ခွင့်ပြန်အလုပ်သမား အဖြစ် လိမ်လည်တင်ပြသူအား ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်းနှင့် အမည်မည်းစာရင်း (Blacklist) ထည့်သွင်း ဆောင်ရွက်မည်

1067

Pearl (NP News) - မတ် ၂၆
“ခွင့်ပြန်အလုပ်သမား” အဖြစ် လိမ်လည်တင်ပြသူအား ကာလ သတ်မှတ်ချက်တစ်ခုဖြင့် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်းနှင့် အမည်မည်းစာရင်း (Blacklist) ထည့်သွင်းဆောင်ရွက်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ခွင့်ဖြင့်အမှန်တကယ်ပြန်လာသည့် အလုပ်သမားများကို ၎င်းတို့၏လုပ်ငန်းခွင်များသို့ သတ်မှတ်ချိန်အတွင်း အဆင်ပြေချောမွေ့စွာ ပြန်လည်ဝင်ရောက် နိုင်ရေးအတွက် ဆောင်ရွက်ပေးရန်နှင့် အထောက်အထားတုများဖြင့် ပြည်ပသို့ တရားမဝင် ထွက်ခွာရန် ကြိုးပမ်းမှုများကို တားဆီးခြင်းဖြင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာစနစ်ကို ပိုမိုခိုင်မာ စေပြီး လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အချို့အလုပ်သမားသစ် (Fresh Worker) များသည် ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စနစ်တကျ စုဆောင်းခြင်း၊ ပြည်ပသို့မထွက်ခွာမီ သင်တန်းတက်ရောက်ခြင်းနှင့် ဆေးစစ်ခံခြင်း လုပ်ငန်းစဉ်များကို ကျော်လွှားနိုင်ရန်အတွက် “ခွင့်ပြန်အလုပ်သမား” အဖြစ် အသွင်ဆောင်၍ ပြည်ပထွက်ခွာရန် ကြိုးစားလာသည်ကို တွေ့ရှိရပြီး ၎င်းတို့သည် ခွင့်ပြန်အလုပ်သမားများအတွက် သတ်မှတ်ထား သော လမ်းကြောင်းကို အလွဲသုံးစားပြု၍ တရားမဝင်ထွက်ခွာရန် ကြိုးစားခြင်းများရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက သတိပေးထားသည်။
ခွင့်ပြန်အလုပ်သမားအဖြစ် တရားမဝင်သွားရောက်သူများ အနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ်မဲ့ခြင်း ( ပြည်ပသို့ တရားမဝင်သွားရောက် ခြင်းဖြင့် တရားမဝင်အလုပ်သမားအဖြစ် သတ်မှတ်ခံရပြီး သက်ဆိုင်ရာနိုင်ငံ၏ အကျိုးခံစားခွင့်များ၊ လူမှုဖူလုံရေးကြေးများနှင့် ဥပဒေအရ ရပိုင်ခွင့်များ ဆုံးရှုံးခြင်း) ၊ လုပ်အားခေါင်းပုံဖြတ်ခံရခြင်း ( အတည်ပြုထားသော အလုပ်ရှင်မရှိသဖြင့် လူကုန်ကူးခြင်းနှင့် အဓမ္မခိုင်းစေမှုများ ဖြစ်ပေါ်နိုင်ခြင်း) ၊ ပြည်နှင်ဒဏ်ခံရခြင်း ( အထောက်အထားအတုဖြင့် သွားရောက်ကြောင်း သက်ဆိုင်ရာနိုင်ငံမှစိစစ်ချိန်၌ တွေ့ရှိပါက ဖမ်းဆီးခံရနိုင်ခြင်း၊ ပြည်နှင်ဒဏ် ချမှတ် ခံရနိုင်ခြင်း၊ အဆိုပါနိုင်ငံသို့ နောင်တွင် ဝင်ရောက်ခွင့် ပိတ်ပင်ခံရနိုင်ခြင်း) များ ကြုံတွေ့နိုင်ရကြောင်းလည်း သတိပေးထုတ်ပြန်ထားသည်။
ထိုသို့ တရားမဝင် မြန်မာနိုင်ငံသားများကို ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ရန်နှင့် လမ်းကြောင်းမှသွားရောက်သည့်စနစ်ကို ထိန်းသိမ်းရန် ဝန်ကြီးဌာနက လိုအပ်သည်များဆောင်ရွက် လျက်ရှိပြီး ပြည်ပထွက်ခွာခွင့်များနှင့်စပ်လျဉ်း၍ မမှန်မကန် လိမ်လည်တင်ပြလာသူနှင့် မမှန်မကန် လိမ်လည်မှုများတွင် နောက်ကွယ်မှပါဝင်ကူညီသော သက်ဆိုင်ရာအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကို စုံစမ်းဖော်ထုတ်၍ ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ အပါအဝင် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအရ အရေးယူဆောင်ရွက်ခြင်း၊ လိမ်လည်တင်ပြသူအား ကာလ သတ်မှတ်ချက်တစ်ခုဖြင့် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်းနှင့် အမည်မည်းစာရင်း (Blacklist) ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အလုပ်သမားဝန်ကြီးဌာနက သတိပေးထားသည်။

Zawgyi version:
“ခြင့္ျပန္အလုပ္သမား” အျဖစ္ လိမ္လည္တင္ျပသူအား ကာလ သတ္မွတ္ခ်က္တစ္ခုျဖင့္ ျပည္ပထြက္ခြာခြင့္ပိတ္ပင္ျခင္းႏွင့္ အမည္မည္းစာရင္း (Blacklist) ထည့္သြင္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ခြင့္ျဖင့္အမွန္တကယ္ျပန္လာသည့္ အလုပ္သမားမ်ားကို ၎တို႔၏လုပ္ငန္းခြင္မ်ားသို႔ သတ္မွတ္ခ်ိန္အတြင္း အဆင္ေျပေခ်ာေမြ႕စြာ ျပန္လည္ဝင္ေရာက္ ႏိုင္ေရးအတြက္ ေဆာင္႐ြက္ေပးရန္ႏွင့္ အေထာက္အထားတုမ်ားျဖင့္ ျပည္ပသို႔ တရားမဝင္ ထြက္ခြာရန္ ႀကိဳးပမ္းမႈမ်ားကို တားဆီးျခင္းျဖင့္ ျပည္ပအလုပ္အကိုင္ဆိုင္ရာစနစ္ကို ပိုမိုခိုင္မာ ေစၿပီး လုံၿခဳံစိတ္ခ်ရေသာ ေ႐ႊ႕ေျပာင္းသြားလာမႈျဖစ္ေစရန္ ရည္႐ြယ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အခ်ိဳ႕အလုပ္သမားသစ္ (Fresh Worker) မ်ားသည္ ဝန္ႀကီးဌာနမွ သတ္မွတ္ထားေသာ စနစ္တက် စုေဆာင္းျခင္း၊ ျပည္ပသို႔မထြက္ခြာမီ သင္တန္းတက္ေရာက္ျခင္းႏွင့္ ေဆးစစ္ခံျခင္း လုပ္ငန္းစဥ္မ်ားကို ေက်ာ္လႊားႏိုင္ရန္အတြက္ “ခြင့္ျပန္အလုပ္သမား” အျဖစ္ အသြင္ေဆာင္၍ ျပည္ပထြက္ခြာရန္ ႀကိဳးစားလာသည္ကို ေတြ႕ရွိရၿပီး ၎တို႔သည္ ခြင့္ျပန္အလုပ္သမားမ်ားအတြက္ သတ္မွတ္ထား ေသာ လမ္းေၾကာင္းကို အလြဲသုံးစားျပဳ၍ တရားမဝင္ထြက္ခြာရန္ ႀကိဳးစားျခင္းမ်ားရွိေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက သတိေပးထားသည္။
ခြင့္ျပန္အလုပ္သမားအျဖစ္ တရားမဝင္သြားေရာက္သူမ်ား အေနျဖင့္ ဥပေဒေၾကာင္းအရ အကာအကြယ္မဲ့ျခင္း ( ျပည္ပသို႔ တရားမဝင္သြားေရာက္ ျခင္းျဖင့္ တရားမဝင္အလုပ္သမားအျဖစ္ သတ္မွတ္ခံရၿပီး သက္ဆိုင္ရာႏိုင္ငံ၏ အက်ိဳးခံစားခြင့္မ်ား၊ လူမႈဖူလုံေရးေၾကးမ်ားႏွင့္ ဥပေဒအရ ရပိုင္ခြင့္မ်ား ဆုံးရႈံးျခင္း) ၊ လုပ္အားေခါင္းပုံျဖတ္ခံရျခင္း ( အတည္ျပဳထားေသာ အလုပ္ရွင္မရွိသျဖင့္ လူကုန္ကူးျခင္းႏွင့္ အဓမၼခိုင္းေစမႈမ်ား ျဖစ္ေပၚႏိုင္ျခင္း) ၊ ျပည္ႏွင္ဒဏ္ခံရျခင္း ( အေထာက္အထားအတုျဖင့္ သြားေရာက္ေၾကာင္း သက္ဆိုင္ရာႏိုင္ငံမွစိစစ္ခ်ိန္၌ ေတြ႕ရွိပါက ဖမ္းဆီးခံရႏိုင္ျခင္း၊ ျပည္ႏွင္ဒဏ္ ခ်မွတ္ ခံရႏိုင္ျခင္း၊ အဆိုပါႏိုင္ငံသို႔ ေနာင္တြင္ ဝင္ေရာက္ခြင့္ ပိတ္ပင္ခံရႏိုင္ျခင္း) မ်ား ႀကဳံေတြ႕ႏိုင္ရေၾကာင္းလည္း သတိေပးထုတ္ျပန္ထားသည္။
ထိုသို႔ တရားမဝင္ ျမန္မာႏိုင္ငံသားမ်ားကို ဥပေဒႏွင့္အညီကာကြယ္ေစာင့္ေရွာက္ရန္ႏွင့္ လမ္းေၾကာင္းမွသြားေရာက္သည့္စနစ္ကို ထိန္းသိမ္းရန္ ဝန္ႀကီးဌာနက လိုအပ္သည္မ်ားေဆာင္႐ြက္ လ်က္ရွိၿပီး ျပည္ပထြက္ခြာခြင့္မ်ားႏွင့္စပ္လ်ဥ္း၍ မမွန္မကန္ လိမ္လည္တင္ျပလာသူႏွင့္ မမွန္မကန္ လိမ္လည္မႈမ်ားတြင္ ေနာက္ကြယ္မွပါဝင္ကူညီေသာ သက္ဆိုင္ရာအဖြဲ႕အစည္း၊ ပုဂၢိဳလ္မ်ားကို စုံစမ္းေဖာ္ထုတ္၍ ၁၉၉၉ ခုႏွစ္၊ ျပည္ပအလုပ္အကိုင္ဆိုင္ရာဥပေဒ အပါအဝင္ တည္ဆဲဥပေဒ၊ စည္းမ်ဥ္းစည္းကမ္းမ်ားအရ အေရးယူေဆာင္႐ြက္ျခင္း၊ လိမ္လည္တင္ျပသူအား ကာလ သတ္မွတ္ခ်က္တစ္ခုျဖင့္ ျပည္ပထြက္ခြာခြင့္ပိတ္ပင္ျခင္းႏွင့္ အမည္မည္းစာရင္း (Blacklist) ထည့္သြင္းေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းလည္း အလုပ္သမားဝန္ႀကီးဌာနက သတိေပးထားသည္။