Boycott လုပ်တာ အောင်မြင်မှု ရှိ/မရှိ နဲ့ အနုပညာသတင်းများ

 1910

အိဖြူ (NP News) - ဒီဇင်ဘာ ၂၈

The Statesman Journal ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “ခင်လှိုင်ပြောတဲ့ မိသားစု အတွင်းရေး၊ ပိုင်ဇေရဲထွန်းတို့မိသားစုရဲ့သက်ဝင်ယုံကြည်မှု” စတဲ့ အနုပညာဆက်စပ် သတင်းတွေကိုဖော်ပြ ပေးသွားပါမယ်။

သားအရင်းကို အမွေဖြတ်ကာ ချွေးမကို တရားဝင်မွေးစားခဲ့တဲ့ ခင်လှိုင်

ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာခင်လှိုင်ရဲ့သမီးငယ်ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်သဇင်ထူးမြင့်ရေးသားခဲ့တဲ့ Comment Reply တစ်ခုရဲ့နောက်ဆက်တွဲကြောင့် ခင်လှိုင်တို့မိသားစုရဲ့အိမ်တွင်းရေးသတင်းတွေ ဒီဇင်ဘာလ နောက်ဆုံးပတ်က ထွက်ပေါ်ခဲ့ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာခင်လှိုင်က သားအရင်းကို အမွေပြတ်စွန့်လွှတ်ခဲ့ပြီး ချွေးမဖြစ်သူကို တရားဝင်မွေး စားခဲ့တဲ့သတင်းက ၎င်းတို့ရဲ့မိသားစုအတွင်းရေးကိစ္စဆိုပေမယ့် အနုပညာရှင်တွေအကြောင်း စိတ်ဝင်စားသူအပေါင်းရဲ့ ပါးစပ်ဖျားထဲ ပြောစရာသတင်းတစ်ပုဒ်ဖြစ်ခဲ့တာပါ။ ‘မိသားစုဓာတ်ပုံတွေထဲ အစ်ကိုအကြီးဖြစ်သူကိုမတွေ့တော့ပါ လား’ဆိုတဲ့ ပရိသတ်တစ်ဦးရဲ့အမေးကို ‘အမွေဖြတ်လိုက်ပြီဖြစ်ကြောင်း’ သဇင်ထူးမြင့်ကတုံ့ပြန်ခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်ပြီး သတင်းတုသတင်းတွေဖြန့်ဝေတဲ့ပေ့ချ်တစ်ခုက ‘ရုပ်ရှင်သရုပ်ဆောင်ခင်လှိုင်က ငွေမက်တာကြောင့် သားဖြစ်သူ က ဆင်းရဲချို့တဲ့တဲ့မိန်းကလေးနဲ့ပတ်သက်လို့ သားအရင်းကို အမွေဖြတ်လိုက်တယ်’လို့ရေးသားခဲ့ပြီး Follower တိုးအောင် လုပ်ဆောင်ခဲ့တာပါ။
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ခင်လှိုင်ကိုယ်တိုင်က ‘လေးစားချစ်ခင်ရတဲ့ပရိသတ်များအားလုံး မင်္ဂလာပါ။ ကျွန်တော်အကြောင်းအရာတစ်ခုကို ရှင်းပြချင်လို့ပါ။ ပုံမှန်အားဖြင့်ကတော့ ပြန်ပြီး တုံ့ပြန်လေ့ မရှိသလို ရှင်းလည်း မရှင်းပါဘူး။ အခုက မိသားစုကိစ္စဖြစ်နေတော့ မရှင်းလို့မရတော့လို့ပါ။ ကျွန်တော့်သမီးရဲ့ကွန့်မန့်လေးတစ်ခုကြောင့်ဖြစ် သွားတဲ့ပြဿနာက တဖြည်းဖြည်းကြီးလာလို့ပါ။ ကျွန်တော်တို့မိသားစုကိစ္စကလည်း ပရိသတ်တွေရဲ့အရေးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သိသင့်တယ်ထင်လို့ပါ၊ ကျွန်တော်ရှင်းပြမှဖြစ်မှာမို့လို့ ရှင်းပြရတာပါ။ အဆင့်အတန်းခွဲခြားပြီး ငွေမက်တဲ့ခင်လှိုင်လို့ ပေ့ချ်တစ်ခုက ရေးထားတာပါ။ ကျွန်တော့်သား အကြီးကောင်ကို ကျွန်တော်အမွေဖြတ် လိုက်တာပါ။ ကျွန်တော့်သားသမီးသုံးယောက်စလုံးကို တန်းတူချစ်ပါတယ်။ သားအကြီးက အရင်ဆုံး အိမ်ထောင်ကျ ပါတယ်။ မင်္ဂလာဆောင်ကို ကျွန်တော် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ဆောင်ပေးခဲ့ပါတယ်။ လူတွေထင်နေကြ တာက ကျွန်တော်ကငွေမက်လို့ အဲဒီကောင်မလေးနဲ့မပေးစားဘဲ အမွေဖြတ်လိုက်တယ်ဆိုတော့ မဟုတ်ဘူးဗျ။ ပြောင်းပြန်ကြီးဖြစ်နေတယ်ဗျ။ ချွေးမလေးရယ်၊ မြေးနှစ်ယောက်စလုံး ကျွန်တော့်အိမ်မှာရှိပါတယ်။ ကျွန်တော့်ချွေး မလေးကို အမွေစားအမွေခံသမီးအဖြစ် ပြန်မွေးစားလိုက်ပြီးတော့ ကျွန်တော့်သားအကြီးကို ကျွန်တော်ကိုယ်တိုင် အမွေဖြတ်လိုက်တာပါ။ အကြောင်းရင်း လည်းသေချာမသိဘဲနဲ့ရေးတဲ့ကွန့်မန့်တွေကိုဖတ်ရင်း ရယ်လည်းရယ်ချင်သလို စိတ်မကောင်းလည်းဖြစ်မိပါတယ်’ လို့ ပြန်လည်ဖြေရှင်းခဲ့တာပါ။

သားအကြီးဖြစ်သူကို အမွေဖြတ်ရခြင်းအကြောင်းမှာ ‘ကျွန်တော့်ချွေးမလေးမှာ ကလေးနှစ်ယောက်ရပြီးမှ ကျွန်တော့်သားအကြီးကောင်က ဖောက်ပြန်သွားပါတယ်။ ဖောက်ပြန်တာမှ ရိုးရိုးဖောက်ပြန်တာမဟုတ်ဘဲ၊ အကြိမ်ကြိမ် ဖောက်ပြန်တယ်။ ပြီးတော့ သားအကြီးကောင်က သူနဲ့ဖောက်ပြန်တဲ့အမျိုးသမီးနောက်ကို လိုက်သွားပါတယ်။ အဲဒီတော့ ကျွန်တော်က ချွေးမလေးကိုသနားတဲ့အတွက် ကျွန်တော်တို့တစ်မိသားစုလုံးက ချစ်ချစ်ခင်ခင်ပဲ၊ အငယ်မလေး ‘သဇင်ထူးမြင့် ကလည်း အစ်မအရင်းလိုပဲချစ်တယ်။ ကျွန်တော့်အိမ်မှာပဲ မိသားစုစည်းစည်းလုံးလုံးနေပါတယ်။ သူ တစ်ပါးအကြောင်းကို မသိရင် မပြောပါနဲ့။ ခင်လှိုင် စိတ်တွေအကုန်လုံးကိုလျှော့ချထားပါတယ်။ ဆဲလည်းမဆဲချင်ဘူး။ ဒီလိုပို့စ်ကိုတင်တဲ့ပို့စ်ပိုင်ရှင် ရှက်တတ်ပါစေ’လို့ ခင်လှိုင်က ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ် ပါတယ်။ အိမ်ထောင်ရေး ဖောက်ပြားခဲ့တဲ့သားအကြီးဖြစ်သူကို စွန့်လွှတ်ပြီး ချွေးမဖြစ်သူကို အမွေစားအမွေခံအဖြစ်မွေးစားလိုက်တဲ့ ရုပ်ရှင် သရုပ်ဆောင်ခင်လှိုင်တို့ဇနီးမောင်နှံ ရဲ့ဆုံးဖြတ်ချက်ဟာ သားသမီးချင်းကိုယ်ချင်းစာရုံမက အိမ်ထောင်ရေး ဖောက်ပြားမှု ကိုပါ လုံးဝလက်မခံကြောင်း ပြသနိုင်လိုက်တာကြောင့် လူအများက အသိအမှတ်ပြုခဲ့ကြပါတယ်။ သူကိုယ်တိုင်လည်း သမီးမိန်းကလေး၊ မြေးမလေးတွေကို ပိုင်ဆိုင်ထားတာကြောင့် မိဘအရင်းသဖွယ် နစ်နာသူချွေးမလေးဘက်က မားမား မတ်မတ်ရပ်တည်ခဲ့တဲ့အတွက်လည်း အများရဲ့ ချီးကျူးလေးစားခြင်းကိုခံခဲ့ရပါတယ်။
သူ့အနေနဲ့ နဖူးကချွေး ခြေမကျအောင်အထိရှာထားရတဲ့ငွေကိုမက်မောပြီး၊ လက်ရှိမှာလည်း မြေးမလေးနှစ် ယောက်ရဲ့ကျောင်းစရိတ်အပါအဝင် ကိစ္စအဝဝကို တာဝန်ယူ ထားတာဖြစ်တာကြောင့် မြေးမလေးတွေရှေ့ရေးအတွက်ပါ ရှာဖွေနေရဆဲဖြစ်ကြောင်းကိုလည်း အသိပေးပြောပြခဲ့ပါသေးတယ်။ ခင်လှိုင်တို့ဇနီးမောင်နှံအနေနဲ့ ၎င်းတို့ရဲ့သားအ ကြီးဖြစ်သူကို အမွေပြတ်စွန့်လွှတ်ကြောင်းကြေညာခဲ့တာ (၉)လဝန်းကျင်ရှိပြီဖြစ်တယ်လို့လည်းအသိပေးခဲ့ပါတယ်။

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတွေဖြစ်ကြောင်း ပိုင်ဇေရဲထွန်း တုံ့ပြန်

ရုပ်ရှင်သရုပ်ဆောင် ပိုင်ဇေရဲထွန်းတို့မိသားစုတစ်စုလုံး ဗုဒ္ဓဘာသာဝင်အဖြစ်မှ ခရစ်ယာန်ဘာသာဝင်အဖြစ်ကို ကူးပြောင်းသွားပြီဖြစ်ကြောင်း ထွက်ပေါ်လာတဲ့သတင်းက ဗုဒ္ဓဘာသာဝင်တို့အတွက် အံ့ဩစိတ်မကောင်းဖွယ်ဖြစ်စေခဲ့ တာပါ။ ‘ကျွန်တော်တို့မိသားစု ဘာသာမပြောင်းပါဘူး။ မိရိုးဖလာဗုဒ္ဓဘာလည်းဖြစ်သလို ကျွန်တော်တို့မိသားစုကိုယ်တိုင် လည်း ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြပါတယ်’လို့ ပိုင်ဇေရဲထွန်းနဲ့ ဇနီးမဇင်သဲနိုင်က ၎င်းတို့ဟာ ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ကြောင်း တရားဝင်ဖော်ပြခဲ့သလို အနုပညာ မီဒီယာတစ်ခုရဲ့အင်တာဗျူးကနေလည်း တရားဝင် ဖြေရှင်းခဲ့ပါတယ်။
‘ဒီဇင်ဘာလ (၁၈)ရက်က သရုပ်ဆောင် ပိုင်ဇေရဲထွန်းတို့တစ်မိသားစုလုံး ခရစ်ယာန်ဘာသာကူးပြောင်း သွားပြီ’ ဆိုတဲ့သတင်းကို “မြန်မာပြည်မှာနေရတာပျော်တယ်”အမည်ရှိ ဖေ့စ်ဘွတ်ပေ့ချ်ကနေ မိသားစုဓာတ်ပုံတွေနဲ့တကွ ရေးသားဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ သတင်းတုသတင်းမှားတွေဖြန့်ဝေလျက်ရှိတဲ့ ပေ့ချ်အတုတွေရဲ့လုပ်ရပ်က အွန် လိုင်းအသုံးပြုသူတွေထံ သတင်းမှားတွေရောက်စေရုံမက ကာယကံရှင်တွေကိုလည်း စိတ်အနှောင့်အယှက်ဖြစ်ပေါ် စေပြီး၊ ပုဂ္ဂိုလ်ရေးအရ စော်ကားမှုလုပ်ရပ်တွေသာဖြစ်ပါတယ်။
‘ဘာသာရေးဟာ အရမ်းထိရှလွယ်ပါတယ်။ ကျွန်မတို့မိသားစုဟာ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အချင်းချင်းကိုသော်လည်းကောင်း၊ တခြားဘာသာဝင်တွေနဲ့သော်လည်းကောင်း စိတ်ဝမ်းကွဲအောင် အထင်မြင်လွဲမှားအောင်ပြုလုပ်ခြင်းကို လုံးဝခွင့်လွှတ်မှာမဟုတ်ပါဘူး။ မိမိကိုးကွယ်တဲ့ဘာသာကို ထိပါးစော်ကားခြင်းကို လည်းသည်းမခံနိုင်သလို တခြားဘယ်ဘာသာကိုမှ စော်ကားခြင်း အခုလည်းမလုပ်ပါ။ နောင်လည်း လုံးဝ ပြုလုပ်မှာ မဟုတ်ပါ။ We should respect all religions.’လို့ ပိုင်ဇေရဲထွန်းရဲ့ဇနီး မဇင်သဲနိုင်က သူရဲ့ဖေ့စ်ဘွတ်အကောင့် မှာဖော်ပြခဲ့ပြီး အဆိုပါပေ့ချ်ကိုလည်း သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းဥပဒေအရ အရေး ယူသွားမှာဖြစ်ကြောင်း ဖော်ပြ ခဲ့တာပါ။ သတင်းမှားတွေဖြန့်ဝေခဲ့တဲ့ အဆိုပါပေ့ချ်က ‘ဒီဇင်ဘာလ(၁၈)ရက်က သရုပ်ဆောင် ပိုင်ဇေရဲထွန်းတို့ တစ် မိသားစုလုံး ခရစ်ယာန်ဘာသာကူးပြောင်းသွားပြီဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး သေချာမစိစစ်ဘဲ လူအများ အထင် အမြင်လွဲမှားမှုကိုဖြစ်စေမိခဲ့တဲ့အတွက်၊ တောင်ကလေးဆရာတော်ပုံတော်ပါသွားတဲ့အတွက်လည်းကောင်း၊ သရုပ် ဆောင် ပိုင်ဇေရဲထွန်းနဲ့ဇနီးသည် ဇင်သဲနိုင်တို့မိသားစုအား အနူးအညွတ် တောင်းပန်အပ်ပါတယ်ရှင်}လို့ ပြန်လည် တောင်းပန်ကြောင်းဖော်ပြခဲ့ပေမယ့် ၎င်းတို့ရဲ့လုပ်ရပ်က လူမျိုးဘာသာသာသနာကို မထီမဲ့မြင်ပြုမူကာ စော်ကားတဲ့ လုပ်ရပ်တစ်ခုသာဖြစ်ပါတယ်။

ပြည်ပမီဒီယာတွေရဲ့ Boycott လုပ်တာ အောင်မြင်မှု ရှိ/မရှိ နေတိုး သက်သေပြ

ပြည်ပြေးအနုပညာရှင်တွေနဲ့ အကြမ်းဖက်အားပေးမီဒီယာတွေရဲ့ Boycott သတိပေးစာရင်း ထဲပါဝင်ထားတဲ့ ထပ်ဆင့်အကယ်ဒမီနေတိုးရဲ့ “မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်” ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသမှုကတစ်ဆင့် ပြည်သူလူထုကို Boycott အောင်မြင်မှု ရှိ/မရှိ သက်သေပြသနိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလ (၂၃) ရက် ညပိုင်းက သမ္မတ ရုပ်ရှင်ရုံမှာ ‘မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်’ ရုပ်ရှင်ဇာတ်ကား ပရီမီယံရှိုးပြသခဲ့ရာ လာရောက်ကြည့်ရှုသူ အလွန်များပြားလွန်းတာကြောင့် ရုပ်ရှင်ရုံ ဝင်ပေါက်တံခါးကိုပိတ်လိုက်ရရုံမက သမ္မတရုပ်ရှင်ရုံအတွင်း အဓိက ဝင်ပေါက်သံပန်းတံခါးကိုပါ ပိတ်ချလိုက်ရတာဖြစ်ပါတယ်။ ဒါ့ပြင် သရုပ်ဆောင်အသစ်ဖြစ်တဲ့ Vitamin ကို လာရောက် အားပေးကြသူတို့ကလည်း များပြားလွန်းခဲ့ပါတယ်။ သမ္မတရုပ်ရှင်ရုံအောက်ထပ် လူအပြည့်ဖြစ်ခဲ့ရပြီး အတင်းတိုးဝှေ့မှု တွေကြောင့် ပွဲလာပရိသတ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားတဲ့အထိ ဖြစ်ခဲ့ရတာကတော့ မြင်မကောင်းဖြစ်စေခဲ့ပေမယ့် ရုပ်ရှင်ထုတ်လုပ်သူနဲ့ ပါဝင်ထားတဲ့သရုပ်ဆောင်တွေအတွက် ဝမ်းမြောက်ဖွယ်ရာဖြစ်စေခဲ့တာပါ။ လက်ရှိ ရုံတင်ပြသနေ ချိန်မှာလည်း ရုံပြည့်ရုံလျှံ များပြားလျက်ရှိပြီး၊ ထပ်ဆင့်အကယ်ဒမီနေတိုးက ၎င်းရဲ့အနုပညာအစွမ်းနဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားနေရာကို ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ စာရေးဆရာ ဆောင်းလုလင်ရေးသားပြီး တက္ကသိုလ်နန္ဒမိတ် ဝတ္ထုတိုပြိုင်ပွဲမှာ ပထမဆုရရှိထားတဲ့ ‘မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်’ဆိုတဲ့ဝတ္ထုတိုကို မင်းမဟာ ထုတ်လုပ်ရေးက ဇာတ်ဝန်း ဖြိုးသဉ္ဇာကျော်၊ Art Director သားညီ၊ Director of Photography / Director - ပီကေ၊ ထပ်ဆင့်အကယ်ဒမီ နေတိုး၊ နေမျိုးအောင်၊ ညီနန္ဒ၊ Vitamin၊ သံသာညီ၊ ဗွာဗွား၊ အထူးဧည့်သည်သရုပ်ဆောင် အေးဝတ် ရည်သောင်းတို့က ပုံဖော်ခဲ့ကြခြင်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းက မိသားစုမေတ္တာဖွဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်သလို၊ ဘဝကိုအရှုံးမပေးဘဲ ကြိုးစားရပ်တည်ခဲ့တဲ့ LGBTQ ဘဝပုံရိပ်တစ်ခုကိုလည်းရေးဖွဲ့ထားတာပါ။ ဝတ္ထုဖတ်စဉ်ကတည်းက မျက်ရည်မဆည်နိုင်အောင်ကောင်းလွန်းတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမို့ ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းရာမှာလည်း လူအများနှစ်ခြိုက်မှုကိုရရှိကာ ထပ်ဆင့်အောင်မြင်မှုတွေရရှိလျက်ရှိပါတယ်။
“မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်” ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ(၂၆)ရက် (သောကြာနေ့)ကစတင်ပြီး မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင် ပြသလျက်ရှိပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ ရပ်နားခွင့်ပြုပါ။

Zawgyi Version:
Boycott လုပ္တာ ေအာင္ျမင္မႈ ရွိ/မရွိနဲ႔ အႏုပညာသတင္းမ်ား
အိျဖဴ (NP News) - ဒီဇင္ဘာ ၂၈
The Statesman Journal ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “ခင္လႈိင္ေျပာတဲ့ မိသားစု အတြင္းေရး၊ ပိုင္ေဇရဲထြန္းတို႔မိသားစုရဲ႕သက္ဝင္ယုံၾကည္မႈ” စတဲ့ အႏုပညာဆက္စပ္ သတင္းေတြကိုေဖာ္ျပ ေပးသြားပါမယ္။

သားအရင္းကို အေမြျဖတ္ကာ ေခြၽးမကို တရားဝင္ေမြးစားခဲ့တဲ့ ခင္လႈိင္

႐ုပ္ရွင္သ႐ုပ္ေဆာင္ ဒါ႐ိုက္တာခင္လႈိင္ရဲ႕သမီးငယ္ျဖစ္သူ ႐ုပ္ရွင္သ႐ုပ္ေဆာင္သဇင္ထူးျမင့္ေရးသားခဲ့တဲ့ Comment Reply တစ္ခုရဲ႕ေနာက္ဆက္တြဲေၾကာင့္ ခင္လႈိင္တို႔မိသားစုရဲ႕အိမ္တြင္းေရးသတင္းေတြ ဒီဇင္ဘာလ ေနာက္ဆုံးပတ္က ထြက္ေပၚခဲ့ပါတယ္။
႐ုပ္ရွင္သ႐ုပ္ေဆာင္ ဒါ႐ိုက္တာခင္လႈိင္က သားအရင္းကို အေမြျပတ္စြန႔္လႊတ္ခဲ့ၿပီး ေခြၽးမျဖစ္သူကို တရားဝင္ေမြး စားခဲ့တဲ့သတင္းက ၎တို႔ရဲ႕မိသားစုအတြင္းေရးကိစၥဆိုေပမယ့္ အႏုပညာရွင္ေတြအေၾကာင္း စိတ္ဝင္စားသူအေပါင္းရဲ႕ ပါးစပ္ဖ်ားထဲ ေျပာစရာသတင္းတစ္ပုဒ္ျဖစ္ခဲ့တာပါ။ ‘မိသားစုဓာတ္ပုံေတြထဲ အစ္ကိုအႀကီးျဖစ္သူကိုမေတြ႕ေတာ့ပါ လား’ဆိုတဲ့ ပရိသတ္တစ္ဦးရဲ႕အေမးကို ‘အေမြျဖတ္လိုက္ၿပီျဖစ္ေၾကာင္း’ သဇင္ထူးျမင့္ကတုံ႔ျပန္ခဲ့ရာမွ စတင္ခဲ့ျခင္း ျဖစ္ၿပီး သတင္းတုသတင္းေတြျဖန႔္ေဝတဲ့ေပ့ခ်္တစ္ခုက ‘႐ုပ္ရွင္သ႐ုပ္ေဆာင္ခင္လႈိင္က ေငြမက္တာေၾကာင့္ သားျဖစ္သူ က ဆင္းရဲခ်ိဳ႕တဲ့တဲ့မိန္းကေလးနဲ႔ပတ္သက္လို႔ သားအရင္းကို အေမြျဖတ္လိုက္တယ္’လို႔ေရးသားခဲ့ၿပီး Follower တိုးေအာင္ လုပ္ေဆာင္ခဲ့တာပါ။
ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ခင္လႈိင္ကိုယ္တိုင္က ‘ေလးစားခ်စ္ခင္ရတဲ့ပရိသတ္မ်ားအားလုံး မဂၤလာပါ။ ကြၽန္ေတာ္အေၾကာင္းအရာတစ္ခုကို ရွင္းျပခ်င္လို႔ပါ။ ပုံမွန္အားျဖင့္ကေတာ့ ျပန္ၿပီး တုံ႔ျပန္ေလ့ မရွိသလို ရွင္းလည္း မရွင္းပါဘူး။ အခုက မိသားစုကိစၥျဖစ္ေနေတာ့ မရွင္းလို႔မရေတာ့လို႔ပါ။ ကြၽန္ေတာ့္သမီးရဲ႕ကြန႔္မန႔္ေလးတစ္ခုေၾကာင့္ျဖစ္ သြားတဲ့ျပႆနာက တျဖည္းျဖည္းႀကီးလာလို႔ပါ။ ကြၽန္ေတာ္တို႔မိသားစုကိစၥကလည္း ပရိသတ္ေတြရဲ႕အေရးေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ သိသင့္တယ္ထင္လို႔ပါ၊ ကြၽန္ေတာ္ရွင္းျပမွျဖစ္မွာမို႔လို႔ ရွင္းျပရတာပါ။ အဆင့္အတန္းခြဲျခားၿပီး ေငြမက္တဲ့ခင္လႈိင္လို႔ ေပ့ခ်္တစ္ခုက ေရးထားတာပါ။ ကြၽန္ေတာ့္သား အႀကီးေကာင္ကို ကြၽန္ေတာ္အေမြျဖတ္ လိုက္တာပါ။ ကြၽန္ေတာ့္သားသမီးသုံးေယာက္စလုံးကို တန္းတူခ်စ္ပါတယ္။ သားအႀကီးက အရင္ဆုံး အိမ္ေထာင္က် ပါတယ္။ မဂၤလာေဆာင္ကို ကြၽန္ေတာ္ ႀကီးႀကီးက်ယ္က်ယ္ ခမ္းခမ္းနားနား ေဆာင္ေပးခဲ့ပါတယ္။ လူေတြထင္ေနၾက တာက ကြၽန္ေတာ္ကေငြမက္လို႔ အဲဒီေကာင္မေလးနဲ႔မေပးစားဘဲ အေမြျဖတ္လိုက္တယ္ဆိုေတာ့ မဟုတ္ဘူးဗ်။ ေျပာင္းျပန္ႀကီးျဖစ္ေနတယ္ဗ်။ ေခြၽးမေလးရယ္၊ ေျမးႏွစ္ေယာက္စလုံး ကြၽန္ေတာ့္အိမ္မွာရွိပါတယ္။ ကြၽန္ေတာ့္ေခြၽး မေလးကို အေမြစားအေမြခံသမီးအျဖစ္ ျပန္ေမြးစားလိုက္ၿပီးေတာ့ ကြၽန္ေတာ့္သားအႀကီးကို ကြၽန္ေတာ္ကိုယ္တိုင္ အေမြျဖတ္လိုက္တာပါ။ အေၾကာင္းရင္း လည္းေသခ်ာမသိဘဲနဲ႔ေရးတဲ့ကြန႔္မန႔္ေတြကိုဖတ္ရင္း ရယ္လည္းရယ္ခ်င္သလို စိတ္မေကာင္းလည္းျဖစ္မိပါတယ္’ လို႔ ျပန္လည္ေျဖရွင္းခဲ့တာပါ။
သားအႀကီးျဖစ္သူကို အေမြျဖတ္ရျခင္းအေၾကာင္းမွာ ‘ကြၽန္ေတာ့္ေခြၽးမေလးမွာ ကေလးႏွစ္ေယာက္ရၿပီးမွ ကြၽန္ေတာ့္သားအႀကီးေကာင္က ေဖာက္ျပန္သြားပါတယ္။ ေဖာက္ျပန္တာမွ ႐ိုး႐ိုးေဖာက္ျပန္တာမဟုတ္ဘဲ၊ အႀကိမ္ႀကိမ္ ေဖာက္ျပန္တယ္။ ၿပီးေတာ့ သားအႀကီးေကာင္က သူနဲ႔ေဖာက္ျပန္တဲ့အမ်ိဳးသမီးေနာက္ကို လိုက္သြားပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္က ေခြၽးမေလးကိုသနားတဲ့အတြက္ ကြၽန္ေတာ္တို႔တစ္မိသားစုလုံးက ခ်စ္ခ်စ္ခင္ခင္ပဲ၊ အငယ္မေလး ‘သဇင္ထူးျမင့္ ကလည္း အစ္မအရင္းလိုပဲခ်စ္တယ္။ ကြၽန္ေတာ့္အိမ္မွာပဲ မိသားစုစည္းစည္းလုံးလုံးေနပါတယ္။ သူ တစ္ပါးအေၾကာင္းကို မသိရင္ မေျပာပါနဲ႔။ ခင္လႈိင္ စိတ္ေတြအကုန္လုံးကိုေလွ်ာ့ခ်ထားပါတယ္။ ဆဲလည္းမဆဲခ်င္ဘူး။ ဒီလိုပို႔စ္ကိုတင္တဲ့ပို႔စ္ပိုင္ရွင္ ရွက္တတ္ပါေစ’လို႔ ခင္လႈိင္က ျပန္လည္ေျဖရွင္းခဲ့ျခင္းျဖစ္ ပါတယ္။ အိမ္ေထာင္ေရး ေဖာက္ျပားခဲ့တဲ့သားအႀကီးျဖစ္သူကို စြန႔္လႊတ္ၿပီး ေခြၽးမျဖစ္သူကို အေမြစားအေမြခံအျဖစ္ေမြးစားလိုက္တဲ့ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ခင္လႈိင္တို႔ဇနီးေမာင္ႏွံ ရဲ႕ဆုံးျဖတ္ခ်က္ဟာ သားသမီးခ်င္းကိုယ္ခ်င္းစာ႐ုံမက အိမ္ေထာင္ေရး ေဖာက္ျပားမႈ ကိုပါ လုံးဝလက္မခံေၾကာင္း ျပသႏိုင္လိုက္တာေၾကာင့္ လူအမ်ားက အသိအမွတ္ျပဳခဲ့ၾကပါတယ္။ သူကိုယ္တိုင္လည္း သမီးမိန္းကေလး၊ ေျမးမေလးေတြကို ပိုင္ဆိုင္ထားတာေၾကာင့္ မိဘအရင္းသဖြယ္ နစ္နာသူေခြၽးမေလးဘက္က မားမား မတ္မတ္ရပ္တည္ခဲ့တဲ့အတြက္လည္း အမ်ားရဲ႕ ခ်ီးက်ဴးေလးစားျခင္းကိုခံခဲ့ရပါတယ္။
သူ႔အေနနဲ႔ နဖူးကေခြၽး ေျခမက်ေအာင္အထိရွာထားရတဲ့ေငြကိုမက္ေမာၿပီး၊ လက္ရွိမွာလည္း ေျမးမေလးႏွစ္ ေယာက္ရဲ႕ေက်ာင္းစရိတ္အပါအဝင္ ကိစၥအဝဝကို တာဝန္ယူ ထားတာျဖစ္တာေၾကာင့္ ေျမးမေလးေတြေရွ႕ေရးအတြက္ပါ ရွာေဖြေနရဆဲျဖစ္ေၾကာင္းကိုလည္း အသိေပးေျပာျပခဲ့ပါေသးတယ္။ ခင္လႈိင္တို႔ဇနီးေမာင္ႏွံအေနနဲ႔ ၎တို႔ရဲ႕သားအ ႀကီးျဖစ္သူကို အေမြျပတ္စြန႔္လႊတ္ေၾကာင္းေၾကညာခဲ့တာ (၉)လဝန္းက်င္ရွိၿပီျဖစ္တယ္လို႔လည္းအသိေပးခဲ့ပါတယ္။

ဗုဒၶဘာသာကို သက္ဝင္ယုံၾကည္သူေတြျဖစ္ေၾကာင္း ပိုင္ေဇရဲထြန္း တုံ႔ျပန္

႐ုပ္ရွင္သ႐ုပ္ေဆာင္ ပိုင္ေဇရဲထြန္းတို႔မိသားစုတစ္စုလုံး ဗုဒၶဘာသာဝင္အျဖစ္မွ ခရစ္ယာန္ဘာသာဝင္အျဖစ္ကို ကူးေျပာင္းသြားၿပီျဖစ္ေၾကာင္း ထြက္ေပၚလာတဲ့သတင္းက ဗုဒၶဘာသာဝင္တို႔အတြက္ အံ့ဩစိတ္မေကာင္းဖြယ္ျဖစ္ေစခဲ့ တာပါ။ ‘ကြၽန္ေတာ္တို႔မိသားစု ဘာသာမေျပာင္းပါဘူး။ မိ႐ိုးဖလာဗုဒၶဘာလည္းျဖစ္သလို ကြၽန္ေတာ္တို႔မိသားစုကိုယ္တိုင္ လည္း ဗုဒၶဘာသာကို သက္ဝင္ယုံၾကည္ၾကပါတယ္’လို႔ ပိုင္ေဇရဲထြန္းနဲ႔ ဇနီးမဇင္သဲႏိုင္က ၎တို႔ဟာ ေထရဝါဒ ဗုဒၶဘာသာစစ္စစ္ျဖစ္ေၾကာင္း တရားဝင္ေဖာ္ျပခဲ့သလို အႏုပညာ မီဒီယာတစ္ခုရဲ႕အင္တာဗ်ဴးကေနလည္း တရားဝင္ ေျဖရွင္းခဲ့ပါတယ္။
‘ဒီဇင္ဘာလ (၁၈)ရက္က သ႐ုပ္ေဆာင္ ပိုင္ေဇရဲထြန္းတို႔တစ္မိသားစုလုံး ခရစ္ယာန္ဘာသာကူးေျပာင္း သြားၿပီ’ ဆိုတဲ့သတင္းကို “ျမန္မာျပည္မွာေနရတာေပ်ာ္တယ္”အမည္ရွိ ေဖ့စ္ဘြတ္ေပ့ခ်္ကေန မိသားစုဓာတ္ပုံေတြနဲ႔တကြ ေရးသားေဖာ္ျပခဲ့တာပါ။ ျမန္မာႏိုင္ငံမွာ သတင္းတုသတင္းမွားေတြျဖန႔္ေဝလ်က္ရွိတဲ့ ေပ့ခ်္အတုေတြရဲ႕လုပ္ရပ္က အြန္ လိုင္းအသုံးျပဳသူေတြထံ သတင္းမွားေတြေရာက္ေစ႐ုံမက ကာယကံရွင္ေတြကိုလည္း စိတ္အေႏွာင့္အယွက္ျဖစ္ေပၚ ေစၿပီး၊ ပုဂၢိဳလ္ေရးအရ ေစာ္ကားမႈလုပ္ရပ္ေတြသာျဖစ္ပါတယ္။
‘ဘာသာေရးဟာ အရမ္းထိရွလြယ္ပါတယ္။ ကြၽန္မတို႔မိသားစုဟာ ဗုဒၶဘာသာကို ယုံၾကည္ကိုးကြယ္ပါတယ္။ ဗုဒၶဘာသာဝင္အခ်င္းခ်င္းကိုေသာ္လည္းေကာင္း၊ တျခားဘာသာဝင္ေတြနဲ႔ေသာ္လည္းေကာင္း စိတ္ဝမ္းကြဲေအာင္ အထင္ျမင္လြဲမွားေအာင္ျပဳလုပ္ျခင္းကို လုံးဝခြင့္လႊတ္မွာမဟုတ္ပါဘူး။ မိမိကိုးကြယ္တဲ့ဘာသာကို ထိပါးေစာ္ကားျခင္းကို လည္းသည္းမခံႏိုင္သလို တျခားဘယ္ဘာသာကိုမွ ေစာ္ကားျခင္း အခုလည္းမလုပ္ပါ။ ေနာင္လည္း လုံးဝ ျပဳလုပ္မွာ မဟုတ္ပါ။ We should respect all religions.’လို႔ ပိုင္ေဇရဲထြန္းရဲ႕ဇနီး မဇင္သဲႏိုင္က သူရဲ႕ေဖ့စ္ဘြတ္အေကာင့္ မွာေဖာ္ျပခဲ့ၿပီး အဆိုပါေပ့ခ်္ကိုလည္း သက္ဆိုင္ရာလုပ္ထုံးလုပ္နည္းဥပေဒအရ အေရး ယူသြားမွာျဖစ္ေၾကာင္း ေဖာ္ျပ ခဲ့တာပါ။ သတင္းမွားေတြျဖန႔္ေဝခဲ့တဲ့ အဆိုပါေပ့ခ်္က ‘ဒီဇင္ဘာလ(၁၈)ရက္က သ႐ုပ္ေဆာင္ ပိုင္ေဇရဲထြန္းတို႔ တစ္ မိသားစုလုံး ခရစ္ယာန္ဘာသာကူးေျပာင္းသြားၿပီဆိုတဲ့ သတင္းနဲ႔ပတ္သက္ၿပီး ေသခ်ာမစိစစ္ဘဲ လူအမ်ား အထင္ အျမင္လြဲမွားမႈကိုျဖစ္ေစမိခဲ့တဲ့အတြက္၊ ေတာင္ကေလးဆရာေတာ္ပုံေတာ္ပါသြားတဲ့အတြက္လည္းေကာင္း၊ သ႐ုပ္ ေဆာင္ ပိုင္ေဇရဲထြန္းနဲ႔ဇနီးသည္ ဇင္သဲႏိုင္တို႔မိသားစုအား အႏူးအၫြတ္ ေတာင္းပန္အပ္ပါတယ္ရွင္}လို႔ ျပန္လည္ ေတာင္းပန္ေၾကာင္းေဖာ္ျပခဲ့ေပမယ့္ ၎တို႔ရဲ႕လုပ္ရပ္က လူမ်ိဳးဘာသာသာသနာကို မထီမဲ့ျမင္ျပဳမူကာ ေစာ္ကားတဲ့ လုပ္ရပ္တစ္ခုသာျဖစ္ပါတယ္။

ျပည္ပမီဒီယာေတြရဲ႕ Boycott လုပ္တာ ေအာင္ျမင္မႈ ရွိ/မရွိ ေနတိုး သက္ေသျပ

ျပည္ေျပးအႏုပညာရွင္ေတြနဲ႔ အၾကမ္းဖက္အားေပးမီဒီယာေတြရဲ႕ Boycott သတိေပးစာရင္း ထဲပါဝင္ထားတဲ့ ထပ္ဆင့္အကယ္ဒမီေနတိုးရဲ႕ “ျမစ္လက္တက္ေပမဲ့ ေရစီးကၾကမ္းတယ္” ႐ုပ္ရွင္ဇာတ္ကား ႐ုံတင္ျပသမႈကတစ္ဆင့္ ျပည္သူလူထုကို Boycott ေအာင္ျမင္မႈ ရွိ/မရွိ သက္ေသျပသႏိုင္ခဲ့ပါတယ္။ ဒီဇင္ဘာလ (၂၃) ရက္ ညပိုင္းက သမၼတ ႐ုပ္ရွင္႐ုံမွာ ‘ျမစ္လက္တက္ေပမဲ့ ေရစီးကၾကမ္းတယ္’ ႐ုပ္ရွင္ဇာတ္ကား ပရီမီယံရႈိးျပသခဲ့ရာ လာေရာက္ၾကည့္ရႈသူ အလြန္မ်ားျပားလြန္းတာေၾကာင့္ ႐ုပ္ရွင္႐ုံ ဝင္ေပါက္တံခါးကိုပိတ္လိုက္ရ႐ုံမက သမၼတ႐ုပ္ရွင္႐ုံအတြင္း အဓိက ဝင္ေပါက္သံပန္းတံခါးကိုပါ ပိတ္ခ်လိုက္ရတာျဖစ္ပါတယ္။ ဒါ့ျပင္ သ႐ုပ္ေဆာင္အသစ္ျဖစ္တဲ့ Vitamin ကို လာေရာက္ အားေပးၾကသူတို႔ကလည္း မ်ားျပားလြန္းခဲ့ပါတယ္။ သမၼတ႐ုပ္ရွင္႐ုံေအာက္ထပ္ လူအျပည့္ျဖစ္ခဲ့ရၿပီး အတင္းတိုးေဝွ႔မႈ ေတြေၾကာင့္ ပြဲလာပရိသတ္အခ်င္းခ်င္း ခိုက္ရန္ျဖစ္ပြားတဲ့အထိ ျဖစ္ခဲ့ရတာကေတာ့ ျမင္မေကာင္းျဖစ္ေစခဲ့ေပမယ့္ ႐ုပ္ရွင္ထုတ္လုပ္သူနဲ႔ ပါဝင္ထားတဲ့သ႐ုပ္ေဆာင္ေတြအတြက္ ဝမ္းေျမာက္ဖြယ္ရာျဖစ္ေစခဲ့တာပါ။ လက္ရွိ ႐ုံတင္ျပသေန ခ်ိန္မွာလည္း ႐ုံျပည့္႐ုံလွ်ံ မ်ားျပားလ်က္ရွိၿပီး၊ ထပ္ဆင့္အကယ္ဒမီေနတိုးက ၎ရဲ႕အႏုပညာအစြမ္းနဲ႔ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းမင္းသားေနရာကို ထိန္းထားႏိုင္ဆဲျဖစ္ပါတယ္။ စာေရးဆရာ ေဆာင္းလုလင္ေရးသားၿပီး တကၠသိုလ္နႏၵမိတ္ ဝတၳဳတိုၿပိဳင္ပြဲမွာ ပထမဆုရရွိထားတဲ့ ‘ျမစ္လက္တက္ေပမဲ့ ေရစီးကၾကမ္းတယ္’ဆိုတဲ့ဝတၳဳတိုကို မင္းမဟာ ထုတ္လုပ္ေရးက ဇာတ္ဝန္း ၿဖိဳးသၪၨာေက်ာ္၊ Art Director သားညီ၊ Director of Photography / Director - ပီေက၊ ထပ္ဆင့္အကယ္ဒမီ ေနတိုး၊ ေနမ်ိဳးေအာင္၊ ညီနႏၵ၊ Vitamin၊ သံသာညီ၊ ဗြာဗြား၊ အထူးဧည့္သည္သ႐ုပ္ေဆာင္ ေအးဝတ္ ရည္ေသာင္းတို႔က ပုံေဖာ္ခဲ့ၾကျခင္းျဖစ္ပါတယ္။ ဒီဇာတ္လမ္းက မိသားစုေမတၱာဖြဲ႕ဇာတ္လမ္းေကာင္းတစ္ပုဒ္ျဖစ္သလို၊ ဘဝကိုအရႈံးမေပးဘဲ ႀကိဳးစားရပ္တည္ခဲ့တဲ့ LGBTQ ဘဝပုံရိပ္တစ္ခုကိုလည္းေရးဖြဲ႕ထားတာပါ။ ဝတၳဳဖတ္စဥ္ကတည္းက မ်က္ရည္မဆည္ႏိုင္ေအာင္ေကာင္းလြန္းတဲ့ဇာတ္လမ္းတစ္ပုဒ္ျဖစ္တာမို႔ ႐ုပ္ရွင္အျဖစ္ျပန္လည္အသက္သြင္းရာမွာလည္း လူအမ်ားႏွစ္ၿခိဳက္မႈကိုရရွိကာ ထပ္ဆင့္ေအာင္ျမင္မႈေတြရရွိလ်က္ရွိပါတယ္။
“ျမစ္လက္တက္ေပမဲ့ ေရစီးကၾကမ္းတယ္” ႐ုပ္ရွင္ဇာတ္ကားႀကီးကို ဒီဇင္ဘာလ(၂၆)ရက္ (ေသာၾကာေန႔)ကစတင္ၿပီး ျမန္မာတစ္ျပည္လုံးရွိ ႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ ျပသလ်က္ရွိပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.