တန်ဖိုးမြင့် ရေထွက်ကုန်များ ပိုမိုတိုးထုတ်တင်ပို့ရန် အခက်အခဲနှင့် လိုအပ်ချက်များရှိပါက ကူညီပေးမည်

252

Pearl (NP News) - ဇန်နဝါရီ ၃
တန်ဖိုးမြင့် ရေထွက်ကုန်များ ပိုမိုတိုးထုတ်တင်ပို့ရန် အခက်အခဲနှင့် လိုအပ်ချက်များရှိပါက ကူညီပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောသည်။
ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ယမန်နေ့ ( ဇန်နဝါရီ ၂ရက်) က အအေးခန်းစက်ရုံများဖြစ်သော CK FROZEN FOODS YANGON CO.,LTD သို့လည်းကောင်း၊ ADVANCED SEAFOOD INDUSTRIES CO., LTD သို့ လည်းကောင်း၊ သာကေတမြို့နယ်ရှိ MYANMAR GOLDEN PHOENIX INDUSTRIAL CO., LTD သို့လည်းကောင်း သွားရောက်စစ်ဆေးစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။
ထိုသို့ သွားရောက်စဉ် ဒုတိယဝန်ကြီးက ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရာမှ နိုင်ငံခြားဝင်ငွေ အမြောက်အမြား နှစ်စဉ်ရရှိလျက်ရှိရာ နိုင်ငံတကာ အသိအမှတ်ပြု တန်ဖိုးမြင့် ရေထွက်ကုန်များ နှစ်အလိုက်တန်ချိန် ပိုမိုတိုးထုတ်တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ယင်းသို့ လုပ်ငန်းဆောင်ရွက်ရာတွင်လည်း အခက်အခဲများ၊ လိုအပ် ချက်ရှိသည်များကို မိမိတို့ဌာနအနေဖြင့် တတ်စွမ်းအားရှိသမျှ ဘက်စုံထောင့်စုံမှ ပူးပေါင်းကူညီဆောင်ရွက် ပေးရန်လည်း အသင့်ရှိကြောင်း လည်း ပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ L&Z Marine Food Products LTD (အအေးခန်းစက်ရုံ) သို့ သွားရောက်စစ်ဆေးခဲ့ပြီး စက်ရုံတာဝန်ရှိသူက တစ်နေ့လျှင် အအေးခဲထုတ်လုပ်နိုင်မှုပမာဏ ၂၅ တန်ရှိပြီး တန် ၁၅၀၀ ဆံ့ သိုလှောင်အအေးခန်းဖြင့် လုပ်ငန်း ဆောင်ရွက်နေမှု ၊ စက်ရုံအနေဖြင့် EU၊ Saudi နိုင်ငံများသို့ တင်ပို့ရရှိမှုအတွက် ခွင့်ပြုချက် ရရှိထားပြီဖြစ်၍ ရေချိုငါး၊ ရေငန်ငါးမျိုးများအား အများဆုံးတင်ပို့ လျက်ရှိကြောင်းနှင့် နှစ်အလိုက် တင်ပို့မှု တန်ချိန်များအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
တန္ဖိုးျမင့္ ေရထြက္ကုန္မ်ား ပိုမိုတိုးထုတ္တင္ပို႔ရန္ အခက္အခဲႏွင့္ လိုအပ္ခ်က္မ်ားရွိပါက ကူညီေပးမည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာေအာင္ႀကီးက ေျပာသည္။
ဒုတိယဝန္ႀကီး ေဒါက္တာေအာင္ႀကီး က ယမန္ေန႔ ( ဇန္နဝါရီ ၂ရက္) က အေအးခန္းစက္႐ုံမ်ားျဖစ္ေသာ CK FROZEN FOODS YANGON CO.,LTD သို႔လည္းေကာင္း၊ ADVANCED SEAFOOD INDUSTRIES CO., LTD သို႔ လည္းေကာင္း၊ သာေကတၿမိဳ႕နယ္ရွိ MYANMAR GOLDEN PHOENIX INDUSTRIAL CO., LTD သို႔လည္းေကာင္း သြားေရာက္စစ္ေဆးစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ ျခင္းျဖစ္သည္။
ထိုသို႔ သြားေရာက္စဥ္ ဒုတိယဝန္ႀကီးက ေရထြက္ကုန္ပစၥည္းမ်ား ျပည္ပသို႔ တင္ပို႔ရာမွ ႏိုင္ငံျခားဝင္ေငြ အေျမာက္အျမား ႏွစ္စဥ္ရရွိလ်က္ရွိရာ ႏိုင္ငံတကာ အသိအမွတ္ျပဳ တန္ဖိုးျမင့္ ေရထြက္ကုန္မ်ား ႏွစ္အလိုက္တန္ခ်ိန္ ပိုမိုတိုးထုတ္တင္ပို႔ႏိုင္ေရး ႀကိဳးစားေဆာင္႐ြက္ၾကရန္ လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။
ယင္းသို႔ လုပ္ငန္းေဆာင္႐ြက္ရာတြင္လည္း အခက္အခဲမ်ား၊ လိုအပ္ ခ်က္ရွိသည္မ်ားကို မိမိတို႔ဌာနအေနျဖင့္ တတ္စြမ္းအားရွိသမွ် ဘက္စုံေထာင့္စုံမွ ပူးေပါင္းကူညီေဆာင္႐ြက္ ေပးရန္လည္း အသင့္ရွိေၾကာင္း လည္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
အလားတူ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္ရွိ L&Z Marine Food Products LTD (အေအးခန္းစက္႐ုံ) သို႔ သြားေရာက္စစ္ေဆးခဲ့ၿပီး စက္႐ုံတာဝန္ရွိသူက တစ္ေန႔လွ်င္ အေအးခဲထုတ္လုပ္ႏိုင္မႈပမာဏ ၂၅ တန္ရွိၿပီး တန္ ၁၅၀၀ ဆံ့ သိုေလွာင္အေအးခန္းျဖင့္ လုပ္ငန္း ေဆာင္႐ြက္ေနမႈ ၊ စက္႐ုံအေနျဖင့္ EU၊ Saudi ႏိုင္ငံမ်ားသို႔ တင္ပို႔ရရွိမႈအတြက္ ခြင့္ျပဳခ်က္ ရရွိထားၿပီျဖစ္၍ ေရခ်ိဳငါး၊ ေရငန္ငါးမ်ိဳးမ်ားအား အမ်ားဆုံးတင္ပို႔ လ်က္ရွိေၾကာင္းႏွင့္ ႏွစ္အလိုက္ တင္ပို႔မႈ တန္ခ်ိန္မ်ားအား ရွင္းလင္းတင္ျပရာ ဒုတိယဝန္ႀကီးက လိုအပ္သည္မ်ား မွာၾကားခဲ့ေၾကာင္းလည္း သိရသည္။