အသက်(၁၈)နှစ်အောက် ကလေးများ ပါဝင်ယှဉ်ပြိုင်သည့် Sunday Junior Golfer Group Championship ပြိုင်ပွဲကို နှစ်ရက်တာ ပြုလုပ်

 316

စိမ့်၊ Shwe (NP News)- ဇန်နဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းဂေါက်ကွင်းတွင် အသက်(၁၈)နှစ်အောက် ကလေးများ ပါဝင်ယှဉ်ပြိုင်သည့် Sunday Junior Golfer Group Championship ပြိုင်ပွဲကို (၂) ရက်တာ ပြုလုပ်ခဲ့ကြောင်း Sunday Junior Golfer Group မှ သိရသည်။
မြန်မာနိုင်ငံတွင် အငယ်တန်း ဂေါက်သီးရိုက်ပြိုင်ပွဲ များ နည်းပါးလာခြင်းကြောင့် ကလေးများ၏ ဂေါက်သီးရိုက် စွမ်းရည် တိုးတက်မှု မလျော့ကျစေရန်ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကာ ပါဝင်ယှဉ်ပြိုင်သူ (၁၈) ဦး ရှိကြောင်း သိရသည်။
“ဂေါက်သီးရိုက်တဲ့ကလေးတွေပေါ့ ပြိုင်ပွဲမရှိကြဘူး။ ပြိုင်ပွဲမရှိတော့ ဘယ်အားကစားနည်းမဆိုပေါ့ ပြိုင်ပွဲရှိမှတိုးတက်တာ”ဟု Sunday Junior Golfer Group မှ ဦးကျော်မင်းမင်းလတ်က ပြောသည်။
Sunday Junior Golfer Groupက Sunday တိုင်း ကလေးများ ဂေါက်ကစားနိုင်စေရန် ရည်ရွယ်၍ မိဘများက စတင်တည်ထောင်ခဲ့ပြီး ယခုအခါတွင် (၃)ကြိမ်မြောက် အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခု ပြိုင်ပွဲတွင် အသက်(၁၄)နှစ်အောက် (၃)ဆုနှင့် အသက်(၁၈)နှစ်အောက် (၃)ဆုအပြင် Double Eagle ဆုများပေးခဲ့ကြောင်းသိရသည်။
ထို့ပြင် ယခု စတုတ္ထအကြိမ် Sunday Junior Golfer Group Championship ပြိုင်ပွဲကို YCDC ဂေါက်ကွင်း၌ ထပ်မံကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

Zawgyi Version:

ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္၊ တညင္းကုန္းေဂါက္ကြင္းတြင္ အသက္(၁၈)ႏွစ္ေအာက္ ကေလးမ်ား ပါဝင္ယွဥ္ၿပိဳင္သည့္ Sunday Junior Golfer Group Championship ၿပိဳင္ပြဲကို (၂) ရက္တာ ျပဳလုပ္ခဲ့ေၾကာင္း Sunday Junior Golfer Group မွ သိရသည္။
ျမန္မာႏိုင္ငံတြင္ အငယ္တန္း ေဂါက္သီး႐ိုက္ၿပိဳင္ပြဲ မ်ား နည္းပါးလာျခင္းေၾကာင့္ ကေလးမ်ား၏ ေဂါက္သီး႐ိုက္ စြမ္းရည္ တိုးတက္မႈ မေလ်ာ့က်ေစရန္ရည္႐ြယ္၍ က်င္းပျခင္း ျဖစ္ကာ ပါဝင္ယွဥ္ၿပိဳင္သူ (၁၈) ဦး ရွိေၾကာင္း သိရသည္။
“ေဂါက္သီး႐ိုက္တဲ့ကေလးေတြေပါ့ ၿပိဳင္ပြဲမရွိၾကဘူး။ ၿပိဳင္ပြဲမရွိေတာ့ ဘယ္အားကစားနည္းမဆိုေပါ့ ၿပိဳင္ပြဲရွိမွတိုးတက္တာ”ဟု Sunday Junior Golfer Group မွ ဦးေက်ာ္မင္းမင္းလတ္က ေျပာသည္။
Sunday Junior Golfer Groupက Sunday တိုင္း ကေလးမ်ား ေဂါက္ကစားႏိုင္ေစရန္ ရည္႐ြယ္၍ မိဘမ်ားက စတင္တည္ေထာင္ခဲ့ၿပီး ယခုအခါတြင္ (၃)ႀကိမ္ေျမာက္ အျဖစ္ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယခု ၿပိဳင္ပြဲတြင္ အသက္(၁၄)ႏွစ္ေအာက္ (၃)ဆုႏွင့္ အသက္(၁၈)ႏွစ္ေအာက္ (၃)ဆုအျပင္ Double Eagle ဆုမ်ားေပးခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ ယခု စတုတၳအႀကိမ္ Sunday Junior Golfer Group Championship ၿပိဳင္ပြဲကို YCDC ေဂါက္ကြင္း၌ ထပ္မံက်င္းပသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.