ဝန်ကြီးချုပ်နေတန်ရာဟု လုပ်ကြံခံရမှုသတင်းကို အစ္စရေး ငြင်းဆန်

 2127

ဂျန်ဇက် (NP News) - မတ် ၁၅

အစ္စရေးဝန်ကြီးချုပ်ရုံးက ဝန်ကြီးချုပ်နေတန်ရာဟုဟာ အီရန်နဲ့ ဖြစ်ပွားတဲ့စစ်ပွဲအတွင်း ပျောက်ဆုံးနေခြင်း သို့မဟုတ် လုပ်ကြံခံရခြင်း ရှိခဲ့တယ်ဆိုတဲ့သတင်းများကို ငြင်းဆန်ပယ်ချလိုက်တယ်လို့ သိရပါတယ်။

စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း နေတန်ရာဟုကို ရက်အတန်ကြာ လူမြင်ကွင်းမှာ မတွေ့ရဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းကသတင်းများ ထွက်ခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ်ရုံးက "ဝန်ကြီးချုပ်နဲ့ပတ်သက်ပြီးထွက်နေတဲ့သတင်းများဟာ မှန်ကန်မှုမရှိဘူး။ ဝန်ကြီးချုပ်ဟာ ကောင်းမွန်စွာ ရှိနေပါတယ်"လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်က ထွက်လာတဲ့ ဝန်ကြီးချုပ်နေတန်ရာဟုရဲ့ ရုပ်သံမိန်းခွန်းထဲမှာ ညာဖက်လက်က ၆ ချောင်းရှိနေပြီး အဲဒီရုပ်သံဖိုင်ထဲက ဝန်ကြီးချုပ်ဟာ အစစ်မှန် မဟုတ်ဘဲ AI နဲ့ ဖန်တီးထားတာဖြစ်တယ်လို့ သတင်းများက ရေးသားခဲ့ပါတယ်။

ဝန်ကြီးချုပ် နေတန်ရာဟုကို မတ်လ ၁၀ ရက်က နောက်ဆုံးတွေ့ခဲ့ရပြီး အဲဒီအချိန်တုန်းက ၄င်းဟာ အမျိုးသား ကျန်းမာရေးစင်တာကို ကိုယ်တိုင်သွားခဲ့က အဲဒီနောက်ပိုင်းတည်းက လူမြင်ကွင်းမှာ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။ ဒါအပြင် ဝန်ကြီးချုပ်နေတန်ရာဟုဟာ အီရန်ရဲ့တိုက်ခိုက်မှုကြောင့် လုပ်ကြံခံရခြင်း သို့မဟုတ် ထွက်ပြေးခြင်းများ ရှိနိုင်တယ်ဆိုတဲ့သတင်းများလည်း ထွက်ခဲ့ပါတယ်။ အစ္စရေးနိုင်ငံဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့သလို အီရန်နိုင်ငံရဲ့အမြင့်ဆုံး ဘာသာရေးခေါင်းဆောင်ကိုလည်း လုပ်ကြံခဲ့ရာ အစ္စရေးနဲ့ အီရန်ကြားတင်းမာမူ အမြင့်ဆုံးရောက်နေပါတယ်။

Zawgyi Version;
ဝန္ႀကီးခ်ဳပ္ေနတန္ရာဟု လုပ္ႀကံခံရမႈသတင္းကို အစၥေရး ျငင္းဆန္
ဂ်န္ဇက္ (NP News) - မတ္ ၁၅
အစၥေရးဝန္ႀကီးခ်ဳပ္႐ုံးက ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ အီရန္နဲ႔ ျဖစ္ပြားတဲ့စစ္ပြဲအတြင္း ေပ်ာက္ဆုံးေနျခင္း သို႔မဟုတ္ လုပ္ႀကံခံရျခင္း ရွိခဲ့တယ္ဆိုတဲ့သတင္းမ်ားကို ျငင္းဆန္ပယ္ခ်လိုက္တယ္လို႔ သိရပါတယ္။

စစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္း ေနတန္ရာဟုကို ရက္အတန္ၾကာ လူျမင္ကြင္းမွာ မေတြ႕ရဘူးလို႔ ၿပီးခဲ့တဲ့ရက္ပိုင္းကသတင္းမ်ား ထြက္ခဲ့ပါတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္႐ုံးက "ဝန္ႀကီးခ်ဳပ္နဲ႔ပတ္သက္ၿပီးထြက္ေနတဲ့သတင္းမ်ားဟာ မွန္ကန္မႈမရွိဘူး။ ဝန္ႀကီးခ်ဳပ္ဟာ ေကာင္းမြန္စြာ ရွိေနပါတယ္"လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၁၃ ရက္က ထြက္လာတဲ့ ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုရဲ႕ ႐ုပ္သံမိန္းခြန္းထဲမွာ ညာဖက္လက္က ၆ ေခ်ာင္းရွိေနၿပီး အဲဒီ႐ုပ္သံဖိုင္ထဲက ဝန္ႀကီးခ်ဳပ္ဟာ အစစ္မွန္ မဟုတ္ဘဲ AI နဲ႔ ဖန္တီးထားတာျဖစ္တယ္လို႔ သတင္းမ်ားက ေရးသားခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုကို မတ္လ ၁၀ ရက္က ေနာက္ဆုံးေတြ႕ခဲ့ရၿပီး အဲဒီအခ်ိန္တုန္းက ၄င္းဟာ အမ်ိဳးသား က်န္းမာေရးစင္တာကို ကိုယ္တိုင္သြားခဲ့က အဲဒီေနာက္ပိုင္းတည္းက လူျမင္ကြင္းမွာ မေတြ႕ရေတာ့ဘူးလို႔ ဆိုပါတယ္။ ဒါအျပင္ ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ အီရန္ရဲ႕တိုက္ခိုက္မႈေၾကာင့္ လုပ္ႀကံခံရျခင္း သို႔မဟုတ္ ထြက္ေျပးျခင္းမ်ား ရွိႏိုင္တယ္ဆိုတဲ့သတင္းမ်ားလည္း ထြက္ခဲ့ပါတယ္။ အစၥေရးႏိုင္ငံဟာ ေဖေဖာ္ဝါရီ ၂၈ ရက္မွာ အေမရိကန္နဲ႔ပူးေပါင္းၿပီး အီရန္ကို တိုက္ခိုက္ခဲ့သလို အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံး ဘာသာေရးေခါင္းေဆာင္ကိုလည္း လုပ္ႀကံခဲ့ရာ အစၥေရးနဲ႔ အီရန္ၾကားတင္းမာမူ အျမင့္ဆုံးေရာက္ေနပါတယ္။

Related news

© 2021. All rights reserved.