BTS ၏ “Life Goes On” သီချင်း က Spotify ပလက်ဖောင်းတွင် ထုတ်လွှင့်မှု (၁)ဘီလျံကျော်သွား

99

Pika(NP News)-မတ် ၂၉
တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ ‘‘Life Goes On’’ သီချင်းသည် ကမ္ဘာ့အကြီး ဆုံး ဂီတပလက်ဖောင်း Spotify တွင် ထုတ်လွှင့်မှု(၁)ဘီလျံကျော်သွားခဲ့ပြီး နောက်ထပ်သမိုင်းမှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါအောင်မြင်မှုအသစ်နှင့်အတူ Spotify တွင် ထုတ်လွှင့်မှု(၁)ဘီလျံကျော်သွား ခဲ့သည့် BTS အဖွဲ့၏သီချင်းစုစုပေါင်းမှာ (၆)ပုဒ် အထိရှိလာပြီဖြစ်ကြောင်းလည်းသိရသည်။ (၂၀၂၀)ပြည့်နှစ် နိုဝင်ဘာလတွင်ထွက်ရှိလာခဲ့သော ‘Life Goes On’သီချင်းသည် တောင်ကိုရီးယားဘာသာ စကားဖြင့်သီဆိုထားသော သီချင်းတစ်ပုဒ်အနေဖြင့် အဆိုပါမှတ်တိုင်သို့ရောက်ရှိခဲ့ခြင်းမှာ အရေးကြီးသည့်အောင်မြင်မှုတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ BTS အဖွဲ့ ၏ သတ္တမမြောက် မီနီအယ်လ်ဘမ် ‘BE’ မှ ခေါင်းစဉ်သီချင်းဖြစ်သော “Life Goes On”နှင့်အတူ Spotify တွင် ထုတ်လွှင့်မှု(၁)ဘီလျံ ကျော်သွားခဲ့သည့် နောက်ထပ်သီချင်း(၅)ပုဒ်မှာ “FAKE LOVE”၊ “Boy With Luv(feat. Halsey)”၊ “Dynamite”၊ “Butter” နှင့် “My Universe”သီချင်းတို့ဖြစ်သည်။ ပြီးခဲ့သည့်မတ်လ (၂၀)ရက်တွင် BTS အဖွဲ့၏အယ်လ်ဘမ်အသစ်ဖြစ်သော ARIRANG ထွက်ရှိလာခဲ့ပြီးနောက် အဆိုပါအောင် မြင်မှုက နောက်ထပ် အာရုံစိုက်မှုများကို ဆွဲဆောင်နိုင် ခဲ့ကြောင်းလည်းသိရသည်။ “ARIRANG” မှ သီချင်းအားလုံးသည် Spotify ၏ “Daily Top Songs Global” ဇယားတွင် ဆက်တိုက် ထုတ်လွှင့် မှုများရရှိခဲ့ပြီး “Life Goes On” သီချင်းသည်လည်း ထုတ်ဝေပြီးနောက် (၅)နှစ်နီးပါးအကြာတွင် တူညီသောဇယားသို့ ပြန်လည်ဝင်ရောက်ခဲ့ကာ သီချင်း ဟောင်းနှင့် သီချင်း အသစ်နှစ်မျိုးလုံးကို တစ်ပြိုင်နက် တည်းဂုဏ်ပြုသည့် ရှားရှားပါးပါးအခိုက်အတန့်ကို ဖန်တီးနိုင်ခဲ့ကြောင်းလည်းသိ ရသည်။
(Ref : allkpop)

Zawgyi Version:
BTS ၏ “Life Goes On” သီခ်င္း က Spotify ပလက္ေဖာင္းတြင္ ထုတ္လႊင့္မႈ (၁)ဘီလ်ံေက်ာ္သြား
Pika(NP News)-မတ္ ၂၉
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏ ‘‘Life Goes On’’ သီခ်င္းသည္ ကမာၻ႔အႀကီး ဆုံး ဂီတပလက္ေဖာင္း Spotify တြင္ ထုတ္လႊင့္မႈ(၁)ဘီလ်ံေက်ာ္သြားခဲ့ၿပီး ေနာက္ထပ္သမိုင္းမွတ္တိုင္သစ္တစ္ခုကို စိုက္ထူႏိုင္ခဲ့ေၾကာင္းသိရသည္။ အဆိုပါေအာင္ျမင္မႈအသစ္ႏွင့္အတူ Spotify တြင္ ထုတ္လႊင့္မႈ(၁)ဘီလ်ံေက်ာ္သြား ခဲ့သည့္ BTS အဖြဲ႕၏သီခ်င္းစုစုေပါင္းမွာ (၆)ပုဒ္ အထိရွိလာၿပီျဖစ္ေၾကာင္းလည္းသိရသည္။ (၂၀၂၀)ျပည့္ႏွစ္ ႏိုဝင္ဘာလတြင္ထြက္ရွိလာခဲ့ေသာ ‘Life Goes On’သီခ်င္းသည္ ေတာင္ကိုရီးယားဘာသာ စကားျဖင့္သီဆိုထားေသာ သီခ်င္းတစ္ပုဒ္အေနျဖင့္ အဆိုပါမွတ္တိုင္သို႔ေရာက္ရွိခဲ့ျခင္းမွာ အေရးႀကီးသည့္ေအာင္ျမင္မႈတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ BTS အဖြဲ႕ ၏ သတၱမေျမာက္ မီနီအယ္လ္ဘမ္ ‘BE’ မွ ေခါင္းစဥ္သီခ်င္းျဖစ္ေသာ “Life Goes On”ႏွင့္အတူ Spotify တြင္ ထုတ္လႊင့္မႈ(၁)ဘီလ်ံ ေက်ာ္သြားခဲ့သည့္ ေနာက္ထပ္သီခ်င္း(၅)ပုဒ္မွာ “FAKE LOVE”၊ “Boy With Luv(feat. Halsey)”၊ “Dynamite”၊ “Butter” ႏွင့္ “My Universe”သီခ်င္းတို႔ျဖစ္သည္။ ၿပီးခဲ့သည့္မတ္လ (၂၀)ရက္တြင္ BTS အဖြဲ႕၏အယ္လ္ဘမ္အသစ္ျဖစ္ေသာ ARIRANG ထြက္ရွိလာခဲ့ၿပီးေနာက္ အဆိုပါေအာင္ ျမင္မႈက ေနာက္ထပ္ အာ႐ုံစိုက္မႈမ်ားကို ဆြဲေဆာင္ႏိုင္ ခဲ့ေၾကာင္းလည္းသိရသည္။ “ARIRANG” မွ သီခ်င္းအားလုံးသည္ Spotify ၏ “Daily Top Songs Global” ဇယားတြင္ ဆက္တိုက္ ထုတ္လႊင့္ မႈမ်ားရရွိခဲ့ၿပီး “Life Goes On” သီခ်င္းသည္လည္း ထုတ္ေဝၿပီးေနာက္ (၅)ႏွစ္နီးပါးအၾကာတြင္ တူညီေသာဇယားသို႔ ျပန္လည္ဝင္ေရာက္ခဲ့ကာ သီခ်င္း ေဟာင္းႏွင့္ သီခ်င္း အသစ္ႏွစ္မ်ိဳးလုံးကို တစ္ၿပိဳင္နက္ တည္းဂုဏ္ျပဳသည့္ ရွားရွားပါးပါးအခိုက္အတန႔္ကို ဖန္တီးႏိုင္ခဲ့ေၾကာင္းလည္းသိ ရသည္။
(Ref : allkpop)