လွတ်လပ်ရေးနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ရ ပြစ်ဒဏ်ကျခံရနေသူများအား အင်းစိန်အကျဉ်းထောင်ရှေ့၌ မိသားစုဝင်များ စောင့်ကြိုနေ

 336

သန့်ဇင်၊ ဝင်းမင်းသန့် (NP News)-ဇန်နဝါရီ ၄

( ၇၈ )နှစ်မြောက် လွတ်လပ်ရေးနေ့ ယနေ့ (ဇန်နဝါရီ ၄ ရက်) တွင် လွတ်ငြိမ်းခွင့်ရ ပြစ်ဒဏ်ကျခံ‌နေသူများအား ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိအကျဉ်းဦးစီးဌာနရှေ့တွင် မိသားစုဝင်များက လာရောက်စောင့်ကြိုနေလျက်ရှိသည်။

နှစ်စဉ် လွတ်လပ်ရေးနေ့များတွင် အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်ကျခံနေရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးလျက်ရှိရာ ယနေ့တွင် ပြစ်ဒဏ်ကျခံနေရသူ (၆၁၃၄)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထိုပြင် အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ (၅၂) ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။

"တောင်‌ဥက္ကလာက လာတာပါ။ မြေးဖြစ်သူကိုလာစောင့်နေတာ။ ရောက်တာတော့မကြာသေးဘူး။ ကလေးက လွတ်ရက်လည်းပြည့်ပြီလေ"ဟု မိသားစုဝင်တစ်ဦးက NP News ကိုပြောသည်။

ပြီးခဲ့သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကလည်း အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းရှိ၊ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရသူ (၅၈၆၄)ဦးကိုလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။

zawgyi version

(၇၈) ႏွစ္ေျမာက္လြပ္လပ္ေရးေန႔ အလံတင္အခမ္းအနားႏွင့္ အေလးျပဳအခမ္းအနားျမင္ကြင္းပုံရိပ္မ်ားကို ယေန႔ ဇန္နဝါရီ ၄ ရက္၊ နံနက္ ၄ နာရီ ၂ ၏ မိနစ္တြင္ ရန္ကုန္ၿမိဳ႕ ျပည္သူ႔ရင္ျပင္တြင္ က်င္းပျပဳလုပ္သည္။

လြတ္လပ္ေရးေန႔တြင္ လြတ္ၿငိမ္းခ်မ္းသာခြင့္ရ ျပစ္ဒဏ္က်ခံရေနသူမ်ားအား အင္းစိန္အက်ဥ္းေထာင္ေရွ႕၌ မိသားစုဝင္မ်ား ေစာင့္ႀကိဳေန

သန႔္ဇင္၊ ဝင္းမင္းသန႔္ (NP News)-ဇန္နဝါရီ ၄
( ၇၈ )ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ ယေန႔ (ဇန္နဝါရီ ၄ ရက္) တြင္ လြတ္ၿငိမ္းခြင့္ရ ျပစ္ဒဏ္က်ခံ‌ေနသူမ်ားအား ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္ရွိအက်ဥ္းဦးစီးဌာနေရွ႕တြင္ မိသားစုဝင္မ်ားက လာေရာက္ေစာင့္ႀကိဳေနလ်က္ရွိသည္။

ႏွစ္စဥ္ လြတ္လပ္ေရးေန႔မ်ားတြင္ အထိမ္းအမွတ္အျဖစ္ ျပစ္ဒဏ္က်ခံေနရသူမ်ားအား လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးလ်က္ရွိရာ ယေန႔တြင္ ျပစ္ဒဏ္က်ခံေနရသူ (၆၁၃၄)ဦးကို လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

ထိုျပင္ အက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္အသီးသီးတြင္ ျပစ္ဒဏ္က်ခံေနရေသာ ႏိုင္ငံျခားသား အက်ဥ္းသား၊ အက်ဥ္းသူ (၅၂) ဦးကိုလည္း လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳခဲ့ေၾကာင္း သိရသည္။

"ေတာင္‌ဥကၠလာက လာတာပါ။ ေျမးျဖစ္သူကိုလာေစာင့္ေနတာ။ ေရာက္တာေတာ့မၾကာေသးဘူး။ ကေလးက လြတ္ရက္လည္းျပည့္ၿပီေလ"ဟု မိသားစုဝင္တစ္ဦးက NP News ကိုေျပာသည္။

ၿပီးခဲ့သည့္ (၇၇) ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ကလည္း အထိမ္းအမွတ္အျဖစ္ ႏိုင္ငံတစ္ဝန္းရွိ၊ အက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္၊ စခန္းအသီးသီးမွာ ျပစ္ဒဏ္က်ခံေနရသူ (၅၈၆၄)ဦးကိုလြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.