ပြည်ရေနံမြေအစဉ်အလာကောင်းခဲ့သော်လည်း ထုတ်လုပ်မှုရပ်ဆိုင်းလုနီးပါး ဖြစ်နေသည်မှာ ဆယ်နှစ်ကျော် ကြာမြင့်နေပြီဟု ဆို

1212

Pearl (NP News) - ဇန်နဝါရီ ၈
ပြည်ရေနံမြေအစဉ်အလာကောင်းခဲ့သော်လည်း ထုတ်လုပ်မှုရပ်ဆိုင်းလုနီးပါး ဖြစ်နေသည်မှာ ဆယ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယမန်နေ့ (ဇန်နဝါရီလ ၇ရက်) က ပဲခူးတိုင်းဒေသကြီး ပြည်ရေနံမြေသို့ သွားရောက်၍ သုတေသနပြုလုပ်ကာ သဘာဝဓာတ်ငွေ့စမ်းသပ်ထုတ်လုပ်နေမှု သွားရောက် ကြည့်ရှုစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့သွားရောက်စဉ် ပြည်ထောင်စုဝန်ကြီးက ၁၉၆၄ ခုနှစ်မှ စတင်တွေ့ရှိခဲ့သည့် ပြည်ရေနံမြေဒေသသည် အစဉ်အလာကောင်းခဲ့သည့် ရေနံမြေတစ်ခုဖြစ်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ နှစ်မျိုးလုံးထွက်ရှိသော တန်ဖိုးရှိသည့် ရေနံမြေတစ်ခု ဖြစ်သော်လည်း ထုတ်လုပ်မှု ရပ်ဆိုင်းလုနီးပါး ဖြစ်နေသည်မှာ ဆယ်နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်ကြောင်းပြောသည်။
ပြည်၊ မြန်အောင်နှင့် ရွှေပြည်သာ ရေနံမြေများသည် ပြည်အနည်ကျ ချိုင့်ဝှမ်းအတွင်းတည်ရှိပြီး ယခုအခါ အထွက်တိုးရေးလုပ်ငန်းများကို ခေတ်မီနည်းပညာများ အသုံးပြု၍လည်းကောင်း၊ ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍လည်းကောင်း သုတေသနလုပ်ငန်းများ ဆောင်ရွက်နေကြောင်းလည်း ပြောသည်။
လက်ရှိ ပြည်ရေနံမြေရှိတွင်း အမှတ် ၄၈ ၏ သဲကြောများ ကိုဆန်းစစ်ပြီး သုတေသနပြုလုပ်၍ သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခဲ့ရာ ရန်ကုန်သို့ ပို့လွှတ်သည့် ပိုက်လိုင်းအတွင်း ဖြည့်သွင်းပေးနေကြောင်း၊ သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်လာနိုင်ပါက ပြည်၊ ရွှေတောင်ဒေသရှိ စက်ရုံများသို့ သဘာဝဓာတ်ငွေ့များ သီးသန့်ပို့လွှတ်နိုင်ရန် စီမံဆောင်ရွက်လျက် ရှိကြောင်းလည်း ထည့်သွင်းပြောသည်။
ထို့ပြင် နိုင်ငံတကာတွင် အသုံးပြုနေသည့် တိုးတက်ဖွံ့ဖြိုးလာသော နည်းပညာများကို အသုံးပြုပြီး ရှာဖွေခြင်း၊ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြမည်ဖြစ်ရာ ဝန်ထမ်းများအနေဖြင့် လက်တွေ့လေ့လာ သင်ယူခွင့်များရရှိနိုင်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

Zawgyi Version:
ျပည္ေရနံေျမအစဥ္အလာေကာင္းခဲ့ေသာ္လည္း ထုတ္လုပ္မႈရပ္ဆိုင္းလုနီးပါး ျဖစ္ေနသည္မွာ ဆယ္ႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္ က ေျပာသည္။
ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္သည္ ယမန္ေန႔ (ဇန္နဝါရီလ ၇ရက္) က ပဲခူးတိုင္းေဒသႀကီး ျပည္ေရနံေျမသို႔ သြားေရာက္၍ သုေတသနျပဳလုပ္ကာ သဘာဝဓာတ္ေငြ႕စမ္းသပ္ထုတ္လုပ္ေနမႈ သြားေရာက္ ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထိုသို႔သြားေရာက္စဥ္ ျပည္ေထာင္စုဝန္ႀကီးက ၁၉၆၄ ခုႏွစ္မွ စတင္ေတြ႕ရွိခဲ့သည့္ ျပည္ေရနံေျမေဒသသည္ အစဥ္အလာေကာင္းခဲ့သည့္ ေရနံေျမတစ္ခုျဖစ္ၿပီး ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ႏွစ္မ်ိဳးလုံးထြက္ရွိေသာ တန္ဖိုးရွိသည့္ ေရနံေျမတစ္ခု ျဖစ္ေသာ္လည္း ထုတ္လုပ္မႈ ရပ္ဆိုင္းလုနီးပါး ျဖစ္ေနသည္မွာ ဆယ္ႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီ ျဖစ္ေၾကာင္းေျပာသည္။
ျပည္၊ ျမန္ေအာင္ႏွင့္ ေ႐ႊျပည္သာ ေရနံေျမမ်ားသည္ ျပည္အနည္က် ခ်ိဳင့္ဝွမ္းအတြင္းတည္ရွိၿပီး ယခုအခါ အထြက္တိုးေရးလုပ္ငန္းမ်ားကို ေခတ္မီနည္းပညာမ်ား အသုံးျပဳ၍လည္းေကာင္း၊ ျပည္တြင္းတိုင္းရင္းသား လုပ္ငန္းရွင္မ်ားႏွင့္ ပူးေပါင္း၍လည္းေကာင္း သုေတသနလုပ္ငန္းမ်ား ေဆာင္႐ြက္ေနေၾကာင္းလည္း ေျပာသည္။
လက္ရွိ ျပည္ေရနံေျမရွိတြင္း အမွတ္ ၄၈ ၏ သဲေၾကာမ်ား ကိုဆန္းစစ္ၿပီး သုေတသနျပဳလုပ္၍ သဘာဝဓာတ္ေငြ႕မ်ား ပိုမိုတိုးတက္ထုတ္လုပ္ႏိုင္ခဲ့ရာ ရန္ကုန္သို႔ ပို႔လႊတ္သည့္ ပိုက္လိုင္းအတြင္း ျဖည့္သြင္းေပးေနေၾကာင္း၊ သဘာဝဓာတ္ေငြ႕ တိုးတက္ထုတ္လုပ္လာႏိုင္ပါက ျပည္၊ ေ႐ႊေတာင္ေဒသရွိ စက္႐ုံမ်ားသို႔ သဘာဝဓာတ္ေငြ႕မ်ား သီးသန႔္ပို႔လႊတ္ႏိုင္ရန္ စီမံေဆာင္႐ြက္လ်က္ ရွိေၾကာင္းလည္း ထည့္သြင္းေျပာသည္။
ထို႔ျပင္ ႏိုင္ငံတကာတြင္ အသုံးျပဳေနသည့္ တိုးတက္ဖြံ႕ၿဖိဳးလာေသာ နည္းပညာမ်ားကို အသုံးျပဳၿပီး ရွာေဖြျခင္း၊ တူးေဖာ္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ၾကမည္ျဖစ္ရာ ဝန္ထမ္းမ်ားအေနျဖင့္ လက္ေတြ႕ေလ့လာ သင္ယူခြင့္မ်ားရရွိႏိုင္ေၾကာင္းလည္း ျပည္ေထာင္စု ဝန္ႀကီးက ေျပာသည္။