ဟော်မုဇ်ရေလက်ကြားကို အပြီးတိုင်ပိတ်ပစ်မယ်လို့ အီရန်စစ်ဘက်ခြိမ်းခြောက်

 710

Pika (NP News)- မတ် ၂၃

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ရဲ့ဓါတ်အားပေးစက်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမယ်ဆိုရင် ဟော်မုဇ်ရေလက်ကြားကို အပြီးတိုင်ပိတ်ပစ်မယ်လို့ အီရန်စစ်တပ်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက အီရန်ရဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဒေါ်နယ်ထရမ့်က ကတိပြုပြောဆိုခဲ့ပြီးနောက် အီရန်စစ်တပ်ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဟော်မုဇ်ရေလက်ကြားကို အချိန်(၄၈)နာရီအတွင်း ပြန်ဖွင့်ဖို့ အီရန်ကို ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပြီးနောက် ယခုလိုမျိုးတုံ့ပြန်ပြောဆိုချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၈)ရက်နေ့မှာ အမေရိကန်နဲ့အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲတစ်ခုစတင်ဆင်နွှဲခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ ကြီးမားကျယ်ပြန့်တဲ့ စစ်ပွဲကြီးတစ်ခုပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။

အီရန်စစ်တပ်က”အမေရိကန်က အီရန်ရဲ့ဓါတ်အားပေးစက်ရုံတွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့မယ်ဆိုရင် ဟော်မုဇ်ရေလက်ကြားကို ကျွန်တော်တို့အပြီးတိုင်ပိတ်ပစ်သွားမှာပါ။

ပျက်စီးဿွားတဲ့ ဓါတ်အားပေးစက်ရုံတွေ ပြန်လည်တည်ဆောက်မပြီးမချင်း ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမှာမဟုတ်ပါဘူး”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi version:

အေမရိကန္သမၼတေဒၚနယ္ထရမ့္က အီရန္ရဲ႕ဓါတ္အားေပးစက္႐ုံေတြကို ပစ္မွတ္ထားတိုက္ခိုက္သြားမယ္ဆိုရင္ ေဟာ္မုဇ္ေရလက္ၾကားကို အၿပီးတိုင္ပိတ္ပစ္မယ္လို႔ အီရန္စစ္တပ္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။
ေဟာ္မုဇ္ေရလက္ၾကားကို ျပန္မဖြင့္ပါက အီရန္ရဲ႕ လွ်ပ္စစ္ဓါတ္အားေပးစက္႐ုံေတြကို တိုက္ခိုက္ေခ်မႈန္းသြားမယ္လို႔ ေဒၚနယ္ထရမ့္က ကတိျပဳေျပာဆိုခဲ့ၿပီးေနာက္ အီရန္စစ္တပ္ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ေဟာ္မုဇ္ေရလက္ၾကားကို အခ်ိန္(၄၈)နာရီအတြင္း ျပန္ဖြင့္ဖို႔ အီရန္ကို ေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ၿပီးေနာက္ ယခုလိုမ်ိဳးတုံ႔ျပန္ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ဒီဇင္ဘာလ(၂၈)ရက္ေန႔မွာ အေမရိကန္နဲ႔အစၥေရးတို႔က အီရန္အေပၚ စစ္ပြဲတစ္ခုစတင္ဆင္ႏႊဲခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒသမွာ ႀကီးမားက်ယ္ျပန႔္တဲ့ စစ္ပြဲႀကီးတစ္ခုေပၚေပါက္လာတာလည္းျဖစ္ပါတယ္။
အီရန္စစ္တပ္က”အေမရိကန္က အီရန္ရဲ႕ဓါတ္အားေပးစက္႐ုံေတြကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့မယ္ဆိုရင္ ေဟာ္မုဇ္ေရလက္ၾကားကို ကြၽန္ေတာ္တို႔အၿပီးတိုင္ပိတ္ပစ္သြားမွာပါ။
ပ်က္စီးႆြားတဲ့ ဓါတ္အားေပးစက္႐ုံေတြ ျပန္လည္တည္ေဆာက္မၿပီးမခ်င္း ေဟာ္မုဇ္ေရလက္ၾကားကို ျပန္ဖြင့္ေပးမွာမဟုတ္ပါဘူး”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.