စစ်သင်္ဘောများ စေလွှတ်ရန် အမေရိကန်၏ တောင်းဆိုမှုကို ပြင်သစ် ငြင်းဆန်

 943

ဂျန်ဇက် (NP News) - မတ် ၁၆

ကမ္ဘာ့ရေနံလမ်းကြောင်းအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားသို့ စစ်သင်္ဘောများ စေလွှတ်ပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တောင်းဆိုချက်ကို ပြင်သစ်နိုင်ငံက တရားဝင် ငြင်းပယ်လိုက်ကြောင်း သိရသည်။
ပဋိပက္ခများကြောင့် ဟော်မုဇ်ရေလက်ကြား၌ ကုန်သွယ်ရေးရေယာဉ်များ သွားလာရန် အခက်အခဲဖြစ်ပေါ်နေပြီး ကမ္ဘာ့ရေနံဈေးနှုန်းများမှာလည်း အလွန်အမင်း မြင့်တက်လျက်ရှိသည့်အခြေအနေကို ထိန်းချုပ်ရန် သမ္မတ ထရမ့် က ပြင်သစ်၊ ဗြိတိန်၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား အပါအဝင် မဟာမိတ်နိုင်ငံများကို စစ်သင်္ဘောများ စေလွှတ်၍ ရေကြောင်းလုံခြုံရေး ညွန့်ပေါင်းအဖွဲ့တစ်ခုဖြင့် ပူးပေါင်းပါဝင်ရန် မတ်လ ၁၄ ရက်နေ့တွင် တောင်းဆိုခဲ့ ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်သစ်ရေတပ်၏ လေယာဉ်တင်သင်္ဘောအုပ်စုသည် မြေထဲပင်လယ် အရှေ့ပိုင်းတွင်သာ ဆက်လက်တပ်စွဲထားမည်ဖြစ်ပြီး အမေရိကန်၏ တောင်းဆိုချက်အရ ဟော်မုဇ်ရေလက်ကြားသို့ စစ်သင်္ဘောများ ထပ်မံစေလွှတ်မည်ဟူသော သတင်းများကို တရားဝင် ငြင်းဆိုခဲ့ကြောင်း သိရသည်။
ပြင်သစ်တာဝန်ရှိသူများက ၎င်းတို့၏ စစ်ရေးရည်ရွယ်ချက်မှာ မဟာမိတ်များကို "ကာကွယ်ရေး" အတွက်သာဖြစ် ကြောင်း ဒေသတွင်းပဋိပက္ခများ ပိုမိုကြီးထွားလာစေမည့် စစ်ရေးအရှိန်မြှင့်တင်မှုမျိုးကို ရှောင်ရှားလိုကြောင်း ပြော သည်။ ပြင်သစ်နိုင်ငံအပြင် ဗြိတိန်၊ ဂျပန် နှင့် အခြားနိုင်ငံများကလည်း အမေရိကန်၏ တောင်းဆိုချက်အပေါ် ချက်ချင်း ကတိကဝတ်ပြုခြင်း မရှိသေးဘဲအခြေအနေကို သတိကြီးစွာဖြင့် စောင့်ကြည့်လျက်ရှိကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားပါသည်။

Zawgyi Version;
စစ္သေဘၤာမ်ား ေစလႊတ္ရန္ အေမရိကန္၏ ေတာင္းဆိုမႈကို ျပင္သစ္ ျငင္းဆန္
ဂ်န္ဇက္ (NP News) - မတ္ ၁၆
ကမာၻ႔ေရနံလမ္းေၾကာင္းအတြက္ အေရးပါေသာ ေဟာ္မုဇ္ေရလက္ၾကားသို႔ စစ္သေဘၤာမ်ား ေစလႊတ္ေပးရန္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ ေတာင္းဆိုခ်က္ကို ျပင္သစ္ႏိုင္ငံက တရားဝင္ ျငင္းပယ္လိုက္ေၾကာင္း သိရသည္။
ပဋိပကၡမ်ားေၾကာင့္ ေဟာ္မုဇ္ေရလက္ၾကား၌ ကုန္သြယ္ေရးေရယာဥ္မ်ား သြားလာရန္ အခက္အခဲျဖစ္ေပၚေနၿပီး ကမာၻ႔ေရနံေဈးႏႈန္းမ်ားမွာလည္း အလြန္အမင္း ျမင့္တက္လ်က္ရွိသည့္အေျခအေနကို ထိန္းခ်ဳပ္ရန္ သမၼတ ထရမ့္ က ျပင္သစ္၊ ၿဗိတိန္၊ တ႐ုတ္၊ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယား အပါအဝင္ မဟာမိတ္ႏိုင္ငံမ်ားကို စစ္သေဘၤာမ်ား ေစလႊတ္၍ ေရေၾကာင္းလုံၿခဳံေရး ၫြန႔္ေပါင္းအဖြဲ႕တစ္ခုျဖင့္ ပူးေပါင္းပါဝင္ရန္ မတ္လ ၁၄ ရက္ေန႔တြင္ ေတာင္းဆိုခဲ့ ေၾကာင္း သိရသည္။
ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပင္သစ္ေရတပ္၏ ေလယာဥ္တင္သေဘၤာအုပ္စုသည္ ေျမထဲပင္လယ္ အေရွ႕ပိုင္းတြင္သာ ဆက္လက္တပ္စြဲထားမည္ျဖစ္ၿပီး အေမရိကန္၏ ေတာင္းဆိုခ်က္အရ ေဟာ္မုဇ္ေရလက္ၾကားသို႔ စစ္သေဘၤာမ်ား ထပ္မံေစလႊတ္မည္ဟူေသာ သတင္းမ်ားကို တရားဝင္ ျငင္းဆိုခဲ့ေၾကာင္း သိရသည္။
ျပင္သစ္တာဝန္ရွိသူမ်ားက ၎တို႔၏ စစ္ေရးရည္႐ြယ္ခ်က္မွာ မဟာမိတ္မ်ားကို "ကာကြယ္ေရး" အတြက္သာျဖစ္ ေၾကာင္း ေဒသတြင္းပဋိပကၡမ်ား ပိုမိုႀကီးထြားလာေစမည့္ စစ္ေရးအရွိန္ျမႇင့္တင္မႈမ်ိဳးကို ေရွာင္ရွားလိုေၾကာင္း ေျပာ သည္။ ျပင္သစ္ႏိုင္ငံအျပင္ ၿဗိတိန္၊ ဂ်ပန္ ႏွင့္ အျခားႏိုင္ငံမ်ားကလည္း အေမရိကန္၏ ေတာင္းဆိုခ်က္အေပၚ ခ်က္ခ်င္း ကတိကဝတ္ျပဳျခင္း မရွိေသးဘဲအေျခအေနကို သတိႀကီးစြာျဖင့္ ေစာင့္ၾကည့္လ်က္ရွိေၾကာင္း ႏိုင္ငံတကာသတင္းမ်ားတြင္ ေဖာ္ျပထားပါသည္။

Related news

© 2021. All rights reserved.