ဒုံးကျည်ကြားဖြတ်ဟန့်တားရေးပစ္စည်းတွေ ပြတ်လပ်နေပြီဆိုတဲ့ အစီရင်ခံစာကို အစ္စရေးငြင်းဆန်ပယ်ချ

929

Pika(NP News) - မတ် ၁၆
အစ္စရေးက ပဲ့ထိန်းဒုံးကျည်ကြားဖြတ်ဟန့်တာရေးပစ္စည်းတွေ ပြတ်လပ်မှုနဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့ အစီရင်ခံစာကို အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆားက ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။အမေရိကန်နဲ့အစ္စရေးတို့ရဲ့ အီရန်အပေါ် ဆင်နွှဲနေတဲ့စစ်ပွဲကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေချိန်မှာပဲ ဂီဒီယွန်ဆားရဲ့ ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါ့ပြင် အီရန်ဘက်ကနေကူတိုက်ပေးတဲ့အနေနဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်၊ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေချိန်မှာပဲ ဒီလိုမျိုး အစီရင်ခံစာတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။အစ္စရေးမှာ ပဲ့ထိန်းဒုံးကျည်ကြားဖြတ်ဟန့်တားရေးပစ္စည်းတွေ တော်တော်လေးနည်းပါးနေပြီဆိုတာကို အစ္စရေးက အမေရိကန်ကို ပြောခဲ့တယ်ဆိုတဲ့ အစီရင်ခံစာကို အမေရိကန်အရာရှိတစ်ဦးကို ကိုးကားပြီး အမေရိကန်သတင်းဝက်ဘ်ဆိုက် Semaforက ရေးသားဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ဂီဒီယွန်ဆားက”အဲ့ဒီအစီရင်ခံစာက လုံးဝမမှန်ပါဘူး။ကျွန်တော်တို့မှာ ပဲ့ထိန်းဒုံးကျည်ကြားဖြတ်ဟန့်တာရေးပစ္စည်းတွေ ပြတ်လပ်နေပြီဆိုတာ လုံးဝမဟုတ်ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အစ္စရေးစစ်တပ်က အီရန်အပေါ် ရေရှည်စစ်ဆင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ပြီးပြီလို့လည်း ဂီဒီယွန်ဆားက ထပ်မံပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဒုံးက်ည္ၾကားျဖတ္ဟန႔္တားေရးပစၥည္းေတြ ျပတ္လပ္ေနၿပီဆိုတဲ့ အစီရင္ခံစာကို အစၥေရးျငင္းဆန္ပယ္ခ်
Pika(NP News) - မတ္ ၁၆
အစၥေရးက ပဲ့ထိန္းဒုံးက်ည္ၾကားျဖတ္ဟန႔္တာေရးပစၥည္းေတြ ျပတ္လပ္မႈနဲ႔ရင္ဆိုင္ေနရတယ္ဆိုတဲ့ အစီရင္ခံစာကို အစၥေရးႏိုင္ငံျခားေရးဝန္ႀကီး ဂီဒီယြန္ဆားက ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕ အီရန္အေပၚ ဆင္ႏႊဲေနတဲ့စစ္ပြဲေၾကာင့္ အျပန္အလွန္ပစ္ခတ္မႈေတြ ဆက္တိုက္ျဖစ္ပြားေနခ်ိန္မွာပဲ ဂီဒီယြန္ဆားရဲ႕ ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။ဒါ့ျပင္ အီရန္ဘက္ကေနကူတိုက္ေပးတဲ့အေနနဲ႔ လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က အစၥေရးကို ဒုံးက်ည္၊ဒ႐ုန္းေတြနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေတြ ရွိေနခ်ိန္မွာပဲ ဒီလိုမ်ိဳး အစီရင္ခံစာေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။အစၥေရးမွာ ပဲ့ထိန္းဒုံးက်ည္ၾကားျဖတ္ဟန႔္တားေရးပစၥည္းေတြ ေတာ္ေတာ္ေလးနည္းပါးေနၿပီဆိုတာကို အစၥေရးက အေမရိကန္ကို ေျပာခဲ့တယ္ဆိုတဲ့ အစီရင္ခံစာကို အေမရိကန္အရာရွိတစ္ဦးကို ကိုးကားၿပီး အေမရိကန္သတင္းဝက္ဘ္ဆိုက္ Semaforက ေရးသားေဖာ္ျပခဲ့တာလည္းျဖစ္ပါတယ္။ဂီဒီယြန္ဆားက”အဲ့ဒီအစီရင္ခံစာက လုံးဝမမွန္ပါဘူး။ကြၽန္ေတာ္တို႔မွာ ပဲ့ထိန္းဒုံးက်ည္ၾကားျဖတ္ဟန႔္တာေရးပစၥည္းေတြ ျပတ္လပ္ေနၿပီဆိုတာ လုံးဝမဟုတ္ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အစၥေရးစစ္တပ္က အီရန္အေပၚ ေရရွည္စစ္ဆင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေဆာင္ၿပီးၿပီလို႔လည္း ဂီဒီယြန္ဆားက ထပ္မံေျပာၾကားခဲ့ပါတယ္။