သဘင်ခေတ်စားနေသော်လည်း ကိုဗစ်နောက်ပိုင်းမှ စတင်မှေးမှိန်လာခဲ့သော မြန်မာ့ရုပ်သေးလောကအတွက် ပံ့ပိုးမှုများလိုအပ်နေ

 251

သန့်ဇင် (NP News) - မတ်လ ၁၉
လက်ရှိကာလတွင် သဘင်များ ပြန်လည် ခေတ်စားနေသော်လည်း ကိုဗစ် (၁၉) နောက်ပိုင်းမှ စတင်ကာ မှေးမှိန်လာခဲ့သော မြန်မာ့ရုပ်သေးလောက ပြန်လည်ဦးမော့ရန်ပံ့ပိုးမှုများလိုအပ်နေကြောင်း သိရသည်။
ရှေးမြန်မာခေတ်အဆက်ဆက်ကပင် လက်ဆင့်ကမ်းခဲ့သည့် မြန်မာ့ရုပ်သေး အနုပညာ သည် လက်ရှိတွင် မှေးမှိန်နေချိန်ဖြစ်နေပြီး ပညာရှင် အရေအတွက်မှာလည်း လက်ချိုးရေရန်ပင်ရသည် အထိ နည်းပါးလာနေပြီဖြစ်ကြောင်း သိရသည်။
" ရုပ်သေးက မြန်မာနိုင်ငံမှာသာမက တခြားနိုင်ငံတွေမှာလည်း မှေးမှိန်နေတာ။ ဒါပေမဲ့ မြန်မာနိုင်ငံက တခြားနိုင်ငံတွေထက်ကို မှေးမှိန် နေတာ။ အိန္ဒိယမှာဆိုရင် ရုပ်သေးပွဲတွေအများကြီးပဲ။ ပြင်သစ်မှာလည်း အများကြီးပဲ။ ဒီရုပ်သေး Puppetry က တစ်ကမ္ဘာလုံးမှာကိုတိမ် မြုပ်နေတာကိုး။ ဒါပေမဲ့ သူတို့ဆီမှာက ဖော်ထုတ် ကြတယ်။ သူတို့ဆီမှာက နိုင်ငံတကာရုပ်သေးပွဲ တော်ကြီးတွေရှိတယ်။ ရုပ်သေးပွဲတော်ကြီးတွေမှာ သွားကလို့ရတယ်။ တချို့ဆိုရင်လည်း မဖိတ်ဘဲနဲ့ တချို့ဆိုရင် ကားလေးတွေနဲ့ ရုပ်သေးပဒေသာလေး လုပ်ပြီး ပွဲတော်ကြီးတွေမှာ ပါဝင်ကြတာတွေအများကြီး ရှိတယ်။ ထိုင်းမှာလည်း အများကြီးရှိတယ်။ မြန်မာ နိုင်ငံမှာသာ လက်ချိုးရေရင် (၂) ယောက် (၃) ယောက်ပဲ အဲဒီလောက်ပဲရှိတာ " ဟု မြန်မာ့ရုပ်သေး သဘင်ကော်မတီဥက္ကဋ္ဌဒေါ်မမနိုင်က NP News သို့ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ရုပ်သေးအနု ပညာလောကသည် ကိုဗစ်(၁၉) ကာလနောက်ပိုင်း မှစတင်ကာ မှေးမှိန်လာရခြင်းဖြစ်ပြီး (၂၀၂၅) ခုနှစ်၊ မတ်လက လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးနောက် ပိုင်း ပိုမိုအလှမ်းဝေးလာရကြောင်း ၎င်းကဆိုသည်။
" ကိုဗစ်နောက်ပိုင်းမှာပိုပြီးဆိုရွားလာတာ။ အဲဒီနောက်ပိုင်းမှာ ငလျင်လှုပ်ပြီးပိုဆိုးသွားတာ။ အဲဒီ (၂၀၂၅) ခုနှစ် မတ်လတည်းက မရှိတော့တာက Hight Season သည် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီသည် အရမ်းကရတာ။ အဲဒီမှာ ငလျင်နောက်ပိုင်း ဘာမှမရှိတော့ဘူး။ အဲဒီတည်းက မန္တလေးကနေ ရန်ကုန်ကို လှမ်းပြီးညွှန်ကြားပြီးက နေတာပေါ့လေ။ အဲဒီတော့ ငလျင်လှုပ်ပြီးတည်းက မရှိတော့တာပဲ" ဟု ဒေါ်မမနိုင်က ပြောသည်။
သို့သော် မြန်မာ့ရုပ်သေးအနုပညာပြန်ဦးမော့လာရန် ရုပ်သေးကပွဲများရှာကာ ကြိုးစားရုန်း ကန်နေရပြီး အနာဂတ်ရုပ်သေးလောက မပျောက် ပျက်ရန်အတွက်လည်း မျိုးဆက်သစ်များအား အနု ပညာအမွေလက်ဆင့်ကမ်းနေရကြောင်းလည်း ၎င်းကဆိုသည်။
" အခုတော့ ရန်ကုန်မှာလည်းပဲလုပ်နေ တယ်ပေါ့။ မြန်မာပွဲလေးတွေရော။ နောက်ပြီးတော့ နိုင်ငံခြားသားပွဲလည်း ကပေးဖို့အတွက် ကျွန်မတို့ ကြိုးစားနေပါတယ်။ လူငယ်တွေကို လက်ဆင့်ကမ်းမှု အပိုင်းမှာ စိတ်ဝင်စားမှုရှိကြပါတယ်။ အထူးသဖြင့် ပန်တျာကျောင်းက ကလေးတွေ၊ ယဉ်ကျေးမှု တက္က သိုလ်ကလေးတွေက သူတို့ကျောင်းမှာလည်း သင်ကြ တယ်လေ။ အဲဒီမှာ ကျွန်မနဲ့တွေ့တဲ့အချိန်မှာ စိတ်ဝင် စားပြီးတော့ ပါလာ ကြတယ်ပေါ့နော်။ ပါလာကြတော့ အခု ကျွန်မဝင်းလေးလုပ်နေပါတယ်။ ရုပ်သေးဝင်း လေးပေါ့။ သေချာလေးလုပ်နေတယ် " ဟု ဒေါ်မမ နိုင်က ပြောသည်။
ရုပ်သေးလောက မှေးမှိန်နေချိန်ဖြစ်သည့် အတွက် ရုပ်သေးရုပ် ထုလုပ်သည့်လုပ်ငန်းများ သည်လည်း လုပ်ငန်းမလည် ပတ်နိုင်ဖြစ်ကာ အချို့ မှာ ရရာအလုပ်များကိုပင်စားဝတ်နေရေးအရ လုပ်ကိုင်နေကြရကြောင်း ဒေါ်မမနိုင်က ဆိုသည်။
" ရုပ်သေးရုပ်လုပ်ငန်းတွေကလည်းအခု တော့ လုပ်တော့လုပ်ကြတယ်။ သို့သော်လည်း အလုပ်မဖြစ်ကြတော့ အဲဒီပန်းပုဆရာတွေလည်း တုတ်တုတ်ဆွဲ၊ ကားမောင်းနေကြတယ်။ တချို့ဆိုရင် ရုပ်သေးမကရလို့ ရပ်ကွက်လူကြီးလုပ်နေကြရတယ်။ နောက်ပြီး ကြံရည်ကြိတ်ရောင်းရတယ်လို့ပြောတယ်။ အကြော်ကြော်ရောင်းရတယ်လို့ပြောတယ်။ အဲဒီလို ပေါ့။ ကြုံရာလုပ်နေကြရတာပေါ့။ ွှသကမငျာ မရှိ တော့ ရုပ်သေးကမရှိတော့ အဲဒီလိုဖြစ်တာပေါ့။ ဒါပေမဲ့ ကျွန်မတို့က အရုပ်တွေတော့မှာနေပါတယ်" ဟု ဒေါ်မမနိုင်က ပြောသည်။
ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှုအနု ပညာဖြစ်သည့် ရုပ်သေးအနုပညာ ပြန်လည် ဦးမော့ လာနိုင်ရန် နိုင်ငံတော်မှလည်း ဝိုင်းဝန်းကူညီပံ့ပိုး ပေးစေလို ကြောင်းလည်း ဒေါ်မမနိုင်က ဆိုသည်။
" ရုပ်သေးကတော့ ကြိုးစားနေရဆဲ။ အဲဒီတေ့ နံပါတ်တစ် နိုင်ငံတော်အကြီးအကဲတွေက လည်း ဝိုင်းဝန်းကူညီပေးဖို့လိုပါသေးတယ်။ ပြောချင် တာက စာသင်ကျောင်းတွေမှာ ကလေးတွေက ဝေးပြီးတော့ မမြင်ဖူးကြတော့ဘူး။ ဒီတော့ မြန်မာ့ရုပ် သေးဆိုတာ ကမ္ဘာပေါ် မှာရှိတဲ့ ရုပ်သေးအမျိုးအစား အားလုံးတွေထဲမှာ မြန်မာ့ရုပ်သေးက အဆင့်အတန်း အမြင့်ဆုံးဖြစ်တဲ့အတွက် တကယ်ကိုသျှမ်းသျှမ်း တောက် ဖြစ်ခဲ့တာလေ။ အဲဒီတော့ ပညာရေး ဝန်ကြီးဌာနက ကူညီပေးတယ်ဆိုရင် နိုင်ငံတော်က လည်း ပံ့ပိုးပေးမယ်ဆိုရင် ဇာတ်မင်းသားတို့လို ရုပ်ရှင်မင်းသားတွေလို စီးပွားရေးလုပ်ငန်းတွေတို့လို တွေက ကူညီပေးစေချင်တာပေါ့" ဟု ဒေါ်မမနိုင်က ပြောသည်။

Zawgyi Version:
သဘင္ေခတ္စားေနေသာ္လည္း ကိုဗစ္ေနာက္ပိုင္းမွ စတင္ေမွးမွိန္လာခဲ့ေသာ ျမန္မာ့႐ုပ္ေသးေလာကအတြက္ ပံ့ပိုးမႈမ်ားလိုအပ္ေန
သန႔္ဇင္ (NP News) - မတ္လ ၁၉
လက္ရွိကာလတြင္ သဘင္မ်ား ျပန္လည္ ေခတ္စားေနေသာ္လည္း ကိုဗစ္ (၁၉) ေနာက္ပိုင္းမွ စတင္ကာ ေမွးမွိန္လာခဲ့ေသာ ျမန္မာ့႐ုပ္ေသးေလာက ျပန္လည္ဦးေမာ့ရန္ပံ့ပိုးမႈမ်ားလိုအပ္ေနေၾကာင္း သိရသည္။
ေရွးျမန္မာေခတ္အဆက္ဆက္ကပင္ လက္ဆင့္ကမ္းခဲ့သည့္ ျမန္မာ့႐ုပ္ေသး အႏုပညာ သည္ လက္ရွိတြင္ ေမွးမွိန္ေနခ်ိန္ျဖစ္ေနၿပီး ပညာရွင္ အေရအတြက္မွာလည္း လက္ခ်ိဳးေရရန္ပင္ရသည္ အထိ နည္းပါးလာေနၿပီျဖစ္ေၾကာင္း သိရသည္။
" ႐ုပ္ေသးက ျမန္မာႏိုင္ငံမွာသာမက တျခားႏိုင္ငံေတြမွာလည္း ေမွးမွိန္ေနတာ။ ဒါေပမဲ့ ျမန္မာႏိုင္ငံက တျခားႏိုင္ငံေတြထက္ကို ေမွးမွိန္ ေနတာ။ အိႏၵိယမွာဆိုရင္ ႐ုပ္ေသးပြဲေတြအမ်ားႀကီးပဲ။ ျပင္သစ္မွာလည္း အမ်ားႀကီးပဲ။ ဒီ႐ုပ္ေသး Puppetry က တစ္ကမာၻလုံးမွာကိုတိမ္ ျမဳပ္ေနတာကိုး။ ဒါေပမဲ့ သူတို႔ဆီမွာက ေဖာ္ထုတ္ ၾကတယ္။ သူတို႔ဆီမွာက ႏိုင္ငံတကာ႐ုပ္ေသးပြဲ ေတာ္ႀကီးေတြရွိတယ္။ ႐ုပ္ေသးပြဲေတာ္ႀကီးေတြမွာ သြားကလို႔ရတယ္။ တခ်ိဳ႕ဆိုရင္လည္း မဖိတ္ဘဲနဲ႔ တခ်ိဳ႕ဆိုရင္ ကားေလးေတြနဲ႔ ႐ုပ္ေသးပေဒသာေလး လုပ္ၿပီး ပြဲေတာ္ႀကီးေတြမွာ ပါဝင္ၾကတာေတြအမ်ားႀကီး ရွိတယ္။ ထိုင္းမွာလည္း အမ်ားႀကီးရွိတယ္။ ျမန္မာ ႏိုင္ငံမွာသာ လက္ခ်ိဳးေရရင္ (၂) ေယာက္ (၃) ေယာက္ပဲ အဲဒီေလာက္ပဲရွိတာ " ဟု ျမန္မာ့႐ုပ္ေသး သဘင္ေကာ္မတီဥကၠ႒ေဒၚမမႏိုင္က NP News သို႔ေျပာသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ ႐ုပ္ေသးအႏု ပညာေလာကသည္ ကိုဗစ္(၁၉) ကာလေနာက္ပိုင္း မွစတင္ကာ ေမွးမွိန္လာရျခင္းျဖစ္ၿပီး (၂၀၂၅) ခုႏွစ္၊ မတ္လက လႈပ္ခတ္ခဲ့သည့္ မႏၲေလးငလ်င္ႀကီးေနာက္ ပိုင္း ပိုမိုအလွမ္းေဝးလာရေၾကာင္း ၎ကဆိုသည္။
" ကိုဗစ္ေနာက္ပိုင္းမွာပိုၿပီးဆို႐ြားလာတာ။ အဲဒီေနာက္ပိုင္းမွာ ငလ်င္လႈပ္ၿပီးပိုဆိုးသြားတာ။ အဲဒီ (၂၀၂၅) ခုႏွစ္ မတ္လတည္းက မရွိေတာ့တာက Hight Season သည္ ေအာက္တိုဘာ၊ ႏိုဝင္ဘာ၊ ဒီဇင္ဘာ၊ ဇန္နဝါရီသည္ အရမ္းကရတာ။ အဲဒီမွာ ငလ်င္ေနာက္ပိုင္း ဘာမွမရွိေတာ့ဘူး။ အဲဒီတည္းက မႏၲေလးကေန ရန္ကုန္ကို လွမ္းၿပီးၫႊန္ၾကားၿပီးက ေနတာေပါ့ေလ။ အဲဒီေတာ့ ငလ်င္လႈပ္ၿပီးတည္းက မရွိေတာ့တာပဲ" ဟု ေဒၚမမႏိုင္က ေျပာသည္။
သို႔ေသာ္ ျမန္မာ့႐ုပ္ေသးအႏုပညာျပန္ဦးေမာ့လာရန္ ႐ုပ္ေသးကပြဲမ်ားရွာကာ ႀကိဳးစား႐ုန္း ကန္ေနရၿပီး အနာဂတ္႐ုပ္ေသးေလာက မေပ်ာက္ ပ်က္ရန္အတြက္လည္း မ်ိဳးဆက္သစ္မ်ားအား အႏု ပညာအေမြလက္ဆင့္ကမ္းေနရေၾကာင္းလည္း ၎ကဆိုသည္။
" အခုေတာ့ ရန္ကုန္မွာလည္းပဲလုပ္ေန တယ္ေပါ့။ ျမန္မာပြဲေလးေတြေရာ။ ေနာက္ၿပီးေတာ့ ႏိုင္ငံျခားသားပြဲလည္း ကေပးဖို႔အတြက္ ကြၽန္မတို႔ ႀကိဳးစားေနပါတယ္။ လူငယ္ေတြကို လက္ဆင့္ကမ္းမႈ အပိုင္းမွာ စိတ္ဝင္စားမႈရွိၾကပါတယ္။ အထူးသျဖင့္ ပန္တ်ာေက်ာင္းက ကေလးေတြ၊ ယဥ္ေက်းမႈ တကၠ သိုလ္ကေလးေတြက သူတို႔ေက်ာင္းမွာလည္း သင္ၾက တယ္ေလ။ အဲဒီမွာ ကြၽန္မနဲ႔ေတြ႕တဲ့အခ်ိန္မွာ စိတ္ဝင္ စားၿပီးေတာ့ ပါလာ ၾကတယ္ေပါ့ေနာ္။ ပါလာၾကေတာ့ အခု ကြၽန္မဝင္းေလးလုပ္ေနပါတယ္။ ႐ုပ္ေသးဝင္း ေလးေပါ့။ ေသခ်ာေလးလုပ္ေနတယ္ " ဟု ေဒၚမမ ႏိုင္က ေျပာသည္။
႐ုပ္ေသးေလာက ေမွးမွိန္ေနခ်ိန္ျဖစ္သည့္ အတြက္ ႐ုပ္ေသး႐ုပ္ ထုလုပ္သည့္လုပ္ငန္းမ်ား သည္လည္း လုပ္ငန္းမလည္ ပတ္ႏိုင္ျဖစ္ကာ အခ်ိဳ႕ မွာ ရရာအလုပ္မ်ားကိုပင္စားဝတ္ေနေရးအရ လုပ္ကိုင္ေနၾကရေၾကာင္း ေဒၚမမႏိုင္က ဆိုသည္။
" ႐ုပ္ေသး႐ုပ္လုပ္ငန္းေတြကလည္းအခု ေတာ့ လုပ္ေတာ့လုပ္ၾကတယ္။ သို႔ေသာ္လည္း အလုပ္မျဖစ္ၾကေတာ့ အဲဒီပန္းပုဆရာေတြလည္း တုတ္တုတ္ဆြဲ၊ ကားေမာင္းေနၾကတယ္။ တခ်ိဳ႕ဆိုရင္ ႐ုပ္ေသးမကရလို႔ ရပ္ကြက္လူႀကီးလုပ္ေနၾကရတယ္။ ေနာက္ၿပီး ႀကံရည္ႀကိတ္ေရာင္းရတယ္လို႔ေျပာတယ္။ အေၾကာ္ေၾကာ္ေရာင္းရတယ္လို႔ေျပာတယ္။ အဲဒီလို ေပါ့။ ႀကဳံရာလုပ္ေနၾကရတာေပါ့။ ႊသကမင်ာ မရွိ ေတာ့ ႐ုပ္ေသးကမရွိေတာ့ အဲဒီလိုျဖစ္တာေပါ့။ ဒါေပမဲ့ ကြၽန္မတို႔က အ႐ုပ္ေတြေတာ့မွာေနပါတယ္" ဟု ေဒၚမမႏိုင္က ေျပာသည္။
ထို႔ေၾကာင့္ ျမန္မာ့ယဥ္ေက်းမႈအႏု ပညာျဖစ္သည့္ ႐ုပ္ေသးအႏုပညာ ျပန္လည္ ဦးေမာ့ လာႏိုင္ရန္ ႏိုင္ငံေတာ္မွလည္း ဝိုင္းဝန္းကူညီပံ့ပိုး ေပးေစလို ေၾကာင္းလည္း ေဒၚမမႏိုင္က ဆိုသည္။
" ႐ုပ္ေသးကေတာ့ ႀကိဳးစားေနရဆဲ။ အဲဒီေတ့ နံပါတ္တစ္ ႏိုင္ငံေတာ္အႀကီးအကဲေတြက လည္း ဝိုင္းဝန္းကူညီေပးဖို႔လိုပါေသးတယ္။ ေျပာခ်င္ တာက စာသင္ေက်ာင္းေတြမွာ ကေလးေတြက ေဝးၿပီးေတာ့ မျမင္ဖူးၾကေတာ့ဘူး။ ဒီေတာ့ ျမန္မာ့႐ုပ္ ေသးဆိုတာ ကမာၻေပၚ မွာရွိတဲ့ ႐ုပ္ေသးအမ်ိဳးအစား အားလုံးေတြထဲမွာ ျမန္မာ့႐ုပ္ေသးက အဆင့္အတန္း အျမင့္ဆုံးျဖစ္တဲ့အတြက္ တကယ္ကိုသွ်မ္းသွ်မ္း ေတာက္ ျဖစ္ခဲ့တာေလ။ အဲဒီေတာ့ ပညာေရး ဝန္ႀကီးဌာနက ကူညီေပးတယ္ဆိုရင္ ႏိုင္ငံေတာ္က လည္း ပံ့ပိုးေပးမယ္ဆိုရင္ ဇာတ္မင္းသားတို႔လို ႐ုပ္ရွင္မင္းသားေတြလို စီးပြားေရးလုပ္ငန္းေတြတို႔လို ေတြက ကူညီေပးေစခ်င္တာေပါ့" ဟု ေဒၚမမႏိုင္က ေျပာသည္။

Related news

© 2021. All rights reserved.