စိန်ခေါ်မှုများရင်ဆိုင်ခဲ့ရသော်လည်း တရုတ်နိုင်ငံ စီးပွားရေး (၅) ရာခိုင်နှုန်းတိုးတက်မည်ဟု သမ္မတ ရှီကျင့်ဖျင်ပြော

 255

ဂျန်ဇက် (NP news)- ဇန်နဝါရီ ၃

တရုတ်နိုင်ငံအနေဖြင့် (၂၀၂၅)ခုနှစ်တွင် စိန်ခေါ်မှုများရင်ဆိုင်ခဲ့ရသော်လည်း စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုး တက်မှုနှင့်ပတ်သက်ပြီး အဓိက ရည်မှန်းချက်များကိုရယူနိုင်ခဲ့ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က နှစ်သစ်ကူးမိန့်ခွန်း တွင် ထည့်သွင်းပြော ဆိုလိုက်သည်။
တရုတ်သမ္မတက တရုတ်နိုင်ငံအနေဖြင့် (၂၀၂၅)ခုနှစ်အတွင်း ပုံမှန်မဟုတ်သည့်အခြေအနေ များကိုတွေ့ကြုံခဲ့ရ သော်လည်း စီးပွားရေးတိုးတက်မှုနှုန်း (၅)ရာခိုင်နှုန်းဝန်းကျင်ရှိမည်ဟုမျှော်လင့်ရကြောင်း ပြောသည်။
တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း သည် (၂၀၂၄)ခုနှစ်ဘဏ္ဍာနှစ်အတွင်း စံချိန်တင် (၅) ရာခိုင်နှုန်းအထိမြင့်တက်ခဲ့သလိုမျိုး (၂၀၂၅)ခုနှစ် တွင်လည်း (၅)ရာခိုင်နှုန်းအထိတိုးစေရန် ရည်မှန်း ထားကြောင်းသိရသည်။
တရုတ်နိုင်ငံ၏စီးပွားရေးသည် ပြီးခဲ့သော နှစ်များအတွင်း ဖိအားများနှင့်ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
တရုတ်သမ္မတက ‘ကျွန်တော်တို့ဟာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့် ရည်မှန်းချက်အတိုင်း ရယူနိုင်ခဲ့တယ်။ (၂၀၂၅) ခုနှစ်ဘဏ္ဍာနှစ်အတွင်း တိုး တက်မှုနှုန်း (၅)ရာခိုင်နှုန်းအထိရယူနိုင်မယ်လို့မျှော် လင့်ထားတယ်’ဟုပြောသည်။
တရုတ်နိုင်ငံအနေဖြင့် ပြီးခဲ့သောနှစ်များအတွင်းရင်ဆိုင်ခဲ့ရသည့်စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း အထူးသဖြင့် ကာကွယ်ရေးနည်းပညာနှင့် စီးပွားရေးပိုင်း ပိုမိုတိုးတက်လာစေရန် လုပ်ဆောင်နိုင် ခဲ့ကြောင်း တရုတ် သမ္မတကပြောသည်။ တရုတ်နိုင်ငံသည် လာမည့်(၂၀၂၆)ခုနှစ်တွင်ကျင်းပမည့် တရုတ် ကွန်မြူနစ်ပါတီအစည်းအဝေး အတွင်း စီးပွားရေးတိုး တက်မှုနှုန်းကို ကြေညာဖွယ်ရှိနေသည်။
တရုတ်နိုင်ငံသည် လက်ရှိ ကမ္ဘာ့နိုင်ငံများထဲတွင် စီးပွားရေးဖွံ့ဖြိုးမှုအများဆုံးနိုင်ငံများစာရင်းတွင် ဒုတိယ နေရာတွင်ရပ်တည်နေကြောင်းသိရသည်။

တ႐ုတ္ႏိုင္ငံအေနျဖင့္ (၂၀၂၅)ခုႏွစ္တြင္ စိန္ေခၚမႈမ်ားရင္ဆိုင္ခဲ့ရေသာ္လည္း စီးပြားေရးႏွင့္ လူမႈေရးဖြံ႕ၿဖိဳးတိုး တက္မႈႏွင့္ပတ္သက္ၿပီး အဓိက ရည္မွန္းခ်က္မ်ားကိုရယူႏိုင္ခဲ့ေၾကာင္း တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ႏွစ္သစ္ကူးမိန႔္ခြန္း တြင္ ထည့္သြင္းေျပာ ဆိုလိုက္သည္။
တ႐ုတ္သမၼတက တ႐ုတ္ႏိုင္ငံအေနျဖင့္ (၂၀၂၅)ခုႏွစ္အတြင္း ပုံမွန္မဟုတ္သည့္အေျခအေန မ်ားကိုေတြ႕ႀကဳံခဲ့ရ ေသာ္လည္း စီးပြားေရးတိုးတက္မႈႏႈန္း (၅)ရာခိုင္ႏႈန္းဝန္းက်င္ရွိမည္ဟုေမွ်ာ္လင့္ရေၾကာင္း ေျပာသည္။
တ႐ုတ္ႏိုင္ငံ၏ စီးပြားေရးတိုးတက္မႈႏႈန္း သည္ (၂၀၂၄)ခုႏွစ္ဘ႑ာႏွစ္အတြင္း စံခ်ိန္တင္ (၅) ရာခိုင္ႏႈန္းအထိျမင့္တက္ခဲ့သလိုမ်ိဳး (၂၀၂၅)ခုႏွစ္ တြင္လည္း (၅)ရာခိုင္ႏႈန္းအထိတိုးေစရန္ ရည္မွန္း ထားေၾကာင္းသိရသည္။
တ႐ုတ္ႏိုင္ငံ၏စီးပြားေရးသည္ ၿပီးခဲ့ေသာ ႏွစ္မ်ားအတြင္း ဖိအားမ်ားႏွင့္ရင္ဆိုင္ခဲ့ရေၾကာင္း သိရသည္။
တ႐ုတ္သမၼတက ‘ကြၽန္ေတာ္တို႔ဟာ စိန္ေခၚမႈေတြနဲ႔ရင္ဆိုင္ခဲ့ရေပမယ့္ ရည္မွန္းခ်က္အတိုင္း ရယူႏိုင္ခဲ့တယ္။ (၂၀၂၅) ခုႏွစ္ဘ႑ာႏွစ္အတြင္း တိုး တက္မႈႏႈန္း (၅)ရာခိုင္ႏႈန္းအထိရယူႏိုင္မယ္လို႔ေမွ်ာ္ လင့္ထားတယ္’ဟုေျပာသည္။
တ႐ုတ္ႏိုင္ငံအေနျဖင့္ ၿပီးခဲ့ေသာႏွစ္မ်ားအတြင္းရင္ဆိုင္ခဲ့ရသည့္စိန္ေခၚမႈမ်ားကို ေက်ာ္ျဖတ္ႏိုင္ခဲ့ေၾကာင္း အထူးသျဖင့္ ကာကြယ္ေရးနည္းပညာႏွင့္ စီးပြားေရးပိုင္း ပိုမိုတိုးတက္လာေစရန္ လုပ္ေဆာင္ႏိုင္ ခဲ့ေၾကာင္း တ႐ုတ္ သမၼတကေျပာသည္။ တ႐ုတ္ႏိုင္ငံသည္ လာမည့္(၂၀၂၆)ခုႏွစ္တြင္က်င္းပမည့္ တ႐ုတ္ ကြန္ျမဴနစ္ပါတီအစည္းအေဝး အတြင္း စီးပြားေရးတိုး တက္မႈႏႈန္းကို ေၾကညာဖြယ္ရွိေနသည္။
တ႐ုတ္ႏိုင္ငံသည္ လက္ရွိ ကမာၻ႔ႏိုင္ငံမ်ားထဲတြင္ စီးပြားေရးဖြံ႕ၿဖိဳးမႈအမ်ားဆုံးႏိုင္ငံမ်ားစာရင္းတြင္ ဒုတိယ ေနရာတြင္ရပ္တည္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.