ဘက်စုံအလုံးအရင်း တိုက်ခိုက်ခံရလျှင် ခုခံကာကွယ်နိုင်မည်မဟုတ်ဟု ဆွစ်ဇာလန်စစ်တပ်အကြီးအကဲ သတိပေး

7299

HtayOung (NP News) - ဒီဇင်ဘာ ၂၉
ဘက်စုံအလုံးအရင်း တိုက်ခိုက်ခံရလျင် တိုင်းပြည်အနေနဲ့ ခုခံကာကွယ်နိုင်မည် မဟုတ်ကြောင်း၊ ရုရှားရဲ့ စစ် ရေးခြိမ်းခြောက်မှုတိုးမြင့်လာတဲ့ အန္တရာယ်များအတွက် ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ရမှာဖြစ်ကြောင်း ဆွစ်ဇာလန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောတယ်လို့ ရိုက်တာသတင်းအေဂျင်စီ က ဒီဇင်ဘာလ ၂၇ ရက်မှာ ရေးသားခဲ့ပါတယ်။
ဆွစ်ဇာလန်ဟာ ကုန်းတွင်းပိတ်ဥရောပနိုင်ငံငယ်လေးဖြစ်ပြီး ဂျာမနီ-ပြင်သစ်-အီတလီစစ်လက်နက်နိုင်ငံကြီးများနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့အတွက် ၁၉၁၄-၁၉၁၈ ခုနှစ် ပထမကမ္ဘာစစ်ကာလ တိုင်းပြည်ကာကွယ်ရေးမှာ အလွန် စိုးရိမ်ခဲ့ရတယ်။ နိုင်ငံသားအများစုကို စစ်မှုထမ်းရန် စည်းရုံးပြီး အင်အားများပြားတဲ့ ပြည်သူ့စစ်အခြေ ပြု စစ်တပ်ဖွဲ့စည်းနိုင်ခြင်း၊ မြင့်မားတဲ့ တောင်တန်းများတည်ရှိရာ နယ်စပ်ကာကွယ်ရေးနဲ့ အဓိကလမ်းကြောင်း များကို အသင့်ပြင်ခြင်း၊ အမြဲတန်း ကြားနေရေး မူဝါဒကို ကျင့်သုံးခြင်းဖြင့် စစ်ပွဲအတွင်း မပါဝင်ပဲ လွတ်မြောက်ခဲ့ တယ်။
၁၉၃၈-၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလမှာလည်း ဥရောပတစ်ခွင်လုံးကို ဂျာမနီက ကျူးကျော်နေတဲ့အတွက် အိမ်နီးချင်း ဆွစ်ဇာလန်နိုင်ငံငယ်လေးဟာ နာဇီသိမ်းပိုက်ခံရဖို့ သေချာနေခဲ့တယ်။ အဲဒီတုန်းက ဆွစ်ဇာလန်စစ် တပ်ဦးစီးချုပ်ဟာ စစ်သားအင်အား ၈ သိန်းအထိ စုဆောင်းခြင်း၊ အရေးကြီးမြိုများကိုပင် ကာကွယ်မနေတော့ပဲ အဲ့လ်ပ်တောင်တန်းပေါ်ကို ဆုတ်ခွာပြီး တောတွင်း ဘုံကာကွယ်ရေးခံတပ်များ၊ လျှို့ဝှက်လက်နက်ရုံများတည် ဆောက်ခြင်း၊ လမ်း-တံတားတို့ကို ဖောက်ခွဲဖျက်ဆီးရန် အသင့်ပြင်ခြင်း၊ ကြားနေရေးမူဝါဒ အကာအကွယ် အောက်မှာ နာဇီတို့နဲ့ ပြေလည်အောင် ဆက်ဆံခြင်းဖြင့် ကျူးကျော်မခံရပဲ ဥရောပတစ်တိုက်လုံး ပြာပုံဖြစ်ရတဲ့ စစ်ဘေးဆိုးမှ တိမ်းရှောင်နိုင်ခဲ့တယ်။
စစ်အေးကာလ နေတိုးစစ်စာချုပ်အဖွဲ့မှာရော ဆိုဗီယက် ဝါဆော စစ်အုပ်စုမှာပါ မပါဝင်ခဲ့ပါ။ ဆွစ်ဇာလန်ဟာ မြန်မာနိုင်ငံထက် ဧရိယာ ၁၆ ဆ ပိုမိုငယ်ရွယ်ပြီး ပဲခူးတိုင်းမျှသာ ကျယ်ဝန်းပါတယ်။ ၂ဝ၂၄ ခုနှစ် လူဦးရေ ၉ သန်း ကျော်သာရှိပေမယ့် လက်ရှိ အမြဲတန်း+အရံ စစ်သည်အင်အား ၁၄၀,၀၀၀ ကျော်စုစည်းနိုင်တဲ့အတွက် စစ်အင်အား တောင့်တင်းတယ်လို့ ဆိုနိုင်ပါတယ်။ လူဦးရေ နည်းပေမယ့် ကမ္ဘာ့အကြီးဆုံး ပြည်သူ့စစ်တပ်မတော်ကို ထူထောင်ထားပြီး အရွယ်ရောက် ယောကျာ်းအများစုဟာ စစ်သင်တန်း မဖြစ်မနေ တက်ထားကြရတယ်။ ပြည်တွင်း သူပုန် လုံးဝမရှိတဲ့တိုင်းပြည်ဖြစ်ပြီး ဆွစ်ဇာလန်စစ်သားအများစုမှာ ကျောင်းဆရာ-အင်ဂျင်နီယာနဲ့ အလုပ်သမား များဖြစ်နေကြတယ်။
အရေးကြီး အခြေခံအဆောက်အအုံများနဲ့ ဆိုက်ဘာတိုက်ခိုက်မှုများအတွက် နိုင်ငံမဟုတ်တဲ့ လှုပ်ရှားသူများကို ရည်ရွယ်ပြီး အသင့်ပြင်ဆင်ထားကြောင်း၊ ဒါပေမယ့် ဆွစ်ဇာလန်စစ်တပ်ဟာ အဝေးမှ ခြိမ်းခြောက်မှုများကိုပင် ကာကွယ်နိုင်ခြင်း မရှိပဲ အဓိကပစ္စည်းကိရိယာ လိုအပ်နေဆဲဖြစ်ကြောင်း၊ တကယ့် အရေးပေါ်အခြေအနေမှာ စစ်သားအားလုံးရဲ့ သုံးပုံတစ်ပုံသာ လက်နက်တပ်ဆင်ပေးနိုင်လိမ့်မယ်လို့ မကြာမီ အငြိမ်းစားယူတော့မယ့် တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သောမတ်စ် ဆူဆီလီက စနေနေ့ ရိုက်တာနဲ့တွေ့ဆုံစဉ် ပြောပြတယ်။
ဆွစ်ဇာလန်ဟာ ပဋိပက္ခနဲ့ ဝေးကွာနေပြီး ခုချိန်ထိ စစ်ပွဲနဲ့အတွေ့အကြုံ မရှိကြောင်း #ကြားနေရေးဝါဒက #အကာအကွယ်ပေးလိမ့်မယ်ဆိုတဲ့_အယူအဆဟာ #ကမ္ဘာ့သမိုင်းကြောင်းအရ_မှန်ကန်ခြင်း_မရှိကြောင်း၊ #လက်ချည့်ဗလာသက်သက်နဲ့_စစ်ပွဲအတွင်း_ဆွဲသွင်းခံရတဲ့_ကြားနေနိုင်ငံတွေ_အများကြီးရှိကြောင်း၊ #ကြားနေတယ်ဆိုတာ_ကာကွယ်ဖို့_လက်နက်အင်အားတောင့်တင်းသူတွေအတွက်သာ_အဓိပ္ပါယ်ရှိတယ်လို့ ဗိုလ်ချုပ်ကြီးက ထောက်ပြတယ်။
၂၀၂၅-ခုနှစ် ၁၄၅-နိုင်ငံအနက် Global Fire Power (GFP) အဆင့် ၄၄ ရှိတဲ့ ဆွစ်ဇာလန်ဟာ ယမန်နှစ်အတိုင်း အဆင့်တူ ဆက်လက် ရပ်တည်နေပါတယ်။ ကာကွယ်ရေးအသုံးကို တိုးမြှင့်ထားပြီး အမြောက်ကြီးများနဲ့ မြေ ပြင်စနစ်များကို ခေတ်မီအောင် ပြုလုပ်နေတယ်။ သက်တမ်းအိုမင်းနေတဲ့ တိုက်လေယာဉ်များနေရာမှာ လော့ ဟိဒ်မာတင် F-35 A များနဲ့ အစားထိုးနေတယ်။ ဖက်ဒရယ်နိုင်ငံ့မှာ ဘဏ္ဍာရေး အကျပ်အတည်းဆိုက်နေခိုက် လက်နက်စစ်ယန္တရားများ ဖြည့်တင်းမယ့် စစ်တပ်ရဲ့အစီအစဉ်ဟာ ကုန်ကျစရိတ်များလွန်းတယ်လို့ ဝေဖန်ခံနေရ တယ်။
ဒါပေမယ့် ၂ဝ၃၂ ခုနှစ်အထိ ကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့ ဝ.၇% မှ ၁% အထိ တဖြည်းဖြည်းတိုးမြှင့်မယ့် အစီအစဉ်ဟာ အဖွဲ့ဝင် မဟုတ်သည့်တိုင် နေတိုးနိုင်ငံတွေသဘောတူညီထားတဲ့ ၅% ထက် အများကြီး လျော့ နည်းနေကြောင်း၊ အဲ့ဒီနှုန်းအတိုင်းဆို လျင် ၂၀၅၀ ခုနှစ်ရောက်မှ ပြည့်မီမှာဖြစ်ပြီး လက်ရှိ ခြိမ်းခြောက်မှုများ ကို ထည့်တွက်လျှင် ကြာမြင့်လွန်းတယ် လို့ ဗိုလ်ချုပ်ကြီး သောမတ်စ် ဆူဆီလီက သတိပေးတယ်။

Zawgyi Version:
ဘက္စုံအလုံးအရင္း တိုက္ခိုက္ခံရလ်င္ ခုခံကာကြယ္ႏိုင္မည္မဟုတ္ဟု ဆြစ္ဇာလန္စစ္တပ္အႀကီးအကဲ သတိေပး
HtayOung (NP News) - ဒီဇင္ဘာ ၂၉
ဘက္စုံအလုံးအရင္း တိုက္ခိုက္ခံရလ်င္ တိုင္းျပည္အေနနဲ႔ ခုခံကာကြယ္ႏိုင္မည္ မဟုတ္ေၾကာင္း၊ ႐ုရွားရဲ႕ စစ္ ေရးၿခိမ္းေျခာက္မႈတိုးျမင့္လာတဲ့ အႏၲရာယ္မ်ားအတြက္ ကာကြယ္ေရးအသုံးစရိတ္ကို ျမႇင့္တင္ရမွာျဖစ္ေၾကာင္း ဆြစ္ဇာလန္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာတယ္လို႔ ႐ိုက္တာသတင္းေအဂ်င္စီ က ဒီဇင္ဘာလ ၂၇ ရက္မွာ ေရးသားခဲ့ပါတယ္။
ဆြစ္ဇာလန္ဟာ ကုန္းတြင္းပိတ္ဥေရာပႏိုင္ငံငယ္ေလးျဖစ္ၿပီး ဂ်ာမနီ-ျပင္သစ္-အီတလီစစ္လက္နက္ႏိုင္ငံႀကီးမ်ားနဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့အတြက္ ၁၉၁၄-၁၉၁၈ ခုႏွစ္ ပထမကမာၻစစ္ကာလ တိုင္းျပည္ကာကြယ္ေရးမွာ အလြန္ စိုးရိမ္ခဲ့ရတယ္။ ႏိုင္ငံသားအမ်ားစုကို စစ္မႈထမ္းရန္ စည္း႐ုံးၿပီး အင္အားမ်ားျပားတဲ့ ျပည္သူ႔စစ္အေျခ ျပဳ စစ္တပ္ဖြဲ႕စည္းႏိုင္ျခင္း၊ ျမင့္မားတဲ့ ေတာင္တန္းမ်ားတည္ရွိရာ နယ္စပ္ကာကြယ္ေရးနဲ႔ အဓိကလမ္းေၾကာင္း မ်ားကို အသင့္ျပင္ျခင္း၊ အၿမဲတန္း ၾကားေနေရး မူဝါဒကို က်င့္သုံးျခင္းျဖင့္ စစ္ပြဲအတြင္း မပါဝင္ပဲ လြတ္ေျမာက္ခဲ့ တယ္။
၁၉၃၈-၁၉၄၅ ခုႏွစ္ ဒုတိယကမာၻစစ္ကာလမွာလည္း ဥေရာပတစ္ခြင္လုံးကို ဂ်ာမနီက က်ဴးေက်ာ္ေနတဲ့အတြက္ အိမ္နီးခ်င္း ဆြစ္ဇာလန္ႏိုင္ငံငယ္ေလးဟာ နာဇီသိမ္းပိုက္ခံရဖို႔ ေသခ်ာေနခဲ့တယ္။ အဲဒီတုန္းက ဆြစ္ဇာလန္စစ္ တပ္ဦးစီးခ်ဳပ္ဟာ စစ္သားအင္အား ၈ သိန္းအထိ စုေဆာင္းျခင္း၊ အေရးႀကီးၿမိဳမ်ားကိုပင္ ကာကြယ္မေနေတာ့ပဲ အဲ့လ္ပ္ေတာင္တန္းေပၚကို ဆုတ္ခြာၿပီး ေတာတြင္း ဘုံကာကြယ္ေရးခံတပ္မ်ား၊ လွ်ိဳ႕ဝွက္လက္နက္႐ုံမ်ားတည္ ေဆာက္ျခင္း၊ လမ္း-တံတားတို႔ကို ေဖာက္ခြဲဖ်က္ဆီးရန္ အသင့္ျပင္ျခင္း၊ ၾကားေနေရးမူဝါဒ အကာအကြယ္ ေအာက္မွာ နာဇီတို႔နဲ႔ ေျပလည္ေအာင္ ဆက္ဆံျခင္းျဖင့္ က်ဴးေက်ာ္မခံရပဲ ဥေရာပတစ္တိုက္လုံး ျပာပုံျဖစ္ရတဲ့ စစ္ေဘးဆိုးမွ တိမ္းေရွာင္ႏိုင္ခဲ့တယ္။
စစ္ေအးကာလ ေနတိုးစစ္စာခ်ဳပ္အဖြဲ႕မွာေရာ ဆိုဗီယက္ ဝါေဆာ စစ္အုပ္စုမွာပါ မပါဝင္ခဲ့ပါ။ ဆြစ္ဇာလန္ဟာ ျမန္မာႏိုင္ငံထက္ ဧရိယာ ၁၆ ဆ ပိုမိုငယ္႐ြယ္ၿပီး ပဲခူးတိုင္းမွ်သာ က်ယ္ဝန္းပါတယ္။ ၂ဝ၂၄ ခုႏွစ္ လူဦးေရ ၉ သန္း ေက်ာ္သာရွိေပမယ့္ လက္ရွိ အၿမဲတန္း+အရံ စစ္သည္အင္အား ၁၄၀,၀၀၀ ေက်ာ္စုစည္းႏိုင္တဲ့အတြက္ စစ္အင္အား ေတာင့္တင္းတယ္လို႔ ဆိုႏိုင္ပါတယ္။ လူဦးေရ နည္းေပမယ့္ ကမာၻ႔အႀကီးဆုံး ျပည္သူ႔စစ္တပ္မေတာ္ကို ထူေထာင္ထားၿပီး အ႐ြယ္ေရာက္ ေယာက်ာ္းအမ်ားစုဟာ စစ္သင္တန္း မျဖစ္မေန တက္ထားၾကရတယ္။ ျပည္တြင္း သူပုန္ လုံးဝမရွိတဲ့တိုင္းျပည္ျဖစ္ၿပီး ဆြစ္ဇာလန္စစ္သားအမ်ားစုမွာ ေက်ာင္းဆရာ-အင္ဂ်င္နီယာနဲ႔ အလုပ္သမား မ်ားျဖစ္ေနၾကတယ္။
အေရးႀကီး အေျခခံအေဆာက္အအုံမ်ားနဲ႔ ဆိုက္ဘာတိုက္ခိုက္မႈမ်ားအတြက္ ႏိုင္ငံမဟုတ္တဲ့ လႈပ္ရွားသူမ်ားကို ရည္႐ြယ္ၿပီး အသင့္ျပင္ဆင္ထားေၾကာင္း၊ ဒါေပမယ့္ ဆြစ္ဇာလန္စစ္တပ္ဟာ အေဝးမွ ၿခိမ္းေျခာက္မႈမ်ားကိုပင္ ကာကြယ္ႏိုင္ျခင္း မရွိပဲ အဓိကပစၥည္းကိရိယာ လိုအပ္ေနဆဲျဖစ္ေၾကာင္း၊ တကယ့္ အေရးေပၚအေျခအေနမွာ စစ္သားအားလုံးရဲ႕ သုံးပုံတစ္ပုံသာ လက္နက္တပ္ဆင္ေပးႏိုင္လိမ့္မယ္လို႔ မၾကာမီ အၿငိမ္းစားယူေတာ့မယ့္ တပ္မေတာ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ေသာမတ္စ္ ဆူဆီလီက စေနေန႔ ႐ိုက္တာနဲ႔ေတြ႕ဆုံစဥ္ ေျပာျပတယ္။
ဆြစ္ဇာလန္ဟာ ပဋိပကၡနဲ႔ ေဝးကြာေနၿပီး ခုခ်ိန္ထိ စစ္ပြဲနဲ႔အေတြ႕အႀကဳံ မရွိေၾကာင္း #ၾကားေနေရးဝါဒက #အကာအကြယ္ေပးလိမ့္မယ္ဆိုတဲ့_အယူအဆဟာ #ကမာၻ႔သမိုင္းေၾကာင္းအရ_မွန္ကန္ျခင္း_မရွိေၾကာင္း၊ #လက္ခ်ည့္ဗလာသက္သက္နဲ႔_စစ္ပြဲအတြင္း_ဆြဲသြင္းခံရတဲ့_ၾကားေနႏိုင္ငံေတြ_အမ်ားႀကီးရွိေၾကာင္း၊ #ၾကားေနတယ္ဆိုတာ_ကာကြယ္ဖို႔_လက္နက္အင္အားေတာင့္တင္းသူေတြအတြက္သာ_အဓိပၸါယ္ရွိတယ္လို႔ ဗိုလ္ခ်ဳပ္ႀကီးက ေထာက္ျပတယ္။
၂၀၂၅-ခုႏွစ္ ၁၄၅-ႏိုင္ငံအနက္ Global Fire Power (GFP) အဆင့္ ၄၄ ရွိတဲ့ ဆြစ္ဇာလန္ဟာ ယမန္ႏွစ္အတိုင္း အဆင့္တူ ဆက္လက္ ရပ္တည္ေနပါတယ္။ ကာကြယ္ေရးအသုံးကို တိုးျမႇင့္ထားၿပီး အေျမာက္ႀကီးမ်ားနဲ႔ ေျမ ျပင္စနစ္မ်ားကို ေခတ္မီေအာင္ ျပဳလုပ္ေနတယ္။ သက္တမ္းအိုမင္းေနတဲ့ တိုက္ေလယာဥ္မ်ားေနရာမွာ ေလာ့ ဟိဒ္မာတင္ F-35 A မ်ားနဲ႔ အစားထိုးေနတယ္။ ဖက္ဒရယ္ႏိုင္ငံ့မွာ ဘ႑ာေရး အက်ပ္အတည္းဆိုက္ေနခိုက္ လက္နက္စစ္ယႏၲရားမ်ား ျဖည့္တင္းမယ့္ စစ္တပ္ရဲ႕အစီအစဥ္ဟာ ကုန္က်စရိတ္မ်ားလြန္းတယ္လို႔ ေဝဖန္ခံေနရ တယ္။
ဒါေပမယ့္ ၂ဝ၃၂ ခုႏွစ္အထိ ကာကြယ္ေရးအသုံးစရိတ္ကို GDP ရဲ႕ ဝ.၇% မွ ၁% အထိ တျဖည္းျဖည္းတိုးျမႇင့္မယ့္ အစီအစဥ္ဟာ အဖြဲ႕ဝင္ မဟုတ္သည့္တိုင္ ေနတိုးႏိုင္ငံေတြသေဘာတူညီထားတဲ့ ၅% ထက္ အမ်ားႀကီး ေလ်ာ့ နည္းေနေၾကာင္း၊ အဲ့ဒီႏႈန္းအတိုင္းဆို လ်င္ ၂၀၅၀ ခုႏွစ္ေရာက္မွ ျပည့္မီမွာျဖစ္ၿပီး လက္ရွိ ၿခိမ္းေျခာက္မႈမ်ား ကို ထည့္တြက္လွ်င္ ၾကာျမင့္လြန္းတယ္ လို႔ ဗိုလ္ခ်ဳပ္ႀကီး ေသာမတ္စ္ ဆူဆီလီက သတိေပးတယ္။