ဟာသသရုပ်ဆောင်လူရွှင်တော်ကြီး ဦးနေကျော် နေအိမ်တွင် ကွယ်လွန်

3956
စော(NP News)- မတ် ၁၉
ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဦးနေကျော်သည် မတ်လ ၁၉ရက်၊ မွန်းလွဲ (၃)နာရီဝန်းကျင်ခန့်က ၎င်း၏ နေအိမ်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
“သူက ကျောက်ကပ်ပျက်စီးတယ်။ ကျောက်ကပ်ထဲက ပိုးက ဦးနှောက်ထဲကို ရောက်တယ်။ မဆုံးခင် တစ်ပတ်လောက်က ဘာအသိစိတ်မှမရှိတော့ဘူး။ သူ မိန်းမလည်းမမှတ်မိ၊ သားသမီးတွေလည်းမမှတ်မိတော့ဘူး။ ကျွန်တော်တို့ ကယ်ဖို့ကြိုးစားပါတယ်။ ဆေးရုံတင်မယ်ဆိုတော့ အရပ်ထဲက ဆရာဝန်ကြီးက မရပါဘူး။ လူနာပိုခံရမယ်ဆေးရုံကိုပို့တဲ့ ကားစီးတဲ့ဒဏ်လည်း သူမခံနိုင်ဘူး။ သူက တစ်ကိုယ်လုံးအထိမခံနိုင်ဘူးဖြစ်တာ။ မြောက်ဥက္ကလာ ဆေးရုံတင်သေးတယ်။ ဦးနှောက်ထဲ ပိုးဝင်တော့ ဆရာဝန်က တစ်ရက်ပဲထားပြီးတော့ ပြန်ခေါ်သွားခိုင်းတယ်”ဟု ဟာသသရုပ်ဆောင် ကိုငွေတိုးက NP Newsကိုပြောသည်။
ဦးနေကျော်သည် ကွယ်လွန်ချိန်တွင် အသက် (၆၆) နှစ် အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။
“ဖေကြီးရယ် သားကိုထားခဲ့ပြီလားဗျာ။ သားဘယ်လိုနေရတော့မှာလဲ”ဟု ၎င်း၏သားဖြစ်သူ ဟာသမင်းသား ကိုလရောင်က လူမှုကွန်ယက်တစ်တော့စာမျက်နှာတွင် ယနေ့ရေးသားထားသည်။
Zawgyi Version:
ဟာသသ႐ုပ္ေဆာင္လူ႐ႊင္ေတာ္ႀကီး ဦးေနေက်ာ္ ေနအိမ္တြင္ ကြယ္လြန္
ေစာ(NP News)- မတ္ ၁၉
ဟာသသ႐ုပ္ေဆာင္ လူ႐ႊင္ေတာ္ႀကီး ဦးေနေက်ာ္သည္ မတ္လ ၁၉ရက္၊ မြန္းလြဲ (၃)နာရီဝန္းက်င္ခန႔္က ၎၏ ေနအိမ္တြင္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ေၾကာင္း နီးစပ္သူမ်ားထံမွ သိရသည္။
“သူက ေက်ာက္ကပ္ပ်က္စီးတယ္။ ေက်ာက္ကပ္ထဲက ပိုးက ဦးေႏွာက္ထဲကို ေရာက္တယ္။ မဆုံးခင္ တစ္ပတ္ေလာက္က ဘာအသိစိတ္မွမရွိေတာ့ဘူး။ သူ မိန္းမလည္းမမွတ္မိ၊ သားသမီးေတြလည္းမမွတ္မိေတာ့ဘူး။ ကြၽန္ေတာ္တို႔ ကယ္ဖို႔ႀကိဳးစားပါတယ္။ ေဆး႐ုံတင္မယ္ဆိုေတာ့ အရပ္ထဲက ဆရာဝန္ႀကီးက မရပါဘူး။ လူနာပိုခံရမယ္ေဆး႐ုံကိုပို႔တဲ့ ကားစီးတဲ့ဒဏ္လည္း သူမခံႏိုင္ဘူး။ သူက တစ္ကိုယ္လုံးအထိမခံႏိုင္ဘူးျဖစ္တာ။ ေျမာက္ဥကၠလာ ေဆး႐ုံတင္ေသးတယ္။ ဦးေႏွာက္ထဲ ပိုးဝင္ေတာ့ ဆရာဝန္က တစ္ရက္ပဲထားၿပီးေတာ့ ျပန္ေခၚသြားခိုင္းတယ္”ဟု ဟာသသ႐ုပ္ေဆာင္ ကိုေငြတိုးက NP Newsကိုေျပာသည္။
ဦးေနေက်ာ္သည္ ကြယ္လြန္ခ်ိန္တြင္ အသက္ (၆၆) ႏွစ္ အ႐ြယ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။
“ေဖႀကီးရယ္ သားကိုထားခဲ့ၿပီလားဗ်ာ။ သားဘယ္လိုေနရေတာ့မွာလဲ”ဟု ၎၏သားျဖစ္သူ ဟာသမင္းသား ကိုလေရာင္က လူမႈကြန္ယက္တစ္ေတာ့စာမ်က္ႏွာတြင္ ယေန႔ေရးသားထားသည္။