အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် မြန်မာ့တောင်သူများ ဓာတ်မြေဩဇာနှင့် စက်သုံးဆီ ပြဿနာ ရင်ဆိုင်ရနိုင်ခြေရှိ

1394

သန့်ဇင် (NP News) - မတ် ၁၅
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် အမေရိကန်နှင့် အီရန်ပဋိပက္ခများကြောင့် မြန်မာ့တောင်သူများ ဓာတ်မြေဩဇာဈေးနှုန်းမြင့်ခြင်းနှင့် စက်သုံးဆီလိုအပ်ချက်မြင့်များခြင်း အခက်အခဲများ ရင်ဆိုင်လာရနိုင်ကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်း ချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News သို့ပြောသည်။
လက်ရှိတွင် မြန်မာ့တောင်သူလယ်သမားအကြား ပုလဲဓာတ်မြေဩဇာဟုသိများသော ယူရီးယားဓာတ် မြေဩဇာသည် အမေရိကန်နှင့် အီရန် ပဋိပက္ခများကြောင့် (၃၀)ရာခိုင်နှုန်းခန့်မြင့်တက်သွားကြောင်း သိရသည်။
“ဓာတ်မြေဩဇာအပိုင်းကတော့ များသောအားဖြင့် အရှေ့အလယ်ပိုင်းကထွက်တာဖြစ်တော့ ဒီဓာတ်မြေဩဇာ ဈေးနှုန်းတွေ မြင့်တက်သွား တာ တွေ့ရတယ်။ ကမ္ဘာ့ဓာတ်မြေဩဇာဈေးနှုန်းတွေ ရောပေါ့နော်။ အဲဒီတော့ ကျွန်တော်တို့ တောင် သူတွေအတွက်ပေါ့နော်။ အရှေ့အလယ်ပိုင်းဒေသက ထွက်တဲ့ ပုလဲဓာတ်မြေဩဇာဈေး နှုန်းတွေကလည်း အရင်က ဒေါ်လာ (၄၅၀)၊ (၄၆၀) ကနေ အခု (၅၀ဝ)ကျော် အထိ ဖြစ်လာတာပေါ့နော်။ တစ်တန်ကိုပေါ့နော်။ အဲဒီတော့ အကြမ်းဖျင်း(၃၀)ရာခိုင်နှုန်းလောက် ဈေး တွေတက်လာတာပေါ့နော်”ဟု ဦးရဲမင်းအောင်က ပြောသည်။
ပုလဲဓာတ်မြေဩဇာသည် အရှေ့အလယ် ပိုင်းဒေသတွင် အများဆုံးထွက်ရှိသည့် ဓာတ်မြေဩဇာဖြစ်ပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံများက ထုတ်လုပ်သော်လည်း ရေနံပေါ်အခြေခံသည့် ဓာတ်မြေဩဇာ ဖြစ်သည့်အတွက် ဈေးနှုန်း မြင့်တက်မှုရှိလာ နိုင် ကြောင်း ဦးရဲမင်းအောင်က ဆိုသည်။
“အများဆုံးသုံးတဲ့ ပုလဲဓာတ်မြေဩဇာကတော့ အီရန်အပါအဝင် အရှေ့အလယ်ပိုင်းဒေသက လူတွေကသုံး တာဖြစ်တယ်လေ။ ဒီကျန်တဲ့ အိမ်နီး နားချင်းနိုင်ငံတွေကလည်း ပုလဲဓာတ်မြေဩဇာထုတ်တယ်။ အဲဒါကလည်း အရှေ့ အလယ်ပိုင်းက ရေနံထွက်ကုန်တွေပေါ်မှာ အခြေခံပြီးတော့ Gas တွေနဲ့ ထုတ်တာကိုး။ အဲဒီတော့ ပုလဲဓာတ်မြေဩဇာက အခက်အခဲရှိနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ပုလဲဓာတ်မြေဩဇာကို အစားထိုးပြီးသုံးလို့ရတဲ့အခြား ဓာတ်မြေ ဩဇာတွေ ရှိတယ်ပေါ့”ဟု ၎င်းက ပြောသည်။
ထို့ကြောင့် အဆိုပါ ပုလဲဓာတ်မြေဩဇာ အစားထိုးနိုင်မည့် ဓာတ်မြေဩဇာများနှင့် သဘာဝ မြေဩဇာများကို မြန်မာ့တောင်သူများသုံးစွဲရန် ကြိုတင်စဉ်းစားရမည့် အခြေအနေသို့ရောက်လာ ရခြင်းဖြစ်ကြောင်း သိရသည်။
“သဘာဝမြေဩဇာတွေ ရှိတယ်ပါ့နော်။ အဲဒီတော့ ဒါတွေကိုလည်း ရနိုင်သမျှဝယ်ယူနိုင်ရေး ကိုလည်း စဉ်းစားရမှာပေါ့။ ဒါကတော့ သက်ဆိုင် တဲ့အသင်းအဖွဲ့တွေနဲ့ ကုမ္ပဏီတွေနဲ့ အစိုးရနဲ့ပူး ပေါင်းပြီးဆောင်ရွက်ရမှာတွေ တော့ရှိတာပေါ့။ ကျွန်တော်တို့ကတော့ သင်္ကြန်ပြီးရင် မိုးစပါးစိုက်ကြတော့မှာ။ မိုးစပါးစိုက်ရင် လိုအပ်တဲ့ ဓာတ်မြေ ဩဇာရရှိရေးနဲ့ သဘာဝမြေဩဇာတွေ တွင်တွင်ကျယ်ကျယ်နဲ့ အသုံးပြုနိုင်ရေးကိုတော့ လုပ်ရမယ့် သဘောရှိပါတယ်”ဟု ဦးရဲမင်းအောင်က ပြောသည်။
ထို့ပြင် တောင်သူများအနေဖြင့် အရှေ့ အလယ်ပိုင်းပဋိပက္ခများ၏ ရိုက်ခတ်မှုများကြောင့် စက်သုံးဆီလိုအပ်ချက် သည်လည်း စိန်ခေါ်မှုတစ်ခု အနေဖြင့် ရောက်ရှိလာနိုင်ကြောင်းလည်း ဦးရဲမင်းအောင်က ဆိုသည်။
“တောင်သူတွေအပေါ်မှာတော့ လက်ရှိမှာ နွေစပါးရိတ်တဲ့အပေါ်မှာ စက်သုံးဆီလိုအပ်ချက်ရှိမယ်။ နောက် တစ်ခါ နွေစပါးစိုက်ပျိုးတဲ့အခါမှာ ရေတင်ဖို့အပိုင်းတွေရှိမယ်။ နယ်တွေကျေးရွာတွေမှာ သယ်ယူပို့ဆောင်ဖို့ စက်သုံးဆီလို အပ်ချက်ရှိမယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အောက်ခြေက သက်ဆိုင်ရာမြို့နယ်မှာရှိတဲ့ ဌာနဆိုင်ရာတွေကိုတင်ပြ ပြီးတော့ ပေါင်းစပ်ဖို့ပေါ့။ ကျွန်တော်တို့လည်း တတ်နိုင်သမျှဝိုင်းပြီးတော့ ညှိနှိုင်းပြီးတော့ လိုအပ်ချက် လေးတွေကို ဖြည့်တင်းပေးနိုင်အောင်တော့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version;
အေရွ႕အလယ္ပိုင္း ပဋိပကၡေၾကာင့္ ျမန္မာ့ေတာင္သူမ်ား ဓာတ္ေျမဩဇာႏွင့္ စက္သုံးဆီ ျပႆနာ ရင္ဆိုင္ရႏိုင္ေျခရွိ
သန႔္ဇင္ (NP News) - မတ္ ၁၅
အေရွ႕အလယ္ပိုင္းတြင္ ျဖစ္ပြားေနသည့္ အေမရိကန္ႏွင့္ အီရန္ပဋိပကၡမ်ားေၾကာင့္ ျမန္မာ့ေတာင္သူမ်ား ဓာတ္ေျမဩဇာေဈးႏႈန္းျမင့္ျခင္းႏွင့္ စက္သုံးဆီလိုအပ္ခ်က္ျမင့္မ်ားျခင္း အခက္အခဲမ်ား ရင္ဆိုင္လာရႏိုင္ေၾကာင္း ျမန္မာ ႏိုင္ငံဆန္စပါးအသင္း ခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္က NP News သို႔ေျပာသည္။
လက္ရွိတြင္ ျမန္မာ့ေတာင္သူလယ္သမားအၾကား ပုလဲဓာတ္ေျမဩဇာဟုသိမ်ားေသာ ယူရီးယားဓာတ္ ေျမဩဇာသည္ အေမရိကန္ႏွင့္ အီရန္ ပဋိပကၡမ်ားေၾကာင့္ (၃၀)ရာခိုင္ႏႈန္းခန႔္ျမင့္တက္သြားေၾကာင္း သိရသည္။
“ဓာတ္ေျမဩဇာအပိုင္းကေတာ့ မ်ားေသာအားျဖင့္ အေရွ႕အလယ္ပိုင္းကထြက္တာျဖစ္ေတာ့ ဒီဓာတ္ေျမဩဇာ ေဈးႏႈန္းေတြ ျမင့္တက္သြား တာ ေတြ႕ရတယ္။ ကမာၻ႔ဓာတ္ေျမဩဇာေဈးႏႈန္းေတြ ေရာေပါ့ေနာ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ေတာင္ သူေတြအတြက္ေပါ့ေနာ္။ အေရွ႕အလယ္ပိုင္းေဒသက ထြက္တဲ့ ပုလဲဓာတ္ေျမဩဇာေဈး ႏႈန္းေတြကလည္း အရင္က ေဒၚလာ (၄၅၀)၊ (၄၆၀) ကေန အခု (၅၀ဝ)ေက်ာ္ အထိ ျဖစ္လာတာေပါ့ေနာ္။ တစ္တန္ကိုေပါ့ေနာ္။ အဲဒီေတာ့ အၾကမ္းဖ်င္း(၃၀)ရာခိုင္ႏႈန္းေလာက္ ေဈး ေတြတက္လာတာေပါ့ေနာ္”ဟု ဦးရဲမင္းေအာင္က ေျပာသည္။
ပုလဲဓာတ္ေျမဩဇာသည္ အေရွ႕အလယ္ ပိုင္းေဒသတြင္ အမ်ားဆုံးထြက္ရွိသည့္ ဓာတ္ေျမဩဇာျဖစ္ၿပီး ျမန္မာ့အိမ္နီးခ်င္းႏိုင္ငံမ်ားက ထုတ္လုပ္ေသာ္လည္း ေရနံေပၚအေျခခံသည့္ ဓာတ္ေျမဩဇာ ျဖစ္သည့္အတြက္ ေဈးႏႈန္း ျမင့္တက္မႈရွိလာ ႏိုင္ ေၾကာင္း ဦးရဲမင္းေအာင္က ဆိုသည္။
“အမ်ားဆုံးသုံးတဲ့ ပုလဲဓာတ္ေျမဩဇာကေတာ့ အီရန္အပါအဝင္ အေရွ႕အလယ္ပိုင္းေဒသက လူေတြကသုံး တာျဖစ္တယ္ေလ။ ဒီက်န္တဲ့ အိမ္နီး နားခ်င္းႏိုင္ငံေတြကလည္း ပုလဲဓာတ္ေျမဩဇာထုတ္တယ္။ အဲဒါကလည္း အေရွ႕ အလယ္ပိုင္းက ေရနံထြက္ကုန္ေတြေပၚမွာ အေျခခံၿပီးေတာ့ Gas ေတြနဲ႔ ထုတ္တာကိုး။ အဲဒီေတာ့ ပုလဲဓာတ္ေျမဩဇာက အခက္အခဲရွိႏိုင္တယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ကေတာ့ ပုလဲဓာတ္ေျမဩဇာကို အစားထိုးၿပီးသုံးလို႔ရတဲ့အျခား ဓာတ္ေျမ ဩဇာေတြ ရွိတယ္ေပါ့”ဟု ၎က ေျပာသည္။
ထို႔ေၾကာင့္ အဆိုပါ ပုလဲဓာတ္ေျမဩဇာ အစားထိုးႏိုင္မည့္ ဓာတ္ေျမဩဇာမ်ားႏွင့္ သဘာဝ ေျမဩဇာမ်ားကို ျမန္မာ့ေတာင္သူမ်ားသုံးစြဲရန္ ႀကိဳတင္စဥ္းစားရမည့္ အေျခအေနသို႔ေရာက္လာ ရျခင္းျဖစ္ေၾကာင္း သိရသည္။
“သဘာဝေျမဩဇာေတြ ရွိတယ္ပါ့ေနာ္။ အဲဒီေတာ့ ဒါေတြကိုလည္း ရႏိုင္သမွ်ဝယ္ယူႏိုင္ေရး ကိုလည္း စဥ္းစားရမွာေပါ့။ ဒါကေတာ့ သက္ဆိုင္ တဲ့အသင္းအဖြဲ႕ေတြနဲ႔ ကုမၸဏီေတြနဲ႔ အစိုးရနဲ႔ပူး ေပါင္းၿပီးေဆာင္႐ြက္ရမွာေတြ ေတာ့ရွိတာေပါ့။ ကြၽန္ေတာ္တို႔ကေတာ့ သၾကၤန္ၿပီးရင္ မိုးစပါးစိုက္ၾကေတာ့မွာ။ မိုးစပါးစိုက္ရင္ လိုအပ္တဲ့ ဓာတ္ေျမ ဩဇာရရွိေရးနဲ႔ သဘာဝေျမဩဇာေတြ တြင္တြင္က်ယ္က်ယ္နဲ႔ အသုံးျပဳႏိုင္ေရးကိုေတာ့ လုပ္ရမယ့္ သေဘာရွိပါတယ္”ဟု ဦးရဲမင္းေအာင္က ေျပာသည္။
ထို႔ျပင္ ေတာင္သူမ်ားအေနျဖင့္ အေရွ႕ အလယ္ပိုင္းပဋိပကၡမ်ား၏ ႐ိုက္ခတ္မႈမ်ားေၾကာင့္ စက္သုံးဆီလိုအပ္ခ်က္ သည္လည္း စိန္ေခၚမႈတစ္ခု အေနျဖင့္ ေရာက္ရွိလာႏိုင္ေၾကာင္းလည္း ဦးရဲမင္းေအာင္က ဆိုသည္။
“ေတာင္သူေတြအေပၚမွာေတာ့ လက္ရွိမွာ ေႏြစပါးရိတ္တဲ့အေပၚမွာ စက္သုံးဆီလိုအပ္ခ်က္ရွိမယ္။ ေနာက္ တစ္ခါ ေႏြစပါးစိုက္ပ်ိဳးတဲ့အခါမွာ ေရတင္ဖို႔အပိုင္းေတြရွိမယ္။ နယ္ေတြေက်း႐ြာေတြမွာ သယ္ယူပို႔ေဆာင္ဖို႔ စက္သုံးဆီလို အပ္ခ်က္ရွိမယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ကေတာ့ ေအာက္ေျခက သက္ဆိုင္ရာၿမိဳ႕နယ္မွာရွိတဲ့ ဌာနဆိုင္ရာေတြကိုတင္ျပ ၿပီးေတာ့ ေပါင္းစပ္ဖို႔ေပါ့။ ကြၽန္ေတာ္တို႔လည္း တတ္ႏိုင္သမွ်ဝိုင္းၿပီးေတာ့ ညႇိႏႈိင္းၿပီးေတာ့ လိုအပ္ခ်က္ ေလးေတြကို ျဖည့္တင္းေပးႏိုင္ေအာင္ေတာ့ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ေနပါတယ္” ဟု ၎က ေျပာသည္။