ဆွာချောင်းတံတားတည်ဆောက်မှု (၇၀) ရာခိုင်နှုန်းခန့် ပြီးစီး

390

Pearl (NP News)- မတ် ၁၆
မန္တလေးငလျင်ကြောင့်ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသော ဆွာချောင်းတံတား (မန္တလေးမှ ရန်ကုန်သို့) (အပြန်လမ်း) ပြိုကျပျက်စီးသွားသည့်အတွက် အသစ်ပြန် လည်တည်ဆောက်နေရာ (၇၀) ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်သော်လည်း အမြန်လမ်းနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
“တံတားကတော့ မတ်လကုန်လောက်ပြီးဖို့ အားထည့်ပြီးလုပ်နေကြတယ်။ ချဉ်းကပ်လမ်းရော တံတားရော အပြီးအစီးဆိုရင် နောက်ဆုံးသင်္ကြန် လောက်ထိရောက်သွားနိုင်တယ်ထင်တယ်။ နေ့ရော ညရော လုပ်နေကြပါတယ်။ အခုက သံပေါင်၊ ရက်မတွေ တင်နေပြီ။ ရာခိုင်နှုန်းအားဖြင့် (၇၀) ရာခိုင်နှုန်း လောက်ပြီးပြီ။ တံတားတစ်ခုလုံးအတွက် (၇၀) ရာခိုင်နှုန်းက ပြီးပြီ။ ချဉ်းကပ်လမ်းက တံတားရဲ့ Abutment (မြေကာနံရံ ) တွေပြီးမှ စလို့ရမှာ။ ချဉ်းကပ်လမ်းကတော့ မြန်ပါတယ်။ သူတို့ တတ်နိုင်သရွေ့ တော့လုပ်နေကြတယ်” ဟု ပြောသည်။
အဆိုပါ ဆွာချောင်းတံတားကို လာမည့် ဧပြီလကုန်မတိုင်မီ ယာဉ်များပြန်လည် ဖြတ်သန်းသွား နိုင်ရေးအတွက် ရာနှုန်းပြည့်ပြီးစီးရန်တာဝန်ရှိသူများ အနေဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်နေရာ လက်ရှိတွင် တံတားတည်ဆောက်မှု (၇၀) ရာခိုင်နှုန်း ခန့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ချဉ်းကပ်လမ်းမှာက မြေပြိုတာတွေ ဘာတွေနဲ့ ပြန်ကာရတာရှိတော့ ထိပ် Abutment က နည်း နည်းကြာသွားတယ်။ ကြာသွားတဲ့အခါကျတော့ ချဉ်းကပ်လမ်းလုပ်ဖို့က နည်းနည်း Delay ဖြစ်သွားတာ ပေါ့။ တံတားကတော့ အလယ်တိုင်တွေကတော့ အကုန်ပြီးအောင်လုပ်နေကြတာပေါ့။ ဧပြီမကုန်ခင် တော့ ဖြတ်လို့ရမယ်လို့မှန်းထားပါတယ်” ဟု ပြော သည်။ ပြီးခဲ့သည့် (၂၀၂၅)ခုနှစ် မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြောင့် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးရှိ ဆွာချောင်းတံတားအပြင် ငလျင်ဒဏ်ကြောင့် အမြန်လမ်းရှိ လမ်းပိုင်းအချို့လည်း ပျက်စီးခဲ့သဖြင့် ပြင်ဆင်ထိန်းသိမ်းမှုများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေရာ မတ်လမတိုင်ခင် ပြီးစီးနိုင်ကြောင်းလည်း သိရသည်။
လမ်းပြင်ဆင်ထိန်းသိမ်းခြင်းများဆောင်ရွက်နေသည့် မိုင်တိုင်များအနီးတွင်လည်း ယာဉ်များ အနေဖြင့် အရှိန်လျှော့မောင်းနှင်ရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတိ ပေးထားသည်။

Zawgyi Version:
ဆြာေခ်ာင္းတံတားတည္ေဆာက္မႈ (၇၀) ရာခိုင္ႏႈန္းခန႔္ ၿပီးစီး
Pearl (NP News)- မတ္ ၁၆
မႏၲေလးငလ်င္ေၾကာင့္ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးရွိ ငလ်င္ဒဏ္ေၾကာင့္ ထိခိုက္ခဲ့ရေသာ ဆြာေခ်ာင္းတံတား (မႏၲေလးမွ ရန္ကုန္သို႔) (အျပန္လမ္း) ၿပိဳက်ပ်က္စီးသြားသည့္အတြက္ အသစ္ျပန္ လည္တည္ေဆာက္ေနရာ (၇၀) ရာခိုင္ႏႈန္းခန႔္ ၿပီးစီးၿပီျဖစ္ေသာ္လည္း အျမန္လမ္းႏွင့္ပတ္သက္၍ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
“တံတားကေတာ့ မတ္လကုန္ေလာက္ၿပီးဖို႔ အားထည့္ၿပီးလုပ္ေနၾကတယ္။ ခ်ဥ္းကပ္လမ္းေရာ တံတားေရာ အၿပီးအစီးဆိုရင္ ေနာက္ဆုံးသၾကၤန္ ေလာက္ထိေရာက္သြားႏိုင္တယ္ထင္တယ္။ ေန႔ေရာ ညေရာ လုပ္ေနၾကပါတယ္။ အခုက သံေပါင္၊ ရက္မေတြ တင္ေနၿပီ။ ရာခိုင္ႏႈန္းအားျဖင့္ (၇၀) ရာခိုင္ႏႈန္း ေလာက္ၿပီးၿပီ။ တံတားတစ္ခုလုံးအတြက္ (၇၀) ရာခိုင္ႏႈန္းက ၿပီးၿပီ။ ခ်ဥ္းကပ္လမ္းက တံတားရဲ႕ Abutment (ေျမကာနံရံ ) ေတြၿပီးမွ စလို႔ရမွာ။ ခ်ဥ္းကပ္လမ္းကေတာ့ ျမန္ပါတယ္။ သူတို႔ တတ္ႏိုင္သေ႐ြ႕ ေတာ့လုပ္ေနၾကတယ္” ဟု ေျပာသည္။
အဆိုပါ ဆြာေခ်ာင္းတံတားကို လာမည့္ ဧၿပီလကုန္မတိုင္မီ ယာဥ္မ်ားျပန္လည္ ျဖတ္သန္းသြား ႏိုင္ေရးအတြက္ ရာႏႈန္းျပည့္ၿပီးစီးရန္တာဝန္ရွိသူမ်ား အေနျဖင့္ အင္တိုက္အားတိုက္ေဆာင္႐ြက္ေနရာ လက္ရွိတြင္ တံတားတည္ေဆာက္မႈ (၇၀) ရာခိုင္ႏႈန္း ခန႔္ၿပီးစီးၿပီျဖစ္ေၾကာင္း သိရသည္။
“ခ်ဥ္းကပ္လမ္းမွာက ေျမၿပိဳတာေတြ ဘာေတြနဲ႔ ျပန္ကာရတာရွိေတာ့ ထိပ္ Abutment က နည္း နည္းၾကာသြားတယ္။ ၾကာသြားတဲ့အခါက်ေတာ့ ခ်ဥ္းကပ္လမ္းလုပ္ဖို႔က နည္းနည္း Delay ျဖစ္သြားတာ ေပါ့။ တံတားကေတာ့ အလယ္တိုင္ေတြကေတာ့ အကုန္ၿပီးေအာင္လုပ္ေနၾကတာေပါ့။ ဧၿပီမကုန္ခင္ ေတာ့ ျဖတ္လို႔ရမယ္လို႔မွန္းထားပါတယ္” ဟု ေျပာ သည္။ ၿပီးခဲ့သည့္ (၂၀၂၅)ခုႏွစ္ မတ္လ (၂၈)ရက္က လႈပ္ခတ္ခဲ့သည့္ မႏၲေလးငလ်င္ေၾကာင့္ ရန္ကုန္- မႏၲေလးအျမန္လမ္းမႀကီးရွိ ဆြာေခ်ာင္းတံတားအျပင္ ငလ်င္ဒဏ္ေၾကာင့္ အျမန္လမ္းရွိ လမ္းပိုင္းအခ်ိဳ႕လည္း ပ်က္စီးခဲ့သျဖင့္ ျပင္ဆင္ထိန္းသိမ္းမႈမ်ားကို အရွိန္အဟုန္ျဖင့္ေဆာင္႐ြက္ေနရာ မတ္လမတိုင္ခင္ ၿပီးစီးႏိုင္ေၾကာင္းလည္း သိရသည္။
လမ္းျပင္ဆင္ထိန္းသိမ္းျခင္းမ်ားေဆာင္႐ြက္ေနသည့္ မိုင္တိုင္မ်ားအနီးတြင္လည္း ယာဥ္မ်ား အေနျဖင့္ အရွိန္ေလွ်ာ့ေမာင္းႏွင္ရန္ အျမန္လမ္းမႀကီးထိန္းသိမ္းျပဳျပင္ေရးႏွင့္ ႀကီးၾကပ္ေရးအဖြဲ႕က သတိ ေပးထားသည္။