“ အနုပညာလောကရဲ့ (၂၀၂၅) ခုနှစ် တစ်နှစ်တာ ’’

462

အိဖြူ (NP News) - ဇန်နဝါရီ ၄
NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “(၂၀၂၅) ခုနှစ် တစ်နှစ်စာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အနုပညာလောကအတွင်းက အနုပညာသမားတို့ရဲ့ထူးခြားဖြစ် စဉ်ဖြစ်ရပ်များအကြောင်းကို မှတ်တမ်းတင် ဖော်ပြပေး သွားပါမယ်။
(၂၀၂၅) ခုနှစ် နှစ်သစ်ကူးပြောင်း
မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်၊ ခရစ်နှစ် (၂၀၂၆) ခုနှစ်ကို ကူးပြောင်းသွားပြီဖြစ်ကာ ကျန်ရှိခဲ့တဲ့ (၂၀၂၅) ခုနှစ် တစ်နှစ်တာအတွင်းမှာ အနုပညာလောကအတွင်း ပြောင်းလဲမှု အခြေအနေမျိုးစုံ ရှိခဲ့တာအမှန်ပါ။ ပြည်သူတွေ ချစ်ခင် အားပေးကြတဲ့အနုပညာရှင်တွေလည်း ထိမ်းမြားလက်ထပ်ခဲ့ကြသလို ပြည်သူတွေ လေးစားချစ်ခင်ခဲ့ကြတဲ့ ဝါရင့် အနုပညာရှင်ကြီးတွေလည်း ကြွေလွင့်ခဲ့ကြရပါတယ်။
မင်္ဂလာသတင်းများမှာ မင်းသားဟိန်းဝေယံနဲ့ ထပ်ဆင့်အကယ်ဒမီမင်းသမီးစိုးပြည့်သဇင်တို့က မင်္ဂလာပွဲ (၆) ပွဲတိတိကျင်းပခဲ့ကြပြီး၊ မင်းသမီး ယဉ်လတ်က သူ့ချစ်သူနဲ့အတူ မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။ အလားတူ မင်းသမီး မေပန်းချီကလည်း ၎င်းရဲ့မန်နေဂျာအဖြစ်လည်း ဆောင်ရွက်နေသူ ကိုမျိုးကိုနဲ့အတူ အရိုးရှင်းဆုံးနဲ့ အလှပဆုံးဖြစ်အောင် မင်္ဂလာပွဲအခမ်းအနားကို ကျင်းပခဲ့ကာ၊ မင်းသားဇေယျကလည်း သူ့ထက် အသက် (၂၀) ငယ်တဲ့ ချစ်သူမိန်းကလေးနဲ့လက်ထပ်ထိမ်းမြားခဲ့ပြီး၊ ၎င်းတို့အားလုံးက လက်ရှိမှာလည်း ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေး တွေကို ပိုင်ဆိုင်ထားကြပြီဖြစ်ပါတယ်။
အလားတူ မင်းသမီး အိချောပိုက ဒုတိယရင်သွေးလေးကို ပိုင်ဆိုင်ထားပြီဖြစ်ရာ နန်းစန္ဒာလှထွန်းကလည်း ၎င်းတို့ဇနီးမောင်နှံ အရမ်းလိုချင်ခဲ့တဲ့ ရင်သွေးလေးကို (၂၀၂၅) ခုနှစ်မှာရရှိ မွေးဖွားနိုင်ခဲ့မှုကြောင့် မိသားစုဘဝ ပြည့်စုံ ပျော်ရွှင်နေရကြောင်း သိရှိရပါတယ်။ အနုပညာလောကမှာ ပျော်ရွှင်စရာသတင်းတွေလည်း ရှိသလို လူ့ဘဝဆိုတဲ့အတိုင်း တခြားတစ်ဖက်မှာတော့ ကွယ်လွန်ဆုံးပါးမှု သတင်းတွေလည်း ရှိပါတယ်။ အနီးစပ်ဆုံးဆိုရမယ်ဆိုရင် ရုပ်ရှင်နှင့်ဗီဒီယို ဟာသ သရုပ်ဆောင် ညောင်ညောင်ဟာ အသည်းခြောက်ရောဂါနဲ့ (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ (၁၇) ရက် ည (၇) နာရီ (၁၀) မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ OSC ဆေးရုံမှာ အသည်းရောဂါနဲ့ ကွယ်လွန်ဆုံး ပါးခဲ့ပါတယ်။
နောက်ထပ်ထူးခြားမှုတစ်ခုအနေနဲ့ (၂၀၂၁) နိုင်ငံရေးအပြောင်းအလဲကာလမှာ ပြည်သူတွေကြား သွေးထိုးလှုံ့ ဆော်ရေးဝါဒဖြန့်မှုမှာပါဝင်ခဲ့ကြတဲ့ ထပ်ဆင့်အကယ်ဒမီ ပြေတီဦး၊ နေတိုး၊ လူမင်း၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး စတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးတွေ ကိုယ်တိုင်က (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်လာခဲ့ကြတာကို တွေ့မြင်ခဲ့ရတာ ဝမ်းသာစရာအဖြစ် မှတ်ယူရမှာဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲကာ ကျင်းပလျက်ရှိပြီး၊ ပထမပိုင်းကို (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်က ကျင်းပခဲ့ပြီးဖြစ်ကာ ဒုတိယပိုင်းကို ဇန်နဝါရီလ (၁၁) ရက်နဲ့ တတိယပိုင်းကို ဇန်နဝါရီလ (၂၅) ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ရွှေကြိုဝင်ပြိုင်သူတွေကို စိတ်ထဲရှိတိုင်း အမှတ်ပေးရရင် တစ်ဦးမှမကျန်ကြောင်း ညိုမင်းလွင် ပြောဆို
(၂၀၂၅) ခုနှစ် အကယ်ဒမီရွှေကြိုမောင်မယ်ရွေးချယ်ပွဲမှာ လူတစ်ဦးချင်းစီကို ပြင်ပဗဟုသုတများ မေးမြန်းခြင်း မပါဝင်ဘဲ အနုပညာဗဟုသုတ မေးမြန်းမှုကိုပင် ကောင်းမွန်စွာပြန်လည်ဖြေကြားနိုင်ခြင်း မရှိခဲ့ကြတာကြောင့် အကဲဖြတ် ဒိုင်တွေအနေနဲ့ စိတ်လျှော့အကဲဖြတ်ခဲ့ရကြောင်း အကဲဖြတ်ဒိုင်ကိုယ်စီက ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ အကဲဖြတ် ဒိုင်များအနက် ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သူ ဒါရိုက်တာညိုမင်းလွင်ကတော့ ၎င်းရဲ့စိတ်ထဲရှိတိုင်း အမှတ်သာပေးရ မယ်ဆိုရင် တစ်ဦးမှတောင်ကျန်ရှိမှာမဟုတ်ကြောင်းကို အခုလိုအသိပေးခဲ့ပါတယ်။
‘ရွှေကြိုဝင်ပြိုင်နေကြတဲ့ သရုပ်ဆောင်ဝါသနာရှင်လေးတွေကို အကြံပေးချင်တာတစ်ခုက အကြိုက်ဆုံး ဇာတ်ကား၊ ဘာကြောင့်ကြိုက်လဲလို့မေးတာက ကိုယ်တကယ်ကြိုက်တာကို စိတ်ထဲရှိတဲ့အတိုင်း ရိုးရိုးလေးဖြေလိုက်ရုံပဲ။ ဂန္ထဝင်ကားတွေကို တကယ်မကြိုက်ဘဲ အတင်းကြိုက်ပြလို့လည်း မင်းတို့ အမှတ်ပိုရလာမှာမဟုတ်ဘူး။ အကြိုက်ဆုံး ကားလို့လည်းပြောရဲ့နဲ့ ရိုက်ထားတဲ့ ဒါရိုက်တာနာမည်တောင် မှန်အောင်မပြောပြနိုင်တာမျိုးတွေက ကြည့်ရတာ အဆင်ပြေမနေဘူး။ စိတ်ရှိလက်ရှိသာ အမှတ်လျှော့ရရင် အဲဒီအကြိုက်ဆုံးကား မေးခွန်းနဲ့တင် မင်းတို့အကုန်ပြုတ်တယ်’ လို့ ပြိုင်ပွဲဝင်တွေရဲ့အရည်အချင်းကို ဖော်ပြအသိပေးခဲ့တာဖြစ်ပါတယ်။
အကယ်ဒမီရွှေကြိုမောင်မယ် ရွေးချယ်ပွဲ ပထမအဆင့်ပြိုင်ပွဲကို ဒီဇင်ဘာလ (၂၁)ရက်နဲ့ ဒုတိယအဆင့် ရွေးချယ် ပွဲကို အပိုင်း(၂)ပိုင်းခွဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး NP News ရဲ့ အနုပညာကဏ္ဍအတွက် ရေးသားစဉ် ဒီဇင်ဘာလ (၃၁) ရက်အထိ နောက်ဆုံးရလဒ်မထွက်ရှိသေးတာမို့ ရွေးချယ်ခံ အယောက်(၂၀)စာရင်းကို ထည့်သွင်းဖော်ပြနိုင်ခဲ့ခြင်းမရှိပါ။ အကယ်ဒမီရွှေကြိုမောင်မယ် ရွေးချယ်ပွဲအခမ်းအနားကို ရန်ကုန်တိုင်း ဗဟန်းမြိုန့ယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ရွှေရတုခန်းမမှာ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
(၂၀၂၅) ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး၊ (၂၀၂၆) ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမှာဖြစ်ကြောင်း ကနဦးသိရှိရကာ ရက်အတိအကျကို တရားဝင်ထုတ်ပြန်ကြေညာ မှာဖြစ်ပါတယ်။
အနုပညာမီဒီယာသမားတွေကို ပြက်လုံးအဖြစ် အသုံးချလိုက်တဲ့ ရွှေမြားအငြိမ့်အဖွဲ့
ရုပ်ရှင်သရုပ်ဆောင်တွေက လူရွှင်တော်အဖြစ် ပါဝင်ထားတဲ့ “ရွှေမြားနှစ်သစ်မင်္ဂလာအငြိမ့်”မှာ အနုပညာ မီဒီယာတွေနဲ့ပတ်သက်ပြီး ပြက်လုံးထုတ်ခဲ့မှုကြောင့် အနုပညာရှင်တွေနဲ့ မီဒီယာတွေကြား အငြိုးတေးများရှိနေသလား လို့ မေးခွန်းထုတ်ခံရလျက်ရှိပါတယ်။
(၂၀၂၅) ခုနှစ် တစ်နှစ်တာအတွင်း အနုပညာသမားတွေနဲ့ အနုပညာမီဒီယာသမားတွေကြား ထိတွေ့မှု (၄) ကြိမ်ထက်မနည်းဖြစ်ခဲ့ဖူးပြီး၊ ဥပမာ အလှမယ်တစ်ဦးကို လုံးဝမကြိုက်ကြောင်း သတင်းထောက်ရဲ့ပြောဆိုမှု၊ သတင်း ဖော်ပြမှုလွဲမှားမှု အစရှိတဲ့ဖြစ်ရပ်တွေရှိခဲ့တာပါ။ အထူးသဖြင့် ဖြစ်စဉ်ဖြစ်ရပ်တစ်ခုစီတိုင်းမှာ အနုပညာသမား အချင်းချင်း ရဲ့စည်းလုံးမှုကိုမြင်တွေ့ခဲ့ရပေမယ့် အနုပညာမီဒီယာသမားတွေ အပါအဝင် မီဒီယာသမားတွေအနေနဲ့ အကာအကွယ်မဲ့ စေခဲ့တာတော့ အမှန်ပါ။ ဂျိုကာရဲ့ပြက်လုံးက ‘ကင်မရာများကြား မေးမြန်းကြတာများစွာ မြင်တာတွေမေးမြန်းပြီး အနုပညာအကြောင်း တစ်ခုမှမပါ။ လူသားထုကို ခေါင်းစဉ်တပ် လူစိတ်ဝင်စားအောင်ပွဲရှာ။ ဖြေရတဲ့ကျွန်တော်တို့က အဆဲများပဲခံရ။ ဒါမီဒီယာ မီဒီယာ၊ အနုပညာမီဒီယာလောက။ ပါစင်နယ်တွေ လာလာမေး၊ မဖြေချင်တာတွေကို ဖြေရတယ်။ တကယ်ကိုတော်ပါတယ်၊ မီဒီယာသမားတချို့ရယ်။ ပိုင်းဖြတ်ကာ တင်ချင်တာ တင်သွားတယ်။ အနုပညာရှင်တွေဘက်က အကူအညီပြန်တောင်းတယ်။ ဒီပုံ/စာများ မတင်လိုက်နဲ့။ ကြိုတင်ကာလေကွယ် ပြောမှကွယ် တကယ်ကို ယူတင်ကြတယ်။ အမျိုးမျိုးပဲ ဝင်ငွေရှာကြတယ်။ အဆဲများကြားမှာ တဝဲလည်၊ အဆဲများလွတ်အောင် ငါရှောင်တိမ်းပြေးခဲ့တယ်။ ဒါကို ရအောင် သူရှာတယ်} လို့ ပြက်လုံးသီချင်း သီဆိုခဲ့တာပါ။
ရုပ်ရှင်သရုပ်ဆောင်တွေက အငြိမ့်မင်းသမီးတွေ၊ လူရွှင်တော်တွေအဖြစ် ပါဝင်တဲ့ ‘ရွှေမြားနှစ်သစ်မင်္ဂလာအငြိမ့်’ ဖျော်ဖြေတင်ဆက်ပွဲရဲ့မီဒီယာမိတ်ဆက်ပွဲကို (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာလ၊ (၂၃) ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်မြှင့်တင်ရေး Studio မှာ ကျင်းပခဲ့ပါတယ်။ ‘ရွှေမြားနှစ်သစ်မင်္ဂလာ’အငြိမ့်ပွဲမှာ အငြိမ့်မင်းသမီး များအဖြစ် အကယ်ဒမီ အေးမြတ်သူ၊ အေးမြဖြူနဲ့ ယမုံမြင့်မြတ်တို့ ပါဝင်ခဲ့ပြီး သရုပ်ဆောင်တိုင်ရွန်၊ ထူးအောင်၊ သိန်းလင်းစိုး၊ ဂျိုကာတို့က လူရွှင်တော်တွေအဖြစ် ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။
“ရွှေမြားနှစ်သစ်မင်္ဂလာအငြိမ့်” ဖျော်ဖြေတင်ဆက်ပွဲကို (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာလ၊ (၃၀) ရက်နဲ့ (၃၁) ရက်တို့မှာ အမျိုးသားကဇာတ်ရုံ (ရန်ကုန်)မှာ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ဒါရိုက်တာအဖြစ် ရုပ်ရှင်သရုပ်ဆောင် ခင်လှိုင် (ဉာဏ်ကြီး ရှင်) က ရိုက်ကူးတဲ့ “ရွှေမြားနှစ်သစ်မင်္ဂလာအငြိမ့်” ဖျော်ဖြေတင်ဆက်ပွဲကို MRTV-4 ရုပ်သံလိုင်းနဲ့ HEYPLAY Application တို့က တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီမှာ တင်ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“ အႏုပညာေလာကရဲ႕ (၂၀၂၅) ခုႏွစ္ တစ္ႏွစ္တာ ’’
အိျဖဴ (NP News) - ဇန္နဝါရီ ၄
NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “(၂၀၂၅) ခုႏွစ္ တစ္ႏွစ္စာအတြင္း ျဖစ္ေပၚခဲ့တဲ့ အႏုပညာေလာကအတြင္းက အႏုပညာသမားတို႔ရဲ႕ထူးျခားျဖစ္ စဥ္ျဖစ္ရပ္မ်ားအေၾကာင္းကို မွတ္တမ္းတင္ ေဖာ္ျပေပး သြားပါမယ္။
(၂၀၂၅) ခုႏွစ္ ႏွစ္သစ္ကူးေျပာင္း
ျမန္မာသကၠရာဇ္ (၁၃၈၇) ခုႏွစ္၊ ခရစ္ႏွစ္ (၂၀၂၆) ခုႏွစ္ကို ကူးေျပာင္းသြားၿပီျဖစ္ကာ က်န္ရွိခဲ့တဲ့ (၂၀၂၅) ခုႏွစ္ တစ္ႏွစ္တာအတြင္းမွာ အႏုပညာေလာကအတြင္း ေျပာင္းလဲမႈ အေျခအေနမ်ိဳးစုံ ရွိခဲ့တာအမွန္ပါ။ ျပည္သူေတြ ခ်စ္ခင္ အားေပးၾကတဲ့အႏုပညာရွင္ေတြလည္း ထိမ္းျမားလက္ထပ္ခဲ့ၾကသလို ျပည္သူေတြ ေလးစားခ်စ္ခင္ခဲ့ၾကတဲ့ ဝါရင့္ အႏုပညာရွင္ႀကီးေတြလည္း ေႂကြလြင့္ခဲ့ၾကရပါတယ္။
မဂၤလာသတင္းမ်ားမွာ မင္းသားဟိန္းေဝယံနဲ႔ ထပ္ဆင့္အကယ္ဒမီမင္းသမီးစိုးျပည့္သဇင္တို႔က မဂၤလာပြဲ (၆) ပြဲတိတိက်င္းပခဲ့ၾကၿပီး၊ မင္းသမီး ယဥ္လတ္က သူ႔ခ်စ္သူနဲ႔အတူ မဂၤလာပြဲကို ခမ္းခမ္းနားနားက်င္းပခဲ့ပါတယ္။ အလားတူ မင္းသမီး ေမပန္းခ်ီကလည္း ၎ရဲ႕မန္ေနဂ်ာအျဖစ္လည္း ေဆာင္႐ြက္ေနသူ ကိုမ်ိဳးကိုနဲ႔အတူ အ႐ိုးရွင္းဆုံးနဲ႔ အလွပဆုံးျဖစ္ေအာင္ မဂၤလာပြဲအခမ္းအနားကို က်င္းပခဲ့ကာ၊ မင္းသားေဇယ်ကလည္း သူ႔ထက္ အသက္ (၂၀) ငယ္တဲ့ ခ်စ္သူမိန္းကေလးနဲ႔လက္ထပ္ထိမ္းျမားခဲ့ၿပီး၊ ၎တို႔အားလုံးက လက္ရွိမွာလည္း ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အိမ္ေထာင္ေရး ေတြကို ပိုင္ဆိုင္ထားၾကၿပီျဖစ္ပါတယ္။
အလားတူ မင္းသမီး အိေခ်ာပိုက ဒုတိယရင္ေသြးေလးကို ပိုင္ဆိုင္ထားၿပီျဖစ္ရာ နန္းစႏၵာလွထြန္းကလည္း ၎တို႔ဇနီးေမာင္ႏွံ အရမ္းလိုခ်င္ခဲ့တဲ့ ရင္ေသြးေလးကို (၂၀၂၅) ခုႏွစ္မွာရရွိ ေမြးဖြားႏိုင္ခဲ့မႈေၾကာင့္ မိသားစုဘဝ ျပည့္စုံ ေပ်ာ္႐ႊင္ေနရေၾကာင္း သိရွိရပါတယ္။ အႏုပညာေလာကမွာ ေပ်ာ္႐ႊင္စရာသတင္းေတြလည္း ရွိသလို လူ႔ဘဝဆိုတဲ့အတိုင္း တျခားတစ္ဖက္မွာေတာ့ ကြယ္လြန္ဆုံးပါးမႈ သတင္းေတြလည္း ရွိပါတယ္။ အနီးစပ္ဆုံးဆိုရမယ္ဆိုရင္ ႐ုပ္ရွင္ႏွင့္ဗီဒီယို ဟာသ သ႐ုပ္ေဆာင္ ေညာင္ေညာင္ဟာ အသည္းေျခာက္ေရာဂါနဲ႔ (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလ (၁၇) ရက္ ည (၇) နာရီ (၁၀) မိနစ္အခ်ိန္တြင္ ရန္ကုန္တိုင္းေဒသႀကီး ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ OSC ေဆး႐ုံမွာ အသည္းေရာဂါနဲ႔ ကြယ္လြန္ဆုံး ပါးခဲ့ပါတယ္။
ေနာက္ထပ္ထူးျခားမႈတစ္ခုအေနနဲ႔ (၂၀၂၁) ႏိုင္ငံေရးအေျပာင္းအလဲကာလမွာ ျပည္သူေတြၾကား ေသြးထိုးလႈံ႕ ေဆာ္ေရးဝါဒျဖန႔္မႈမွာပါဝင္ခဲ့ၾကတဲ့ ထပ္ဆင့္အကယ္ဒမီ ေျပတီဦး၊ ေနတိုး၊ လူမင္း၊ ပိုင္တံခြန္၊ အိျႏၵာေက်ာ္ဇင္၊ ေဖြးေဖြး စတဲ့ နာမည္ႀကီး မင္းသား၊ မင္းသမီးေတြ ကိုယ္တိုင္က (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလ ၂၈ ရက္က က်င္းပခဲ့တဲ့ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲအတြက္ ပူးေပါင္းပါဝင္လာခဲ့ၾကတာကို ေတြ႕ျမင္ခဲ့ရတာ ဝမ္းသာစရာအျဖစ္ မွတ္ယူရမွာျဖစ္ပါတယ္။ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကို အပိုင္း သုံးပိုင္းခြဲကာ က်င္းပလ်က္ရွိၿပီး၊ ပထမပိုင္းကို (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလ (၂၈) ရက္က က်င္းပခဲ့ၿပီးျဖစ္ကာ ဒုတိယပိုင္းကို ဇန္နဝါရီလ (၁၁) ရက္နဲ႔ တတိယပိုင္းကို ဇန္နဝါရီလ (၂၅) ရက္မွာ က်င္းပသြားမွာျဖစ္ပါတယ္။
ေ႐ႊႀကိဳဝင္ၿပိဳင္သူေတြကို စိတ္ထဲရွိတိုင္း အမွတ္ေပးရရင္ တစ္ဦးမွမက်န္ေၾကာင္း ညိဳမင္းလြင္ ေျပာဆို
(၂၀၂၅) ခုႏွစ္ အကယ္ဒမီေ႐ႊႀကိဳေမာင္မယ္ေ႐ြးခ်ယ္ပြဲမွာ လူတစ္ဦးခ်င္းစီကို ျပင္ပဗဟုသုတမ်ား ေမးျမန္းျခင္း မပါဝင္ဘဲ အႏုပညာဗဟုသုတ ေမးျမန္းမႈကိုပင္ ေကာင္းမြန္စြာျပန္လည္ေျဖၾကားႏိုင္ျခင္း မရွိခဲ့ၾကတာေၾကာင့္ အကဲျဖတ္ ဒိုင္ေတြအေနနဲ႔ စိတ္ေလွ်ာ့အကဲျဖတ္ခဲ့ရေၾကာင္း အကဲျဖတ္ဒိုင္ကိုယ္စီက ထုတ္ေဖာ္ေျပာဆိုခဲ့ၾကပါတယ္။ အကဲျဖတ္ ဒိုင္မ်ားအနက္ ပြင့္ပြင့္လင္းလင္းေျပာဆိုတတ္သူ ဒါ႐ိုက္တာညိဳမင္းလြင္ကေတာ့ ၎ရဲ႕စိတ္ထဲရွိတိုင္း အမွတ္သာေပးရ မယ္ဆိုရင္ တစ္ဦးမွေတာင္က်န္ရွိမွာမဟုတ္ေၾကာင္းကို အခုလိုအသိေပးခဲ့ပါတယ္။
‘ေ႐ႊႀကိဳဝင္ၿပိဳင္ေနၾကတဲ့ သ႐ုပ္ေဆာင္ဝါသနာရွင္ေလးေတြကို အႀကံေပးခ်င္တာတစ္ခုက အႀကိဳက္ဆုံး ဇာတ္ကား၊ ဘာေၾကာင့္ႀကိဳက္လဲလို႔ေမးတာက ကိုယ္တကယ္ႀကိဳက္တာကို စိတ္ထဲရွိတဲ့အတိုင္း ႐ိုး႐ိုးေလးေျဖလိုက္႐ုံပဲ။ ဂႏၴဝင္ကားေတြကို တကယ္မႀကိဳက္ဘဲ အတင္းႀကိဳက္ျပလို႔လည္း မင္းတို႔ အမွတ္ပိုရလာမွာမဟုတ္ဘူး။ အႀကိဳက္ဆုံး ကားလို႔လည္းေျပာရဲ႕နဲ႔ ႐ိုက္ထားတဲ့ ဒါ႐ိုက္တာနာမည္ေတာင္ မွန္ေအာင္မေျပာျပႏိုင္တာမ်ိဳးေတြက ၾကည့္ရတာ အဆင္ေျပမေနဘူး။ စိတ္ရွိလက္ရွိသာ အမွတ္ေလွ်ာ့ရရင္ အဲဒီအႀကိဳက္ဆုံးကား ေမးခြန္းနဲ႔တင္ မင္းတို႔အကုန္ျပဳတ္တယ္’ လို႔ ၿပိဳင္ပြဲဝင္ေတြရဲ႕အရည္အခ်င္းကို ေဖာ္ျပအသိေပးခဲ့တာျဖစ္ပါတယ္။
အကယ္ဒမီေ႐ႊႀကိဳေမာင္မယ္ ေ႐ြးခ်ယ္ပြဲ ပထမအဆင့္ၿပိဳင္ပြဲကို ဒီဇင္ဘာလ (၂၁)ရက္နဲ႔ ဒုတိယအဆင့္ ေ႐ြးခ်ယ္ ပြဲကို အပိုင္း(၂)ပိုင္းခြဲ က်င္းပခဲ့ျခင္းျဖစ္ၿပီး NP News ရဲ႕ အႏုပညာက႑အတြက္ ေရးသားစဥ္ ဒီဇင္ဘာလ (၃၁) ရက္အထိ ေနာက္ဆုံးရလဒ္မထြက္ရွိေသးတာမို႔ ေ႐ြးခ်ယ္ခံ အေယာက္(၂၀)စာရင္းကို ထည့္သြင္းေဖာ္ျပႏိုင္ခဲ့ျခင္းမရွိပါ။ အကယ္ဒမီေ႐ႊႀကိဳေမာင္မယ္ ေ႐ြးခ်ယ္ပြဲအခမ္းအနားကို ရန္ကုန္တိုင္း ဗဟန္းၿမိဳန႔ယ္ ဝကၤဘာလမ္းရွိ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး၊ ေ႐ႊရတုခန္းမမွာ က်င္းပခဲ့ျခင္းျဖစ္ပါတယ္။
(၂၀၂၅) ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု ခ်ီးျမႇင့္ပြဲအခမ္းအနားကို ေနျပည္ေတာ္မွာ က်င္းပမွာျဖစ္ၿပီး၊ (၂၀၂၆) ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း က်င္းပသြားမွာျဖစ္ေၾကာင္း ကနဦးသိရွိရကာ ရက္အတိအက်ကို တရားဝင္ထုတ္ျပန္ေၾကညာ မွာျဖစ္ပါတယ္။
အႏုပညာမီဒီယာသမားေတြကို ျပက္လုံးအျဖစ္ အသုံးခ်လိုက္တဲ့ ေ႐ႊျမားအၿငိမ့္အဖြဲ႕
႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြက လူ႐ႊင္ေတာ္အျဖစ္ ပါဝင္ထားတဲ့ “ေ႐ႊျမားႏွစ္သစ္မဂၤလာအၿငိမ့္”မွာ အႏုပညာ မီဒီယာေတြနဲ႔ပတ္သက္ၿပီး ျပက္လုံးထုတ္ခဲ့မႈေၾကာင့္ အႏုပညာရွင္ေတြနဲ႔ မီဒီယာေတြၾကား အၿငိဳးေတးမ်ားရွိေနသလား လို႔ ေမးခြန္းထုတ္ခံရလ်က္ရွိပါတယ္။
(၂၀၂၅) ခုႏွစ္ တစ္ႏွစ္တာအတြင္း အႏုပညာသမားေတြနဲ႔ အႏုပညာမီဒီယာသမားေတြၾကား ထိေတြ႕မႈ (၄) ႀကိမ္ထက္မနည္းျဖစ္ခဲ့ဖူးၿပီး၊ ဥပမာ အလွမယ္တစ္ဦးကို လုံးဝမႀကိဳက္ေၾကာင္း သတင္းေထာက္ရဲ႕ေျပာဆိုမႈ၊ သတင္း ေဖာ္ျပမႈလြဲမွားမႈ အစရွိတဲ့ျဖစ္ရပ္ေတြရွိခဲ့တာပါ။ အထူးသျဖင့္ ျဖစ္စဥ္ျဖစ္ရပ္တစ္ခုစီတိုင္းမွာ အႏုပညာသမား အခ်င္းခ်င္း ရဲ႕စည္းလုံးမႈကိုျမင္ေတြ႕ခဲ့ရေပမယ့္ အႏုပညာမီဒီယာသမားေတြ အပါအဝင္ မီဒီယာသမားေတြအေနနဲ႔ အကာအကြယ္မဲ့ ေစခဲ့တာေတာ့ အမွန္ပါ။ ဂ်ိဳကာရဲ႕ျပက္လုံးက ‘ကင္မရာမ်ားၾကား ေမးျမန္းၾကတာမ်ားစြာ ျမင္တာေတြေမးျမန္းၿပီး အႏုပညာအေၾကာင္း တစ္ခုမွမပါ။ လူသားထုကို ေခါင္းစဥ္တပ္ လူစိတ္ဝင္စားေအာင္ပြဲရွာ။ ေျဖရတဲ့ကြၽန္ေတာ္တို႔က အဆဲမ်ားပဲခံရ။ ဒါမီဒီယာ မီဒီယာ၊ အႏုပညာမီဒီယာေလာက။ ပါစင္နယ္ေတြ လာလာေမး၊ မေျဖခ်င္တာေတြကို ေျဖရတယ္။ တကယ္ကိုေတာ္ပါတယ္၊ မီဒီယာသမားတခ်ိဳ႕ရယ္။ ပိုင္းျဖတ္ကာ တင္ခ်င္တာ တင္သြားတယ္။ အႏုပညာရွင္ေတြဘက္က အကူအညီျပန္ေတာင္းတယ္။ ဒီပုံ/စာမ်ား မတင္လိုက္နဲ႔။ ႀကိဳတင္ကာေလကြယ္ ေျပာမွကြယ္ တကယ္ကို ယူတင္ၾကတယ္။ အမ်ိဳးမ်ိဳးပဲ ဝင္ေငြရွာၾကတယ္။ အဆဲမ်ားၾကားမွာ တဝဲလည္၊ အဆဲမ်ားလြတ္ေအာင္ ငါေရွာင္တိမ္းေျပးခဲ့တယ္။ ဒါကို ရေအာင္ သူရွာတယ္} လို႔ ျပက္လုံးသီခ်င္း သီဆိုခဲ့တာပါ။
႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြက အၿငိမ့္မင္းသမီးေတြ၊ လူ႐ႊင္ေတာ္ေတြအျဖစ္ ပါဝင္တဲ့ ‘ေ႐ႊျမားႏွစ္သစ္မဂၤလာအၿငိမ့္’ ေဖ်ာ္ေျဖတင္ဆက္ပြဲရဲ႕မီဒီယာမိတ္ဆက္ပြဲကို (၂၀၂၅) ခုႏွစ္၊ ဒီဇင္ဘာလ၊ (၂၃) ရက္ မနက္ပိုင္းက ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္ရွိ ႐ုပ္ရွင္ျမႇင့္တင္ေရး Studio မွာ က်င္းပခဲ့ပါတယ္။ ‘ေ႐ႊျမားႏွစ္သစ္မဂၤလာ’အၿငိမ့္ပြဲမွာ အၿငိမ့္မင္းသမီး မ်ားအျဖစ္ အကယ္ဒမီ ေအးျမတ္သူ၊ ေအးျမျဖဴနဲ႔ ယမုံျမင့္ျမတ္တို႔ ပါဝင္ခဲ့ၿပီး သ႐ုပ္ေဆာင္တိုင္႐ြန္၊ ထူးေအာင္၊ သိန္းလင္းစိုး၊ ဂ်ိဳကာတို႔က လူ႐ႊင္ေတာ္ေတြအျဖစ္ ေဖ်ာ္ေျဖတင္ဆက္ခဲ့ပါတယ္။
“ေ႐ႊျမားႏွစ္သစ္မဂၤလာအၿငိမ့္” ေဖ်ာ္ေျဖတင္ဆက္ပြဲကို (၂၀၂၅) ခုႏွစ္၊ ဒီဇင္ဘာလ၊ (၃၀) ရက္နဲ႔ (၃၁) ရက္တို႔မွာ အမ်ိဳးသားကဇာတ္႐ုံ (ရန္ကုန္)မွာ က်င္းပခဲ့ျခင္းျဖစ္ပါတယ္။ ဒါ႐ိုက္တာအျဖစ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ခင္လႈိင္ (ဉာဏ္ႀကီး ရွင္) က ႐ိုက္ကူးတဲ့ “ေ႐ႊျမားႏွစ္သစ္မဂၤလာအၿငိမ့္” ေဖ်ာ္ေျဖတင္ဆက္ပြဲကို MRTV-4 ႐ုပ္သံလိုင္းနဲ႔ HEYPLAY Application တို႔က တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္ခဲ့တာ ျဖစ္ပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီမွာ တင္ရပ္နားခြင့္ျပဳပါ။