုန်းကလည်း တော်တော်ကိုဖမ်းတာ။ ဖမ်းဆီးနှိပ်စက်ခံရတဲ့အထဲက မသေတဲ့လူတွေ က ပြန်ပြောပြတော့ သူတို့ဆိုရင် စိတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်ပြီးတော့ ရူးသလိုကြောင် သလိုတောင် ဖြစ်သွားတာ။ စိတ်တွေမမှန်တော့ဘူး။ အရမ်းနှိပ်စက်ခံခဲ့ရတော့လေ။ ကျွန်မအသိဆိုရင် နောင်ချို၊ အုန်းမသီးက သူတို့အိမ်ဆိုရင် လုံးဝအုတ်ပုံကြီးပဲ ကျန်ခဲ့တာ။ သူ့ရဲ့အိမ်ထဲမှာဆိုရင် တာယာကွင်းတွေ ထည့်ပြီး မီးရှို့ခဲ့တာ။ သူဆိုရင် စိတ်ငြိမ်ဆေးတွေ သောက်လိုက်ရတယ်။
မေး- TNLA ပြန်ဆုတ်ရတော့ နောင်ချိုနဲ့ ကျောက်မဲက ဌာနဆိုင်ရာရုံးတွေနဲ့ နေအိမ်တွေက ပစ္စည်းတွေ အကုန်သယ်သွားခဲ့တယ်လို့ သိရတယ်။ ပထမဆုံးအနေနဲ့ အဲဒီဖြစ်စဉ်က အမှန်လား။
ဖြေ- အမှန်ပါပဲ။ သူတို့ကသူတို့ကိုယ်သူတို့သိမှာပဲလေ။ သူတို့က ဘယ်လိုမှယှဉ်လို့မရတော့ဘူးဆိုတာကို သူတို့သိတော့ အစောပိုင်းတည်းက သူတို့အကုန်သယ်တာ။ စာသင်ကျောင်းတွေကကွန်ပျူတာတွေ။ ရုံးပိုင်းဆိုင်ရာ စားပွဲ၊ ဆက်တီအကုန်လုံး လက်ဆေးဘေစင်က အစအကုန်ဖြုတ်ယူတာ။ ကျောက်မဲ အထက ကျောင်းကဆိုရင် မီးစက်သိန်း(၁၀ဝ)ကျော်တယ်။ အဲဒီမီးစက်ကအစအကုန်သယ်တာ။ ဘာဆို ဘာမှမကျန်ခဲ့တာ။ အခွံပဲကျန်ခဲ့တာ။ ဆက်တီ ဆိုရင်လည်း ကောင်းပေ့ဆိုတဲ့ဆက်တီတွေပါမတာ။ မြို့ထဲမှာ မွေ့ရာရောင်းတဲ့ဆိုင်ရှိတယ်။ အဲဒီမွေ့ရာ တွေကအစအကုန်သယ်တာ။ အခွံပဲကျန်ခဲ့တာ။ မီးကြိုးတွေကအစဖြုတ်တာ။ ရပ်ကွက်တွေထဲက သူခိုးတွေကလည်းယူတယ်။ သူခိုးတွေကလည်း ပေါ လိုက်တာ။ အဲဒီသူခိုးတွေ ကနော် အဲဒီတုန်းက ဈေးလည်ခေါင်မှာတောင်ပြန်ရောင်းစားတာနော်။ ဈေးပေါ ပေါနဲ့။ တချို့ကကိုယ့် ပစ္စည်းကိုပြန်မှတ်မိ တယ်လေ။ အဲဒီမှာပြန်ဝယ်ရတယ်။ (၃) ဆ၊ (၁) ဆဈေးနဲ့ ပြန် ရောင်းရတာ။ အဲဒီလို။ ဈေးလယ် ကောင်မှာပြန်ချရောင်းတာနော်။ ပေါ်တင်ပဲ။
မေး-ဒါဆိုရင် ကျောက်မဲနဲ့နောင်ချိုမှာ လက်ရှိမှာ အကြီးမားဆုံးလိုအပ်ချက်ဆိုရင် ဘာလို့ပြောလို့ရမလဲ။
ဖြေ-လျှပ်စစ်မီးပေါ့နော်။ ဒီမီးရှိရင်တော့ တော်တော် များများပြန်လည်ပတ်နိုင်ပါပြီ။ ဒေသခံတွေပြန်လည် ချောင်လည်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေး ပြန်ဖွင့်ရင်တော့ ပြေလည်သွားမှာပါ။ လမ်းကောင်း သွား မယ်ဆိုရင် ကုန်စီးဆင်းမှုတွေများလာမယ်။ ဈေးလည်းသက်သာလာမယ်ပေါ့နော်။
မေး-အဲဒီတော့ နောက်ဆုံးအနေနဲ့ (၁၀၂၇) ကစခဲ့ တဲ့တိုက်ပွဲကြောင့် ကျောက်မဲ၊ နောင်ချိုက စစ်ဘေးစစ် ဒဏ်သင့်ခဲ့ရတဲ့ဒေသတစ်ခု ဖြစ်ခဲ့တဲ့အပေါ် ဒေသခံ တစ်ယောက်အနေနဲ့ စစ်ပွဲပေါ် သဘောထား ကိုသိပါ ရစေ။
ဖြေ-ဘယ်လိုမှမလိုချင်တော့ဘူးပေါ့နော်။ တော် တော်များများကလည်း ပညာတတ်သွားပြီ လို့ပြောရမှာ ပေါ့။ တော်တော်များများက ဒီစစ်ပွဲကို အဖြစ်မခံတော့ဘူးလို့ထင်တယ်။ (၂) ဦး (၂)ဖက်ကလည်းအဖြစ် မခံတော့ဘူးလို့ထင်တယ်။ ဒါပေမဲ့ တိုင်းရင်းသားဘယ်ဘက်ကပဲကြည့်ကြည့် အရမ်းနစ်နာဆုံးရှုံးခဲ့ရ တော့ ညှိယူတဲ့အပိုင်းကပဲပြီးဆုံးသွားမယ်လို့ထင်တယ်။ စစ်ပွဲတော့အဖြစ်မခံတော့ဘူး။ စစ်ပွဲတောင် မဖြစ်မနေဖြစ်ခဲ့မယ်ဆိုရင် ဒီမှာတော့ ဘယ်သူမှမရှောင်တော့ဘူး။ အကုန်လုံးတင်းမာနေကြမှာ။ သေကာ မှသေကြဆိုသလိုဖြစ်နေကြတာ။ ဘယ်လိုမှမရှောင်တော့ဘူး။ ရှောင်ဖို့အင်အားလည်း မရှိတော့ ဘူး။ ရှောင်ရင်လည်း ဒုက္ခတစ်ခုပြီးတစ်ခု ကြုံနေရတာဆိုတော့ ဘယ်သူမှမရှောင်ချင်တော့ဘူး။
ကျေးဇူးတင်ပါတယ်။

Zawgyi Version:
ရင္နာရာမွေနသာသြားေသာ ရွမ္းေျမာက္မွ ထို(၂)ၿမိဳ႕
သန႔္ဇင္ (NP News)-ဒီဇင္ဘာ ၂၂
ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ေက်ာက္မဲၿမိဳ႕ႏွင့္ ေနာင္ခ်ိဳၿမိဳ႕ကို TNLA အဖြဲ႕က (၁၀၂၇) စစ္ဆင္ေရး အမည္ျဖင့္ေဖာ္ေဆာင္ခဲ့ေသာတိုက္ပြဲ ဒုတိယအပိုင္းတြင္ ထိန္းခ်ဳပ္ခဲ့ျခင္းျဖစ္ၿပီး (၁)ႏွစ္ေက်ာ္အၾကာတြင္ တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။ ယင္းၿမိဳ႕(၂)ၿမိဳ႕ကို တပ္မေတာ္ျပန္လည္ ထိန္းခ်ဳပ္ၿပီး(၃)လ ခန႔္အၾကာတြင္ စစ္ဒဏ္သင့္ခဲ့ေသာ ၿမိဳ႕(၂)ၿမိဳ႕၏ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား၊ ေဒသခံမ်ား၏ စိတ္ ေနသေဘာထားႏွင့္ တပ္မေတာ္ႏွင့္ TNLA တို႔၏ အုပ္ခ်ဳပ္မႈကြာျခားပုံမ်ားႏွင့္ပတ္သက္၍ ေဒသခံတစ္ဦး ထံ NP News ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး-ပထမဆုံးအေနနဲ႔ ေက်ာက္မဲနဲ႔ေနာင္ခ်ိဳရဲ႕ TNLA ထိန္းခ်ဳပ္ခဲ့တဲ့အခ်ိန္ကနဲ႔ အခုတပ္မေတာ္ ျပန္လည္ သိမ္းပိုက္ၿပီးေနာက္ပိုင္း ကြာျခားခ်က္ေလး ေတြကို အရင္ဆုံးေျပာျပေပးပါဦးခင္ဗ်။
ေျဖ-တိုးတက္လာတယ္လို႔ပဲေျပာရမလား။ လူေတြရဲ႕ စိတ္ေနစိတ္ထားကအစ ကြာသြားတာေပါ့ေနာ္။ ပေလာင္လက္ထက္တုန္းကေတာ့ ဘယ္လိုေျပာရမလဲဆိုေတာ့ ေၾကာက္ေၾကာက္နဲ႔ပဲေနရတယ္ ေပါ့ ေနာ္။ ဥပေဒစည္းမ်ဥ္းအတိုင္းမလိုက္ေတာ့ လူေတြက မလႊဲသာလို႔သာ သူတို႔လက္နက္ကို ေၾကာက္လို႔ သာေနရတယ္။ မတူဘူးေလ။ အခုတပ္မေတာ္ ျပန္ထိန္းခ်ဳပ္ေတာ့ ေျပာရဲဆိုရဲၾကတယ္ေပါ့ေနာ္။ ၿပီးရင္ အဘက္ဘက္က မေၾကာက္ရဘူး။ ဥပေဒအတိုင္းသြား တဲ့အခ်ိန္က်ေတာ့ ဥပေဒေဘာင္ထဲကေနရတဲ့ အတြက္ ပုံမွန္ေနလို႔ရတယ္ေပါ့။ သူတို႔လက္ထက္မွာတုန္းက်ေတာ့မတူဘူး။ သူတို႔က မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါဆိုသလိုေပါ့ေနာ္။ သူတို႔နဲ႔ နီးစပ္ရာနီးစပ္ရာကို သူတို႔ပိုင္ရင္ပိုင္သလိုေပါ့ စဥ္းမ်ဥ္းဥပေဒ မရွိ ဘူးေပါ့။ ဖမ္းခ်င္တဲ့အခ်ိန္ဖမ္းတယ္။ ေနာက္ၿပီး လူမွားဖမ္းတာေတြလည္းရွိတယ္။ အဲဒီေလာက္အထိကို စည္းမဲ့ကမ္းမဲ့ျဖစ္တာ။
ေမး- TNLA က အေၾကာက္တရားနဲ႔အုပ္ခ်ဳပ္သြားခဲ့တယ္ဆိုႏိုင္မလား။
ေျဖ- ဟုတ္တာေပါ့။ လူေတြကလည္း ေၾကာက္ေၾကာက္နဲ႔ ေနခဲ့ရတာေပါ့။ မလြန္ဆန္ႏိုင္ဘူးေလ။
ေမး- TNLA ထိန္းခ်ဳပ္ခဲ့စဥ္နဲ႔ အခုတပ္မေတာ္ ျပန္လည္ထိန္းခ်ဳပ္ၿပီးေနာက္ ေဒသခံေတြရဲ႕ စိတ္လုံၿခဳံမႈ ကေကာ ဘယ္လိုေျပာင္းလဲသြားခဲ့လဲ။
ေျဖ-တပ္ျပန္ေရာက္လာေတာ့ လုံၿခဳံတယ္ေလ။ ေပ်ာ္႐ႊင္တယ္။ လြတ္လြတ္လပ္လပ္သြားလာလႈပ္ရွား လို႔ရတယ္။ အဲဒီလိုမ်ိဳးေပါ့ေနာ္။
ေမး-ေက်ာက္မဲနဲ႔ေနာင္ခ်ိဳမွာျဖစ္ခဲ့တဲ့တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြထြက္ေျပးတိမ္းေရွာင္ခဲ့ရတာရွိ တယ္ေပါ့ေနာ္။ အဲဒီလူေတြေကာ ျပန္ဝင္လာၾကၿပီလားဗ်။ ဘယ္ေလာက္အတိုင္းအတာအထိျပန္ဝင္ေန ၾကၿပီလဲ။
ေျဖ-ျပန္ဝင္တယ္။ ေတာ္ေတာ္မ်ားမ်ားျပန္ဝင္တယ္။ ခ်က္ခ်င္းဝုန္းဒိုင္းနဲ႔ျပန္လာလို႔မရေပမယ့္ တျခား ေနရာမွာသြားအေျခခ်ၿပီးၿပီဆိုေတာ့ ျပန္လာဖို႔ကမလြယ္ ဘူးေလ။ စက္႐ုံအလုပ္႐ုံေတြက်ေတာ့ သူတို႔ စက္ပစၥည္းေတြအစ အကုန္သယ္သြားတာဆိုေတာ့ေလ ျပန္ဝင္ဖို႔ နည္းနည္းၾကာဦးမယ္ထင္တယ္။ စတိုး ဆိုင္၊ ေဈးဆိုင္ေတြကေတာ့ တျခားေနရာမွာ ဆိုင္သြားဖြင့္ၿပီး စတိုးဆိုင္တို႔ဘာတို႔က အကုန္လုံးေတာ့ မလာေသးဘူး။ ေဒသခံေတြကေတာ့ ေတာ္ေတာ္မ်ားမ်ားေတာ့ျပန္လာၿပီ။ ေျပာရမယ္ဆိုရင္ (၁၀)ပုံ (၇) ပုံေလာက္ျပန္ေရာက္ၾကပါၿပီ။
ေမး-လုပ္ငန္းႀကီးေတြကေတာ့ျပန္ဝင္ဖို႔ နည္းနည္းၾကာဦးမယ္ေပါ့။ ေနာက္ၿပီးတစ္ဆက္တည္းမွာပဲ အခု က ေက်ာက္မဲနဲ႔ေနာင္ခ်ိဳကို တပ္မေတာ္ကျပန္ထိန္းခ်ဳပ္ထားႏိုင္ၿပီဆိုေတာ့ စီမံကိန္းတခ်ိဳ႕ျပန္လည္ ပတ္ေနၿပီလား။
ေျဖ-လုပ္ေဆာင္ေနၾကပါၿပီ။ လွ်ပ္စစ္႐ုံးေတြကေတာ့ အနည္းဆုံးေတာ့ (၆)လေလာက္ၾကာဦးမယ္လို႔ ေတာ့ EPC ႐ုံးဝန္ထမ္းေတြကေတာ့ ေျပာတယ္။ လုပ္ေတာ့ လုပ္ေဆာင္ေနတယ္။ မီးရရွိေရးကိုေတာ့ ႀကိဳးစားပန္းစားလုပ္ေနတယ္ေပါ့ေနာ္။ ဖုန္းလိုင္းေတြလည္း ေတာ္ ေတာ္မ်ားမ်ား ျပန္ရၿပီးေတာ့ ေတာ္ ေတာ္မ်ားမ်ား အဆင္ေျပပါတယ္။ အခုအဆင္မေျပဘူးဆိုတာက သီေပါတံတားပိတ္ထားလို႔ လမ္းပန္း ဆက္သြယ္ေရးနည္းနည္းခက္ခဲတာပဲရွိတယ္။ က်န္တဲ့ဟာေတာ့ ေတာ္ေတာ္မ်ားမ်ား အဆင္ေျပသြားၾက ၿပီ။ မီးကလည္း သူတို႔ႀကိဳးစားပန္းစားလုပ္ေနၿပီဆိုေတာ့ ျပန္ရဖို႔နီးစပ္ေနပါၿပီ။ ၿပီးရင္ ဌာနဆိုင္ရာေတြ လည္း ေတာ္ေတာ္မ်ားမ်ားလည္ပတ္ေနၿပီ။ ကညနကေတာ့ဘာမွ မလုပ္ေပးေသးဘူး။ လိုင္စင္ သတ္ တမ္းတို႔ဘာညာေတာ့မလုပ္ေသးဘူး။ အဲဒါကညနေပါ့ေနာ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ အဆင္ေျပေန ပါၿပီ။ လုပ္လည္းလုပ္ေနၿပီ။ ျပန္လည္ပတ္ေနပါၿပီ။
ေမး-ဌာနဆိုင္ရာနဲ႔ပတ္သက္လို႔ေျပာသြားေတာ့ တိုက္ပြဲကာလမွာ ေက်ာက္မဲနဲ႔ေနာင္ခ်ိဳမွာ စစ္ဒဏ္ ေၾကာင့္ ပ်က္စီးသြားခဲ့ရတဲ့ ဌာနဆိုင္ရာ႐ုံးေတြရွိ တယ္။ လူေနအိမ္ေတြရွိတယ္ေပါ့ေနာ္။ အဲဒီ အေဆာက္ အအုံေတြနဲ႔ လုပ္ငန္းဆိုင္ရာေတြကိုေကာ ျပန္လည္တည္ေဆာက္ၿပီး ျပန္လည္ထူေထာင္ေရး ေတြလုပ္ေန ၾကၿပီလားဗ်။
ေျဖ-ေတာ္ေတာ္မ်ားမ်ားေတာ့ မလုပ္ရေသးဘူး။ မလုပ္ရေသးတာမ်ားတယ္။ လုပ္ၿပီးတာဆိုလို႔ မီးသတ္ တို႔ဘာတို႔ ႐ုံးဌာနအႀကီးပိုင္းေတြ ဘာမွေတာ့မလုပ္ရေသးဘူး။ သန႔္ရွင္းကအစ မလုပ္ရေသးဘဲ ဒီအတိုင္း ပဲပစ္ထားတာ။ ဌာနဆိုင္ရာေတြကေတာ့ ဘုန္းႀကီးေက်ာင္းေတြမွာ အေဆာက္အအုံတစ္ခုခုမွာ ငွားၿပီး ေတာ့လုပ္ေနတာေတာ့ရွိတယ္။ သူတို႔႐ုံးေတြကေတာ့ ဘာမွရစရာမရွိေတာ့ဘူးေလ။ ျပန္လုပ္ဖို႔ကလည္း မလြယ္ဘူးေပါ့။
ေမး-တစ္ဆက္တည္းမွာပဲ အခုလက္ရွိတပ္မေတာ္ ျပန္လည္ထိန္းခ်ဳပ္ၿပီးေနာက္ပိုင္း ေဒသခံေတြရဲ႕လူမႈ ေရးအေျခအေန တိုးတက္လာၿပီလားဗ်။
ေျဖ-ေကာင္းလာပါတယ္။ လြတ္လြတ္လပ္လပ္သြားလာလႈပ္ရွားလို႔ရတယ္။ လူမႈေရးအေျခအေနကေတာ့ အရင္က TNLA ရွိတုန္းက သာေရးနာေရးရွိလည္း သိုသိုဝွက္ဝွက္နဲ႔ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔လုပ္ ေနခဲ့ရတာေလ။ အဲဒီတုန္းကဆိုရင္ ေနရာအက်ဥ္းပဲ လုပ္ခဲ့ ရတာဆိုေတာ့ အခုေတာ့ ေတာ္ေတာ္ကိုက်ယ္က်ယ္ျပန႔္ျပန႔္လုပ္လာၾကၿပီ။
ေမး-စီးပြားေရးနဲ႔ပတ္သက္ၿပီး တိုးတက္လာတာျမင္ရလားဗ်။
ေျဖ-စီးပြားေရးကေတာ့ သိပ္ၿပီးေတာ့ မလည္ပတ္ေသးဘူး။ မလည္ပတ္ေသးဘူးဆိုတာ လမ္းပန္းဆက္ သြယ္ေရးက ခက္ေနေသးေတာ့ေလ။ ကုန္ကားေတြကလည္း ဂုတ္တြင္းမွာက တံတားကလည္း ယာယီ သေဘာပဲဆိုေတာ့ ခံႏိုင္ရည္ဝန္က အဲဒီေလာက္မရွိေတာ့ ကုန္ကားေတြက အဲဒီေလာက္မဝင္ေသးဘူး။ အဲဒီလိုျဖစ္ေနတာ။ ဒီဘက္ တံတားကလည္း ပိတ္ထားရေတာ့ ကုန္ကသိပ္မစီးဆင္းေသးဘူးေပါ့။ စီးပြား ေရးကေတာ့ နာလန္ျပန္ထူဖို႔ ႀကိဳးစားရဦးမယ္ေပါ့ေနာ္။ ေဈးဆိုင္ေတြေတာ့ျပန္ဖြင့္ၿပီ။ ဒါေပမဲ့ တခ်ိဳ႕ေတြ ကေတာ့ ေဈးဦးေတာင္မေဖာက္ေသးဘူး ေပါ့ေနာ္။ အဲဒီလိုေတြေတာ့ရွိတယ္။
ေမး-ေဒသတြင္းစိုက္ပ်ိဳးမႈအေျခအေနေတြေရာ ျပန္ျမင္ေနရၿပီလားဗ်။
ေျဖ-စိုက္ပ်ိဳးေရးကလည္း ေျမဆီေတြက တင္ေဆာင္ ခြင့္မရွိ၊ တံတားေတြကလည္းပိတ္ေတာ့ သိပ္ အဆင္မေျပဘူး။ ဒီဘက္ကလည္း သိပ္မတင္သြင္း ႏိုင္ေတာ့ေလ။
ေမး-အားယူေနရတဲ့အေျခအေနေပါ့။ နဂိုအတိုင္း ျပန္ျဖစ္ဖို႔ဆိုရင္ ေတာ္ေတာ္ေလးကို ႐ုန္းထေနရတဲ့အ ေျခအေနျဖစ္ေနတာေပါ့။
ေျဖ-ဟုတ္တယ္။ အရင္လိုျပန္ျဖစ္ဖို႔ဆိုရင္ ေတာ္ ေတာ္ေလးကို အားယူေနရတာ။
ေမး-ပညာေရးနဲ႔ပတ္သက္ၿပီးေတာ့လည္း ေက်ာက္မဲ၊ ေနာင္ခ်ိဳကို တပ္မေတာ္ျပန္လည္ထိန္းခ်ဳပ္ၿပီး ေနာက္ပိုင္းမွာ အေျခခံပညာေက်ာင္းေတြလည္းျပန္ဖြင့္တာ ျမင္ရေတာ့ လက္ရွိေျမျပင္အေျခအေနမွာ ပညာေရးနဲ႔ ပတ္သက္ၿပီး ဘာေတြေျပာင္းလဲလာလဲ။
ေျဖ-အရမ္းေကာင္းပါတယ္။ ေတာ္ေတာ္မ်ားမ်ားလည္းျပန္တက္ၾကပါၿပီ။ ဒါေပမဲ့ (၁)ႏွစ္၊ (၂) ႏွစ္ ေအာက္ သြားတဲ့ကေလးေတြကို သူတို႔ထိန္းခ်ဳပ္တဲ့ အခ်ိန္မွာေတာ့ တရားမဝင္ဘူးေလ။ အဲဒီကေလးေတြ အတြက္ က်ေတာ့ အတန္းခ်ခံရတယ္ေပါ့ေနာ္။ အဲဒီကေလးေတြကေတာ့ နစ္နာတယ္ေပါ့။ တတ္ႏိုင္တဲ့ မိဘေတြကေတာ့ တျခားေက်ာင္းေတြသြားထားတယ္ေပါ့။ ၿပီးေတာ့ တစ္ေက်ာင္းၿပီးတစ္ေက်ာင္း ေျပာင္း လိုက္နဲ႔ စားရင္းသြင္းၿပီးေတာ့ ဒီမွာက်ဴရွင္သေဘာမ်ိဳးနဲ႔တက္ၿပီးေတာ့ အဲဒီလို အတန္းတက္ေတြလည္းရွိ တယ္ေပါ့ေနာ္။ အဲဒါကေတာ့ အရည္အခ်င္းမစစ္မွန္ဘူးေပါ့ေနာ္။ တစ္ေန႔ကို တစ္နာရီသင္တာနဲ႔ ေက်ာင္း မွာတစ္ေနကုန္သင္တာနဲ႔မတူဘူးေလေနာ္။ အရည္အခ်င္းမစစ္ဘူးေပါ့ေနာ္။ ေနာက္ၿပီးေတာ့ အစားထိုး ေျဖတာေတြရွိတယ္။ အဲဒီဟာေတြက်ေတာ့ နီးစပ္ရာခ်ိတ္ဆက္ၿပီးေတာ့ သူတို႔ေတြက ေက်ာင္း တက္ၾက တယ္ေပါ့ေနာ္။ လုံးဝမတတ္ႏိုင္တဲ့မိဘေတြ ကေတာ့ (၁)ႏွစ္ေအာက္ၿပီး ကေလးေတြကိုထားရတာ ေပါ့ ေနာ္။ အဲဒီကေလးေတြကေတာ့ အရမ္းနစ္နာတယ္။
ေမး-က်န္းမာေရးအေနနဲ႔ေကာ ေဆး႐ုံ၊ ေဆးခန္း ေတြျပန္ဖြင့္တဲ့အေျခအေနကိုေျပာျပေပးပါဦး။
ေျဖ- ဘယ္လိုေျပာရမလဲ ေဆး႐ုံေတြကလည္း အေတာ္ကိုပ်က္စီး တာေလ။ ေဆး႐ုံေတြအရမ္းပ်က္ စီးသြားတဲ့အတြက္ ဆရာဝန္ေတြလည္း မလုံေလာက္ေတာ့ဘူး။ ေနာက္ၿပီး ေဆး႐ုံေတြမွာလည္း မ်ား ေသာအားျဖင့္ အိပ္စရာခုတင္ေတြမ်ားမ်ားစားစားမရွိဘူးေလ။ ေဆး႐ုံကလည္း ေဆးခန္းသာသာသေဘာ ေလာက္ပဲရွိေတာ့တယ္ေလ။ ေဆး႐ုံကို သြားၿပီး ညအိပ္ညတာျပဳစုရတာေတြလည္း မရွိေတာ့ဘူး။ ဝန္ထမ္းလည္းမျပည့္စုံဘူးေပါ့ေနာ္။ မီးေတြလည္း မရေသးေတာ့ေလ။ ဌာနဆိုင္ရာေတာ္ေတာ္မ်ားမ်ား ကေတာ့ မီးေတြေတာ့ရၿပီ။ မီးထြန္း႐ုံေလာက္ပဲ အဆင္ေျပတာေလ။
ေမး-ကုန္ေဈးႏႈန္းအေျခအေနေကာ ဘယ္လိုရွိလဲဗ်။
ေျဖ-ကုန္ေဈးႏႈန္းကေတာ့ တျခားၿမိဳ႕ေတြထက္စာရင္ ကြၽန္မတို႔ၿမိဳ႕ေတြကေတာ့ နည္းနည္းေလး ေဈး ေျမာက္တယ္။ ဘာလို႔ဆို လမ္းပိတ္တာလည္းကြာတာေပါ့ေလ။ လမ္းကတိုက္႐ိုက္မဖြင့္တာက်ေတာ့ သူ႔ရဲ႕တင္ေဆာင္ ခေတြေဈးမ်ားတဲ့အတြက္ ကုန္ေဈးႏႈန္းအေပၚမွာျပန္ၿပီးေတာ့ သက္ေရာက္တယ္ေပါ့ ေနာ္။ ကုန္ေဈးႏႈန္းကေတာ့ နည္းနည္းေလးမ်ားတယ္။ ဓာတ္ဆီ တစ္လီတာဆိုရင္ က်ပ္ (၄၅၀ဝ) ေလာက္ရွိတယ္။ ရန္ကုန္တို႔ မႏၲေလးတို႔ဆိုရင္ အဲဒီေလာက္မရွိဘူးေလ။ ဒါေပမဲ့ အရင္တုန္းက (၅၀ဝဝ) ကေန အခု (၄၅၀ဝ)ျဖစ္သြားတာေပါ့။ ဂက္စ္ဆိုရင္လည္း ဒီမွာတစ္လုံးေဈးနဲ႔ မႏၲေလး၊ ရန္ကုန္ေဈးနဲ႔ ကြာ တယ္။
ေမး-အေျခခံစားေသာက္ကုန္ေဈးႏႈန္းေတြေကာ ဘယ္လိုရွိလဲ။
ေျဖ-အကုန္ေျမာက္တာေပါ့။ လူသုံးကုန္ပစၥည္းမွန္သမွ်အကုန္ေဈးေျမာက္တယ္။
ေမး-ေက်ာက္မဲ၊ ေနာင္ခ်ိဳမွာက စစ္ရဲ႕ဆိုးက်ိဳးကို ဘယ္လိုလူေတြက အမ်ားစုခံစားခဲ့ရလဲ။
ေျဖ-ဌာနဆိုင္ရာကေတာ့ နည္းနည္းေတာ့ ခံသာတာေပါ့ေနာ္။ ဌာနဆိုင္ရာကဝင္ေငြမျပတ္ဘူး။ သူတို႔က ဝင္ေငြမျပတ္ေတာ့ နည္းနည္းေလး လည္ပတ္လို႔ရတယ္။ လုပ္ငန္းရွင္ေတြကေတာ့ အကုန္လုံး အဲဒီ ကာလမွာလည္း သူတို႔ဝန္ထမ္းေတြကို လစာမျပတ္ေပးရတာပဲေလ။ သူတို႔ေတြလည္းနစ္နာတယ္။ ေတာင္သူလယ္သမားေတြလည္း ဒီစစ္ပြဲကာလမွာ ဘာမွလုပ္လို႔မရဘူး။ ကိုယ့္ေတာင္ယာကိုေတာင္မွ သြားလို႔မရတဲ့အေနအထားမွာဆိုေတာ့ ပ်က္စီးဆုံးရႈံးမႈမ်ားတယ္။ အဲဒီအထဲမွာေတာ့ အသက္သာဆုံးက ေတာ့ ဝန္ထမ္းေတြေပါ့။
ေမး- TNLA ထိန္းခ်ဳပ္ထားစဥ္တုန္းက ေက်ာက္မဲနဲ႔ ေနာင္ခ်ိဳမွာ ေဒသခံေတြအေပၚလူမ်ိဳးေရးအရ ခြဲျခား ဆက္ဆံတာေတြရွိခဲ့တယ္လို႔ ၾကားသိရတယ္။ အဲဒီအေျခအေနေတြလည္း ျပန္ေျပာေပးပါဦး ဘယ္လို ျဖစ္ခဲ့တာလဲ။ လက္ရွိအခ်ိန္အထိ ဘယ္လိုသက္ေရာက္မႈေတြရွိေနေသးလဲ။
ေျဖ-အမ်ားႀကီးသက္ေရာက္တာေပါ့ေနာ္။ ကြၽန္မတို႔ဆိုရင္ တိုင္းရင္းသားေတြျဖစ္တဲ့အတြက္ ေသြးခြဲတာ ေတာ့မဟုတ္ဘူးေပါ့ေနာ္။ ကိုယ္တိုင္ခံစားရတဲ့ ကိုယ္တိုင္ႀကဳံေတြ႕ရတဲ့ ခံစားခ်က္ဆိုေတာ့ ေျပာျပမယ္ ေပါ့ေနာ္။ လူမ်ိဳးေရးကေတာ့ အရမ္းခြဲျခားတယ္။ သူတို႔ထိန္းခ်ဳပ္ထားတုန္းကဆိုရင္ နည္းနည္းေလး ေျမာက္တယ္။ ေျမာက္ႂကြႂကြေတြနဲ႔ဆိုေတာ့ သူတို႔ကမွ တကယ္ေသြးခြဲတာ။ ေက်ာက္မဲၿမိဳ႕ေပၚမွာဆိုရင္ သူတို႔ေတြခ်ည္းပဲေပါ့ေနာ္။ အခုလည္းက်ေရာ တပ္ကျပန္သိမ္းလိုက္ေတာ့ တစ္ေယာက္မွကို မရွိေတာ့ ဘူး။ ဒါေပမဲ့ (၁၀၂၇) မွာ ဘယ္ဘက္ကိုမွ မပတ္သက္မဆက္ႏႊယ္ဘူးဆိုၿပီး ကိုယ့္လိပ္ျပာကိုယ္ လုံတဲ့လူ ေတြကေတာ့ နည္းနည္းပါးပါးရွိေသးတယ္။ အခုကေတာ့ တကယ္ပါခဲ့တဲ့လူေတြကိုေတာ့ တကယ္ ဖမ္း ေနၿပီေလ။ သူတို႔တုန္းကလည္း ေတာ္ေတာ္ကိုဖမ္းတာ။ ဖမ္းဆီးႏွိပ္စက္ခံရတဲ့အထဲက မေသတဲ့လူေတြ က ျပန္ေျပာျပေတာ့ သူတို႔ဆိုရင္ စိတ္ပိုင္းဆိုင္ရာ အရမ္းထိခိုက္ၿပီးေတာ့ ႐ူးသလိုေၾကာင္ သလိုေတာင္ ျဖစ္သြားတာ။ စိတ္ေတြမမွန္ေတာ့ဘူး။ အရမ္းႏွိပ္စက္ခံခဲ့ရေတာ့ေလ။ ကြၽန္မအသိဆိုရင္ ေနာင္ခ်ိဳ၊ အုန္းမသီးက သူတို႔အိမ္ဆိုရင္ လုံးဝအုတ္ပုံႀကီးပဲ က်န္ခဲ့တာ။ သူ႔ရဲ႕အိမ္ထဲမွာဆိုရင္ တာယာကြင္းေတြ ထည့္ၿပီး မီးရႈိ႕ခဲ့တာ။ သူဆိုရင္ စိတ္ၿငိမ္ေဆးေတြ ေသာက္လိုက္ရတယ္။
ေမး- TNLA ျပန္ဆုတ္ရေတာ့ ေနာင္ခ်ိဳနဲ႔ ေက်ာက္မဲက ဌာနဆိုင္ရာ႐ုံးေတြနဲ႔ ေနအိမ္ေတြက ပစၥည္းေတြ အကုန္သယ္သြားခဲ့တယ္လို႔ သိရတယ္။ ပထမဆုံးအေနနဲ႔ အဲဒီျဖစ္စဥ္က အမွန္လား။
ေျဖ- အမွန္ပါပဲ။ သူတို႔ကသူတို႔ကိုယ္သူတို႔သိမွာပဲေလ။ သူတို႔က ဘယ္လိုမွယွဥ္လို႔မရေတာ့ဘူးဆိုတာကို သူတို႔သိေတာ့ အေစာပိုင္းတည္းက သူတို႔အကုန္သယ္တာ။ စာသင္ေက်ာင္းေတြကကြန္ပ်ဴတာေတြ။ ႐ုံးပိုင္းဆိုင္ရာ စားပြဲ၊ ဆက္တီအကုန္လုံး လက္ေဆးေဘစင္က အစအကုန္ျဖဳတ္ယူတာ။ ေက်ာက္မဲ အထက ေက်ာင္းကဆိုရင္ မီးစက္သိန္း(၁၀ဝ)ေက်ာ္တယ္။ အဲဒီမီးစက္ကအစအကုန္သယ္တာ။ ဘာဆို ဘာမွမက်န္ခဲ့တာ။ အခြံပဲက်န္ခဲ့တာ။ ဆက္တီ ဆိုရင္လည္း ေကာင္းေပ့ဆိုတဲ့ဆက္တီေတြပါမတာ။ ၿမိဳ႕ထဲမွာ ေမြ႕ရာေရာင္းတဲ့ဆိုင္ရွိတယ္။ အဲဒီေမြ႕ရာ ေတြကအစအကုန္သယ္တာ။ အခြံပဲက်န္ခဲ့တာ။ မီးႀကိဳးေတြကအစျဖဳတ္တာ။ ရပ္ကြက္ေတြထဲက သူခိုးေတြကလည္းယူတယ္။ သူခိုးေတြကလည္း ေပါ လိုက္တာ။ အဲဒီသူခိုးေတြ ကေနာ္ အဲဒီတုန္းက ေဈးလည္ေခါင္မွာေတာင္ျပန္ေရာင္းစားတာေနာ္။ ေဈးေပါ ေပါနဲ႔။ တခ်ိဳ႕ကကိုယ့္ ပစၥည္းကိုျပန္မွတ္မိ တယ္ေလ။ အဲဒီမွာျပန္ဝယ္ရတယ္။ (၃) ဆ၊ (၁) ဆေဈးနဲ႔ ျပန္ ေရာင္းရတာ။ အဲဒီလို။ ေဈးလယ္ ေကာင္မွာျပန္ခ်ေရာင္းတာေနာ္။ ေပၚတင္ပဲ။
ေမး-ဒါဆိုရင္ ေက်ာက္မဲနဲ႔ေနာင္ခ်ိဳမွာ လက္ရွိမွာ အႀကီးမားဆုံးလိုအပ္ခ်က္ဆိုရင္ ဘာလို႔ေျပာလို႔ရမလဲ။
ေျဖ-လွ်ပ္စစ္မီးေပါ့ေနာ္။ ဒီမီးရွိရင္ေတာ့ ေတာ္ေတာ္ မ်ားမ်ားျပန္လည္ပတ္ႏိုင္ပါၿပီ။ ေဒသခံေတြျပန္လည္ ေခ်ာင္လည္ဖို႔အတြက္ လမ္းပန္းဆက္သြယ္ေရး ျပန္ဖြင့္ရင္ေတာ့ ေျပလည္သြားမွာပါ။ လမ္းေကာင္း သြား မယ္ဆိုရင္ ကုန္စီးဆင္းမႈေတြမ်ားလာမယ္။ ေဈးလည္းသက္သာလာမယ္ေပါ့ေနာ္။
ေမး-အဲဒီေတာ့ ေနာက္ဆုံးအေနနဲ႔ (၁၀၂၇) ကစခဲ့ တဲ့တိုက္ပြဲေၾကာင့္ ေက်ာက္မဲ၊ ေနာင္ခ်ိဳက စစ္ေဘးစစ္ ဒဏ္သင့္ခဲ့ရတဲ့ေဒသတစ္ခု ျဖစ္ခဲ့တဲ့အေပၚ ေဒသခံ တစ္ေယာက္အေနနဲ႔ စစ္ပြဲေပၚ သေဘာထား ကိုသိပါ ရေစ။
ေျဖ-ဘယ္လိုမွမလိုခ်င္ေတာ့ဘူးေပါ့ေနာ္။ ေတာ္ ေတာ္မ်ားမ်ားကလည္း ပညာတတ္သြားၿပီ လို႔ေျပာရမွာ ေပါ့။ ေတာ္ေတာ္မ်ားမ်ားက ဒီစစ္ပြဲကို အျဖစ္မခံေတာ့ဘူးလို႔ထင္တယ္။ (၂) ဦး (၂)ဖက္ကလည္းအျဖစ္ မခံေတာ့ဘူးလို႔ထင္တယ္။ ဒါေပမဲ့ တိုင္းရင္းသားဘယ္ဘက္ကပဲၾကည့္ၾကည့္ အရမ္းနစ္နာဆုံးရႈံးခဲ့ရ ေတာ့ ညႇိယူတဲ့အပိုင္းကပဲၿပီးဆုံးသြားမယ္လို႔ထင္တယ္။ စစ္ပြဲေတာ့အျဖစ္မခံေတာ့ဘူး။ စစ္ပြဲေတာင္ မျဖစ္မေနျဖစ္ခဲ့မယ္ဆိုရင္ ဒီမွာေတာ့ ဘယ္သူမွမေရွာင္ေတာ့ဘူး။ အကုန္လုံးတင္းမာေနၾကမွာ။ ေသကာ မွေသၾကဆိုသလိုျဖစ္ေနၾကတာ။ ဘယ္လိုမွမေရွာင္ေတာ့ဘူး။ ေရွာင္ဖို႔အင္အားလည္း မရွိေတာ့ ဘူး။ ေရွာင္ရင္လည္း ဒုကၡတစ္ခုၿပီးတစ္ခု ႀကဳံေနရတာဆိုေတာ့ ဘယ္သူမွမေရွာင္ခ်င္ေတာ့ဘူး။
ေက်းဇူးတင္ပါတယ္။