ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လာရောက်ခြင်းသည် နိုင်ငံတကာ၏ အားပေးထောက်ခံမှုကို ပြသရာရောက်

1074

သုတကျော် (NP News) - ဒီဇင်ဘာ ၂၇
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လာရောက်ခြင်းသည် နိုင်ငံတကာ၏ အားပေးထောက်ခံမှုကို ပြသရာရောက်ကြောင်း ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နေ့လယ်ပိုင်းက နေပြည်တော်ရှိ Jasmine Nay Pyi Taw ဟိုတယ်၌ ကျင်းပပြုလုပ်သည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနား တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး က ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ ဖိတ်ကြားထား သော ဒုတိယဝန်ကြီးများ၊ ရွေးကောက်ပွဲလာရောက်စောင့်ကြည့် လေ့လာကြမည့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ် အနက် “နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး” ၊ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင် ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး" တို့သည် ရွေးကောက်ပွဲကော်မရှင်၏အဓိကတာဝန်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရန်၊ သိက္ခာရှိသည့်ရွေးကောက်ပွဲဖြစ်ရမည်ဖြစ်ပြီး လွှတ်တော်သည်လည်း သိက္ခာရှိသည့် လွှတ်တော် ဖြစ်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံများသို့ အလုပ်သဘောခရီး သွားရောက်ခဲ့ရာတွင် နိုင်ငံအသီးသီးမှ နိုင်ငံခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံခေါင်းဆောင်များထံမှ မိမိတို့ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထောက်ခံအားပေးမှုများ ရရှိခဲ့သလို နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း၊အဆွေတော်တို့ လာရောက်လေ့လာမှုသည် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်နေမှုအပေါ် နိုင်ငံတကာ၏ အားပေးထောက်ခံမှုကို ပြသရာရောက်ပါကြောင်း၊ ယခု ရွေးကောက်ပွဲသည် မိမိတို့နိုင်ငံသမိုင်းတွင် ဒီမိုကရေစီမှတ်တိုင်တစ်ခု ဖြစ်လာမည်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးခွင့်ကို အသုံးချပြီး နိုင်ငံ၏အနာဂတ်လမ်းကြောင်းကို ဆုံးဖြတ်ပေးနိုင်မည့် အချိန်အခါလည်းဖြစ်ပါကြောင်း ပြောကြားသည်။
ဧည့်သည်တော်များကို ယခုကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အဓိကအချက် ၃ ချက် ကို ရှင်းလင်းပြောကြားလိုပါကြောင်း၊ ပထမအချက်မှာ ရွေးကောက်ပွဲစနစ် ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတည်ပြုပြဋ္ဌာန်းပြီးသည့်နောက် အထွေထွေ ရွေးကောက်ပွဲ ၃ ကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ ၃ ကြိမ် ကျင်းပခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲများတွင် လွှတ်တော်သုံးရပ်လုံးကို နိုင်သူအကုန်ယူစနစ် (First Past the Post FPTP System) ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၌ FPTP စနစ်ကို အသုံးပြုမည် ဖြစ်ပြီး အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တို့တွင် ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional System MMP) ကို ကျင့်သုံးမည်ဖြစ်ပါကြောင်း၊ MMP စနစ်ဆိုသည်မှာ မတူညီသည့်ရွေးကောက်ပွဲစနစ်များ ဖြစ်သည့် FPTP စနစ်နှင့် PR စနစ် တို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပါကြောင်း၊ FPTP စနစ်တစ်ခုထဲ ကျင့်သုံးပါက ကိုယ်စားလှယ်နေရာအများစုကို မဲအများဆုံးရသည့် ပါတီကြီးများကရရှိမည်ဖြစ်ပြီး PR စနစ်နှင့် ပေါင်းစပ်ကျင့်သုံးသည့်အတွက် ပါတီငယ်များလည်း ကိုယ်စားလှယ် အထိုက်အလျောက် ရပြီး လွှတ်တော်ထဲကို ရောက်ရှိမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် FPTP စနစ်၏ အားသာချက် များနှင့် PR စနစ်၏ကောင်းကျိုးများကို ရရှိမည် ဖြစ်ပါကြောင်းပြောသည်။
ဒုတိယအချက် မှာ မဲပေးရမည့်ပုံစံ ဖြစ်ပါကြောင်း၊ ယခုရွေးကောက်ပွဲတွင် ကြိုတင်မဲများမှ လွဲ၍ မဲရုံများတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ( Myanmar Electronic Voting Machine MEVM) စက်များကို အသုံးပြု မဲပေးရမည်ဖြစ်ပါကြောင်း၊ MEVM စက်များကို နိုင်ငံတကာတွင် အသုံးပြုနေကြသည့် မဲပေးစက်များကို လေ့လာပြီး မိမိတို့နိုင်ငံနှင့် အသင့်လျော်ဆုံးဖြစ်အောင် မြန်မာပညာရှင်များက တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ MEVM စက်များကို အသုံးပြုခြင်း ကြောင့် အချိန်ကုန်သက်သာခြင်း၊ ပယ်မဲမရှိခြင်း၊ မဲရလဒ်များကို လျင်မြန်စွာထုတ်ပြန်နိုင်ခြင်း စသည့် အကျိုးရလဒ်ကောင်းများအပြင် မဲမသမာမှုများ ဖြစ်နိုင်မည် မဟုတ်ပါကြောင်း၊ မဲပေးစက် တွင် ပြင်ပနှင့်ချိတ်ဆက်နိုင်သည့် USB Port များ မပါဝင်ခြင်း၊ Wi-Fi ၊ Bluetooth စနစ်နှင့် Internet ကွန်ယက်စနစ်များ မပါဝင်သဖြင့် လုံခြုံစိတ်ချရမှုရှိပါကြောင်း ကတိပြုပြောကြားသည်။
မဲဆန္ဒရှင်ပြည်သူများကို မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးစေခြင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကျေးလက်တောရွာများအထိ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ထားပါကြောင်း၊ ၎င်းအပြင် မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေးနှင့် အထူးသဖြင့် အမြင်အာရုံမသန်စွမ်းသူများ လျှို့ဝှက်ဆန္ဒမဲပေးနိုင်ရေးအတွက် မျက်မမြင်လက်စမ်း စာ (Braille) ကို အခြေခံသည့် MEVM စက်ကို တီထွင်ပြုလုပ်ထားပါကြောင်း၊ အမြင်အာရုံ မသန်စွမ်းသူ၊ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အကြားအာရုံ မသန်စွမ်းသူများအနေဖြင့် ကိုယ်တိုင် သို့မဟုတ် လိုအပ်ပါက မသန်စွမ်းသူကိုယ်တိုင် ရွေးချယ်သည့် အကူလူပုဂ္ဂိုလ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိ ပါကြောင်း၊ မဲပေးစက်၏အရည်အသွေးနှင့် စံချိန်စံညွှန်းနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံ အမျိုးသားစံချိန် စံညွှန်းကောင်စီကလည်း အသိအမှတ်ပြုထားပြီးဖြစ်ပါကြောင်း ပြောသည်။
တတိယအချက်အနေဖြင့် အပိုင်းလိုက် ရွေးကောက်ပွဲ ပြုလုပ်မည့်အစီအစဉ်ဖြစ်ပါကြောင်း၊ ယခင်ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲနေ့ရက်ကို တစ်နိုင်ငံလုံးအနေဖြင့် ရုံးပိတ်ရက် တစ်ရက် တည်း သတ်မှတ်ကျင်းပခဲ့ပါကြောင်း၊ ယခုရွေးကောက်ပွဲတွင် လုံခြုံရေးနှင့် စီမံခန့်ခွဲရေး ကိစ္စရပ်များ စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် အပိုင်း ၃ ပိုင်းခွဲ ကျင်းပခြင်းဖြစ်ပါကြောင်း၊ အပိုင်း ( ၁ ) ကို ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၊ အပိုင်း ( ၂ ) ကို ၁၁-၁-၂၀၂၆ ရက်နေ့တွင် မြို့နယ် ၁၀၀ မြို့နယ် နှင့် အပိုင်း (၃) ကို ၂၅-၁-၂၀၂၆ ရက်နေ့တွင် မြို့နယ် ၆၃ မြို့နယ်၌ ကျင်းပမည် ဖြစ်ပါကြောင်း၊ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ မဲစာရင်းပြုစုခြင်းနှင့် စီမံခန့်ခွဲခြင်း ဆောင်ရွက်ရာတွင် ကွန်ပျူတာနည်းပညာကိုအသုံးပြုပြီး ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (Central Voter List Management System - CVLMS) နှင့် မြို့နယ်အဆင့် မဲဆန္ဒရှင် စာရင်းများစီမံခန့်ခွဲမှုစနစ် (Admin and DEO Software) တို့ကို ပြည်တွင်းနည်းပညာရှင်များက ရေးဆွဲ၍ မဲစာရင်းထပ်ခြင်း၊ မှားယွင်းခြင်း မရှိစေရန် စနစ်တကျဆောင်ရွက်ခဲ့ပါကြောင်း၊ မဲစာရင်းများကို လည်း သုံးကြိမ်တိတိ ကပ်ထားကြေညာခဲ့ပါကြောင်း၊ ပြည်သူအားလုံး ပါဝင်မှုရှိစေရန်အတွက် ပထမဆုံးအကြိမ် မဲပေးမည့် မဲဆန္ဒရှင်လူငယ်များ၊ ယာယီနေရပ်စွန့်ခွာနေရသူများနှင့် မသန်စွမ်းသူ များအားလုံး ပါဝင်စေရန် အသိပညာပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများကို ပြင်ဆင်ဖြည့်စွက်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း ပြောကြားသည်။
ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် ကိုယ်စားလှယ်လောင်း ၄၈၆၃ ဦး တို့ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အားလုံးကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲဆွယ်စည်းရုံးခွင့်များကို တန်းတူညီမျှ ခွင့်ပြုပေးခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် မဲရုံပေါင်း ၂၁၅၁၇ ရုံရှိပြီး မဲရုံတစ်ရုံစီတွင် စနစ်တကျလေ့ကျင့်ထားသည့် မဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များရှိပါကြောင်း၊ မဲရုံများတွင် မဲဆန္ဒရှင်များအနေဖြင့် လွတ်လွတ်လပ်လပ်နှင့် ပွင့်လင်း မြင်သာစွာဖြင့် အဆင်ပြေလွယ်ကူစွာ မဲပေးနိုင်ရေး ဆောင်ရွက်ပေးထားပါကြောင်း၊ မဲဆန္ဒရှင်များ၊ ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲတာဝန်ရှိသူများ လုံခြုံမှုရှိစေရန်၊ ဘေးအန္တရာယ် ကင်း ရှင်းစေရန် လုံခြုံရေးတာဝန်ယူထားသည့် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ထုတ်ပြန်၍ ထိရောက်သည့် ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်း ပြဋ္ဌာန်းပေးခဲ့ပြီး ရွေးကောက်ပွဲတွင် ပါဝင်သူများ လုံခြုံမှုရှိစေရန်ဆောင်ရွက်ပေးထားပါကြောင်း၊ကော်မရှင်အနေဖြင့် စောင့်ကြည့်လေ့လာမှုများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး အပြည့်အဝ ဆောင်ရွက်ထားပါကြောင်း၊ စောင့်ကြည့်လေ့လာသူ များ၏ကျင့်ဝတ်စည်းကမ်းများနှင့်အညီ စောင့်ကြည့်လေ့လာပေးရန်နှင့် တက်ရောက်လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ ထောက်ခံအားပေးမှုကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များအနေဖြင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ ဒူးမားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့် ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံ တကာရေးရာဌာနကိုယ်စားလှယ်အဖွဲ့၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ နှင့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ ကာဇက်စတန်နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားရွေးကောက်ပွဲကော်မရှင်အဖွဲ့၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ၊ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ နှင့် မြန်မာ-ဂျပန်အသင်း (MJA) ကိုယ်စားလှယ်အဖွဲ့ တို့ တက်ရောက်ခဲ့ကြသည်။

zawgyi version
ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာသူမ်ား လာေရာက္ျခင္းသည္ ႏိုင္ငံတကာ၏ အားေပးေထာက္ခံမႈကို ျပသရာေရာက္
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂၇
ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာသူမ်ား လာေရာက္ျခင္းသည္ ႏိုင္ငံတကာ၏ အားေပးေထာက္ခံမႈကို ျပသရာေရာက္ေၾကာင္း ယေန႔ (ဒီဇင္ဘာလ ၂၇ ရက္) ေန႔လယ္ပိုင္းက ေနျပည္ေတာ္ရွိ Jasmine Nay Pyi Taw ဟိုတယ္၌ က်င္းပျပဳလုပ္သည့္ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲသို႔ လာေရာက္ေလ့လာၾကသည့္ ႏိုင္ငံတကာေ႐ြးေကာက္ပြဲေစာင့္ၾကည့္ ေလ့လာသူမ်ားအား ႀကိဳဆိုႏႈတ္ခြန္းဆက္စကား ေျပာၾကားျခင္းႏွင့္ ေ႐ြးေကာက္ပြဲဆိုင္ရာ ရွင္းလင္း ေဆြးေႏြးျခင္းအခမ္းအနား တြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးသန္းစိုး က ေျပာၾကားသည္။
အခမ္းအနားသို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးမ်ိဳးလႈိင္၊ ဖိတ္ၾကားထား ေသာ ဒုတိယဝန္ႀကီးမ်ား၊ ေ႐ြးေကာက္ပြဲလာေရာက္ေစာင့္ၾကည့္ ေလ့လာၾကမည့္ ႏိုင္ငံတကာ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာသူမ်ား၊ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားမွ အၿမဲတမ္းအတြင္းဝန္မ်ား၊ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ားႏွင့္ တာဝန္ရွိသူမ်ား၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး တာဝန္ရွိသူမ်ားႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကသည္။
အခမ္းအနားတြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒က အမွာစကားေျပာၾကားရာ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ၏ ဦးတည္ခ်က္ (၄) ရပ္ အနက္ “ႏိုင္ငံေတာ္၏ အမ်ိဳးသားအက်ိဳးစီးပြားကို အေလးထား၍ စစ္မွန္စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ကို အေကာင္အထည္ေဖာ္ႏိုင္မည့္ ႏိုင္ငံေရးအင္အားစုမ်ား၊ ျပည္သူ႔ကိုယ္စားလွယ္မ်ား ျဖစ္ေပၚလာေစရန္ အစဥ္တစိုက္ေဆာင္႐ြက္ေရး” ၊ “ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္မ်ား ေအာင္ျမင္ ၿပီး ျပည္သူလူထုတစ္ရပ္လုံး လိုလားေတာင့္တသည့္ ပါတီစုံဒီမိုကေရစီစနစ္ကို ေအာင္ျမင္စြာ ေလွ်ာက္လွမ္းႏိုင္ေရး ျပည္သူလူထု၏ ပူးေပါင္းပါဝင္မႈျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေရး" တို႔သည္ ေ႐ြးေကာက္ပြဲေကာ္မရွင္၏အဓိကတာဝန္ပင္ျဖစ္ပါေၾကာင္း၊ ႏိုင္ငံေတာ္အႀကီးအကဲကလည္း က်င္းပမည့္ေ႐ြးေကာက္ပြဲသည္ လြတ္လပ္၍တရားမွ်တသည့္ ေ႐ြးေကာက္ပြဲတစ္ရပ္ျဖစ္ေစရန္၊ သိကၡာရွိသည့္ေ႐ြးေကာက္ပြဲျဖစ္ရမည္ျဖစ္ၿပီး လႊတ္ေတာ္သည္လည္း သိကၡာရွိသည့္ လႊတ္ေတာ္ ျဖစ္ရမည္ျဖစ္ေၾကာင္း လမ္းၫႊန္မႈျပဳခဲ့ပါေၾကာင္း၊
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ယာယီသမၼတ၊ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္း သာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံႏွင့္ ကာဇက္စတန္ႏိုင္ငံမ်ားသို႔ အလုပ္သေဘာခရီး သြားေရာက္ခဲ့ရာတြင္ ႏိုင္ငံအသီးသီးမွ ႏိုင္ငံေခါင္းေဆာင္တို႔ႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ႏိုင္ငံေခါင္းေဆာင္မ်ားထံမွ မိမိတို႔ ေ႐ြးေကာက္ပြဲေအာင္ျမင္စြာ က်င္းပႏိုင္ေရးအတြက္ ေထာက္ခံအားေပးမႈမ်ား ရရွိခဲ့သလို ႏိုင္ငံတကာေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕မ်ား လာေရာက္ေလ့လာႏိုင္ေရးႏွင့္ ေ႐ြးေကာက္ပြဲဆိုင္ရာ ကိစၥရပ္မ်ားကို ေဆြးေႏြးေျပာၾကားခဲ့ေၾကာင္း၊အေဆြေတာ္တို႔ လာေရာက္ေလ့လာမႈသည္ က်င္းပျပဳလုပ္မည့္ ေ႐ြးေကာက္ပြဲ၏ လြတ္လပ္မႈ၊ တရားမွ်တမႈ၊ ပြင့္လင္းျမင္သာမႈႏွင့္ ဂုဏ္သိကၡာရွိသည့္ ေ႐ြးေကာက္ပြဲျဖစ္ေစရန္ ႀကိဳးပမ္း ေဆာင္႐ြက္ေနမႈအေပၚ ႏိုင္ငံတကာ၏ အားေပးေထာက္ခံမႈကို ျပသရာေရာက္ပါေၾကာင္း၊ ယခု ေ႐ြးေကာက္ပြဲသည္ မိမိတို႔ႏိုင္ငံသမိုင္းတြင္ ဒီမိုကေရစီမွတ္တိုင္တစ္ခု ျဖစ္လာမည္ျဖစ္ပါေၾကာင္း၊ မဲဆႏၵရွင္ျပည္သူမ်ားအေနျဖင့္ မိမိတို႔၏ ႏိုင္ငံသားအခြင့္အေရးျဖစ္သည့္ မဲေပးခြင့္ကို အသုံးခ်ၿပီး ႏိုင္ငံ၏အနာဂတ္လမ္းေၾကာင္းကို ဆုံးျဖတ္ေပးႏိုင္မည့္ အခ်ိန္အခါလည္းျဖစ္ပါေၾကာင္း ေျပာၾကားသည္။
ဧည့္သည္ေတာ္မ်ားကို ယခုက်င္းပမည့္ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ အဓိကအခ်က္ ၃ ခ်က္ ကို ရွင္းလင္းေျပာၾကားလိုပါေၾကာင္း၊ ပထမအခ်က္မွာ ေ႐ြးေကာက္ပြဲစနစ္ ျဖစ္ပါေၾကာင္း၊ ျမန္မာ ႏိုင္ငံတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) အတည္ျပဳျပ႒ာန္းၿပီးသည့္ေနာက္ အေထြေထြ ေ႐ြးေကာက္ပြဲ ၃ ႀကိမ္၊ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ၃ ႀကိမ္ က်င္းပခဲ့ၿပီး အဆိုပါ ေ႐ြးေကာက္ပြဲမ်ားတြင္ လႊတ္ေတာ္သုံးရပ္လုံးကို ႏိုင္သူအကုန္ယူစနစ္ (First Past the Post FPTP System) ျဖင့္ ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ယခုေ႐ြးေကာက္ပြဲတြင္ ျပည္သူ႔လႊတ္ေတာ္၌ FPTP စနစ္ကို အသုံးျပဳမည္ ျဖစ္ၿပီး အမ်ိဳးသားလႊတ္ေတာ္ႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္တို႔တြင္ ေရာေႏွာထားေသာကိုယ္စားလွယ္အခ်ိဳးက်စနစ္ (Mixed Member Proportional System MMP) ကို က်င့္သုံးမည္ျဖစ္ပါေၾကာင္း၊ MMP စနစ္ဆိုသည္မွာ မတူညီသည့္ေ႐ြးေကာက္ပြဲစနစ္မ်ား ျဖစ္သည့္ FPTP စနစ္ႏွင့္ PR စနစ္ တို႔ကို ေပါင္းစပ္ထားျခင္းျဖစ္ပါေၾကာင္း၊ FPTP စနစ္တစ္ခုထဲ က်င့္သုံးပါက ကိုယ္စားလွယ္ေနရာအမ်ားစုကို မဲအမ်ားဆုံးရသည့္ ပါတီႀကီးမ်ားကရရွိမည္ျဖစ္ၿပီး PR စနစ္ႏွင့္ ေပါင္းစပ္က်င့္သုံးသည့္အတြက္ ပါတီငယ္မ်ားလည္း ကိုယ္စားလွယ္ အထိုက္အေလ်ာက္ ရၿပီး လႊတ္ေတာ္ထဲကို ေရာက္ရွိမည္ျဖစ္ေၾကာင္း၊ တစ္နည္းအားျဖင့္ FPTP စနစ္၏ အားသာခ်က္ မ်ားႏွင့္ PR စနစ္၏ေကာင္းက်ိဳးမ်ားကို ရရွိမည္ ျဖစ္ပါေၾကာင္းေျပာသည္။
ဒုတိယအခ်က္ မွာ မဲေပးရမည့္ပုံစံ ျဖစ္ပါေၾကာင္း၊ ယခုေ႐ြးေကာက္ပြဲတြင္ ႀကိဳတင္မဲမ်ားမွ လြဲ၍ မဲ႐ုံမ်ားတြင္ ျမန္မာအီလက္ထေရာနစ္မဲေပးစက္ ( Myanmar Electronic Voting Machine MEVM) စက္မ်ားကို အသုံးျပဳ မဲေပးရမည္ျဖစ္ပါေၾကာင္း၊ MEVM စက္မ်ားကို ႏိုင္ငံတကာတြင္ အသုံးျပဳေနၾကသည့္ မဲေပးစက္မ်ားကို ေလ့လာၿပီး မိမိတို႔ႏိုင္ငံႏွင့္ အသင့္ေလ်ာ္ဆုံးျဖစ္ေအာင္ ျမန္မာပညာရွင္မ်ားက တီထြင္ထုတ္လုပ္ထားျခင္းျဖစ္ေၾကာင္း၊ MEVM စက္မ်ားကို အသုံးျပဳျခင္း ေၾကာင့္ အခ်ိန္ကုန္သက္သာျခင္း၊ ပယ္မဲမရွိျခင္း၊ မဲရလဒ္မ်ားကို လ်င္ျမန္စြာထုတ္ျပန္ႏိုင္ျခင္း စသည့္ အက်ိဳးရလဒ္ေကာင္းမ်ားအျပင္ မဲမသမာမႈမ်ား ျဖစ္ႏိုင္မည္ မဟုတ္ပါေၾကာင္း၊ မဲေပးစက္ တြင္ ျပင္ပႏွင့္ခ်ိတ္ဆက္ႏိုင္သည့္ USB Port မ်ား မပါဝင္ျခင္း၊ Wi-Fi ၊ Bluetooth စနစ္ႏွင့္ Internet ကြန္ယက္စနစ္မ်ား မပါဝင္သျဖင့္ လုံၿခဳံစိတ္ခ်ရမႈရွိပါေၾကာင္း ကတိျပဳေျပာၾကားသည္။
မဲဆႏၵရွင္ျပည္သူမ်ားကို မဲေပးစက္အေၾကာင္း အသိပညာေပးျခင္းႏွင့္ လက္ေတြ႕စမ္းသပ္ မဲေပးေစျခင္းမ်ားကို တစ္ႏိုင္ငံလုံးအတိုင္းအတာႏွင့္ ေက်းလက္ေတာ႐ြာမ်ားအထိ က်ယ္က်ယ္ ျပန႔္ျပန႔္ ေဆာင္႐ြက္ထားပါေၾကာင္း၊ ၎အျပင္ မသန္စြမ္းသူမ်ားကိုယ္တိုင္ ဆႏၵမဲေပးႏိုင္ေရးႏွင့္ အထူးသျဖင့္ အျမင္အာ႐ုံမသန္စြမ္းသူမ်ား လွ်ိဳ႕ဝွက္ဆႏၵမဲေပးႏိုင္ေရးအတြက္ မ်က္မျမင္လက္စမ္း စာ (Braille) ကို အေျခခံသည့္ MEVM စက္ကို တီထြင္ျပဳလုပ္ထားပါေၾကာင္း၊ အျမင္အာ႐ုံ မသန္စြမ္းသူ၊ ကိုယ္အဂၤါမသန္စြမ္းသူ၊ အၾကားအာ႐ုံ မသန္စြမ္းသူမ်ားအေနျဖင့္ ကိုယ္တိုင္ သို႔မဟုတ္ လိုအပ္ပါက မသန္စြမ္းသူကိုယ္တိုင္ ေ႐ြးခ်ယ္သည့္ အကူလူပုဂၢိဳလ္ျဖင့္ ဆႏၵမဲေပးႏိုင္ေရး ေဆာင္႐ြက္ထားရွိ ပါေၾကာင္း၊ မဲေပးစက္၏အရည္အေသြးႏွင့္ စံခ်ိန္စံၫႊန္းႏွင့္စပ္လ်ဥ္းၿပီး ျမန္မာႏိုင္ငံ အမ်ိဳးသားစံခ်ိန္ စံၫႊန္းေကာင္စီကလည္း အသိအမွတ္ျပဳထားၿပီးျဖစ္ပါေၾကာင္း ေျပာသည္။
တတိယအခ်က္အေနျဖင့္ အပိုင္းလိုက္ ေ႐ြးေကာက္ပြဲ ျပဳလုပ္မည့္အစီအစဥ္ျဖစ္ပါေၾကာင္း၊ ယခင္ေ႐ြးေကာက္ပြဲမ်ားတြင္ ေ႐ြးေကာက္ပြဲေန႔ရက္ကို တစ္ႏိုင္ငံလုံးအေနျဖင့္ ႐ုံးပိတ္ရက္ တစ္ရက္ တည္း သတ္မွတ္က်င္းပခဲ့ပါေၾကာင္း၊ ယခုေ႐ြးေကာက္ပြဲတြင္ လုံၿခဳံေရးႏွင့္ စီမံခန႔္ခြဲေရး ကိစၥရပ္မ်ား စနစ္တက်ေဆာင္႐ြက္ႏိုင္ရန္အတြက္ အပိုင္း ၃ ပိုင္းခြဲ က်င္းပျခင္းျဖစ္ပါေၾကာင္း၊ အပိုင္း ( ၁ ) ကို ၂၈-၁၂-၂၀၂၅ ရက္ေန႔တြင္ ၿမိဳ႕နယ္ ၁၀၂ ၿမိဳ႕နယ္၊ အပိုင္း ( ၂ ) ကို ၁၁-၁-၂၀၂၆ ရက္ေန႔တြင္ ၿမိဳ႕နယ္ ၁၀၀ ၿမိဳ႕နယ္ ႏွင့္ အပိုင္း (၃) ကို ၂၅-၁-၂၀၂၆ ရက္ေန႔တြင္ ၿမိဳ႕နယ္ ၆၃ ၿမိဳ႕နယ္၌ က်င္းပမည္ ျဖစ္ပါေၾကာင္း၊ေကာ္မရွင္အေနျဖင့္ ေ႐ြးေကာက္ပြဲတြင္ မဲစာရင္းမ်ား ျပည့္စုံမွန္ကန္ေစေရးအတြက္ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနတို႔ႏွင့္ စနစ္တက် ပူးေပါင္းေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ မဲစာရင္းျပဳစုျခင္းႏွင့္ စီမံခန႔္ခြဲျခင္း ေဆာင္႐ြက္ရာတြင္ ကြန္ပ်ဴတာနည္းပညာကိုအသုံးျပဳၿပီး ဗဟိုမဲဆႏၵရွင္စာရင္းမ်ား စီမံခန႔္ခြဲမႈစနစ္ (Central Voter List Management System - CVLMS) ႏွင့္ ၿမိဳ႕နယ္အဆင့္ မဲဆႏၵရွင္ စာရင္းမ်ားစီမံခန႔္ခြဲမႈစနစ္ (Admin and DEO Software) တို႔ကို ျပည္တြင္းနည္းပညာရွင္မ်ားက ေရးဆြဲ၍ မဲစာရင္းထပ္ျခင္း၊ မွားယြင္းျခင္း မရွိေစရန္ စနစ္တက်ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ မဲစာရင္းမ်ားကို လည္း သုံးႀကိမ္တိတိ ကပ္ထားေၾကညာခဲ့ပါေၾကာင္း၊ ျပည္သူအားလုံး ပါဝင္မႈရွိေစရန္အတြက္ ပထမဆုံးအႀကိမ္ မဲေပးမည့္ မဲဆႏၵရွင္လူငယ္မ်ား၊ ယာယီေနရပ္စြန႔္ခြာေနရသူမ်ားႏွင့္ မသန္စြမ္းသူ မ်ားအားလုံး ပါဝင္ေစရန္ အသိပညာေပးျခင္း၊ ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒ၊ နည္းဥပေဒမ်ား၊ လုပ္ထုံး လုပ္နည္းမ်ားကို ျပင္ဆင္ျဖည့္စြက္ျခင္းမ်ား ေဆာင္႐ြက္ေပးခဲ့ပါေၾကာင္း ေျပာၾကားသည္။
ေ႐ြးေကာက္ပြဲတြင္ ႏိုင္ငံေရးပါတီ ၅၇ ပါတီႏွင့္ ကိုယ္စားလွယ္ေလာင္း ၄၈၆၃ ဦး တို႔ ပါဝင္ ယွဥ္ၿပိဳင္ၾကမည္ျဖစ္ၿပီး ႏိုင္ငံေရးပါတီမ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား အားလုံးကို ဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ မဲဆြယ္စည္း႐ုံးခြင့္မ်ားကို တန္းတူညီမွ် ခြင့္ျပဳေပးခဲ့ပါေၾကာင္း၊ တစ္ႏိုင္ငံလုံးတြင္ မဲ႐ုံေပါင္း ၂၁၅၁၇ ႐ုံရွိၿပီး မဲ႐ုံတစ္႐ုံစီတြင္ စနစ္တက်ေလ့က်င့္ထားသည့္ မဲ႐ုံမႉး ႏွင့္ မဲ႐ုံအဖြဲ႕ဝင္မ်ားရွိပါေၾကာင္း၊ မဲ႐ုံမ်ားတြင္ မဲဆႏၵရွင္မ်ားအေနျဖင့္ လြတ္လြတ္လပ္လပ္ႏွင့္ ပြင့္လင္း ျမင္သာစြာျဖင့္ အဆင္ေျပလြယ္ကူစြာ မဲေပးႏိုင္ေရး ေဆာင္႐ြက္ေပးထားပါေၾကာင္း၊ မဲဆႏၵရွင္မ်ား၊ ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ ေ႐ြးေကာက္ပြဲတာဝန္ရွိသူမ်ား လုံၿခဳံမႈရွိေစရန္၊ ေဘးအႏၲရာယ္ ကင္း ရွင္းေစရန္ လုံၿခဳံေရးတာဝန္ယူထားသည့္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားက ေဆာင္႐ြက္ေပးလ်က္ ရွိပါေၾကာင္း၊ ႏိုင္ငံေတာ္အစိုးရအေနျဖင့္လည္း ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒကို ထုတ္ျပန္၍ ထိေရာက္သည့္ ျပစ္မႈ၊ ျပစ္ဒဏ္မ်ားကိုလည္း ျပ႒ာန္းေပးခဲ့ၿပီး ေ႐ြးေကာက္ပြဲတြင္ ပါဝင္သူမ်ား လုံၿခဳံမႈရွိေစရန္ေဆာင္႐ြက္ေပးထားပါေၾကာင္း၊ေကာ္မရွင္အေနျဖင့္ ေစာင့္ၾကည့္ေလ့လာမႈမ်ားေဆာင္႐ြက္ရာတြင္ အဆင္ေျပေခ်ာေမြ႕ေစရန္ သက္ဆိုင္ရာဌာနမ်ားႏွင့္ပူးေပါင္းၿပီး အျပည့္အဝ ေဆာင္႐ြက္ထားပါေၾကာင္း၊ ေစာင့္ၾကည့္ေလ့လာသူ မ်ား၏က်င့္ဝတ္စည္းကမ္းမ်ားႏွင့္အညီ ေစာင့္ၾကည့္ေလ့လာေပးရန္ႏွင့္ တက္ေရာက္လာၾကသည့္ ႏိုင္ငံတကာေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕မ်ား၏ ေထာက္ခံအားေပးမႈကို အထူးပင္ ေက်းဇူးတင္ရွိပါေၾကာင္း ေျပာၾကားခဲ့သည္။
အခမ္းအနားသို႔ ႏိုင္ငံတကာေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕မ်ားအေနျဖင့္ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံမွ ဒူးမားလႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႕ႏွင့္ ဗဟိုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ အာရွေရးရာအထူးကိုယ္စားလွယ္အဖြဲ႕ႏွင့္ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ၊ ႏိုင္ငံ တကာေရးရာဌာနကိုယ္စားလွယ္အဖြဲ႕၊ ဘယ္လာ႐ုစ္သမၼတႏိုင္ငံ ဗဟိုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႕၊ ကာဇက္စတန္ႏိုင္ငံ ဗဟိုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕၊ ကေမာၻဒီးယားႏိုင္ငံ အမ်ိဳးသားေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕၊ ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံ ကိုယ္စားလွယ္အဖြဲ႕၊ နီကာရာဂြာႏိုင္ငံ ကိုယ္စားလွယ္အဖြဲ႕ ၊ အိႏၵိယႏိုင္ငံမွ ကိုယ္စားလွယ္အဖြဲ႕ ႏွင့္ ျမန္မာ-ဂ်ပန္အသင္း (MJA) ကိုယ္စားလွယ္အဖြဲ႕ တို႔ တက္ေရာက္ခဲ့ၾကသည္။