လှိုင်သာယာတွင် မြန်မာမဝင်ရ“အစုံရ ကေတီဗီ ” တို့ရှိနေပြီး တရုတ်များက မြန်မာဥပဒေကို ပေါ်ပေါ် ထင်ထင် ချိုးဖောက်ခွင့်ရနေ

 26651

သုတကျော် (NP News) - ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် မြန်မာမဝင်ရ “အစုံရ ကေတီဗီ”တို့ရှိနေပြီး တရုတ်နိုင်ငံသားများ ဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခွင့်ရနေကြောင်း ယင်းနှင့်ပတ်သက်၍ သိရှိ သူ သတင်းရင်းမြစ်အချို့ထံ မေးမြန်းထားချက်များအရ သိရသည်။
လှိုင်သာယာမြို့နယ်တွင်နေထိုင်သူ တရုတ်နိုင်ငံသားများအရေအတွက်မှာ ယခုနောက်ပိုင်းတွင် တိုးလာနေပြီး တရုတ်စာဖြင့်ရေးသားသော ကေတီဗီများ၊ ဈေးဆိုင်များ ပေါများလာသည့်နေရာ တစ် နေရာလည်းဖြစ်သည်။ “ကျွန်တော့်အသိ သူဌေးတစ်ယောက်ဆို ကေတီဗီသွားတာ ဝင်မရဘူး။ ဒါတောင် သူဌေးနော်။ သူဌေးကိုဝင်ခွင့်မပေးဘူး”ဟု သတင်းရင်းမြစ်တစ်ဦးကဆိုသည်။ အဆိုပါ မြန်မာမဝင်ရ ကေတီဗီများသည် များသောအားဖြင့် မြန်မာလူမျိုးများကို တစ်သမတ်တည်းဝင်ခွင့်မပြုခြင်း မဟုတ်ဘဲ အခြေအနေပေါ်မူတည်ကာကွဲပြားကြောင်း ယင်းလုပ်ငန်းနယ်ပယ်နှင့်ပတ်သက်၍သိရှိသူ အခြား သတင်း ရင်းမြစ်တစ်ဦးက ဆိုသည်။
“ဘယ်လိုလဲဆိုတော့ သီးသန့်ပေါ့။ သူတို့ လူတွေအတွက်ပဲလုပ်ထားတာပေါ့။ မြန်မာမဝင်ရ ဆို တာက ဒီအတိုင်း စာကပ်ထားတာမဟုတ်ဘူး။ လက်မခံတာ။ သူတို့အသိုင်းအဝိုင်းနဲ့ သူတို့ပေါ့။ သူတို့ လူတွေ သူတို့စုပြီး ပါတီလိုလုပ်တာ။ ပါတီဆန်ဆန်တွေကို သူတို့အခန်းနဲ့သူတို့လုပ်တာ။ အဲဒီမှာထားတဲ့ မိန်းက လေးလောက်ပဲ မြန်မာရှိတာ” ဟု ၎င်းကဆိုသည်။
အဆိုပါ ကေတီဗီအတွင်းတွင် တားမြစ်မူးယစ်ဆေးဝါးများ၊ ကြေးကြီးပြည့်တန်ဆာများလည်း ရှိနေကြောင်း ၎င်းကဆိုသည်။ “အကုန်ပါတယ်။ သီးသန့်နေရာထားပြီးလုပ်တာ။ နိုင်ငံခြားမှာ လုပ်သလို ပေါ့။ တရုတ်တွေပါတယ်။ စီးပွားရေးအကြောင်းလည်း ပြောရင်ပြောတယ်။ မူးယစ်ဆေးတွေလည်း ပါ တယ်။ ဇယား(ပြည့်တန်ဆာ)ကအစပါတယ်” ဟု ၎င်းကဆိုသည်။ ယင်းနေရာများတွင် ခေါ်ယူပျော်ပါး နိုင်သည့်ပြည်တန်ဆာများ၏ပေါက်ဈေးမှာ တစ်ခါခေါ်လျှင် အနည်းဆုံး ဆယ်သိန်းနီးပါးအထိပေးရပြီး ယင်းအတွက် ချိတ်ဆက်နိုင်မည့် အေဂျင်စီများလည်း သီးသန့်ရှိနေကြောင်း ၎င်းကပြောသည်။
“အမျိုးအစားကတော့ အစားစားပဲ။ ဒေါ်လာနဲ့ပေးရတာတောင်ရှိတယ်။ အနည်းဆုံးက ဆယ် သိန်း။ ဆယ်သိန်းမှာ အေဂျင်စီက ငါးသိန်း ဖြတ်တယ်ပဲထား သူတို့အတွက် တစ်လတစ်လမှာ အနည်း ဆုံး သိန်းငါးဆယ်လောက်ဝင်တယ်ဆိုတော့ အစ်ကို စဉ်းစားကြည့်ပေါ့။ အဲဒီကောင်မလေးတွေကလည်း အပြင်လုပ်စားတာမဟုတ်ဘူး။ အေဂျင်စီနဲ့ချိတ်ထားပြီး လိုမှခေါ်တာမျိုးပဲ။ သူဌေးတွေက တချို့ ပိုက်ဆံ က သူတို့အတွက် ဘာမှမဟုတ်ဘူးလေ။ တချို့ကျတော့လည်း စုံတွဲလိုလိုပေါ့ အဲဒီလို တစ်ခါတည်း ခေါ် ပြီးလာ တာတွေလည်းများတယ်လို့သိရတယ်”ဟု ၎င်းကဆိုသည်။ ပုံမှန်အားဖြင့် အဆိုပါနေရာတို့သည် ကေတီဗီ ပုံစံမျိုးထက် အပန်းဖြေနေရာကဲ့သို့ဖြစ်နေပြီး သီချင်း ဆိုခြင်း၊ မူးယစ်ဆေးသုံးခြင်း စသည်ဖြင့် ဆောင်ရွက်နိုင်သောပုံစံမျိုး ပြင်ဆင်ထားခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
“တချို့နေရာတွေက သာမန်အချိန် ဒီအတိုင်းသွားရင် ဘာမှမဟုတ်ဘူး။ အစ်ကိုသွားလည်း အစ်ကိုဝင်ကြည့်လို့ရရင် ဝင်ကြည့်ပေါ့။ ဘာမှန်းတောင်မသိရဘူး။ ပြီးတော့မှသာ ပုံပြောင်းသွားတာ” ဟု ၎င်းကဆိုသည်။

Zawgyi Version:
လႈိင္သာယာတြင္ ျမန္မာမဝင္ရ“အစုံရ ေကတီဗီ ” တို႔ရွိေနၿပီး တ႐ုတ္မ်ားက ျမန္မာဥပေဒကို ေပၚေပၚ ထင္ထင္ ခ်ိဳးေဖာက္ခြင့္ရေန
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၈
ရန္ကုန္တိုင္းေဒသႀကီး လႈိင္သာယာၿမိဳ႕နယ္တြင္ ျမန္မာမဝင္ရ “အစုံရ ေကတီဗီ”တို႔ရွိေနၿပီး တ႐ုတ္ႏိုင္ငံသားမ်ား ဥပေဒကို ေပၚေပၚထင္ထင္ ခ်ိဳးေဖာက္ခြင့္ရေနေၾကာင္း ယင္းႏွင့္ပတ္သက္၍ သိရွိ သူ သတင္းရင္းျမစ္အခ်ိဳ႕ထံ ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
လႈိင္သာယာၿမိဳ႕နယ္တြင္ေနထိုင္သူ တ႐ုတ္ႏိုင္ငံသားမ်ားအေရအတြက္မွာ ယခုေနာက္ပိုင္းတြင္ တိုးလာေနၿပီး တ႐ုတ္စာျဖင့္ေရးသားေသာ ေကတီဗီမ်ား၊ ေဈးဆိုင္မ်ား ေပါမ်ားလာသည့္ေနရာ တစ္ ေနရာလည္းျဖစ္သည္။ “ကြၽန္ေတာ့္အသိ သူေဌးတစ္ေယာက္ဆို ေကတီဗီသြားတာ ဝင္မရဘူး။ ဒါေတာင္ သူေဌးေနာ္။ သူေဌးကိုဝင္ခြင့္မေပးဘူး”ဟု သတင္းရင္းျမစ္တစ္ဦးကဆိုသည္။ အဆိုပါ ျမန္မာမဝင္ရ ေကတီဗီမ်ားသည္ မ်ားေသာအားျဖင့္ ျမန္မာလူမ်ိဳးမ်ားကို တစ္သမတ္တည္းဝင္ခြင့္မျပဳျခင္း မဟုတ္ဘဲ အေျခအေနေပၚမူတည္ကာကြဲျပားေၾကာင္း ယင္းလုပ္ငန္းနယ္ပယ္ႏွင့္ပတ္သက္၍သိရွိသူ အျခား သတင္း ရင္းျမစ္တစ္ဦးက ဆိုသည္။
“ဘယ္လိုလဲဆိုေတာ့ သီးသန႔္ေပါ့။ သူတို႔ လူေတြအတြက္ပဲလုပ္ထားတာေပါ့။ ျမန္မာမဝင္ရ ဆို တာက ဒီအတိုင္း စာကပ္ထားတာမဟုတ္ဘူး။ လက္မခံတာ။ သူတို႔အသိုင္းအဝိုင္းနဲ႔ သူတို႔ေပါ့။ သူတို႔ လူေတြ သူတို႔စုၿပီး ပါတီလိုလုပ္တာ။ ပါတီဆန္ဆန္ေတြကို သူတို႔အခန္းနဲ႔သူတို႔လုပ္တာ။ အဲဒီမွာထားတဲ့ မိန္းက ေလးေလာက္ပဲ ျမန္မာရွိတာ” ဟု ၎ကဆိုသည္။
အဆိုပါ ေကတီဗီအတြင္းတြင္ တားျမစ္မူးယစ္ေဆးဝါးမ်ား၊ ေၾကးႀကီးျပည့္တန္ဆာမ်ားလည္း ရွိေနေၾကာင္း ၎ကဆိုသည္။ “အကုန္ပါတယ္။ သီးသန႔္ေနရာထားၿပီးလုပ္တာ။ ႏိုင္ငံျခားမွာ လုပ္သလို ေပါ့။ တ႐ုတ္ေတြပါတယ္။ စီးပြားေရးအေၾကာင္းလည္း ေျပာရင္ေျပာတယ္။ မူးယစ္ေဆးေတြလည္း ပါ တယ္။ ဇယား(ျပည့္တန္ဆာ)ကအစပါတယ္” ဟု ၎ကဆိုသည္။ ယင္းေနရာမ်ားတြင္ ေခၚယူေပ်ာ္ပါး ႏိုင္သည့္ျပည္တန္ဆာမ်ား၏ေပါက္ေဈးမွာ တစ္ခါေခၚလွ်င္ အနည္းဆုံး ဆယ္သိန္းနီးပါးအထိေပးရၿပီး ယင္းအတြက္ ခ်ိတ္ဆက္ႏိုင္မည့္ ေအဂ်င္စီမ်ားလည္း သီးသန႔္ရွိေနေၾကာင္း ၎ကေျပာသည္။
“အမ်ိဳးအစားကေတာ့ အစားစားပဲ။ ေဒၚလာနဲ႔ေပးရတာေတာင္ရွိတယ္။ အနည္းဆုံးက ဆယ္ သိန္း။ ဆယ္သိန္းမွာ ေအဂ်င္စီက ငါးသိန္း ျဖတ္တယ္ပဲထား သူတို႔အတြက္ တစ္လတစ္လမွာ အနည္း ဆုံး သိန္းငါးဆယ္ေလာက္ဝင္တယ္ဆိုေတာ့ အစ္ကို စဥ္းစားၾကည့္ေပါ့။ အဲဒီေကာင္မေလးေတြကလည္း အျပင္လုပ္စားတာမဟုတ္ဘူး။ ေအဂ်င္စီနဲ႔ခ်ိတ္ထားၿပီး လိုမွေခၚတာမ်ိဳးပဲ။ သူေဌးေတြက တခ်ိဳ႕ ပိုက္ဆံ က သူတို႔အတြက္ ဘာမွမဟုတ္ဘူးေလ။ တခ်ိဳ႕က်ေတာ့လည္း စုံတြဲလိုလိုေပါ့ အဲဒီလို တစ္ခါတည္း ေခၚ ၿပီးလာ တာေတြလည္းမ်ားတယ္လို႔သိရတယ္”ဟု ၎ကဆိုသည္။ ပုံမွန္အားျဖင့္ အဆိုပါေနရာတို႔သည္ ေကတီဗီ ပုံစံမ်ိဳးထက္ အပန္းေျဖေနရာကဲ့သို႔ျဖစ္ေနၿပီး သီခ်င္း ဆိုျခင္း၊ မူးယစ္ေဆးသုံးျခင္း စသည္ျဖင့္ ေဆာင္႐ြက္ႏိုင္ေသာပုံစံမ်ိဳး ျပင္ဆင္ထားျခင္းျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။
“တခ်ိဳ႕ေနရာေတြက သာမန္အခ်ိန္ ဒီအတိုင္းသြားရင္ ဘာမွမဟုတ္ဘူး။ အစ္ကိုသြားလည္း အစ္ကိုဝင္ၾကည့္လို႔ရရင္ ဝင္ၾကည့္ေပါ့။ ဘာမွန္းေတာင္မသိရဘူး။ ၿပီးေတာ့မွသာ ပုံေျပာင္းသြားတာ” ဟု ၎ကဆိုသည္။

Picture

Aung Aung

08/01/2026 17:31

ထိုင်ဝမ် မသိမ်းခင် မြန်မာ အရင်သိမ်းပြီ 😠

Picture

sawlin khat

09/01/2026 04:57

Get used to the Chinese market, toy shops, toy restaurants, toy shops, toy shops, toy bars, let's be all right.🤔🤔🤔

Related news

© 2021. All rights reserved.