စက်သုံးဆီဈေး အမျိုးအစားအလိုက် တစ်လီတာလျှင် တစ်ထောင်ကျပ် ဝန်းကျင်ခန့်မြင့်တက်

 262

ကိုဖြိုး (NP News) မတ် ၂၇

စက်သုံးဆီစျေး ထပ်မံမြင့်တက်၊ ရန်ကုန်၌ (92) တစ်လီတာလျှင် ကျပ် (၄၄၅၀)၊ (95) တစ်လီတာလျှင် ကျပ် (၄၉၇၅) အထိ တစ်လီတာလျှင် အမျိုးအစားအလိုက် တစ်ထောင်ကျပ်ဝန်းကျင်မြင့်တက်လာခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခများကြောင့် ယနေ့ ရည်ညွှန်းစျေး၌ စက်ဆုံးဆီဈေး အပြောင်းအလဲ ထပ်ဖြစ်သွားသည်။
ယနေ့ (မတ် ၂၇ ရက်) ရည်ညွှန်းစျေး၌ ယခင်တစ်ပတ်ကဈေးထက် ဓာတ်ဆီ (92) တစ်လီတာကျပ် (၈၄၀)၊ (95) တစ်လီတာ ကျပ် (၁၁၂၅)၊ ဒီဇယ် တစ်လီတာ ကျပ် (၁၀၀၀) ကျော် ထပ်မံမြင့်တက်သွားခြင်းဖြစ်သည်။
ထို့ကြောင့် ရန်ကုန်တွင် ဓာတ်ဆီ (92) တစ်လီတာ ကျပ် (၄၄၅၀)၊ (95) တစ်လီတာလျှင် ကျပ် (၄၉၇၅)၊ ဒီဇယ် တစ်လီတာလျှင် ကျပ် (၅၄၅၀) ၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် (၆၀၈၅) ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။
မတ် (၂၀) ရက်တွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းအရ (92) ဓာတ်ဆီတစ်လီတာ ကျပ် (၃၆၁၀)၊ (95) ဓာတ်ဆီတစ်လီတာ ကျပ် (၃၈၅၀)၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် (၄၃၉၀)၊ ပရီမီယံဒီဇယ် တစ်လီတာကျပ် (၄၈၂၀) ဖြစ်သည်။
ယမန်နေ့က စက်သုံးဆီ သုံးစွဲမှု လျှော့ချနိုင်ရန်နှင့် ပြည်သူများ ဆီထည့်ဝင်မှု အဆင်ပြေစေရန် အင်ဂျင်ပါဝါအလိုက် တစ်ပတ်အတွင်း စက်သုံးဆီဝယ်ယူခွင့်များကို စတင်မည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။

Zawgyi Version;
စက္သုံးဆီေဈး အမ်ိဳးအစားအလိုက္ တစ္လီတာလွ်င္ တစ္ေထာင္က်ပ္ ဝန္းက်င္ခန႔္ျမင့္တက္
ကိုၿဖိဳး (NP News) မတ္ ၂၇
စက္သုံးဆီေစ်း ထပ္မံျမင့္တက္၊ ရန္ကုန္၌ (92) တစ္လီတာလွ်င္ က်ပ္ (၄၄၅၀)၊ (95) တစ္လီတာလွ်င္ က်ပ္ (၄၉၇၅) အထိ တစ္လီတာလွ်င္ အမ်ိဳးအစားအလိုက္ တစ္ေထာင္က်ပ္ဝန္းက်င္ျမင့္တက္လာျခင္းျဖစ္သည္။
အေရွ႕အလယ္ပိုင္းက စစ္ေရးပဋိပကၡမ်ားေၾကာင့္ ယေန႔ ရည္ၫႊန္းေစ်း၌ စက္ဆုံးဆီေဈး အေျပာင္းအလဲ ထပ္ျဖစ္သြားသည္။
ယေန႔ (မတ္ ၂၇ ရက္) ရည္ၫႊန္းေစ်း၌ ယခင္တစ္ပတ္ကေဈးထက္ ဓာတ္ဆီ (92) တစ္လီတာက်ပ္ (၈၄၀)၊ (95) တစ္လီတာ က်ပ္ (၁၁၂၅)၊ ဒီဇယ္ တစ္လီတာ က်ပ္ (၁၀၀၀) ေက်ာ္ ထပ္မံျမင့္တက္သြားျခင္းျဖစ္သည္။
ထို႔ေၾကာင့္ ရန္ကုန္တြင္ ဓာတ္ဆီ (92) တစ္လီတာ က်ပ္ (၄၄၅၀)၊ (95) တစ္လီတာလွ်င္ က်ပ္ (၄၉၇၅)၊ ဒီဇယ္ တစ္လီတာလွ်င္ က်ပ္ (၅၄၅၀) ၊ ပရီမီယံ ဒီဇယ္ တစ္လီတာက်ပ္ (၆၀၈၅) ျဖစ္ေၾကာင္း စက္သုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီက ထုတ္ျပန္ထားသည္။
မတ္ (၂၀) ရက္တြင္ စက္သုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီ၏ ေဈးႏႈန္းအရ (92) ဓာတ္ဆီတစ္လီတာ က်ပ္ (၃၆၁၀)၊ (95) ဓာတ္ဆီတစ္လီတာ က်ပ္ (၃၈၅၀)၊ ႐ိုး႐ိုးဒီဇယ္တစ္လီတာ က်ပ္ (၄၃၉၀)၊ ပရီမီယံဒီဇယ္ တစ္လီတာက်ပ္ (၄၈၂၀) ျဖစ္သည္။
ယမန္ေန႔က စက္သုံးဆီ သုံးစြဲမႈ ေလွ်ာ့ခ်ႏိုင္ရန္ႏွင့္ ျပည္သူမ်ား ဆီထည့္ဝင္မႈ အဆင္ေျပေစရန္ အင္ဂ်င္ပါဝါအလိုက္ တစ္ပတ္အတြင္း စက္သုံးဆီဝယ္ယူခြင့္မ်ားကို စတင္မည္ျဖစ္ေၾကာင္းလည္း ေၾကညာထားသည္။

Related news

© 2021. All rights reserved.