ရွေးကောက်ပွဲနှင့် နိုင်ငံ့ကံကြမ္မာ

715

အောင်နိုင်သူ (ဇွဲကပင်) (NP News) - ဇန်နဝါရီ ၁
အနာဂတ် နိုင်ငံ့ကံကြမ္မာကို အဆုံးဖြတ်ပေးမည့် ရွေးကောက်ပွဲကြီးပထမပိုင်းကတော့ ယခုရက်သတ္တပတ်ထဲမှာ ကျင်းပခဲ့ပြီးဖြစ်ပါသည်။ အခက်အခဲများ၊ အတားအဆီးများ၊ အနှောင့်အယှက်များကြားမှ မဖြစ် ဖြစ်အောင်လုပ် မည်ဆိုသည့် နိုင်ငံရေးအန္တိမရည်မှန်း ချက်ကြောင့် မကြာမီ ရွေးကောက်ပွဲကြီး အပိုင်း(၃)ခုလုံးကို အောင်မြင်စွာ ကျင်းပ ပြီးစီးသွားမှာကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ကြရတော့မည်လည်းဖြစ်သည်။ ရွေးကောက်ပွဲဟူသည် နိုင်ငံသား တို့၏ဆန္ဒကို ဖော်ထုတ်ခွင့်ပေးရုံသာမကဘဲ နိုင်ငံ၏ အနာဂတ်ခရီး လမ်းကိုလည်း အလှည့်အပြောင်းဖြစ်စေမည့် နိုင်ငံ ရေးလုပ်ငန်းစဉ်လည်းဖြစ်သည်။ ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲသည် နိုင်ငံသားများအတွက် မိမိတို့ ၏ကံကြမ္မာကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရသည့် တစ်ခုတည်းသော တရားဝင်နည်းလမ်းဖြစ်သဖြင့် ရွေးကောက်ပွဲတွင်ပါဝင်မဲပေးနိုင်ရေး ပြင်ဆင်ထားကြရ မည်ဖြစ်သည်။
အမေရိကန်သမ္မတ အေဗရာဟန်လင်ကွန်းက ‘မဲပြားသည် သေနတ်ကျည်ဆန်ထက် ပို၍စွမ်းအား ကြီးသည်’ ဟု ပြောခဲ့ဖူးပါသည်။ ရွေးကောက်ပွဲသည် အစိုးရတစ်ရပ်ကိုရွေးချယ်ခြင်းထက် ပိုမိုနက်ရှိုင်းသဖြင့် အချို့ပညာရှင်များက ရွေးကောက်ပွဲကို ‘ပြည်သူ့အချုပ်အခြာအာဏာ’ (Popular Sovereignty) ကို လက်တွေ့ကျင့်သုံးနိုင်ရေး ဆောင်ရွက်ရ သည့် အဆင့်မြင့်နိုင်ငံရေးဟုလည်းဆိုကြပါသည်။ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲများသည် နိုင်ငံ့ကံ ကြမ္မာအတွက် အခြေခံအကျဆုံးဖြစ်သည့် နိုင်ငံတည် ငြိမ်အေးချမ်းရေးကိုဆောင်ကြဉ်းပေးမည် ဖြစ်သည်။ထို့ကြောင့် အဆင့်မြင့်နိုင်ငံရေးအရ ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံသားတိုင်း၏ အဓိကတာဝန်မှာ ရွေးကောက် ပွဲတွင် လာရောက်မဲပေးခြင်းပင် ဖြစ်သည်။
ဒီမိုကရေစီကျင့်စဉ်များတွင် ရွေးကောက်ပွဲစနစ်ရွေးချယ်မှုသည် ဥပဒေရေးရာမူဘောင်များအနက် အရေးကြီး သောကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ ရွေးချယ်လိုက်သည့် ရွေးကောက်ပွဲစနစ်တစ်ခုသည် နိုင်ငံတစ်နိုင်ငံ၏အနာဂတ်နှင့် နိုင်ငံရေးပုံရိပ်တို့အပေါ်တွင် နက်နဲစွာ အကျိုးသက်ရောက်မှုရှိနေပါသည်။ ထိုသို့ ရွေးချယ်မှုသည် ကြိုတင်မျှော် မှန်းထားသည့်အကျိုး သက်ရောက်မှုများရရှိနိုင်သကဲ့သို့ မျှော်မှန်းမထား သည့်အကျိုးဆက်များလည်း ပေါ်ပေါက် စေနိုင်သည်။ သို့သော် ရွေးကောက်ပွဲသည် နိုင်ငံတော်အတွက် ဆိုး ကျိုးထက်ကောင်းကျိုးကိုသာဖြစ်ပေါ်စေမည် ဖြစ်ပါ သည်။
အချို့ရွေးကောက်ပွဲစနစ်များက တစ်ပါတီ တည်းကကြီးစိုးသည့်အခြေအနေကို ဖြစ်ပေါ်စေပြီး အချို့ ရွေးကောက်ပွဲ စနစ်များက ညွန့်ပေါင်းအစိုးရ တစ်ရပ်ရပ်ကို ဖြစ်ပေါ်စေနိုင်ပါသည်။ အချို့ရွေး ကောက်ပွဲစနစ်များက မဲဆန္ဒရှင်များအားလုံး၏ ကိုယ်စားပြုမှုကို အချိုးကျဖော်ဆောင်ပေးနိုင်ပြီး အချို့ရွေး ကောက်ပွဲစနစ်များသည် တစ်မဲ သာသူက အနိုင်ရရှိပြီး ကျန်မဲဆန္ဒရှင်များ၏ကိုယ်စားပြုမှုကို လျစ်လျူရှု ရာရောက်ခြင်းများလည်းရှိနိုင်ပါသည်။ မည်သည့်ရွေး ကောက်ပွဲစနစ်ပင်ဖြစ်စေ လွှတ်တော်များတွင်အား ကောင်းမောင်းသန်ဆောင်ရွက်နိုင်သည့် လွှတ်တော် ကိုယ်စားလှယ် လူတော်လူကောင်းများကို ရွေးချယ် ပေးနိုင်ရန်အရေးကြီးပါသည်။ ထို့ကြောင့် မိမိနိုင်ငံ၊ မိမိပြည်သူနှင့် သင့်လျော်သော ရွေးကောက်ပွဲစနစ် များကိုရွေးချယ်၍လည်းကောင်း၊ တီထွင်ဖန်တီး၍ လည်းကောင်း ရွေးကောက်ပွဲ စနစ်တစ်ခုမှတစ်ခုသို့ ပြောင်းလဲ၍လည်းကောင်း ရေးဆွဲကျင့်သုံးကြရာတွင် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဖြစ်နိုင် ခြေများကိုလည်း ကြိုတင်မျှော်တွေး၍ ဆင်ခြင်သုံးသပ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ၌ ရွေးကောက်ပွဲစနစ်များကို ပြည်သူ့လွှတ်တော်အတွက် မဲအများဆုံး ရသူအနိုင် ယူစနစ် (FPTP) ဖြင့် လည်းကောင်း၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် ရော နှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်(MMP) ဖြင့်လည်းကောင်း ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ပြည်သူ့ လွှတ်တော်အတွက် မဲအများဆုံးရသူအနိုင်ယူ စနစ်(FPTP)ဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၃၃၀)၊ အမျိုးသားလွှတ် တော်အတွက် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP)ဖြင့် ဆောင်ရွက်နိုင်ရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)နယ်အပါအဝင် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)ဖြင့် ကျင်းပမည့် မဲဆန္ဒနယ် (၈၄)နယ်၊ အချိုးကျကိုယ်စားပြုစနစ် (MMP)ဖြင့်ကျင်းပမည့် မဲဆန္ဒနယ် (၂၆)နယ်၊ စုစုပေါင်း မဲဆန္ဒနယ် (၁၁၀)၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအတွက် ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ် (MMP)ဖြင့်ဆောင်ရွက်ရာတွင် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)ဖြင့် မဲဆန္ဒနယ် (၃၂၂)နှင့် အချိုးကျကိုယ်စားပြုစနစ် (PR)ဖြင့် ကျင်းပမည့်မဲဆန္ဒနယ် (၄၂)နယ် စုစုပေါင်းမဲဆန္ဒနယ် (၃၆၄)နယ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲသမိုင်းကိုလေ့လာကြည့်လျှင် ဗြိတိသျှကိုလိုနီခေတ် (၁၉၂၂-၁၉၄၇) ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲ လေးကြိမ်ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ဥပဒေပြု လွှတ်တော် နှစ်ရပ်ရှိပြီး အထက်လွှတ်တော် (Senate) နှင့် အောက်လွှတ်တော် (House of Representatives)တို့ပါဝင်ကြသည်။ အထက်လွှတ်တော်အမတ် (၃၆)ဦးပါဝင်၍ တစ်ဝက်ကို အစိုးရကခန့်အပ်ပြီး တစ်ဝက်ကို အောက်လွှတ်တော်က ရွေးချယ် တင် မြှောက်သည်။ အောက်လွှတ်တော်အမတ်များထဲမှ အချိုးကျကိုယ်စားလှယ်(PR)စနစ်ကို ကျင့်သုံးခဲ့ သည်။
လွတ်လပ်ရေးရပြီးခေတ် (၁၉၄၈-၁၉၆၂)တွင် ရွေးကောက်ပွဲ သုံးကြိမ်ပြုလုပ်ခဲ့ပါသည်။ ရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူစနစ် ‘‘ First Past the Post (FPTP) ’’ကိုကျင့်သုံးခဲ့သည်။ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီခေတ်(၁၉၆၂-၁၉၈၈)တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။ ပါတီစုံဒီမိုကရေစီခေတ်(၂၀၁၀) ပြည့် နှစ်မှ (၂၀၂၀)ပြည့်နှစ်အထိ အထွေထွေရွေးကောက် ပွဲ သုံးကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ သုံးကြိမ် ကျင်းပခဲ့ရာ နိုင်သူအကုန်ယူစနစ်ကိုသာကျင့်သုံးခဲ့ကြောင်း တွေ့ရှိရပါသည်။
နိုင်သူအကုန်ယူစနစ်သည် နိုင်ငံရေးပါတီများအတွက် နစ်နာမှုများဖြစ်စေပါသည်။ အထူးသဖြင့် တိုင်း ရင်းသား ပါတီများ အများအပြားရှိနေသော မြန်မာနိုင် ငံအတွက် ပါတီငယ်များ၏အခွင့်အလမ်းကို ပိတ်ပင် ထားသလိုဖြစ်သဖြင့် ပိုမိုကောင်းမွန်သောရွေးကောက် ပွဲစနစ်ဆီသို့ကူးပြောင်းနိုင်ရေး စဉ်းစားလာကြပါသည်။ ထို့ကြောင့် (၂၀ဝ၈)ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများကို အချိုးကျကိုယ် စားပြုစနစ်ကျင့်သုံးရန်နှင့် ဥပဒေပြင်ဆင် ရေးလုပ်ငန်းများကို လိုအပ်သလိုဆောင်ရွက်ပေးရန် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အား တိုက်တွန်းကြောင်းအ ဆိုကို (၃-၆-၂၀၁၄) ရက်တွင်ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေး သတ္တမမြောက်ရက်က တင်သွင်းခဲ့ သည်။ အမျိုးသားလွှတ်တော်က ယင်းအဆိုကိုမဲခွဲဆုံးဖြတ်ရာ အဆိုအောင်မြင်ခဲ့ပြီး အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ များတွင် အချိုးကျကိုယ်စား ပြုစနစ်(ဏျွ)ကျင့်သုံးရေးဆိုင်ရာအဆိုကို အကောင်အထည်ဖော်ရေးကော်မရှင် ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်များလည်းရှိခဲ့ပါသည်။
အကောင်အထည်ဖော်ရေးကော်မရှင်၏ သုံးသပ်အကြံပြုချက်မှာ ကမ္ဘာ့နိုင်ငံအသီးသီးက ကျင့်သုံး လျက်ရှိသော ရွေးကောက်ပွဲစနစ်များကို လေ့လာဖော် ထုတ်ရာတွင် အလွှာစုံ၊ ဒေသစုံ၊ ပါတီစုံ၊ တွေးခေါ် မြော်မြင်မှုသဘော တရားအစုံနှင့် ပြည်သူတို့၏ဆန္ဒ အစုံကို ကိုယ်စားပြုလျက် အဓိပ္ပာယ်ပြည့်ဝပြီး မဲပေးရ လွယ်ကူသော ရွေးကောက်ပွဲ မျိုးဖော်ဆောင်လျက် တည်ငြိမ်ပြီး စွမ်းရည်ရှိသော အစိုးရမျိုးဖွဲ့စည်းနိုင်သည့် ရွေးကောက်ပွဲစနစ်မျိုးဖြစ်ရန် လိုအပ်ကြောင်း အကြံပြုခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်တွင် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ ခြောက် ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ (၁၉၅၆)ခုနှစ် ပါလီမန် အထွေထွေရွေးကောက်ပွဲ၊ (၁၉၆၀)ပြည့်နှစ် ပါလီမန် လွှတ်တော်ရွေး ကောက်ပွဲ၊ (၁၉၉၀)ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲနှင့် (၂၀၁၀) ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတို့ကိုလေ့လာခဲ့ရာ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရသောမဲများ၏ ရာခိုင်နှုန်းနှင့် လွှတ်တော်အမတ် ရရှိမှုရာခိုင်နှုန်း အချိုးအစားမကျမှုများပြားခဲ့ခြင်းအပေါ် ရွေးကောက်ပွဲစနစ်ကြောင့်ဖြစ်သည်ဟု သုံးသပ်ခဲ့ကြပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလ၊ မေလနှင့် အောက်တိုဘာလ တို့တွင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့်သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံး ရေးကိုဆွေးနွေးခဲ့ရာ နိုင်ငံရေး ပါတီ(၅၃)ပါတီမှ ကိုယ်စားလှယ် (၉၃)ဦး၊ စိတ်ပါဝင် စားသူ (၂၀) စုစုပေါင်း (၁၁၃)ဦးတက်ရောက်ခဲ့ပြီး နိုင်ငံရေးပါတီ (၁၆)ပါတီက စာတမ်းများတင်ပြခဲ့ သည်။
ထိုစာတမ်းများတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးကိစ္စသည် တစ် မျိုးသားလုံး၏ အကျိုးစီးပွားနှင့်သက်ဆိုင်သည့်အပြင် နိုင်ငံတော်၏သမိုင်းကြောင်း၊ ဖြစ်ပေါ်တိုးတက်လာ သည့် နိုင်ငံရေးဖြစ်စဉ်များ နှင့်လည်း သက်ဆိုင်နေကြောင်း၊ သမိုင်း၏တောင်းဆိုမှုအရ ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စုသစ်ဆီသို့ အရောက်ချီ တက်မည် ဆိုပါက ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးသည် မရှိမဖြစ်ဖြတ်ကျော်ရမည့် အရေးကြီးသောအခန်း ကဏ္ဍဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးမှသည် တစ်မျိုးသားလုံးသွေးစည်းညီညွတ်ရေးအတွက် လွှတ်တော် အသီးသီးတွင် အားလုံးပါဝင်စေသော ကိုယ်စားပြုမှုကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပါတီ စုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်သည့် ရွေးကောက်ပွဲစနစ်ဖြစ်ပေါ် လာရေးကို ဆောင် ရွက်ရန်လိုအပ်နေပြီဖြစ်ကြောင်း ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးခြင်းဖြင့် ပါတီငယ်လေးများ၊ တိုင်း ရင်းသားမျိုးနွယ်စုငယ်လေးများ လွှတ်တော်အတွင်း ဝင်ရောက်နိုင်မှုအခွင့်အရေး ပိုမိုရရှိလာနိုင်ခြင်း၊ မဲဆန္ဒရှင် တစ်ဦးချင်း၏အခွင့်အရေးကို အာမခံနိုင်ခြင်း၊ မဲအဟောသိကံဖြစ်မှုမရှိနိုင်ခြင်း၊ ရွေးကောက် ပွဲများအပေါ် ပြည်သူစိတ်ဝင် စားမှုရှိလာပြီး မဲလာပေးမှု(Voter Turnout)ကောင်းလာနိုင်ခြင်း၊ အားလုံးပါဝင်ဆောင်ရွက်မှု(All Inclusiveness) ပိုမိုရ ရှိလာနိုင်ခြင်း၊ အမျိုးသမီးကိုယ်စားလှယ် (၃၀) ရာခိုင်နှုန်းပါဝင်နိုင်ရေးကို လက်တွေ့ကျင့်သုံးလာနိုင်ခြင်း၊ ပါတီတစ်ခု တည်း၏ ကြီးစိုးလွှမ်းမိုးမှုကို လျှော့ချနိုင်ခြင်း စသည့် အကျိုးစီးပွားများကိုရရှိလာနိုင်ကြောင်း၊ ရွေးကောက်ပွဲပုံစံသစ်ကို အရေးပေါ်ကာလ လုပ်ငန်းတာဝန်များပြီးဆုံးပြီးနောက်ကျင်းပမည့် ရွေးကောက်ပွဲတွင် စတင်အသုံးပြုနိုင်အောင် ဆောင်ရွက် သင့်ကြောင်းဆွေးနွေးခဲ့ကြပါသည်။ ဤသို့ဖြင့် လာမည့် ဒီဇင်ဘာ(၂၈)ရက်တွင်ပြုလုပ်မည့် ရွေးကောက် ပွဲပုံစံနှင့် ယခင်ကျင်းပနေကျ နိုင်သူအကုန်ယူစနစ် နှင့်အတူ အချိုးကျကိုယ်စားပြုစနစ်ကိုပါ ပူးတွဲကျင့် သုံးရန် ပြင်ဆင် ဆောင်ရွက်ခဲ့ကြပါသည်။
ထို့ကြောင့် ယခုကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော်အတွက် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)ဖြင့် လွှတ်တော်ကိုယ်စားလှယ် (၃၃၀)၊ အမျိုးသားလွှတ်တော်အတွက် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် Mixed Member Proportional (MMP) စနစ်ဖြင့် လွှတ်တော်ကိုယ် စားလှယ်(၁၆၈)ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်အတွက်ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် Mixed Member Proportional(MMP) ဖြင့် မြို့နယ်တစ်မြို့နယ်လျှင် ကိုယ်စားလှယ်နှစ်ဦးကျစီဖြင့် ရွေးချယ်ရမည်ဖြစ် သည်။ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တို့တွင် ဆောင်ရွက်မည့်စနစ်မှာ Mixed Member Proportional (MMP)စနစ်ဖြစ်ပြီး FPTP စနစ်နှင့် PR စနစ်တို့ကိုပေါင်းစပ်၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ သို့သော် အပိုင်း(၃)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ရန်ပြင်ဆင်ထားသော မြန်မာ့ရွေး ကောက်ပွဲသည် မြို့နယ်ပေါင်း (၂၇၄)မြို့နယ် တွင်သာ ကျင်းပနိုင်မည်ဖြစ်သဖြင့် ရာနှုန်းပြည့်လျာထား ချက်အတိုင်းမဆောင်ရွက်နိုင်သော်လည်း အမျိုးအစားစုံလင်စွာ ကျင်းပသည့်ရွေးကောက်ပွဲအဖြစ် မှတ် တမ်းဝင်သွားမည်သာဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ ရွေးကောက်ပွဲသည် အစိုးရရွေးပွဲ၊ နိုင်ငံ့ခေါင်းဆောင်ရွေးပွဲ၊ လွှတ်တော် ကိုယ်စားလှယ် ရွေးပွဲထက်ပိုသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဆိုသည့် မဏ္ဍိုင်ကြီး(၃)ရပ် ကို အသက်သွင်းပေးရ သည့်ပွဲလည်းဖြစ်ပါသည်။ တစ်နည်းဆိုရသော် နိုင်ငံ့အနာဂတ်ကံကြမ္မာကို ပြုပြင်ပြောင်းလဲစေမည့် အဆုံးအဖြတ် ပေးသည့်ပွဲလည်း ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံသားတိုင်းက နိုင်ငံ့ကံ ကြမ္မာကိုပြောင်းလဲပေးနိုင် စွမ်းရှိသောရွေး ကောက်ပွဲဖြစ်၍ အောင်မြင်ပြီးမြောက်အောင် အဘက်ဘက်ကနေ အားထုတ်ကြိုးပမ်းနေရခြင်းဖြစ်ပါသည်။ ရွေး ကောက်ပွဲအောင်မြင်ပြီးမြောက်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်နေရသည်မှာ ပြောင်းလဲလာသော နိုင်ငံရေးအခြေ အနေကြောင့်လည်းပါဝင်ပါသည်။
(၁၉၈၈)ခုနှစ် အထူးသဖြင့် (၁၉၉၀)ပြည့်နှစ် ပတ်ဝန်းကျင်တစ်ဝိုက်က ကမ္ဘာ့အခြေအနေနှင့် လက် ရှိကမ္ဘာ့ အခြေအနေက လုံးဝမတူညီတော့ပေ။ (၁၉၉၀) ပြည့်နှစ်ပတ်ဝန်းကျင်တစ်ဝိုက်က စစ်အေးတိုက်ပွဲ အားပြိုင်မှုနှင့်အတူ ကမ္ဘာကြီးက ကွန်မြူနစ်တစ္ဆေ ခြောက်ခံရနေသည်ဟုယူဆခဲ့ကြသည်။ ကွန်မြူနစ် ဝါဒမပြန့်ပွားရေးအတွက်သာ နည်းမျိုးစုံဖြင့် ရန်ရှာ ဟန့်တားခဲ့ကြသည်။ ကွန်မြူနစ်စနစ်ကိုသာ ရန်သူဟု သတ်မှတ်ခဲ့ကြသဖြင့် အခြား မည်သည့် နိုင်ငံစနစ်ကို ကျင့်သုံးသည်ဖြစ်စေ၊ မည်သူမျှ ရန်မရှာသလို မည်သူ မျှ စိတ်ဝင်စားမှုမပြကြပေ။
ထို့ကြောင့်လည်း ထိုအချိန်က တပ်မတော်အစိုးရ ဖြစ်သည့် နဝတ၊ နယက အစိုးရတို့သည် ယူနီဖောင်း ဝတ်ထားသည့်တိုင် ကုလသမဂ္ဂက UN ထိပ်သီးအစည်းအဝေးများကိုလည်း တက်ရောက်ခွင့်ပြုခဲ့ကြ သည်။ အာဆီယံ ထဲလည်း ဝင်ခွင့်ရခဲ့ကြသည်။ တစ်နည်းဆိုရသော် တပ်မတော်က နိုင်ငံ့တာဝန်ယူထား သည့်တိုင် နိုင်ငံတကာ မျက်နှာစာတွင် အစိုးရ၏ Legitimacy တန်ဖိုးက လျော့မသွား၊ ထိခိုက်မသွားခဲ့ပေ။ ယခုမူ ထိုသို့မဟုတ်တော့ချေ။ ကွန်မြူနစ်ရန်မရှိ တော့သည့်ကမ္ဘာကြီးသည် အရပ်သားစစ်စစ်မဟုတ် သောအစိုးရများအပေါ် ပစ်မှတ်ထားရန်ရှာလာကြ သည်။ ယနေ့တိုင် UN တွင် ထိုင်ခုံပြန်ရရန်ရုန်းကန် နေရခြင်း၊ အာဆီယံနှင့် ဆက်ဆံရေးအဆင်မပြေဖြစ် ရခြင်းတို့သည် Legitimacy ပြဿနာဖြစ်ပါသည်။ ပြောင်းလဲလာသော နိုင်ငံတကာယဉ်ကျေးမှုအရ Legitimacy၊ တရားဝင်မှုကို သတ်မှတ်လက်ခံသည့် ပုံစံပါ ပြောင်းလဲလာသည့်သဘောဖြစ်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲ မိမိတို့နိုင်ငံ၊ မိမိတို့ လူမျိုး၊ မိမိတို့အစိုးရကို နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးက လက်ခံအသိအမှတ်ပြုရေး Legitimacy အား ကောင်းရေး အတွက် ပြုလုပ်ရခြင်းဖြစ်သည်ကိုလည်း နားလည်သဘောပေါက်ရမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံအနေဖြင့် Legitimacy အားကောင်းလာသည်နှင့်အမျှ နိုင်ငံတကာက ပိတ်ဆို့ထားမှုများကို ဖယ်ရှားရှင်း လင်းနိုင်မည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးကလည်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ထူထောင်လာကြ မည်ဖြစ်ရာ နိုင်ငံရေးမှစ၍ စီးပွားရေး၊ လူမှုရေး၊ ပညာ ရေး စသောကဏ္ဍစုံတွင် အဘက်ဘက် ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲသည် နိုင်ငံ့ကံကြမ္မာ၊ ပြည်သူ့ကံကြမ္မာဟု ဆိုရခြင်းဖြစ်ပါသည်။ ထို့ကြောင့်လည်း ရွေးကောက်ပွဲတွင် မဲထည့် ကြရေး အကြိမ်ကြိမ်တိုက်တွန်းခဲ့ခြင်းဖြစ်သလို သတ်မှတ်ချက်နှင့်ကိုက်ညီသည့်ပြည်သူတိုင်းကလည်း သွားရောက်မဲထည့်ပေး ကြပါဟုလည်း ထပ်မံတိုက် တွန်းလိုက်ပါသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲႏွင့္ ႏိုင္ငံ့ကံၾကမၼာ
ေအာင္ႏိုင္သူ (ဇြဲကပင္) (NP News) - ဇန်နဝါရီ ၁
အနာဂတ္ ႏိုင္ငံ့ကံၾကမၼာကို အဆုံးျဖတ္ေပးမည့္ ေ႐ြးေကာက္ပြဲႀကီးပထမပိုင္းကေတာ့ ယခုရက္သတၱပတ္ထဲမွာ က်င္းပခဲ့ၿပီးျဖစ္ပါသည္။ အခက္အခဲမ်ား၊ အတားအဆီးမ်ား၊ အေႏွာင့္အယွက္မ်ားၾကားမွ မျဖစ္ ျဖစ္ေအာင္လုပ္ မည္ဆိုသည့္ ႏိုင္ငံေရးအႏၲိမရည္မွန္း ခ်က္ေၾကာင့္ မၾကာမီ ေ႐ြးေကာက္ပြဲႀကီး အပိုင္း(၃)ခုလုံးကို ေအာင္ျမင္စြာ က်င္းပ ၿပီးစီးသြားမွာကိုလည္း မ်က္ဝါးထင္ထင္ေတြ႕ျမင္ၾကရေတာ့မည္လည္းျဖစ္သည္။ ေ႐ြးေကာက္ပြဲဟူသည္ ႏိုင္ငံသား တို႔၏ဆႏၵကို ေဖာ္ထုတ္ခြင့္ေပး႐ုံသာမကဘဲ ႏိုင္ငံ၏ အနာဂတ္ခရီး လမ္းကိုလည္း အလွည့္အေျပာင္းျဖစ္ေစမည့္ ႏိုင္ငံ ေရးလုပ္ငန္းစဥ္လည္းျဖစ္သည္။ ဒီမိုကေရစီစနစ္အရ ေ႐ြးေကာက္ပြဲသည္ ႏိုင္ငံသားမ်ားအတြက္ မိမိတို႔ ၏ကံၾကမၼာကို ကိုယ္တိုင္ဆုံးျဖတ္ခြင့္ရသည့္ တစ္ခုတည္းေသာ တရားဝင္နည္းလမ္းျဖစ္သျဖင့္ ေ႐ြးေကာက္ပြဲတြင္ပါဝင္မဲေပးႏိုင္ေရး ျပင္ဆင္ထားၾကရ မည္ျဖစ္သည္။
အေမရိကန္သမၼတ ေအဗရာဟန္လင္ကြန္းက ‘မဲျပားသည္ ေသနတ္က်ည္ဆန္ထက္ ပို၍စြမ္းအား ႀကီးသည္’ ဟု ေျပာခဲ့ဖူးပါသည္။ ေ႐ြးေကာက္ပြဲသည္ အစိုးရတစ္ရပ္ကိုေ႐ြးခ်ယ္ျခင္းထက္ ပိုမိုနက္ရႈိင္းသျဖင့္ အခ်ိဳ႕ပညာရွင္မ်ားက ေ႐ြးေကာက္ပြဲကို ‘ျပည္သူ႔အခ်ဳပ္အျခာအာဏာ’ (Popular Sovereignty) ကို လက္ေတြ႕က်င့္သုံးႏိုင္ေရး ေဆာင္႐ြက္ရ သည့္ အဆင့္ျမင့္ႏိုင္ငံေရးဟုလည္းဆိုၾကပါသည္။ လြတ္လပ္၍ တရားမွ်တေသာေ႐ြးေကာက္ပြဲမ်ားသည္ ႏိုင္ငံ့ကံ ၾကမၼာအတြက္ အေျခခံအက်ဆုံးျဖစ္သည့္ ႏိုင္ငံတည္ ၿငိမ္ေအးခ်မ္းေရးကိုေဆာင္ၾကဥ္းေပးမည္ ျဖစ္သည္။ထို႔ေၾကာင့္ အဆင့္ျမင့္ႏိုင္ငံေရးအရ ဒီမိုကေရစီစနစ္ ေဖာ္ေဆာင္ႏိုင္ေရးအတြက္ ႏိုင္ငံသားတိုင္း၏ အဓိကတာဝန္မွာ ေ႐ြးေကာက္ ပြဲတြင္ လာေရာက္မဲေပးျခင္းပင္ ျဖစ္သည္။
ဒီမိုကေရစီက်င့္စဥ္မ်ားတြင္ ေ႐ြးေကာက္ပြဲစနစ္ေ႐ြးခ်ယ္မႈသည္ ဥပေဒေရးရာမူေဘာင္မ်ားအနက္ အေရးႀကီး ေသာက႑တစ္ရပ္ျဖစ္ပါသည္။ ေ႐ြးခ်ယ္လိုက္သည့္ ေ႐ြးေကာက္ပြဲစနစ္တစ္ခုသည္ ႏိုင္ငံတစ္ႏိုင္ငံ၏အနာဂတ္ႏွင့္ ႏိုင္ငံေရးပုံရိပ္တို႔အေပၚတြင္ နက္နဲစြာ အက်ိဳးသက္ေရာက္မႈရွိေနပါသည္။ ထိုသို႔ ေ႐ြးခ်ယ္မႈသည္ ႀကိဳတင္ေမွ်ာ္ မွန္းထားသည့္အက်ိဳး သက္ေရာက္မႈမ်ားရရွိႏိုင္သကဲ့သို႔ ေမွ်ာ္မွန္းမထား သည့္အက်ိဳးဆက္မ်ားလည္း ေပၚေပါက္ ေစႏိုင္သည္။ သို႔ေသာ္ ေ႐ြးေကာက္ပြဲသည္ ႏိုင္ငံေတာ္အတြက္ ဆိုး က်ိဳးထက္ေကာင္းက်ိဳးကိုသာျဖစ္ေပၚေစမည္ ျဖစ္ပါ သည္။
အခ်ိဳ႕ေ႐ြးေကာက္ပြဲစနစ္မ်ားက တစ္ပါတီ တည္းကႀကီးစိုးသည့္အေျခအေနကို ျဖစ္ေပၚေစၿပီး အခ်ိဳ႕ ေ႐ြးေကာက္ပြဲ စနစ္မ်ားက ၫြန႔္ေပါင္းအစိုးရ တစ္ရပ္ရပ္ကို ျဖစ္ေပၚေစႏိုင္ပါသည္။ အခ်ိဳ႕ေ႐ြး ေကာက္ပြဲစနစ္မ်ားက မဲဆႏၵရွင္မ်ားအားလုံး၏ ကိုယ္စားျပဳမႈကို အခ်ိဳးက်ေဖာ္ေဆာင္ေပးႏိုင္ၿပီး အခ်ိဳ႕ေ႐ြး ေကာက္ပြဲစနစ္မ်ားသည္ တစ္မဲ သာသူက အႏိုင္ရရွိၿပီး က်န္မဲဆႏၵရွင္မ်ား၏ကိုယ္စားျပဳမႈကို လ်စ္လ်ဴရႈ ရာေရာက္ျခင္းမ်ားလည္းရွိႏိုင္ပါသည္။ မည္သည့္ေ႐ြး ေကာက္ပြဲစနစ္ပင္ျဖစ္ေစ လႊတ္ေတာ္မ်ားတြင္အား ေကာင္းေမာင္းသန္ေဆာင္႐ြက္ႏိုင္သည့္ လႊတ္ေတာ္ ကိုယ္စားလွယ္ လူေတာ္လူေကာင္းမ်ားကို ေ႐ြးခ်ယ္ ေပးႏိုင္ရန္အေရးႀကီးပါသည္။ ထို႔ေၾကာင့္ မိမိႏိုင္ငံ၊ မိမိျပည္သူႏွင့္ သင့္ေလ်ာ္ေသာ ေ႐ြးေကာက္ပြဲစနစ္ မ်ားကိုေ႐ြးခ်ယ္၍လည္းေကာင္း၊ တီထြင္ဖန္တီး၍ လည္းေကာင္း ေ႐ြးေကာက္ပြဲ စနစ္တစ္ခုမွတစ္ခုသို႔ ေျပာင္းလဲ၍လည္းေကာင္း ေရးဆြဲက်င့္သုံးၾကရာတြင္ အတိတ္၊ ပစၥဳပၸန္ႏွင့္ အနာဂတ္ျဖစ္ႏိုင္ ေျခမ်ားကိုလည္း ႀကိဳတင္ေမွ်ာ္ေတြး၍ ဆင္ျခင္သုံးသပ္ေဆာင္႐ြက္ရန္ လိုအပ္မည္ျဖစ္ပါသည္။
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္သည္ (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလ (၂၈)ရက္တြင္ က်င္းပျပဳလုပ္မည့္ ပါတီစုံ ဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ား၌ ေ႐ြးေကာက္ပြဲစနစ္မ်ားကို ျပည္သူ႔လႊတ္ေတာ္အတြက္ မဲအမ်ားဆုံး ရသူအႏိုင္ ယူစနစ္ (FPTP) ျဖင့္ လည္းေကာင္း၊ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ တိုင္းေဒသ ႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္အတြက္ ေရာ ေႏွာထားေသာ ကိုယ္စားလွယ္အခ်ိဳးက်စနစ္(MMP) ျဖင့္လည္းေကာင္း က်င္းပေဆာင္႐ြက္မည္ျဖစ္ရာ ျပည္သူ႔ လႊတ္ေတာ္အတြက္ မဲအမ်ားဆုံးရသူအႏိုင္ယူ စနစ္(FPTP)ျဖင့္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ (၃၃၀)၊ အမ်ိဳးသားလႊတ္ ေတာ္အတြက္ ေရာေႏွာထားေသာ ကိုယ္စားလွယ္အခ်ိဳးက်စနစ္ (MMP)ျဖင့္ ေဆာင္႐ြက္ႏိုင္ရန္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တိုင္း သို႔မဟုတ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ (၆)နယ္အပါအဝင္ မဲအမ်ားဆုံးရသူအႏိုင္ယူစနစ္(FPTP)ျဖင့္ က်င္းပမည့္ မဲဆႏၵနယ္ (၈၄)နယ္၊ အခ်ိဳးက်ကိုယ္စားျပဳစနစ္ (MMP)ျဖင့္က်င္းပမည့္ မဲဆႏၵနယ္ (၂၆)နယ္၊ စုစုေပါင္း မဲဆႏၵနယ္ (၁၁၀)၊ တိုင္းေဒသႀကီး၊ ျပည္နယ္လႊတ္ေတာ္မ်ားအတြက္ ေရာေႏွာထားေသာ ကိုယ္စားလွယ္ အခ်ိဳးက်စနစ္ (MMP)ျဖင့္ေဆာင္႐ြက္ရာတြင္ မဲအမ်ားဆုံးရသူအႏိုင္ယူစနစ္(FPTP)ျဖင့္ မဲဆႏၵနယ္ (၃၂၂)ႏွင့္ အခ်ိဳးက်ကိုယ္စားျပဳစနစ္ (PR)ျဖင့္ က်င္းပမည့္မဲဆႏၵနယ္ (၄၂)နယ္ စုစုေပါင္းမဲဆႏၵနယ္ (၃၆၄)နယ္ကို ထုတ္ျပန္ေၾကညာခဲ့ၿပီးျဖစ္ပါသည္။
ျမန္မာႏိုင္ငံတြင္က်င္းပျပဳလုပ္ခဲ့ေသာ ေ႐ြးေကာက္ပြဲသမိုင္းကိုေလ့လာၾကည့္လွ်င္ ၿဗိတိသွ်ကိုလိုနီေခတ္ (၁၉၂၂-၁၉၄၇) ဥပေဒျပဳလႊတ္ေတာ္ေ႐ြးေကာက္ပြဲ ေလးႀကိမ္က်င္းပေဆာင္႐ြက္ခဲ့ပါသည္။ ဥပေဒျပဳ လႊတ္ေတာ္ ႏွစ္ရပ္ရွိၿပီး အထက္လႊတ္ေတာ္ (Senate) ႏွင့္ ေအာက္လႊတ္ေတာ္ (House of Representatives)တို႔ပါဝင္ၾကသည္။ အထက္လႊတ္ေတာ္အမတ္ (၃၆)ဦးပါဝင္၍ တစ္ဝက္ကို အစိုးရကခန႔္အပ္ၿပီး တစ္ဝက္ကို ေအာက္လႊတ္ေတာ္က ေ႐ြးခ်ယ္ တင္ ေျမႇာက္သည္။ ေအာက္လႊတ္ေတာ္အမတ္မ်ားထဲမွ အခ်ိဳးက်ကိုယ္စားလွယ္(PR)စနစ္ကို က်င့္သုံးခဲ့ သည္။
လြတ္လပ္ေရးရၿပီးေခတ္ (၁၉၄၈-၁၉၆၂)တြင္ ေ႐ြးေကာက္ပြဲ သုံးႀကိမ္ျပဳလုပ္ခဲ့ပါသည္။ ေ႐ြးေကာက္ပြဲမ်ားတြင္ ႏိုင္သူအကုန္ယူစနစ္ ‘‘ First Past the Post (FPTP) ’’ကိုက်င့္သုံးခဲ့သည္။ ျမန္မာ့ဆိုရွယ္ လစ္လမ္းစဥ္ပါတီေခတ္(၁၉၆၂-၁၉၈၈)တြင္ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲႏွင့္ ျပည္သူ႔လႊတ္ေတာ္ႏွင့္ ျပည္သူ႔ေကာင္စီ အဆင့္ဆင့္ေ႐ြးေကာက္ပြဲမ်ား က်င္းပျပဳလုပ္ခဲ့သည္။ ပါတီစုံဒီမိုကေရစီေခတ္(၂၀၁၀) ျပည့္ ႏွစ္မွ (၂၀၂၀)ျပည့္ႏွစ္အထိ အေထြေထြေ႐ြးေကာက္ ပြဲ သုံးႀကိမ္၊ ၾကားျဖတ္ေ႐ြးေကာက္ပြဲ သုံးႀကိမ္ က်င္းပခဲ့ရာ ႏိုင္သူအကုန္ယူစနစ္ကိုသာက်င့္သုံးခဲ့ေၾကာင္း ေတြ႕ရွိရပါသည္။
ႏိုင္သူအကုန္ယူစနစ္သည္ ႏိုင္ငံေရးပါတီမ်ားအတြက္ နစ္နာမႈမ်ားျဖစ္ေစပါသည္။ အထူးသျဖင့္ တိုင္း ရင္းသား ပါတီမ်ား အမ်ားအျပားရွိေနေသာ ျမန္မာႏိုင္ ငံအတြက္ ပါတီငယ္မ်ား၏အခြင့္အလမ္းကို ပိတ္ပင္ ထားသလိုျဖစ္သျဖင့္ ပိုမိုေကာင္းမြန္ေသာေ႐ြးေကာက္ ပြဲစနစ္ဆီသို႔ကူးေျပာင္းႏိုင္ေရး စဥ္းစားလာၾကပါသည္။ ထို႔ေၾကာင့္ (၂၀ဝ၈)ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ အမ်ိဳးသားလႊတ္ေတာ္ေ႐ြးေကာက္ပြဲမ်ားကို အခ်ိဳးက်ကိုယ္ စားျပဳစနစ္က်င့္သုံးရန္ႏွင့္ ဥပေဒျပင္ဆင္ ေရးလုပ္ငန္းမ်ားကို လိုအပ္သလိုေဆာင္႐ြက္ေပးရန္ ျပည္ေထာင္ စုေ႐ြးေကာက္ပြဲေကာ္မရွင္အား တိုက္တြန္းေၾကာင္းအ ဆိုကို (၃-၆-၂၀၁၄) ရက္တြင္က်င္းပခဲ့သည့္ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝး သတၱမေျမာက္ရက္က တင္သြင္းခဲ့ သည္။ အမ်ိဳးသားလႊတ္ေတာ္က ယင္းအဆိုကိုမဲခြဲဆုံးျဖတ္ရာ အဆိုေအာင္ျမင္ခဲ့ၿပီး အမ်ိဳးသား လႊတ္ေတာ္ ေ႐ြးေကာက္ပြဲ မ်ားတြင္ အခ်ိဳးက်ကိုယ္စား ျပဳစနစ္(ဏြၽ)က်င့္သုံးေရးဆိုင္ရာအဆိုကို အေကာင္အထည္ေဖာ္ေရးေကာ္မရွင္ ဖြဲ႕စည္း ေဆာင္႐ြက္ခဲ့သည္မ်ားလည္းရွိခဲ့ပါသည္။
အေကာင္အထည္ေဖာ္ေရးေကာ္မရွင္၏ သုံးသပ္အႀကံျပဳခ်က္မွာ ကမာၻ႔ႏိုင္ငံအသီးသီးက က်င့္သုံး လ်က္ရွိေသာ ေ႐ြးေကာက္ပြဲစနစ္မ်ားကို ေလ့လာေဖာ္ ထုတ္ရာတြင္ အလႊာစုံ၊ ေဒသစုံ၊ ပါတီစုံ၊ ေတြးေခၚ ေျမာ္ျမင္မႈသေဘာ တရားအစုံႏွင့္ ျပည္သူတို႔၏ဆႏၵ အစုံကို ကိုယ္စားျပဳလ်က္ အဓိပၸာယ္ျပည့္ဝၿပီး မဲေပးရ လြယ္ကူေသာ ေ႐ြးေကာက္ပြဲ မ်ိဳးေဖာ္ေဆာင္လ်က္ တည္ၿငိမ္ၿပီး စြမ္းရည္ရွိေသာ အစိုးရမ်ိဳးဖြဲ႕စည္းႏိုင္သည့္ ေ႐ြးေကာက္ပြဲစနစ္မ်ိဳးျဖစ္ရန္ လိုအပ္ေၾကာင္း အႀကံျပဳခဲ့သည္။ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ေတာ္တြင္ ပါတီစုံ ဒီမိုကေရစီေ႐ြးေကာက္ပြဲ ေျခာက္ ႀကိမ္ျပဳလုပ္ခဲ့ေၾကာင္း၊ (၁၉၅၆)ခုႏွစ္ ပါလီမန္ အေထြေထြေ႐ြးေကာက္ပြဲ၊ (၁၉၆၀)ျပည့္ႏွစ္ ပါလီမန္ လႊတ္ေတာ္ေ႐ြး ေကာက္ပြဲ၊ (၁၉၉၀)ျပည့္ႏွစ္ ပါတီစုံ ဒီမိုကေရစီေ႐ြးေကာက္ပြဲႏွင့္ (၂၀၁၀) ျပည့္ႏွစ္ ပါတီစုံ ဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲတို႔ကိုေလ့လာခဲ့ရာ ေ႐ြးေကာက္ပြဲတြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ အႏိုင္ရေသာမဲမ်ား၏ ရာခိုင္ႏႈန္းႏွင့္ လႊတ္ေတာ္အမတ္ ရရွိမႈရာခိုင္ႏႈန္း အခ်ိဳးအစားမက်မႈမ်ားျပားခဲ့ျခင္းအေပၚ ေ႐ြးေကာက္ပြဲစနစ္ေၾကာင့္ျဖစ္သည္ဟု သုံးသပ္ခဲ့ၾကပါသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ (၂၀၂၁)ခုႏွစ္ ေဖေဖာ္ဝါရီလ၊ ေမလႏွင့္ ေအာက္တိုဘာလ တို႔တြင္ ႏိုင္ငံေရးပါတီမ်ားႏွင့္ေတြ႕ဆုံ၍ ျမန္မာႏိုင္ငံႏွင့္သင့္ေလ်ာ္ကိုက္ညီသည့္ ေ႐ြးေကာက္ပြဲစနစ္ ေျပာင္းလဲက်င့္သုံး ေရးကိုေဆြးေႏြးခဲ့ရာ ႏိုင္ငံေရး ပါတီ(၅၃)ပါတီမွ ကိုယ္စားလွယ္ (၉၃)ဦး၊ စိတ္ပါဝင္ စားသူ (၂၀) စုစုေပါင္း (၁၁၃)ဦးတက္ေရာက္ခဲ့ၿပီး ႏိုင္ငံေရးပါတီ (၁၆)ပါတီက စာတမ္းမ်ားတင္ျပခဲ့ သည္။
ထိုစာတမ္းမ်ားတြင္ ျမန္မာႏိုင္ငံ၏ ေ႐ြးေကာက္ပြဲစနစ္ ျပဳျပင္ေျပာင္းလဲေရးကိစၥသည္ တစ္ မ်ိဳးသားလုံး၏ အက်ိဳးစီးပြားႏွင့္သက္ဆိုင္သည့္အျပင္ ႏိုင္ငံေတာ္၏သမိုင္းေၾကာင္း၊ ျဖစ္ေပၚတိုးတက္လာ သည့္ ႏိုင္ငံေရးျဖစ္စဥ္မ်ား ႏွင့္လည္း သက္ဆိုင္ေနေၾကာင္း၊ သမိုင္း၏ေတာင္းဆိုမႈအရ ဒီမိုကေရစီဖက္ ဒရယ္ျပည္ေထာင္စုသစ္ဆီသို႔ အေရာက္ခ်ီ တက္မည္ ဆိုပါက ေ႐ြးေကာက္ပြဲစနစ္ ျပဳျပင္ေျပာင္းလဲေရးသည္ မရွိမျဖစ္ျဖတ္ေက်ာ္ရမည့္ အေရးႀကီးေသာအခန္း က႑ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရး၊ ညီၫြတ္ေရးမွသည္ တစ္မ်ိဳးသားလုံးေသြးစည္းညီၫြတ္ေရးအတြက္ လႊတ္ေတာ္ အသီးသီးတြင္ အားလုံးပါဝင္ေစေသာ ကိုယ္စားျပဳမႈကို ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ ပါတီ စုံဒီမိုကေရစီစနစ္ကို ေဖာ္ေဆာင္ႏိုင္ေရးအတြက္ ျပည္ေထာင္စုျမန္မာႏိုင္ငံႏွင့္ လိုက္ေလ်ာညီေထြျဖစ္သည့္ ေ႐ြးေကာက္ပြဲစနစ္ျဖစ္ေပၚ လာေရးကို ေဆာင္ ႐ြက္ရန္လိုအပ္ေနၿပီျဖစ္ေၾကာင္း ေ႐ြးေကာက္ပြဲစနစ္ ေျပာင္းလဲက်င့္သုံးျခင္းျဖင့္ ပါတီငယ္ေလးမ်ား၊ တိုင္း ရင္းသားမ်ိဳးႏြယ္စုငယ္ေလးမ်ား လႊတ္ေတာ္အတြင္း ဝင္ေရာက္ႏိုင္မႈအခြင့္အေရး ပိုမိုရရွိလာႏိုင္ျခင္း၊ မဲဆႏၵရွင္ တစ္ဦးခ်င္း၏အခြင့္အေရးကို အာမခံႏိုင္ျခင္း၊ မဲအေဟာသိကံျဖစ္မႈမရွိႏိုင္ျခင္း၊ ေ႐ြးေကာက္ ပြဲမ်ားအေပၚ ျပည္သူစိတ္ဝင္ စားမႈရွိလာၿပီး မဲလာေပးမႈ(Voter Turnout)ေကာင္းလာႏိုင္ျခင္း၊ အားလုံးပါဝင္ေဆာင္႐ြက္မႈ(All Inclusiveness) ပိုမိုရ ရွိလာႏိုင္ျခင္း၊ အမ်ိဳးသမီးကိုယ္စားလွယ္ (၃၀) ရာခိုင္ႏႈန္းပါဝင္ႏိုင္ေရးကို လက္ေတြ႕က်င့္သုံးလာႏိုင္ျခင္း၊ ပါတီတစ္ခု တည္း၏ ႀကီးစိုးလႊမ္းမိုးမႈကို ေလွ်ာ့ခ်ႏိုင္ျခင္း စသည့္ အက်ိဳးစီးပြားမ်ားကိုရရွိလာႏိုင္ေၾကာင္း၊ ေ႐ြးေကာက္ပြဲပုံစံသစ္ကို အေရးေပၚကာလ လုပ္ငန္းတာဝန္မ်ားၿပီးဆုံးၿပီးေနာက္က်င္းပမည့္ ေ႐ြးေကာက္ပြဲတြင္ စတင္အသုံးျပဳႏိုင္ေအာင္ ေဆာင္႐ြက္ သင့္ေၾကာင္းေဆြးေႏြးခဲ့ၾကပါသည္။ ဤသို႔ျဖင့္ လာမည့္ ဒီဇင္ဘာ(၂၈)ရက္တြင္ျပဳလုပ္မည့္ ေ႐ြးေကာက္ ပြဲပုံစံႏွင့္ ယခင္က်င္းပေနက် ႏိုင္သူအကုန္ယူစနစ္ ႏွင့္အတူ အခ်ိဳးက်ကိုယ္စားျပဳစနစ္ကိုပါ ပူးတြဲက်င့္ သုံးရန္ ျပင္ဆင္ ေဆာင္႐ြက္ခဲ့ၾကပါသည္။
ထို႔ေၾကာင့္ ယခုက်င္းပျပဳလုပ္မည့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ ျပည္သူ႔ လႊတ္ေတာ္အတြက္ မဲအမ်ားဆုံးရသူ အႏိုင္ယူစနစ္ (FPTP)ျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္ (၃၃၀)၊ အမ်ိဳးသားလႊတ္ေတာ္အတြက္ ေရာေႏွာထားေသာ ကိုယ္စားလွယ္အခ်ိဳးက်စနစ္ Mixed Member Proportional (MMP) စနစ္ျဖင့္ လႊတ္ေတာ္ကိုယ္ စားလွယ္(၁၆၈)ဦးႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္ လႊတ္ေတာ္အတြက္ေရာေႏွာထားေသာ ကိုယ္စားလွယ္အခ်ိဳးက်စနစ္ Mixed Member Proportional(MMP) ျဖင့္ ၿမိဳ႕နယ္တစ္ၿမိဳ႕နယ္လွ်င္ ကိုယ္စားလွယ္ႏွစ္ဦးက်စီျဖင့္ ေ႐ြးခ်ယ္ရမည္ျဖစ္ သည္။ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္တို႔တြင္ ေဆာင္႐ြက္မည့္စနစ္မွာ Mixed Member Proportional (MMP)စနစ္ျဖစ္ၿပီး FPTP စနစ္ႏွင့္ PR စနစ္တို႔ကိုေပါင္းစပ္၍ ေဆာင္႐ြက္ျခင္းျဖစ္ပါသည္။ သို႔ေသာ္ အပိုင္း(၃)ပိုင္းခြဲ၍ က်င္းပျပဳလုပ္ရန္ျပင္ဆင္ထားေသာ ျမန္မာ့ေ႐ြး ေကာက္ပြဲသည္ ၿမိဳ႕နယ္ေပါင္း (၂၇၄)ၿမိဳ႕နယ္ တြင္သာ က်င္းပႏိုင္မည္ျဖစ္သျဖင့္ ရာႏႈန္းျပည့္လ်ာထား ခ်က္အတိုင္းမေဆာင္႐ြက္ႏိုင္ေသာ္လည္း အမ်ိဳးအစားစုံလင္စြာ က်င္းပသည့္ေ႐ြးေကာက္ပြဲအျဖစ္ မွတ္ တမ္းဝင္သြားမည္သာျဖစ္ပါသည္။
မည္သို႔ပင္ဆိုေစကာမူ ေ႐ြးေကာက္ပြဲသည္ အစိုးရေ႐ြးပြဲ၊ ႏိုင္ငံ့ေခါင္းေဆာင္ေ႐ြးပြဲ၊ လႊတ္ေတာ္ ကိုယ္စားလွယ္ ေ႐ြးပြဲထက္ပိုေသာ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး ဆိုသည့္ မ႑ိဳင္ႀကီး(၃)ရပ္ ကို အသက္သြင္းေပးရ သည့္ပြဲလည္းျဖစ္ပါသည္။ တစ္နည္းဆိုရေသာ္ ႏိုင္ငံ့အနာဂတ္ကံၾကမၼာကို ျပဳျပင္ေျပာင္းလဲေစမည့္ အဆုံးအျဖတ္ ေပးသည့္ပြဲလည္း ျဖစ္ပါသည္။ ထို႔ေၾကာင့္ ႏိုင္ငံသားတိုင္းက ႏိုင္ငံ့ကံ ၾကမၼာကိုေျပာင္းလဲေပးႏိုင္ စြမ္းရွိေသာေ႐ြး ေကာက္ပြဲျဖစ္၍ ေအာင္ျမင္ၿပီးေျမာက္ေအာင္ အဘက္ဘက္ကေန အားထုတ္ႀကိဳးပမ္းေနရျခင္းျဖစ္ပါသည္။ ေ႐ြး ေကာက္ပြဲေအာင္ျမင္ၿပီးေျမာက္ဖို႔ အားသြန္ခြန္စိုက္ ႀကိဳးပမ္းအားထုတ္ေနရသည္မွာ ေျပာင္းလဲလာေသာ ႏိုင္ငံေရးအေျခ အေနေၾကာင့္လည္းပါဝင္ပါသည္။
(၁၉၈၈)ခုႏွစ္ အထူးသျဖင့္ (၁၉၉၀)ျပည့္ႏွစ္ ပတ္ဝန္းက်င္တစ္ဝိုက္က ကမာၻ႔အေျခအေနႏွင့္ လက္ ရွိကမာၻ႔ အေျခအေနက လုံးဝမတူညီေတာ့ေပ။ (၁၉၉၀) ျပည့္ႏွစ္ပတ္ဝန္းက်င္တစ္ဝိုက္က စစ္ေအးတိုက္ပြဲ အားၿပိဳင္မႈႏွင့္အတူ ကမာၻႀကီးက ကြန္ျမဴနစ္တေစၦ ေျခာက္ခံရေနသည္ဟုယူဆခဲ့ၾကသည္။ ကြန္ျမဴနစ္ ဝါဒမျပန႔္ပြားေရးအတြက္သာ နည္းမ်ိဳးစုံျဖင့္ ရန္ရွာ ဟန႔္တားခဲ့ၾကသည္။ ကြန္ျမဴနစ္စနစ္ကိုသာ ရန္သူဟု သတ္မွတ္ခဲ့ၾကသျဖင့္ အျခား မည္သည့္ ႏိုင္ငံစနစ္ကို က်င့္သုံးသည္ျဖစ္ေစ၊ မည္သူမွ် ရန္မရွာသလို မည္သူ မွ် စိတ္ဝင္စားမႈမျပၾကေပ။
ထို႔ေၾကာင့္လည္း ထိုအခ်ိန္က တပ္မေတာ္အစိုးရ ျဖစ္သည့္ နဝတ၊ နယက အစိုးရတို႔သည္ ယူနီေဖာင္း ဝတ္ထားသည့္တိုင္ ကုလသမဂၢက UN ထိပ္သီးအစည္းအေဝးမ်ားကိုလည္း တက္ေရာက္ခြင့္ျပဳခဲ့ၾက သည္။ အာဆီယံ ထဲလည္း ဝင္ခြင့္ရခဲ့ၾကသည္။ တစ္နည္းဆိုရေသာ္ တပ္မေတာ္က ႏိုင္ငံ့တာဝန္ယူထား သည့္တိုင္ ႏိုင္ငံတကာ မ်က္ႏွာစာတြင္ အစိုးရ၏ Legitimacy တန္ဖိုးက ေလ်ာ့မသြား၊ ထိခိုက္မသြားခဲ့ေပ။ ယခုမူ ထိုသို႔မဟုတ္ေတာ့ေခ်။ ကြန္ျမဴနစ္ရန္မရွိ ေတာ့သည့္ကမာၻႀကီးသည္ အရပ္သားစစ္စစ္မဟုတ္ ေသာအစိုးရမ်ားအေပၚ ပစ္မွတ္ထားရန္ရွာလာၾက သည္။ ယေန႔တိုင္ UN တြင္ ထိုင္ခုံျပန္ရရန္႐ုန္းကန္ ေနရျခင္း၊ အာဆီယံႏွင့္ ဆက္ဆံေရးအဆင္မေျပျဖစ္ ရျခင္းတို႔သည္ Legitimacy ျပႆနာျဖစ္ပါသည္။ ေျပာင္းလဲလာေသာ ႏိုင္ငံတကာယဥ္ေက်းမႈအရ Legitimacy၊ တရားဝင္မႈကို သတ္မွတ္လက္ခံသည့္ ပုံစံပါ ေျပာင္းလဲလာသည့္သေဘာျဖစ္ပါသည္။ ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲ မိမိတို႔ႏိုင္ငံ၊ မိမိတို႔ လူမ်ိဳး၊ မိမိတို႔အစိုးရကို ႏိုင္ငံတကာႏွင့္ တစ္ကမာၻလုံးက လက္ခံအသိအမွတ္ျပဳေရး Legitimacy အား ေကာင္းေရး အတြက္ ျပဳလုပ္ရျခင္းျဖစ္သည္ကိုလည္း နားလည္သေဘာေပါက္ရမည္ျဖစ္ပါသည္။ မိမိတို႔ႏိုင္ငံအေနျဖင့္ Legitimacy အားေကာင္းလာသည္ႏွင့္အမွ် ႏိုင္ငံတကာက ပိတ္ဆို႔ထားမႈမ်ားကို ဖယ္ရွားရွင္း လင္းႏိုင္မည္ျဖစ္သည္။ ကမာၻ႔ႏိုင္ငံ အသီးသီးကလည္း ျမန္မာႏိုင္ငံႏွင့္ ဆက္ဆံေရးတိုးျမႇင့္ထူေထာင္လာၾက မည္ျဖစ္ရာ ႏိုင္ငံေရးမွစ၍ စီးပြားေရး၊ လူမႈေရး၊ ပညာ ေရး စေသာက႑စုံတြင္ အဘက္ဘက္ ဖြံ႕ၿဖိဳးတိုးတက္ လာမည္ျဖစ္ပါသည္။ ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲသည္ ႏိုင္ငံ့ကံၾကမၼာ၊ ျပည္သူ႔ကံၾကမၼာဟု ဆိုရျခင္းျဖစ္ပါသည္။ ထို႔ေၾကာင့္လည္း ေ႐ြးေကာက္ပြဲတြင္ မဲထည့္ ၾကေရး အႀကိမ္ႀကိမ္တိုက္တြန္းခဲ့ျခင္းျဖစ္သလို သတ္မွတ္ခ်က္ႏွင့္ကိုက္ညီသည့္ျပည္သူတိုင္းကလည္း သြားေရာက္မဲထည့္ေပး ၾကပါဟုလည္း ထပ္မံတိုက္ တြန္းလိုက္ပါသည္။