ဆေးဝါးဈေးကွက်အတွင်း အာနိသင်တူဆေးဝါးများဈေးကြီးပေးရသော်လည်း ရောဂါမသက်သာ

 853

ပြည့်ဖြိုး (NP News)- မတ် ၁၆
ဆေးဝါးဈေးကွက်အတွင်း အာနိသင်တူ ဆေးများကိုသာဝယ်ယူနေရသော်လည်း ဈေးကြီးပေး ရပြီး ရောဂါသက်သာမှုမရှိကြောင်း ဆေးဝါးဝယ်ယူသုံးစွဲသူများထံမှသိရသည်။
ပြည်တွင်းသို့ ပြည်ပမှတင်သွင်းသည့် အိမ်သုံး၊ ဆေးရုံသုံးဆေးဝါးများကို အကန့်အသတ်ပမာဏ ဖြင့်သာ တင်သွင်းရောင်းချနေခြင်းကြောင့် ယခင်သုံးစွဲနေကျအမှတ်တံဆိပ်မဟုတ်ဘဲ အာနိသင်တူ အ ခြားအမှတ်တံဆိပ်များကိုသာ ဆေးဝါးဝယ်ယူသူ ရောဂါဝေဒနာရှင်များက သုံးစွဲနေကြခြင်းဖြစ်သည်။
“လည်ချောင်းနာလို့ အရင်သုံးနေကျငုံ ဆေးသွားဝယ်တယ်၊ ဆိုင်မှာမရှိဘူး။ အာနိသင်တူ တခြား ဆေးပဲရှိတယ်။ ဈေးနှုန်းကလည်း အရင်ဆေး က (၁၀ဝဝ)၊ အခုဆေးက (၁၅၀ဝ)၊ အရင်ဆေးက တစ်လုံး တည်းနဲ့ရောဂါပျောက်တယ်၊ အခုဆေးက (၄)လုံးသုံးတာတောင် ရောဂါမပျောက်သေးဘူး”ဟု အိမ်သုံး ဆေးဝါးဝယ်ယူသုံးစွဲနေသူတစ်ဦးကပြောသည်။
လူသုံးကုန်ဆေးဝါးတင်သွင်းရောင်းချရာတွင် သွင်းကုန်လိုင်စင်များကို အကန့်အသတ်ဖြင့် တင် သွင်းခွင့်ပြုလုပ်ထားခြင်းကြောင့် ဆေးဝါးတင်သွင်းသည့်ကုမ္ပဏီများက အာနိသင်တူ ဈေးနှုန်းသက်သာ သည့်ဆေးဝါးများကိုတင်သွင်းလာခြင်းကြောင့် ယခုကဲ့သို့ပြဿနာများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဆေး ဝါးကျွမ်းကျင်သူပညာရှင်တစ်ဦးကပြောသည်။
“လူ့ခန္ဓာကိုယ်ရဲ့ခုခံအားကာကွယ်တဲ့စနစ်က ရောဂါဝေဒနာဖြစ်လာရင် သုံးနေကျဆေးကို မှတ်ထားတဲ့သဘောရှိပါတယ်၊ အာနိသင်တူပေမယ့် ထုတ်လုပ် တဲ့စနစ်တွေကွဲလွဲနိုင်တာ‌ကြောင့် ရောဂါ ကုသရာမှာ ချက်ချင်းမသက်သာတာ တွေ့ရှိနိုင်ပါတယ်။ နာတာရှည်‌ရောဂါသည်တွေနဲ့ ရှားပါးရောဂါ ဝေဒနာရှင်တွေအတွက် အခုလို ဆေးတွေပြောင်းသုံးနေရတာဟာ အခက်အခဲတော်တော်ရှိပါတယ်”ဟု ၎င်းပညာရှင်က ပြောသည်။
ဈေးကွက်အတွင်း ဆေးဝါးအချို့သည် ယခင်အမှတ်တံဆိပ်အစား အာနိသင်တူ အခြားအမှတ် တံဆိပ်ကို ပြောင်းလဲဝယ်ယူနေရပြီး လက်ရှိတွင် ပြောင်းလဲဝယ်ယူသည့်အမှတ်တံဆိပ်နှင့်အာနိသင်တူ ဆေးဝါးအသစ်များကိုပါ ဆေးဆိုင်များတွင် ပြောင်းလဲရောင်းချနေကြောင်းသိရသည်။
“ကျွန်တော်တို့ ရပ်ကွက်ဆေးဆိုင်လေးတွေက ဒိုင်မှာရှိတဲ့ဆေးကိုပဲဝယ်နေရတာ၊ နိုင်ငံခြားက တင်သွင်းတဲ့သူတွေဆီကပါလာတဲ့ဆေးကိုပဲ ရောင်းရတာ။ ကိုယ့်စိတ်ကြိုက်ဆေးဝါးအမှတ်တံဆိပ်ကိုပဲ ရှာရောင်းမယ်ဆိုရင် ဆေးဆိုင်တောင်ပိတ် လိုက်ရမယ့်အခြေအနေရောက်နေပါပြီ”ဟု တောင်ဒဂုံ မြို့ နယ်မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
ဆေးဝါးဝယ်ယူသုံးစွဲသူများအနေဖြင့် အာနိသင်တူဆေးဝါးများကိုဈေးကြီးပေးကာ ဝယ်ယူသုံးစွဲ နေရသော်လည်း ရောဂါမသက်သာသည့် အခြေအနေသို့ရောက်ရှိနေရာ ဆေးဝါးတင်သွင်းမှုအပေါ် သက် ဆိုင်ရာက ပြန်လည်စီစစ်သင့်ကြောင်း ဝေဖန်မှုများထွက်ပေါ်နေသည်။
မြန်မာနိုင်ငံသည် ပြည်ပမှ ဆေးဝါးတင်သွင်းမှု နှစ်စဉ်ဒေါ်လာသန်း(၄၀ဝ‌)မှ သန်း(၅၀ဝ) အထိ တင်သွင်းနေရပြီး ပြည်ပဆေးဝါးဈေးကွက်မှာ ဈေးကွက်၏(၉၅)ရာခိုင်နှုန်းကျော်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရသိရသည်။

Zawgyi Version:
ေဆးဝါးေဈးကြက္အတြင္း အာနိသင္တူေဆးဝါးမ်ားေဈးႀကီးေပးရေသာ္လည္း ေရာဂါမသက္သာ
ျပည့္ၿဖိဳး (NP News)- မတ္ ၁၆
ေဆးဝါးေဈးကြက္အတြင္း အာနိသင္တူ ေဆးမ်ားကိုသာဝယ္ယူေနရေသာ္လည္း ေဈးႀကီးေပး ရၿပီး ေရာဂါသက္သာမႈမရွိေၾကာင္း ေဆးဝါးဝယ္ယူသုံးစြဲသူမ်ားထံမွသိရသည္။
ျပည္တြင္းသို႔ ျပည္ပမွတင္သြင္းသည့္ အိမ္သုံး၊ ေဆး႐ုံသုံးေဆးဝါးမ်ားကို အကန႔္အသတ္ပမာဏ ျဖင့္သာ တင္သြင္းေရာင္းခ်ေနျခင္းေၾကာင့္ ယခင္သုံးစြဲေနက်အမွတ္တံဆိပ္မဟုတ္ဘဲ အာနိသင္တူ အ ျခားအမွတ္တံဆိပ္မ်ားကိုသာ ေဆးဝါးဝယ္ယူသူ ေရာဂါေဝဒနာရွင္မ်ားက သုံးစြဲေနၾကျခင္းျဖစ္သည္။
“လည္ေခ်ာင္းနာလို႔ အရင္သုံးေနက်ငုံ ေဆးသြားဝယ္တယ္၊ ဆိုင္မွာမရွိဘူး။ အာနိသင္တူ တျခား ေဆးပဲရွိတယ္။ ေဈးႏႈန္းကလည္း အရင္ေဆး က (၁၀ဝဝ)၊ အခုေဆးက (၁၅၀ဝ)၊ အရင္ေဆးက တစ္လုံး တည္းနဲ႔ေရာဂါေပ်ာက္တယ္၊ အခုေဆးက (၄)လုံးသုံးတာေတာင္ ေရာဂါမေပ်ာက္ေသးဘူး”ဟု အိမ္သုံး ေဆးဝါးဝယ္ယူသုံးစြဲေနသူတစ္ဦးကေျပာသည္။
လူသုံးကုန္ေဆးဝါးတင္သြင္းေရာင္းခ်ရာတြင္ သြင္းကုန္လိုင္စင္မ်ားကို အကန႔္အသတ္ျဖင့္ တင္ သြင္းခြင့္ျပဳလုပ္ထားျခင္းေၾကာင့္ ေဆးဝါးတင္သြင္းသည့္ကုမၸဏီမ်ားက အာနိသင္တူ ေဈးႏႈန္းသက္သာ သည့္ေဆးဝါးမ်ားကိုတင္သြင္းလာျခင္းေၾကာင့္ ယခုကဲ့သို႔ျပႆနာမ်ား ျဖစ္ပြားရျခင္းျဖစ္ေၾကာင္း ေဆး ဝါးကြၽမ္းက်င္သူပညာရွင္တစ္ဦးကေျပာသည္။
“လူ႔ခႏၶာကိုယ္ရဲ႕ခုခံအားကာကြယ္တဲ့စနစ္က ေရာဂါေဝဒနာျဖစ္လာရင္ သုံးေနက်ေဆးကို မွတ္ထားတဲ့သေဘာရွိပါတယ္၊ အာနိသင္တူေပမယ့္ ထုတ္လုပ္ တဲ့စနစ္ေတြကြဲလြဲႏိုင္တာ‌ေၾကာင့္ ေရာဂါ ကုသရာမွာ ခ်က္ခ်င္းမသက္သာတာ ေတြ႕ရွိႏိုင္ပါတယ္။ နာတာရွည္‌ေရာဂါသည္ေတြနဲ႔ ရွားပါးေရာဂါ ေဝဒနာရွင္ေတြအတြက္ အခုလို ေဆးေတြေျပာင္းသုံးေနရတာဟာ အခက္အခဲေတာ္ေတာ္ရွိပါတယ္”ဟု ၎ပညာရွင္က ေျပာသည္။
ေဈးကြက္အတြင္း ေဆးဝါးအခ်ိဳ႕သည္ ယခင္အမွတ္တံဆိပ္အစား အာနိသင္တူ အျခားအမွတ္ တံဆိပ္ကို ေျပာင္းလဲဝယ္ယူေနရၿပီး လက္ရွိတြင္ ေျပာင္းလဲဝယ္ယူသည့္အမွတ္တံဆိပ္ႏွင့္အာနိသင္တူ ေဆးဝါးအသစ္မ်ားကိုပါ ေဆးဆိုင္မ်ားတြင္ ေျပာင္းလဲေရာင္းခ်ေနေၾကာင္းသိရသည္။
“ကြၽန္ေတာ္တို႔ ရပ္ကြက္ေဆးဆိုင္ေလးေတြက ဒိုင္မွာရွိတဲ့ေဆးကိုပဲဝယ္ေနရတာ၊ ႏိုင္ငံျခားက တင္သြင္းတဲ့သူေတြဆီကပါလာတဲ့ေဆးကိုပဲ ေရာင္းရတာ။ ကိုယ့္စိတ္ႀကိဳက္ေဆးဝါးအမွတ္တံဆိပ္ကိုပဲ ရွာေရာင္းမယ္ဆိုရင္ ေဆးဆိုင္ေတာင္ပိတ္ လိုက္ရမယ့္အေျခအေနေရာက္ေနပါၿပီ”ဟု ေတာင္ဒဂုံ ၿမိဳ႕ နယ္မွ ေဆးဆိုင္ပိုင္ရွင္တစ္ဦးကေျပာသည္။
ေဆးဝါးဝယ္ယူသုံးစြဲသူမ်ားအေနျဖင့္ အာနိသင္တူေဆးဝါးမ်ားကိုေဈးႀကီးေပးကာ ဝယ္ယူသုံးစြဲ ေနရေသာ္လည္း ေရာဂါမသက္သာသည့္ အေျခအေနသို႔ေရာက္ရွိေနရာ ေဆးဝါးတင္သြင္းမႈအေပၚ သက္ ဆိုင္ရာက ျပန္လည္စီစစ္သင့္ေၾကာင္း ေဝဖန္မႈမ်ားထြက္ေပၚေနသည္။
ျမန္မာႏိုင္ငံသည္ ျပည္ပမွ ေဆးဝါးတင္သြင္းမႈ ႏွစ္စဥ္ေဒၚလာသန္း(၄၀ဝ‌)မွ သန္း(၅၀ဝ) အထိ တင္သြင္းေနရၿပီး ျပည္ပေဆးဝါးေဈးကြက္မွာ ေဈးကြက္၏(၉၅)ရာခိုင္ႏႈန္းေက်ာ္ရွိေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္မ်ားအရသိရသည္။

Related news

© 2021. All rights reserved.