ပြည်သူ့ပါတီ မှ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ထောင်ဒဏ်တစ်နှစ် ချမှတ်

 1575

သုတကျော် (NP News) - ဇန်နဝါရီ ၈

TikTok မှ မဲဆွယ်စဉ် “အရေးတော်ပုံ၊ တော်လှန်ရေး” စသည်ဖြင့် စကားလုံးများကို ပြောဆိုခဲ့ဖူးသော ပြည်သူ့ ပါတီ မှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်အား ဒီဇင်ဘာ ၁၈ ရက်တွင် ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၅၈ (ဂ) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ပြီး ယနေ့ (ဇန်နဝါရီလ ၈ ရက်) တွင် ထိုသို့ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒဏ်ငွေတစ်သိန်းလား မသိဘူး အဲဒါနဲ့ ထောင်ဒဏ် တစ်နှစ်ချတယ်တဲ့” ဟု ပြည်သူပါတီ ၏ ရန်ကုန်တိုင်း ဥက္ကဌ ဦးလှဌေး က NP News ကို ပြောသည်။
ဦးလွင်မြင့်သည် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိ တရားစွဲဆိုခံရသော ပုဒ်မ နှင့် ပတ်သက်၍ နေအိမ်မှ ခေါ်ဆောင် ဖမ်းဆီးခံရပြီးသည့် နောက် အာမခံ ရခဲ့သူ ဖြစ်သည်။

Zawgyi Version:

TikTok မွ မဲဆြယ္စဥ္ “အေရးေတာ္ပုံ၊ ေတာ္လွန္ေရး” စသည္ျဖင့္ စကားလုံးမ်ားကို ေျပာဆိုခဲ့ဖူးေသာ ျပည္သူ႔ ပါတီ မွ သဃၤန္းကြၽန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စးလွယ္ေလာင္း ဦးလြင္ျမင့္ကို ေထာင္ဒဏ္ တစ္ႏွစ္ ခ်မွတ္လိုက္ေၾကာင္း သိရသည္။
ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးလြင္ျမင့္အား ဒီဇင္ဘာ ၁၈ ရက္တြင္ ေ႐ြးေကာက္ပြဲနည္းဥပေဒ ပုဒ္မ ၅၈ (ဂ) ျဖင့္ အမႈဖြင့္ခဲ့ျခင္း ျဖစ္ၿပီး ယေန႔ (ဇန္နဝါရီလ ၈ ရက္) တြင္ ထိုသို႔ ခ်မွတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ဒဏ္ေငြတစ္သိန္းလား မသိဘူး အဲဒါနဲ႔ ေထာင္ဒဏ္ တစ္ႏွစ္ခ်တယ္တဲ့” ဟု ျပည္သူပါတီ ၏ ရန္ကုန္တိုင္း ဥကၠဌ ဦးလွေဌး က NP News ကို ေျပာသည္။
ဦးလြင္ျမင့္သည္ ႏိုင္ငံေရး အက်ဥ္းသားေဟာင္း တစ္ဦးျဖစ္ၿပီး လက္ရွိ တရားစြဲဆိုခံရေသာ ပုဒ္မ ႏွင့္ ပတ္သက္၍ ေနအိမ္မွ ေခၚေဆာင္ ဖမ္းဆီးခံရၿပီးသည့္ ေနာက္ အာမခံ ရခဲ့သူ ျဖစ္သည္။

Related news

© 2021. All rights reserved.