အောင်ဟိတ် - ဆိပ်သာ - ကျွဲဒုံး ကျေးရွာချင်းဆက်လမ်းမှ (2)မိုင်ကျော်အား သိန်းပေါင်း (8000)ခန့်အကုန်ကျခံကာ ကွန်ကရစ်လမ်းခင်း

 6111

ပြည့်ဖြိုးပိုင် (မအူပင်)-မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နှင့် ကျွဲဒုံးတိုက်နယ်သို့ဆက်သွယ်ထားသည့် အရှည် (၁၂)မိုင်ခန့်ရှိသော ကျေးရွာချင်းဆက်လမ်းမှ အရှည်ပေ (၂)မိုင်ခန့်အားကျပ်သိန်းပေါင်း (၈၀၀၀)ခန့်အကုန်ကျခံကာ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းခြင်းအား မတ်လ (၁၅)ရက်နေ့မှစတင်ကာဆောင်ရွက်နေကြောင်း ဦးဆောင်သူများထံမှ သိရသည်။

"ဒီလမ်းက မအူပင်မြို့နဲ့ ကျွဲဒုံးတိုက်နယ်ကိုဆက်သွယ်ပေးတဲ့အဓိကလမ်းပါ။ကျွဲဒုံးအထိဆို (၁၂)မိုင်နီးပါးရှိပါတယ်။အခုကွန်ကရစ်လမ်းခင်းတာက အရှည် (၂)မိုင်ကိုခင်းနေတာပါ။ မနှစ်ကတော့ အစိုးရက မြေနီလမ်း (၂)မိုင်ကိုခင်းပေးတယ် အခုအဲ့မြေနီလမ်းအဆုံးကနေ နောက်ထပ် (၂)မိုင် ကွန်ကရစ်လမ်းဆက်ခင်းမှာပါ။အခုခင်းတာကိုတော့ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံမြင့်သန်းကမတည်လှူဒါန်းပေးပြီး ဘုန်းဘုန်းနဲ့ KKB ကိုမြစိုးမှ ဦးဆောင်ကာ ကျေးရွာနေပြည်သူများ နဲ့ မအူပင်မြို့နယ်ရှိ အလှူရှင်များကစုပေါင်းလှူဒါန်းပြီးဆောင်ရွက်နေတာပါ"ဟု ဦးဆောင်သူ တာပတ်ကျေးရွာ နာယကဆရာတော်မှ NP News သို့ပြောသည်။

အဆိုပါ ကျေးရွာခြင်းဆက်လမ်း (၂)မိုင်ကျော်အား အကျယ် (၁၂)ပေ ၊ ထု (၈)လက်မ ဖြင့် ကွန်ကရစ်လမ်းအမျိုးအစားအားခင်းသွားမည်ဖြစ်ရာ ကြာမြင့်ချိန် (၁)လခွဲနီးပါးကြာမြင့်မည်ဖြစ်ကြောင်းလည်းသိရကာ ကျန်ရှိနေသော လမ်းပိုင်း အရှည် (၈)မိုင်ကျော်အား သွားလာရလွယ်ကူးစေရန် လာမည့်အစိုးရလက်ထက်တွင်လည်းခင်းပေးစေလိုကြောင်းလည်းသိရသည်။
Photo - ပြည့်ဖြိုးပိုင် (NP News)

Zawgyi Version:
ေအာင္ဟိတ္ - ဆိပ္သာ - ကြၽဲဒုံး ေက်း႐ြာခ်င္းဆက္လမ္းမွ (2)မိုင္ေက်ာ္အား သိန္းေပါင္း (8000)ခန႔္အကုန္က်ခံကာ ကြန္ကရစ္လမ္းခင္း
ျပည့္ၿဖိဳးပိုင္ (မအူပင္)-မတ္ ၁၅
ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕ႏွင့္ ကြၽဲဒုံးတိုက္နယ္သို႔ဆက္သြယ္ထားသည့္ အရွည္ (၁၂)မိုင္ခန႔္ရွိေသာ ေက်း႐ြာခ်င္းဆက္လမ္းမွ အရွည္ေပ (၂)မိုင္ခန႔္အားက်ပ္သိန္းေပါင္း (၈၀၀၀)ခန႔္အကုန္က်ခံကာ ကိုယ္ထူကိုယ္ထ ကြန္ကရစ္လမ္းခင္းျခင္းအား မတ္လ (၁၅)ရက္ေန႔မွစတင္ကာေဆာင္႐ြက္ေနေၾကာင္း ဦးေဆာင္သူမ်ားထံမွ သိရသည္။

"ဒီလမ္းက မအူပင္ၿမိဳ႕နဲ႔ ကြၽဲဒုံးတိုက္နယ္ကိုဆက္သြယ္ေပးတဲ့အဓိကလမ္းပါ။ကြၽဲဒုံးအထိဆို (၁၂)မိုင္နီးပါးရွိပါတယ္။အခုကြန္ကရစ္လမ္းခင္းတာက အရွည္ (၂)မိုင္ကိုခင္းေနတာပါ။ မႏွစ္ကေတာ့ အစိုးရက ေျမနီလမ္း (၂)မိုင္ကိုခင္းေပးတယ္ အခုအဲ့ေျမနီလမ္းအဆုံးကေန ေနာက္ထပ္ (၂)မိုင္ ကြန္ကရစ္လမ္းဆက္ခင္းမွာပါ။အခုခင္းတာကိုေတာ့ မအူပင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးကံျမင့္သန္းကမတည္လႉဒါန္းေပးၿပီး ဘုန္းဘုန္းနဲ႔ KKB ကိုျမစိုးမွ ဦးေဆာင္ကာ ေက်း႐ြာေနျပည္သူမ်ား နဲ႔ မအူပင္ၿမိဳ႕နယ္ရွိ အလႉရွင္မ်ားကစုေပါင္းလႉဒါန္းၿပီးေဆာင္႐ြက္ေနတာပါ"ဟု ဦးေဆာင္သူ တာပတ္ေက်း႐ြာ နာယကဆရာေတာ္မွ NP News သို႔ေျပာသည္။

အဆိုပါ ေက်း႐ြာျခင္းဆက္လမ္း (၂)မိုင္ေက်ာ္အား အက်ယ္ (၁၂)ေပ ၊ ထု (၈)လက္မ ျဖင့္ ကြန္ကရစ္လမ္းအမ်ိဳးအစားအားခင္းသြားမည္ျဖစ္ရာ ၾကာျမင့္ခ်ိန္ (၁)လခြဲနီးပါးၾကာျမင့္မည္ျဖစ္ေၾကာင္းလည္းသိရကာ က်န္ရွိေနေသာ လမ္းပိုင္း အရွည္ (၈)မိုင္ေက်ာ္အား သြားလာရလြယ္ကူးေစရန္ လာမည့္အစိုးရလက္ထက္တြင္လည္းခင္းေပးေစလိုေၾကာင္းလည္းသိရသည္။
Photo - ျပည့္ၿဖိဳးပိုင္ (NP News)

Related news

© 2021. All rights reserved.