သပိတ်ကျင်းမြို့၏ အရှေ့မြောက်ဘက် (၂၇) မိုင်ခန့်အကွာကိုဗဟိုပြု၍ ငလျင်လှုပ်ခတ်သွား

559
ထိုက်စံ (NP News) -မတ် ၂၀
မန္တလေးတိုင်းဒေသကြီး ၊ သပိတ်ကျင်းမြို့၏ အရှေ့မြောက်ဘက် (၂၇) မိုင်ခန့်အကွာကိုဗဟိုပြု၍ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
လှုပ်ခတ်ခဲ့သည့် အချိန်မှာ ယနေ့ (မတ် ၂၀ ရက်) ၊ ညနေ (၄)နာရီ (၅၀)မိနစ်အချိန်ခန့်က ၃.၃ ရစ်(ခ်)တာစကေးဖြင့် အနက် (၆)ကီလိမီတာမှ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ယမန်နေ့(မတ် ၁၉ ရက်)၊ ညနေ(၅)နာရီ (၅၂)မိနစ် (၀၄) စက္ကန့် အချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၏ အနောက်ဘက် (၁၆) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
Zawgyi Version:
သပိတ္က်င္းၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ (၂၇) မိုင္ခန႔္အကြာကိုဗဟိုျပဳ၍ ငလ်င္လႈပ္ခတ္သြား
ထိုက္စံ (NP News) -မတ္ ၂၀
မႏၲေလးတိုင္းေဒသႀကီး ၊ သပိတ္က်င္းၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ (၂၇) မိုင္ခန႔္အကြာကိုဗဟိုျပဳ၍ ငလ်င္လႈပ္ခတ္ခဲ့ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ျပန္ထားသည္။
လႈပ္ခတ္ခဲ့သည့္ အခ်ိန္မွာ ယေန႔ (မတ္ ၂၀ ရက္) ၊ ညေန (၄)နာရီ (၅၀)မိနစ္အခ်ိန္ခန႔္က ၃.၃ ရစ္(ခ္)တာစေကးျဖင့္ အနက္ (၆)ကီလိမီတာမွ လႈပ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အလားတူ ယမန္ေန႔(မတ္ ၁၉ ရက္)၊ ညေန(၅)နာရီ (၅၂)မိနစ္ (၀၄) စကၠန္႔ အခ်ိန္ခန႔္က မေကြးတိုင္းေဒသႀကီး၊ ၿမိဳင္ၿမိဳ႕၏ အေနာက္ဘက္ (၁၆) မိုင္ခန႔္အကြာကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာ စေကး (၃.၂) အဆင့္ရွိ အင္အားအနည္းငယ္ရွိေသာ ေျမငလ်င္တစ္ခု လႈပ္ခတ္ခဲ့ေၾကာင္း သိရသည္။